ထိုင်းတွင် မြန်မာလုပ်သား တစ်ဦး ကြိတ်စက်ထဲ ပြုတ်ကျ သေဆုံးမှုဖြစ်ပွား
--------------------------------

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ဘန်းဘင်မြိုရှိ ဖော့စက်ရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတစ်ယောက် ဖော့ကြိတ် စက်ထဲ ပြုတ်ကျပြီး သေဆုံးမှု ဖြစ်ပွားခဲ့တယ်လိုထိုင်းသတင်းဌာနဖြစ်တဲ့ Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အသက် ၂၄ နှစ်အရွယ် မြန်မာအမျိုးသား လုပ်သားတစ်ယောက်ဟာ နိုဝင်ဘာ ၁၉ ရက်၊ ည ၁၀ နာရီလောက်က အလုပ် လုပ်နေစဉ် ကြိတ်စက်အတွင်းကို လူတစ်ကိုယ်လုံး ပြုတ်ကျကာတစ်စစီ ကြိတ်မိပြီး သေဆုံးခဲ့တာ ဖြစ်ပြီး နိုဝင် ဘာ ၂၀ ရက်မှာတော့ ထိုင်းရဲတွေဆီ သတင်းရောက်ရှိတဲ့အတွက် သွားရောက်စစ်ဆေးခဲ့တယ်လို ဆိုပါတယ်။
ကယ်ဆယ်ရေးသမားတွေက ရုပ်အလောင်းကို ပြန်ယူဖို လုပ်ဆောင်ရာမှာ ကြေမွနေတဲ့ အစိတ်အပိုင်းတွေနဲ့ ပလတ် စတစ် အပိုင်းအစတွေ ရောနှော နေတာကြောင့် သေချာစွာ ဖယ်ထုတ်ဖို ကြိုးစားခဲ့ရပြီး အစိတ်အပိုင်းအချိုကိုသာ ပြန်ရခဲ့တယ်လို Khaosod ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲရဲ့ ကနဦး သုံးသပ်ချက်အရ သေဆုံးသူဟာ အလုပ်ချိန် နာရီပေါင်းများစွာ ကြာမြင့်တာကြောင့် အိပ်ငိုက်ကာ အမှတ်မထင် စက်ထဲသို ပြုတ်ကျ သွားတာ ဖြစ်နိုင်တယ်လို ယူဆထားပြီး ဥပဒေအရ အရေးယူမှု တွေ လုပ်ဆောင်နိုင်ဖို CCTV မှတ်တမ်းတွေကို ကြည့်ရှုစစ်ဆေးတာ နဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်နေတယ်လို သိရပါတယ်။
ဒါ့အပြင် မြန်မာလုပ်သား သေဆုံးမှုနဲ့ ပတ်သက်လိုလည်း သေဆုံးသူရဲ့ မိသားစုဝင်တွေက ထိုင်းနိုင်ငံအခြေစိုက် WAG အလုပ်သမား မဟာမိတ်အဖွဲထံ အကူအညီ တောင်းခံလာတဲ့အတွက် သွားရောက်ကူညီမှုတွေ ဆောင်ရွက်နေတယ်လို လည်း WAG အဖွဲက ထုတ်ပြန်ထားပါတယ်။

image

ရှမ်းမြောက် သီပေါတံတား တစ်ပတ်ကြာသည်အထိ ယာဉ်ဖြတ်သန်းခွင့် မပြုသေးသော်လည်း လမ်းလျှောက်ဖြတ်သန်းခွင့်ပြု

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲခရိုင်အတွင်းရှိ သီပေါတံတားကို နိုဝင်ဘာ(၁၄)ရက် နံနက်ပိုင်းမှ စတင်ပိတ်ထားရာ ယနေ့နိုဝင်ဘာ (၂၀)ရက်အထိ ယာဉ်များဖြစ်သန်းခွင့်မပြုသေးသော်လည်း ပြည်သူများအား လမ်းလျှောက်ဖြတ်သန်းခွင့်ပြုထားပြီဖြစ်ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
"သီပေါတံတား ဒီနေ့ မနက်အထိ မပွင့်သေးပေမယ့် လူတွေကို တံတားပေါ်ဖြတ်သန်းခွင့်ပေးနေပါတာ (၂)ရက်ရှိပါပြီ" ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ လမ်းခရီးအခြေအနေအရ လား ရှိုး-မန္တလေးအတက်အဆင်း ခရီးစဉ်တွင် လားရှိုး - မိုင်းရယ် - ကျေးသီး - တောင်ကြီး လမ်းပိုင်း၊ နောင်ပိန်-ရဲရွာ-နောင်လုံ-နမ့်လန်-ပန်ကေသု-ကျေးသီး-မိုင်းရယ်လမ်းပိုင်း၊ သီပေါ-နားမခေါ်-တာလုံ-ကျောက်မဲ လမ်းပိုင်းတို့မှ အဆင်ပြေစွာ သွားလာ၍ ရနေသည်ဟု သိရသည်။
သီပေါတံတားကို နိုဝင်ဘာလ (၂၁)ရက်မှ (၂၃)ရက်အတွင်း ပြန်ဖွင့်ကာ ဖြတ်သန်းသွားလာခွင့်ပေးမည်ဟု သတင်းထွက်ပေါ်နေပြီး ယင်းသတင်းမှာ ဖြစ်နိုင်ချေများကြောင်းလည်း အဆိုပါ ဒေသခံက ဆိုသည်။
မန္တလေး - လားရှိုး ခရီးစဉ်ကို အောက်တိုဘာ (၁၈) ရက်မှစတင်၍ ပြည်ထောင်စုလမ်းမကြီး အတိုင်း သွားလာခွင့်ပြုခဲ့ပြီး‌ ရန်ကုန် - လားရှိုးခရီးစဉ်များကိုလည်း နိုဝင်ဘာ (၈)ရက်မှ စတင်ကာ ပြန်လည်သွားလာခွင့်ပြုထားကြောင်း သိရသည်။

image

နိုင်ငံဝန်ထမ်းများ ပါတီနိုင်ငံရေးကင်းရှင်းပြီး ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လို

ပါတီနိုင်ငံရေးကင်းရှင်းပြီး နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်များကို စောင့်ထိန်းလိုက်နာကာ နိုင်ငံ့ဝန်ထမ်းသစ္စာအဓိဋ္ဌာန် (၆) ချက်အား ဦးထိပ်ပန်ဆင်ပြီး နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွားအတွက် ရှေးရှုဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစိုးမင်းဦးက ပြောသည်။
ယမန်နေ့က ကျင်းပသည့် ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဌ ဦးစိုးမင်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ အတွေးသစ်၊ အမြင်သစ်များဖြင့် လိုက်ပါပြောင်းလဲဆောင်ရွက်ကြရန်၊ အလုပ်နှင့်ဘဝ ဟန်ချက်ညီအောင်ဖန်တီးနိုင်ပြီး အကြီး အမှူးကောင်းစိတ်ဓာတ်ဖြင့် မိသားစုအသွင် ဦးဆောင်လမ်းပြကြရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးစွမ်းဆောင်နိုင်သူများဖြစ်ရန်၊ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်နှင့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ချမှတ်ထားသော မူဝါဒလမ်းညွှန်ချက်များကို အောင်မြင်အောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရန်လည်း ဦးစိုးမင်းဦးက ပြောကြားထားသည်။
နိုင်ငံတော်အစိုးရက အကောင်ထည်ဖော်သော လုပ်ငန်းများကို အဓိက လိုက်ပါအကောင်ထည်ဖော်ရသော ဝန်ထမ်းအဖွဲအစည်းအကြီးအမှူးများ ဖြစ်လာသည့်အခါ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး တိုင်းပြည် ဖွံဖြိုးတိုးတက်ရန် ဦးစီးဦးဆောင်ပြု၍ စေတနာထား တာဝန်ထမ်းဆောင်ကြရန်လိုအပ်ကြောင်းလည်း ပြောကြားခဲ့သည်။

image

သဘာဝဓာတ်ငွေ့ရည်များ သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘော ထပ်မံရောက်ရှိ

Liquified Natural Gas LNG အပြည့် သယ်ဆောင်လာသည့် MT DAPENG PRINCESS သင်္ဘောသည် MCV Terminal သို့ ထပ်မံရောက်ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောသည် MCV Terminal ၌ ဆိုက်ကပ်ထားသည့် အဆင့်မြင့်နည်းပညာသုံး ဓာတ်ငွေ့သိုလှောင်သင်္ဘော (FSO - Floating Storage and Offloading) ဖြစ်သော MV CNTIC VPOWER ENERGY သင်္ဘောအတွင်းသို့ ဓာတ်ငွေ့များကို ဖြည့်တင်းပေးမည်ဖြစ်ကြောင်း သိရသည်။
ယခုရောက်ရှိလာသည့် MT DAPENG PRINCESS ကို ကပ်ပေးပြီးဖြစ်သည့်အတွက် CVE ထဲသို့ သဘာဝဓာတ်ငွေ့ကို ကူးပြောင်းပေးပို့ပြီးပါက မကြာမီအချိန်အတွင်း လျှပ်စစ်ဓာတ်အားကို ထုတ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
Photo:NS

image

မဲစာရင်းပါသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန် တစ်ရက်သာကျန်တော့

မဲစာရင်းပါရှိသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ကြိုတင်မဲပေးနိုင်မည့်အချိန်သည် နိုဝင်ဘာ (၂၁)ရက် တစ်ရက်သာ ကျန်တော့သည်။
တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် ကြိုတင်မဲပေးနိုင်သည့် အချိန်သည် နိုဝင်ဘာ(၁၇)ရက်မှ နိုဝင်ဘာ (၂၁)ရက်အထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများသည် မိမိ သက်ဆိုင်ရာမြို့နယ်ပြင်ပရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် တက်ရောက်ရမည်ဆိုပါက ဆန္ဒမဲပေးခြင်းကို မဲစာရင်းပါရှိရာ ရပ်ကွက်၊ ကျေးရွာများတွင် ကြိုတင်မဲပေးရမည် ဖြစ်သည်။
ထိုသို့ပေးရာတွင် နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ကျောင်းသားကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက် အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်မည်ဟုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပြီး ဖြစ်သည်။
ရွေးကောက်ပွဲကျင်းပမည့် ဒီဇင်ဘာ (၂၈) ရက်သည် သက်ဆိုင်ရာ ကျောင်းများ၌ ‌ပညာသင်ကြားနေမည့်အချိန်ဖြစ်သောကြောင့် အသက် (၁၈) နှစ်ပြည့်ပြီး ဥပဒေအရ မဲပေးခွင့်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ မဲပေးခွင့်မဆုံးရှုံးစေရန် ထိုသို့စီစဉ်ပေးထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

image

နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေရသူများတွင် ကလေးငယ်ပေါင်း တစ်သန်းကျော်အထိ ရှိနေ

မြန်မာနိုင်ငံပြည်သူ သုံးသန်းခွဲကျော်သည် နိုင်ငံအတွင်း နေရပ်စွန့်ခွာရွှေ့ပြောင်းနေရပြီး အဆိုပါသုံးသန်းခွဲအနက် တစ်သန်းကျော်သည် ကလေးသူငယ်များဖြစ်ကြောင်း UNICEF ၏ အချက်အလက်များအရ သိရှိရကြောင်း ဩစတြေးလျသံရုံး( မြန်မာ)က ယနေ့ နိုဝင်ဘာ(၂၀)ရက်နေ့တွင် အသိပေးထားသည်။
အနာဂတ်တွင် ပါဝင်လာမည့် ကလေးငယ်များ၏ အရေးပါသည့်အခန်းကဏ္ဍကို အသိမှတ်ပြုပြီး ပဋိပက္ခနှင့် ဘေးအန္တရာယ်ဖြစ်ပွားလေ့ရှိသည့် အခြေအနေများတွင် ကလေးငယ်များကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ထုတ်ဖော်လုပ်ဆောင်ရန် လိုအပ်ကြောင်းလည်း ဩစတြေးလျသံရုံး( မြန်မာ)က အသိပေးထားသည်။
ဩစတြေးလျအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းအစီအစဉ်များမှတဆင့် မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားမှုနှင့် ထိခို-က်လွယ်အသိုက်အဝန်းများရှိ ကလေးငယ်များအပါအဝင် ကလေးငယ်အားလုံး၏ အခွင့်အရေးနှင့် ကိုယ်စိတ်ကျန်းမာရေးတို့ကို ကာကွယ်ထားရှိမှု ကတိကဝတ်နှင့် ကာလရှည်ပံပိုးမှုများကိုလည်း ထပ်လောင်းအတည်ပြုကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားသည်။
တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့မျိုးစုံတို့၏ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားများသည် နေရပ်စွန့်ခွာတိမ်းရှောင်နေမှုများလည်း ဆက်လက်ဖြစ်ပွားနေကာ နိုဝင်ဘာလထိ နိုင်ငံတစ်ဝန်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူ ဦးရေ ၃ ဒဿမ ၆ သန်းအထိ ရှိနေကြောင်း UNOCHA Myanmar ၏ အချက်အလက်များအရ သိရသည်။
အဆိုပါ မိသားစုများအတွက် လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုများပြားလာကြောင်းလည်း UNOCHA Myanmar က အသိပေးထားသည်။

image

လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည်

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ်ကို နိုဝင်ဘာလ (၂၄) ရက်တွင် ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း ဒေသခံသတင်းရင်းမြစ်များထံက ကနဦး သိရသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၏ နေ့သင်တန်းများအားလုံး ဘာသာစုံ၊ အတန်းစုံ ဖွင့်သွားမည်ဖြစ်သည့်အပြင် ကျောင်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို နိုဝင်ဘာ (၁၇)ရက်မှ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ပြီး လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်မည့် ဖွင့်ပွဲအခမ်းအနားအား နိုဝင်ဘာလ (၂၄)ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နှစ်အတန်ကြာ တို-က်ပွဲများဖြစ်ပွားခဲ့သည့် ရှမ်း‌/မြောက်ဒေသ လားရှိုးမြို့အား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် ပညာရေး၊ ကျန်းမာရေးအစရှိသည့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များ အဆင့်လိုက် စီမံချက်ချ ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

image

အရှိန်လွန် Light Truck ကားက လမ်းသွားလမ်းလာများကိုဝင်တို-က်တိမ်းမှောက် (၁) ဦး​ေ-သဆုံး (၃) ဦးဒ-ဏ်ရာရ

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်တွင် ယနေ့ နိုဝင်ဘာ ၂၀ ရက်မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က Light Truck ကားအရှိန်လွန်ကာ လမ်းသွားလမ်းလာများကို ဝင်တို-က်မိပြီး တိမ်းမှောက်ခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
လမ်းမတော်မြို့နယ်၊ မော်တင်ယာယီဈေးရပ်ကွက်၊ ကျောက်လမ်းပေါ်တွင် Light Truck ကားအရှိန်လွန်ကာ လမ်းသွားလမ်းလာများအားဝင်တို-က်မိပြီးနောက် တိမ်းမှောက်သွားခဲ့သဖြင့် ကျောက်တံတားမြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဖြစ်စဥ်ကြောင့် အမျိုးသား (၁) ဦးမှာ ထိခိုက်ဒ-ဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌​ေ-သဆုံးသွားခဲ့ပြီး (၃) ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများရရှိခဲ့သဖြင့် ဒ-ဏ်ရာရသူများအား အနီးဝန်းကျင်နေသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ​ေ-သဆုံးသူ၏ ရုပ်အလေ-ာင်းအား အေးမေတ္တာလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများထံသို့ အမေရိကန်ဒေါ်လာ ၁၄ သိန်းရောင်းချပေးခဲ့

CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၁,၄၃၇,၆၂၅.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ နိုဝင်ဘာ ၁၉ ရက်က ရောင်းချပေးခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။
FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ ၊ သံမဏိ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် အမေရိကန်ဒေါ်လာ သန်း ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်။

image

သီတဂူဆရာတော်ကြီး စစ်ကိုင်းတောင်ရိုးရှိ ငလျင်ဒ-ဏ်သင့် စေတီပုထိုးပြုပြင်ပြီးစီးမှုများ ကြည့်ရှု

သီတဂူဆရာတော်ကြီးသည် မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးခဲ့ရသည့် စစ်ကိုင်းတောင်ရိုးရှိ ငလျင်ဒ-ဏ်သင့် စေတီပုထိုးများ၏ ပြုပြင်ပြီးစီးမှုများကို ကြည့်ရှူခဲ့သည်။
ယနေ့ (နိုဝင်ဘာ ၂၀) ရက် ညနေပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဆရာတော်ကြီးသည် ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး၊ မင်္ဂလာမဟာစေတီတော်ကြီး၊ ရတနာစေတီဆင်များရှင်စေတီတော်ကြီး၊ ရှင်ပင်နံကိုင်းစေတီတော်ကြီး၊ မဟိယင်္ဂနစေတီတော်ကြီး၊ မဟာစည်းခုံကြီးစေတီတော်ကြီး၊ ရတနာထွဋ်ခေါင်စေတီတော်ကြီး၊ ဆွမ်းဦးပုညရှင် စေတီတော်ကြီးတို့၏ ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှူခဲ့သည်။
စစ်ကိုင်းတောင်ရိုးရှိ ငလျင်ဒ-ဏ်သင့် စေတီတော်ကြီးများ ပြန်လည်ပြုပြင်မွမ်းမံနေသည့် အပိုင်းသည် ယခုအခါတွင် ၇ လတာကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ သီတဂူဆရာတော်ကြီး၏ ဦးဆောင်မှုဖြင့် သာသနိကအဆောက်အဦးများ ပြန်လည်ကောင်းမွန်ရေးလုပ်ငန်းများကို အချိန်ယူ၍ အာရုံစိုက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း သိရသည်။
ဓာတ်ပုံများ- သီတဂူဆရာတော်ဓမ္မသဘင် live

image