ကမ္ဘာ့ဖလား ဗိုလ်လုပွဲ သမ္မတ ထရန့်သွားကြည့်မည်

စပိန်နဲ့ အာဂျင်တီးနားတို့ ဗိုလ်လုပွဲအဖြစ် ထိပ်တိုက်တွေ့ကြမယ့် လာမယ့်တနင်္ဂနွေနေ့ ဖီဖာကမ္ဘာ့ဖလား(FIFA World Cup) ဗိုလ်လုပွဲကို သမ္မတ ထရန့် တက်ရောက်မယ်လို့ အိမ်ဖြူတော်က အတည်ပြုလိုက်ပါတယ်။ ဒီပွဲကိုတော့ MetLife Stadium ကွင်းမှာ ကျင်းပသွားမှာပါ။
​အိမ်ဖြူတော် ပြန်ကြားရေးအတွင်းရေးမှူး ကာရိုလိုင်း လီဗစ်(Karoline Leavitt) က "အမေရိကန်နိုင်ငံအနေနဲ့ ကမ္ဘာကြီးကို အကြီးကျယ်ဆုံး စင်မြင့်ထက်မှာ ဧည့်ခံကျင်းပပေးနိုင်တဲ့ စွမ်းရည်ကို သက်သေပြခဲ့တဲ့ ဒီပြိုင်ပွဲကြီးအတွက် သမ္မတထရန့်ရဲ့ တက်ရောက်မှုဟာ အလွန်ပဲ သင့်တော်ပြည့်စုံတဲ့ နိဂုံးချုပ်မှုတစ်ခု ဖြစ်လာမှာပါ" လို့ ပြောပါတယ်။
​ဖီဖာ(FIFA) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို(Gianni Infantino) ကလည်း သူနဲ့ သမ္မတထရန့်တို့ နှစ်ယောက်ဟာ ဘောလုံးကွင်းထဲအထိ ကိုယ်တိုင်ဆင်းပြီး အနိုင်ရရှိသွားတဲ့ အသင်းခေါင်းဆောင်ရဲ့ လက်ထဲကို ဖီဖာကမ္ဘာ့ဖလား ဆုဖလားကြီး ပေးအပ်ချီးမြှင့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

image