ယူကရိန်းကို တစ်ပတ်ကြာ ပစ်ခတ်မှုရှောင်ကြဉ်ရန် ပူတင် သဘောတူ
-------------------
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကရင်မလင်ခေါင်းဆောင် ဗလာဒီမာပူတင်ဟာ ဆောင်းရာသီ အေးခဲမှု ကြောင့် ကိယက်ဗ်နဲ့ အခြားယူကရိန်းမြို့တွေကို တစ်ပတ်ကြာ ပစ်ခတ်မှုကနေ ရှောင်ကြဉ်ဖို့ သဘောတူခဲ့တယ် လို့ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးကလည်း ဝါရှင်တန် အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပြီး ကိယက်ဗ်ရှိ တိုက်ခန်းရာပေါင်းများစွာဟာ ရေခဲမှတ်ရာသီဥတုကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး ဒါဟာ စွမ်းအင်ပစ်မှတ်တွေအပေါ် ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် ရပ်တန့်စေခဲ့တယ်လို့ ပြောကြားထားပါတယ်။
"ပစ်ခတ်မှုကို တစ်ပတ်ကြာ ရပ်တန့်ပေးနိုင် မလားလို့ သမ္မတပူတင်ကို ကျွန်တော်တို့ မေးခဲ့ပါတယ်"လို့ ထရမ့်က ဘဲဥပုံရုံးခန်းရှေ့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

image

နှစ်ပတ်ဆက်တိုက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး (၆၁၅၀) စျေးဖြင့် ပြောင်းလဲမှုမရှိ

ယခုတစ်ပတ် ဇန်နဝါရီ(၃၀)ရက်မှ ဖေဖေါ်ဝါရီ (၂)ရက်အထိ ရောင်းချရမည့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိဿာလျှင် ကျပ်(၆၁၅၀)ဖြစ်ပြီး ပြီးခဲ့သည့် အပတ်က ဈေးအတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ဒုတိယအပတ် နှင့် တတိယအပတ်တို့မှာလည်း ရောင်းချရမည့်ဈေးသည် လည်း တစ်ပိသာ ကျပ်(၆၁၅၀)သတ်မှတ်ခဲ့ခြင်းလည်း ဖြစ်ကာ နှစ်ပတ်ဆက်တိုက် ဈေးပြောင်းလဲခြင်းမရှိဘဲ တည်ငြိမ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ (၉)ရက်နေ့မှ (၁၅)ရက်နေ့အထိ ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးသည် တစ်ပိသာ ကျပ် (၆၁၀၀) ကျပ်ဖြစ်ပြီး ဇန်နဝါရီ လလယ် တွင် အနည်းငယ်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်ထုတ်ပြန်မည်ဖြစ်ပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန ၏ ဝက်ဆိုဒ်တွင် ဝင်ရောက်လေ့လာနိုင်ကြောင်း သိရသည်။
စားအုန်းဆီများကို ဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားသည့် စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ အသိပေးထားသည်။

image

နေပြည်တော်ပြည်သူ့ရင်ပြင်၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကျင်းပမည်

လာမည့်ဖေဖော်ဝါရီလတွင် နေပြည်တော်ပြည်သူ့ရင်ပြင်၌ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲတော် အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သတင်း၊ ပြန်ကြားရေးနှင့် ဖျော်ဖြေရေးလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
လုပ်ငန်းကော်မတီအတွက် သတ်မှတ်ပေးအပ်ထားသော လုပ်ငန်းတာဝန်များကဏ္ဍအလိုက် အောင်မြင်စွာဆောင်ရွက်နိုင်ရေး၊ ဖျော်ဖြေရေး လုပ်ငန်းများအတွက် သတ်မှတ်နေရာ၌ စင်မြင့်ဆောက်လုပ်မှုနှင့် ဖျော်ဖြေမှုများစနစ်တကျဖြစ်စေရေး၊ ပွဲတော်နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို ပြည်သူများ သိရှိ နိုင်ရန် Billboard များ စိုက်ထူ သွားရေး၊ ပြည်သူများကြိုတင်သိရှိနိုင်ရန် ရုပ်မြင်သံကြား၊ သတင်းစာနှင့် အွန်လိုင်းများတွင် စတင်ဖော်ပြနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် (နေပြည်တော်) ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ နေပြည်တော်ပြည်သူ့ရင်ပြင်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image

မော်တော်ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်းများအတွက် ရပ်နားထားသည့် Online Booking စနစ် ဖေဖေါ်ဝါရီလတွင် ပြန်လည်စတင်မည်

လာမည့် ဖေဖော်ဝါရီလကစတင်ပြီး မော်တော်ယာဉ်သက်တမ်းတိုးခြင်း၊ ယာဉ်မောင်းလိုင်စင် ဖြေဆိုခြင်းများအတွက် ရပ်နားထားသည့် Online Booking စနစ်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
Online Booking စနစ်ကို ပြင်ဆင်ရန် ရှိနေသည့်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ ရပ်နားထားခဲ့ခြင်းဖြစ်သည်။
မော်တော်ယာဉ်စစ်ဆေးခြင်း၊ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေးသင်တန်း၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုခြင်း အစရှိသည်တို့၏ Online Booking ကို ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ ပြန်လည်စတင်ဆောင်ရွက်မည်ဖြစ်သည်။
ယခုအခါ ဇန်နဝါရီ ၃၀ ရက်ကစပြီး Online Booking ရယူခြင်းကို www.rtad.gov.mm မှတဆင့် အနည်းဆုံး တစ်ရက်မှ အများဆုံး ၁၀ ရက်အထိ ကြိုတင်ရယူနိုင်ကြောင်း သိရသည်။
လက်ရှိတွင်လည်း သက်တမ်းတိုးသည့် မော်တော်ယာဉ်များအနေဖြင့် ကားအတွင်း မီးသတ်ဆေးဘူးရှိရမည်ဖြစ်ပြီး သက်တမ်းတိုးသည့်နေရာတွင်လည်း မီးသတ်ဆေးဘူးကို ပြသနိုင်ရမည်ဖြစ်ကြောင်း သိရသည်။

image

အစိုးရရုံးပိတ်ရက် နှင့် တရုတ်နှစ်ကူးရုံးပိတ်ရက်အကြား ဖွင့်ရက်ကို ပိတ်ရက်အဖြစ်သတ်မှတ်

၂၀၂၆ ခုနှစ်ရှိ အစိုးရရုံးပိတ်ရက် နှင့် တရုတ်နှစ်သစ်ကူးနေ့ရုံးပိတ်ရက်ကြား ရှိ ဖွင့်ရက်တစ်ရက်ကို အစားထိုးရုံးပိတ်ရက်အဖြစ် သတ်မှတ်ပြီး တစ်ဆက်တစ်စပ်တည်းရုံးပိတ်ရက်အဖြစ် သတ်မှတ်လိုက်ကြောင်း အသိပေးထားသည်။
ဖေဖေါ်ဝါရီ ၁၄ ရက် နှင့် ၁၅ ရက်သည်အစိုးရရုံးပိတ်ရက် စနေ၊တနင်္ဂနွေ နေ့ နှင့် တရုတ်နှစ်သစ်ကူး အများပြည်သူအလုပ်ပိတ်ရက်ဖြစ်သည့် ၁၇ ရက် ကြားရှိ ဖေဖေါ်ဝါရီ(၁၆)ရက်ကို အစားထိုးပိတ်ရက်အဖြစ်သတ်မှတ်ပြီ တစ်ဆက်ထဲ လေးရက်ဆက်တိုက်ပိတ်ရက်အဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်သည်။
အစားထိုးပိတ်ရက်အတွက် ရုံးတက်ရက်ကို ဖေဖေါ်ဝါရီ ၂၁ ရက် စနေနေ့တွင် ရုံးပြန်တက်ရန်လည်း သတ်မှတ်ထားကြောင်း သိရသည်။

image

တရုတ်သံတမန်ကဗြိတိန်ဝန်ကြီးချုပ်၏လုံခြုံရေးအကြံပေးနှင့်တွေ့ဆုံ

တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် ဝမ်ယိ သည် ဗြိတိန်ဝန်ကြီးချုပ်၏ နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျိုနသန် ပါဝဲလ် နှင့် ဗုဒ္ဓဟူးနေ့တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (စီပီစီ) ဗဟိုကော်မတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နှင့် ဗဟိုနိုင်ငံခြားရေးရာကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဝမ်ယိက ဗြိတိန်ဝန်ကြီးချုပ် ကီးယား စတာမာ ၏ တရုတ်နိုင်ငံခရီးစဉ်သည် ရှစ်နှစ်အတွင်း ဗြိတိန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဦးဆုံးသော တရားဝင်ခရီးစဉ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့်အတိုင်း တရုတ်နှင့် ဗြိတိန်တို့သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော တာဝန်များကို ထမ်းဆောင်နေကြရကြောင်း ဝမ်ယိက ပြောကြားခဲ့သည်။
ရှုပ်ထွေးပြီး မတည်ငြိမ်သည့် နိုင်ငံတကာအခြေအနေများကြားတွင် နှစ်ဖက်စလုံးအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာသင့်ကြောင်း ၎င်းကဆိုသည်။ ထို့ပြင် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ခိုက်မာအားကောင်းအောင် လုပ်ဆောင်ရန်၊ စိန်ခေါ်မှု အခက်အခဲများကို အတူတကွ ဖြေရှင်းရန်နှင့် ကုလသမဂ္ဂကို ဗဟိုပြုသည့် နိုင်ငံတကာစနစ်ကို ပူးပေါင်းကာကွယ်ရန် တိုက်တွန်းခဲ့သည်။
ပါဝဲလ်ကလည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ဒုတိယ စီးပွါး ရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်ပြီး ဩဇာညောင်းသော အဓိကနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဗြိတိန်နှင့် တရုတ်နိုင်ငံကြား နှစ်ပေါင်းများစွာကြာအောင် အဆင့်မြင့်ခေါင်းဆောင်ပိုင်းချင်း ထိတွေ့ဆက်ဆံမှု မရှိခြင်းသည် နှစ်နိုင်ငံပြည်သူများ အတွက် အကျိုးမရှိကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားးခဲ့သည်။
ဗြိတိန်အနေဖြင့် ဝန်ကြီးချုပ် စတာမာ၏ ခရီးစဉ်ကို အခွင့်ကောင်းယူကာ တရုတ်နိုင်ငံနှင့် ကဏ္ဍစုံ၊ အဆင့်စုံတွင် ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်နှင့် ပိုမိုခိုင်မာ၍ ဘက်စုံဖြစ်သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအရေး အပါအဝင် နှစ်ဘက်စလုံးက စိုးရိမ်မကင်းဖြစ်ကြသည့် နိုင်ငံတကာနှင့် ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

image

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်း အဝေးတွင်ပြောကြားခဲ့

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့မှုကို နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဦးဟောက်ခန့်ဆုမ်းမှ ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ဇန်နဝါရီ ၂၉ ရက်ကကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခြင်းနှင့် ၎င်း၏ ဦးစားပေးလုပ်ငန်းစဉ်များကို မြန်မာ နိုင်ငံကထောက်ခံမှု မြန်မာနိုင်ငံ၌ရွေးကောက်ပွဲ အောင် မြင်စွာကျင်းပပြုလုပ်ခဲ့မှုနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုများကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် အစည်းအဝေး၌ အာဆီယံအလှည့်ကျဥက္ကဋ္ဌအ ဖြစ်တာဝန်ယူဆောင်ရွက်စဉ် ဖိလစ်ပိုင်နိုင်ငံက ဦးစား ပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ (၄၇)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ဆက်လက်ဆောင်ရွက်ရန်ရှိသည်များ၊ အာဆီယံ၏ ပြင်ပဆက်ဆံရေးဆိုင်ရာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအပေါ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အစည်းအဝေးကာလအတွင်း၌ အမြဲတမ်းအ တွင်းဝန်သည် တီမောနိုင်ငံခြားရေးဝန်ကြီး Mr. Bendito dos Santos Freitas နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒု-ဝန်ကြီး Mr. Leo M. Herrera-Lim တို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

image

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေ

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1)တွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရန် ကြို တင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
အခမ်းအနားမုခ်ဦးတည်ဆောက်မှု၊ ဂုဏ်ပြုခံလျှောက်လမ်း(Red Carpet)တည်ဆောက်မှု၊ မီဒီယာများနှင့်ရုပ် မြင်သံကြားအတွက်နေရာချထားမှု၊ အခမ်းအနားအစီ အစဉ်နှင့် စင်မြင့်တည်ဆောက်ပြီးစီးမှု၊ LED နှင့် အ လင်းပေးစနစ်၊ အသံစနစ်များစီစဉ်ထားရှိမှုတို့ကို ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းမှ ဇန်နဝါရီ ၂၉ ရက်ကကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးမှ အခမ်းအနားသို့ အနု ပညာရှင်များ အဆင်ပြေစွာတက်ရောက်နိုင်ရေးနှင့် အ ခမ်းအနားအစီအစဉ်များကို စနစ်တကျစီစဉ်ကျင်းပနိုင်ရေးတို့ကို တာဝန်ရှိသူများအားဆွေးနွေးမှာကြားခဲ့သည်။

image

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေသည် မြန်မာတစ် နိုင်ငံလုံးအတွက် ရည်ရွယ်ရေးဆွဲထားပြီး လူ့အဖွဲ့အစည်းတခုတည်းကို ဦးတည်ပြီးရေးဆွဲထားခြင်း မဟုတ်

ဘင်္ဂါလီလူမျိုးများနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင် ငံ၏ ထုတ်ပြန်ချက်ကို ICJ တွင် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည် ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ အထက်ပါအတိုင်း ရှင်း လင်းပြောကြားခဲ့ခြင်းဖြစ်သည်။
" ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေဟာ မြန်မာတစ် နိုင်ငံလုံးမှာရှိတဲ့သူအားလုံးအတွက် ရည်ရွယ်ပြီးရေးဆွဲထားတဲ့ ဥပဒေပါ။ အဲဒီ လူ့အဖွဲ့အစည်းကိုဘဲ ဦးတည်ပြီးရေးဆွဲထားတာမဟုတ်ပါဘူး"ဟု ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောသည်။
ယင်း ဥပဒေသည် နိုင်ငံသားမဖြစ်သေးသူများ နိုင်ငံ သားဖြစ်ခွင့်ရရန် ဖြည်းဖြည်းချင်းလိုက်လျော၍ အဆင့်ဆင့် ဧည့်နိုင်ငံသား၊ ပြုနိုင်ငံသားပေးပြီးနောက် မြေးအဆင့်ခန့်ရောက်ချိန်တွင် နိုင်ငံသားပြုခွင့်ရသူအချင်းချင်းအိမ်ထောင်ပြုပြု၊ နိုင်ငံသားနှင့်အိမ် ထောင်ပြုပြု ၎င်းတို့သည် နိုင်ငံအပေါ် သစ္စာရှိသူများဖြစ်လာသည့်အခါ၌ နိုင်ငံသားဖြစ်ရမည့် ဥပဒေဖြစ် သည်ဟု ပြောသည်။
" ဒါပေမယ့် အပြင်ဘက်ကနေပြီး မလိုတဲ့စကားတွေပေါ်ပေါက်လာတာက ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပ ဒေကြောင့် အခွင့်အရေးတွေဆုံးရှုံးရတယ်။ ဒါ့ကြောင့် ဒီ နိုင်ငံသားဖြစ်မှုဥပဒေဟာ စံမမှီတဲ့အတွက် ပြင်ရမယ်ဆိုပြီး ကျယ်ကျယ်လောင်လောင်ပြောလာကြတယ်။ တောင်းဆိုမှုဆိုရင်လည်း ဘာမှမစီစစ်ဘဲ ဒီအုပ်စုတွေကို နိုင်ငံသားတစ်ခါတည်းတန်းပေးရမယ်ဆိုတာမျိုးအထိကို တောင်းဆိုလာကြတယ်"ဟု ပြည် ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က ပြောသည်။
အမှန်တကယ်တွင်မူ ယင်း လူ့အဖွဲ့အစည်း၌ နိုင်ငံသားကတ်ပြား(၃)မျိုးအနက် တစ်မျိုးမျိုးရထားပြီး မြန် မာနိုင်ငံအနှံ့အပြား၌ ယခုချိန်အထိ ပျံ့နှံ့စွာနေထိုင်နေကြသော စာရင်းဇယားများရှိကာ အားလုံးပေါင်းပါက (၂)သိန်းခန့်ရှိပြီး ၎င်းတို့အနက်မှ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိ၍ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန်စာရင်းပါသူ (၁)သိန်းခွဲခန့်ရှိသည်ဟု ပြည် ထောင်စုဝန်ကြီးဦးကိုကိူလှိုင်က ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထုတ်ပြန်ချက်၌ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေပြဋ္ဌာန်းပြီးနောက်ပိုင်းမှစတင်ကာ ဘင်္ဂါလီလူ့အဖွဲ့အစည်းသည် မည်သည့်အခွင့်အ ရေးမှမရတော့ဘဲ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအခွင့်အရေးများမရတော့သည့်အပြင် ရွေးကောက်ပွဲတွင်လည်း မဲပေးပိုင်ခွင့်မရှိဟု ရေးသားထားခြင်းဖြစ် သည်။

image

လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းစည်းဝေး
လုံခြုံရေးဆိုင်ရာများဆောင်ရွက်ထားရန် နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောမှာကြား

အစိုးရသစ်ဖွဲ့စည်းပြီးချိန်၌ လွှတ်တော်အစည်းအဝေးများကျင်းပနိုင်ရေးအတွက် လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းကကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောတက်ရောက်ခဲ့သည်။
ထိုသို့ တက်ရောက်ပြီးနောက် တတိယအကြိမ် လွှတ် တော်အသီးသီး၏ ပထမပုံမှန်အစည်းအဝေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီကျင်းပသွားမည်ဖြစ်၍ လွှတ်တော်အစည်းအဝေးများအောင်မြင်စွာကျင်းပနိုင်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီများက သက် ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများဆောင်ရွက်ထားရမည်ဟု မှာကြားသည်။
ထို့ပြင် လွှတ်တော်များတက်ရောက်ရမည့် လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းများအတည်ပြုပြီးချိန်တွင် ဖိတ်ကြားရေးဆိုင်ရာများကိုအချိန်မီဆောင်ရွက်ရန်၊ လွှတ်တော်ကိုယ်စားလှယ်များ အဆင်ပြေချောမွေ့စွာတည်းခိုနေထိုင်နိုင်ရေးအတွက် ရိပ်သာများပြင်ဆင်ရန်၊ သောက်သုံးရေနှင့် လျှပ်စစ်မီးများအဆင်ပြေစွာအသုံးပြုနိုင်ရန်ဆောင်ရွက်ထားရန်တို့ကို မှာကြားသည်။
လွှတ်တော်အစည်းအဝေးများကျင်းပစဉ်နှင့် ရပ်နားစဉ်ကာလတို့၌ လွှတ်တော်ဝန်းအတွင်း/အပြင်နှင့် လွှတ်တော်ကိုယ်စားလှယ်များတည်းခိုနေထိုင် သည့်နေရာများတွင် လုံခြုံရေးဆိုင်ရာများဆောင်ရွက်ထားရန်၊ လွှတ်တော်ကိုယ်စားလှယ်များအတွက် စားသောက်ရေးနှင့် ကျန်းမာရေးဆိုင်ရာများ၊ သွားလာရေး အဆင်ပြေစေရေးအတွက် သယ်ယူပို့ဆောင်ရေးတို့ကိုစနစ်တကျဆောင်ရွက်ထားရန် မှာကြားသည်။
လွှတ်တော်အသီးသီးရှိ တယ်လီဖုန်းဆက်သွယ်မှုစနစ်များ၊ e-Voting စနစ်နှင့် Delegate Unit များ၊ LED board များကောင်းမွန်စွာအသုံးပြုနိုင်ရေးတို့အ တွက် စမ်းသပ်လေ့ကျင့်မှုများဆောင်ရွက်ရန်တို့ကိုလည်း မှာကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်သည် လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ် တော်နှင့် အမျိုးသားလွှတ်တော်များတွင် လွှတ်တော်အစ

image