ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ နယူးယောက်တွင် လေထုညစ်ညမ်းမှု ပြဿနာရှိနေ
=====================

နယူးယောက်နှင့် နယူးဂျာစီအာဏာပိုင်များက ကမ္ဘာ့ဖလားဗိုလ်လုပွဲမတိုင်မီ ရက်အနည်းငယ်အလိုတွင် တောမီးလောင်ကျွမ်းမှုကြောင့် လေထုအရည်အသွေးကျဆင်းမှုနှင့်အတူ ကျန်းမာရေးဆိုင်ရာ အထူးသတိပေးချက် ထုတ်ပြန်ကြေညာလာပါတယ်။
ကနေဒါတွင် တောမီးလောင်ကျွမ်းမှုကြောင့် နယူးယောက်တွင် လေထုညစ်ညမ်းမှု ဖြစ်နေတာဖြစ်ပြီး ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးအိမ်ထဲတွင် နေထိုင်ရန် ညွှန်ကြားထားပါတယ်။
New York New Jersey Stadium ကွင်းမှာ နယူးဂျာစီ၊ အရှေ့ရူသာဖို့ဒ်တွင် တည်ရှိပြီး ဇူလိုင်လ ၁၉ ရက်နေ့ တနင်္ဂနွေနေ့ တွင် အာဂျင်တီးနားနှင့် စပိန်တို့ရဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲအား လက်ခံကစားပါမယ်။
စပိန်အသင်းဟာ တက္ကဆက်တွင် ပြင်သစ်အား ဆီမီးဖိုင်နယ်မှာ အနိုင်ရပြီးနောက် ဗုဒ္ဓဟူးနေ့ကတည်းက နယူးဂျာစီသို့ ရောက်ရှိနေတာ ဖြစ်ပါတယ်။
စပိန်ဟာ ကြာသပတေးနေ့တုန်းက လေထဲအရည်အသွေးကျဆင်းမှု ဖြစ်ပွားနေပေမဲ့လည်း လေ့ကျင့်ခန်းဆင်းနိုင်ခဲ့ပါတယ်။ စပိန်ဘက်က လေထုညစ်ညမ်းမှု အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်စရာရှိမှုနှင့်ပတ်သက်ပြီး ပြောဆိုထားခြင်း မရှိပါဘူး။
အာဂျင်တီးနားမှာလည်း ယနေ့ သောကြာနေ့မှ စတင်ကာ နယူးဂျာစီတွင် ကမ္ဘာ့ဖလားဗိုလ်လုပွဲအတွက် လေ့ကျင့်ခန်းဆင်းလာပါမယ်။
လက်ရှိအချိန်တွင် နယူးဂျာစီကောင်းကင်တွင် မီးခိုးများနှင့်ပြည့်နှက်နေပြီး အလွန်ပူပြင်းတဲ့ ဒဏ်ကို တွေ့ကြုံနေရပြီ ဖြစ်ပါတယ်။
နယူးယောက်တွင် နေထိုင်သူများဟာ လေထုညစ်ညမ်းမှုနှင့် ယခင်တုန်းကလည်း ကြုံတွေ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ် ဇွန်လတုန်းက ကနေဒါတောမီးလောင်မှုကြောင့် နယူးယောက်ကောင်းကင်တစ်ခုလုံး အဝါရောင်သို့ ပြောင်းလဲခဲ့ဖူးပြီး ဖြစ်ပါတယ်။
New York New Jersey Stadium မှာ အမိုးဖွင့်ကွင်းဖြစ်ပြီး တနင်္ဂနွေနေ့ ဗိုလ်လုပွဲကို ပရိသတ် ၈၀၀၀၀ ဝန်းကျင်လာကြည့်မယ်လို့ ယူဆရပါတယ်။
တဖက်တွင် ယနေ့ သောကြာနေ့တွင် နယူးယောက်လေထုအရည်အသွေးမှာ အနည်းငယ်ပိုကောင်းလာမယ်လို့ ယူဆရပါတယ်။
ကြာသပတေးနေ့တုန်းက လေထုညစ်ညမ်းမှုကြောင့် ချီကာဂိုဖိုင်းယားနှင့် ဗန်ကူးဗားဝှိုက်ကက်တို့ရဲ့ ချီကာဂိုတွင် ကစားမဲ့ မေဂျာလိဂ်ပွဲစဉ်မှာ ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်ပါတယ်။
ယင်းပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်နှင့် ဘာစီလိုနာတိုက်စစ်မှူးဟောင်းရောဘတ်လီဝန်ဒေါ့စကီးက ချီကာဂိုဖိုင်းယားအတွက် ပထမဆုံးပွဲ ကစားရန် စီစဉ်ထားတာပါ။

image