ကမ္ဘာ့ဖလားအပြီးတွင် ဆာလီဘာရဲ့ ကျောဒဏ်ရာကို စစ်ဆေးကာ ခွဲစိတ်ကုသမှု လုပ်/မလုပ် အာဆင်နယ် ဆုံးဖြတ်လာမည်
===================

အာဆင်နယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ဝီလီယမ်ဆာလီဘာရဲ့ကျောဒဏ်ရာကို စစ်ဆေးမှု ပြုလုပ်ကာ ခွဲစိတ်ကုသမှု ပြုလုပ်ရေး ဆုံးဖြတ်လာပါမယ်။
ပြင်သစ်ဗဟိုနောက်ခံလူဟာ လွန်ခဲ့တဲ့ရက်သတ္တပတ်အတန်ကြာကတည်းက ကျောဒဏ်ရာပြဿနာကြုံလာခဲ့ရတာ ဖြစ်ပြီး ယင်းဒဏ်ရာဖြင့်ပင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကစားနေပါတယ်။
ဒါပေမဲ့ ဆာလီဘာဟာ စပိန်အား ရှုံးနိမ့်တဲ့ ပြင်သစ်ရဲ့ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင် ကျောဒဏ်ရာအခြေအနေ ပိုမိုဆိုးရွားလာခဲ့ကာ မိနစ် ၃၀ မှာပင် လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ ဆာလီဘာရဲ့ ဒဏ်ရာအား အရှင်းပျောက်ကင်းစေရန်အတွက် ကာလရှည်ကြာ အနားယူလာရမှာ ဖြစ်ပေမဲ့လည်း ခွဲစိတ်ကုသမှု ပြုလုပ်ရေး ဆုံးဖြတ်လာနိုင်ပါတယ်။
အသက် ၂၅ နှစ်ှရိ ဆာလီဘာဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်အတွက် ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၅၀ ကစားကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲသို့ တက်ရောက်အောင် ကူညီခဲ့သလို ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင်လည်း ကူညီခဲ့ပါတယ်။
သူဟာ ကျောဒဏ်ရာကြောင့်ပင် ပြင်သစ်ရဲ့ နော်ဝေနှင့် ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်ကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ စနေနေ့တွင် အင်္ဂလန်နှင့် ကစားရမဲ့ ကမ္ဘာ့ဖလားတတိယနေရာလုပွဲကိုလည်း လွဲချော်လာဖို့ ရှိနေပါတယ်။

image