Windows Clean Install ပြန်တင်နည်း။ 🪟
Windows ကို clean install ပြန်တင်ခြင်းဟာ ကွန်ပျူတာကို အသစ်ကဲ့သို့ ပြန်လည်အလုပ်လုပ်စေဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
#မစမီပြင်ဆင်ရန်
1️⃣. မှတ်ဉာဏ်ချန်လှပ်ခြင်း (Backup)
- သင်၏ ဖိုင်များ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ အားလုံးကို external hard drive သို့မဟုတ် cloud storage သို့ backup လုပ်ပါ
- Browser bookmarks, passwords များ သိမ်းဆည်းပါ
- Software product keys များ မှတ်သားထားပါ
2️⃣. လိုအပ်သော software များ
- Windows ISO ဖိုင်ရယူရန်
- USB flash drive (8GB နှင့်အထက်)
- Internet connection
Windows Clean Install လုပ်ဆောင်နည်း🛠️
အဆင့် ၁ - Windows Installation Media ပြုလုပ်ခြင်း
1. Microsoft ၏ official website မှ "Media Creation Tool" ကိုရယူပါ
2. USB drive ထဲထည့်ပြီး bootable installation media ပြုလုပ်ပါ
အဆင့် ၂ - BIOS/UEFI Setting ပြောင်းလဲခြင်း
1. ကွန်ပျူတာကို restart လုပ်ပါ
2. Boot menu သို့ဝင်ရန် (F2, F12, Del, Esc ခလုတ်များကိုနှိပ်ပါ)
3. Boot order ကို USB drive ကို ပထမဆုံးထားပါ
အဆင့် ၃ - Windows Installation
1. USB drive မှ boot လုပ်ပါ
2. Language, time, keyboard format ရွေးချယ်ပါ
3. "Install now" ကိုနှိပ်ပါ
4. Product key ထည့်သွင်းပါ (သို့မဟုတ် "I don't have a product key" ကိုရွေးပါ)
5. Windows edition ရွေးချယ်ပါ
6. "Custom: Install Windows only (advanced)" ကိုရွေးပါ
အဆင့် ၄ - Hard Drive Partition ခွဲခြင်း
1. သင်၏ hard drive ကိုရွေးချယ်ပါ
2. "Delete" ကိုနှိပ်ပြီး ရှိပြီးသား partition များကိုဖျက်ပါ
3. "New" ကိုနှိပ်ပြီး partition အသစ်ဖန်တီးပါ
4. Windows install လုပ်မည့် partition ကိုရွေးချယ်ပါ
အဆင့် ၅ - Windows Setup ဆက်လက်လုပ်ဆောင်ခြင်း
1. Installation process ပြီးဆုံးသည်အထိ စောင့်ဆိုင်းပါ
2. Region, keyboard layout ရွေးချယ်ပါ
3. Microsoft account ဖြင့်ဝင်ရန် (သို့မဟုတ်) offline account ဖန်တီးပါ
4. Privacy settings များကိုသတ်မှတ်ပါ
အဆင့် ၆ - Driver များနှင့် Software များ Install လုပ်ခြင်း
1. Windows Update ကို run ပြီး latest driver များရယူပါ
2. Manufacturer website မှ driver များကိုဒေါင်းလုဒ်ဆွဲပါ
3. Antivirus software တပ်ဆင်ပါ
4. လိုအပ်သော application များကိုတပ်ဆင်ပါ
#အရေးကြီးအချက်များ ⚠️
- Clean install လုပ်ခြင်းဖြင့် hard drive ပေါ်ရှိ data အားလုံးပျက်စီးသွားမည်
- Power outage မဖြစ်စေရန် ဂရုစိုက်ပါ
- Installation process သည် ၃၀ မိနစ်မှ ၂ နာရီအထိကြာနိုင်သည်
ဤနည်းလမ်းဖြင့် Windows ကို clean install ပြန်လုပ်ပါက စက်သည် အသစ်ကဲ့သို့ မြန်ဆန်စွာအလုပ်လုပ်နိုင်မည်ဖြစ်ပါသည်။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image
13 w - Translate

ရှမ်းပြည်တောင်ပိုင်းကုန်းမြင့်ဒေသများကဲ့သို့သော မြန်မာနိုင်ငံ၏ တောင်ကုန်းဒေသများတွင် Arabica ကော်ဖီစိုက်ပျိုးရန် သင့်တော်သော်လည်း အောင်မြင်သောအထွက်ရရှိရန် သိပ္ပံနည်းကျပြုစုစောင့်ရှောက်မှုလိုအပ်ပါသည်။
🌱 မြေနေရာ မြေစောင်း ၁၅% အောက်နိမ့်သော ရေဝပ်ခြင်းမရှိဘဲ ရေစီးဆင်းမှုကောင်းမွန်စေရန် သင့်တော်သည်။
⛰️ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၂,၅၀၀ ကျော် (မီတာ ၈၀၀ အထက်) ကောင်းမွန်သောအရည်အသွေးရှိ ကော်ဖီစေ့များထုတ်လုပ်နိုင်စေရန် လိုအပ်သည်။
🌡️ ပျမ်းမျှအပူချိန် ၁၅°C - ၂၄°C ရာသီဥတုအေးမြပြီး တည်ငြိမ်မှုရှိရန် လိုအပ်သည်။
🌧️ နှစ်စဉ်မိုးရေချိန် ၁,၅၀၀ - ၂,၀၀၀ မီလီမီတာ (ညီညာစွာရွာသွန်းရန်) အပင်ကြီးထွားမှုအတွက် ရေအလုံအလောက်ရရှိစေရန်။
🧪 မြေချဉ်ငံဓာတ် (pH) ၄.၅ - ၆.၅ အက်စစ်ဓာတ်သက်ရောက်မှုရှိသော မြေသည် သင့်တော်သည်။
👩‍🌾 စိုက်ပျိုးနည်းအဆင့်ဆင့်
1. မြေနေရာပြင်ဆင်ခြင်း - မြေပြင်ရာတွင် မြေဆီလွှာတိုက်စားမှုကို ကာကွယ်ရန် မြေစောင်း ၁၅% အောက်ရှိသော နေရာကို ရွေးချယ်ပါ။
2. စိုက်ကျင်းနှင့် ပင်ကြားတန်းကြား - ပင်ကြား ၄ ပေ၊ တန်းကြား ၈ ပေ ထားကာ စိုက်ပျိုးပါက တစ်ဧကလျှင် ၁,၃၆၀ ပင် စိုက်နိုင်သည်။ စိုက်ကျင်းကို ၁.၅ ပေ x ၁.၅ ပေ x ၁.၅ ပေ အရွယ် တူးဖော်ပြီး နွားချေး၊ တီစူပါစသည့် အော်ဂဲနစ်မြေဩဇာများ ထည့်သွင်းပေးပါ။
3. ပျိုးပင်ရွေးချယ်စိုက်ပျိုးခြင်း - ပျိုးသက် ၈ လမှ ၂ နှစ်အတွင်း ကျန်းမာသန်စွမ်းသော ပျိုးပင်ကို ရွေးချယ်ပါ။ ပျိုးအိတ်ခွာပြီး မြေလုံးမကွဲအောင် ဂရုစိုက်၍ စိုက်ပျိုးရန် အရေးကြီးသည်။
4. အရိပ်ပင်စိုက်ပျိုးခြင်း - Arabica ကော်ဖီသည် အလင်းရောင်အနည်းငယ်လိုသော်လည်း ရှမ်းပြည်တောင်ပိုင်းကဲ့သို့ မိုးပျံ့နှံ့စွာရွာသွန်းပါက အရိပ်မဲ့စိုက်နိုင်သည်။ သို့ရာတွင် ရာသီဥတုဖောက်ပြန်မှုဒဏ်ခံနိုင်ရန် ခါတော်မှီပင် (Silver Oak) ကဲ့သို့ အရိပ်ကောင်းပြီး အမြစ်နက်နက်ဆင်းသော အပင်များကို ကြိုတင်စိုက်ထားခြင်းက ပိုမိုစိတ်ချရသည်။
5. ပေါင်းမြက်ရှင်းလင်းခြင်းနှင့် ရေပေးသွင်းခြင်း - အပင်ငယ်စဉ် ပေါင်းမြက်ကင်းစင်အောင် ထားရှိပါ။ မိုးခေါင်ပါက ရေမှန်မှန်ပေးသွင်းရန် လိုအပ်သည်။
6. မြေဩဇာကျွေးခြင်း - ဖေါ်စပ်ထားသော သဘာဝမြေဩဇာ (သို့) သဘာဝမြေဩဇာများဖြစ်သော နွားချေး၊ ကြက်ချေး၊ သစ်ရွက်ဆွေးများကို အသုံးပြုပါ။

image
13 w - Translate

Nov 9 to Nov 29 မှာ 🤍✨
ဒို့တွေရဲ့အချစ်ဆုံး mercury retrograde လေးလာပါမယ်ရှင်🙂‍↔️
အခုကတော့အစမ်းကြိတ်တဲ့ကာလလေးပါချင့်😔

image
13 w - Translate

မတူတဲ့ အသက်အရွယ်မှာ
မတူတဲ့ ရွေးချယ်မှုရှိတယ်...။
မတူတဲ့ အချိန်ကာလမှာ
မတူတဲ့ ဘဝနေနည်းရှိတယ်...။
ကိုယ့်အသက်အရွယ်တိုင်းမှာ
အကောင်းဆုံး နေထိုင်ခြင်းက
ဘဝရဲ့ အကြီးမားဆုံး အကျိုးရလဒ် ဖြစ်တယ် ...။ 🥰
🔹နိုင်းနိုင်းစနေ🔹

13 w - Translate

ထူးခတ်ထားသော အနာဂတ်
_________________________
- ဒုက္ခနဲ့ အသားကျ သွားတဲ့နောက်
ရင်ဘတ်က ဒဏ်ရာလည်း
နည်းနည်းမှ မနာတော့ဘူး၊
-ကိုယ့်နိုင်ငံကို ခြေချ ထားပါလျက်
အထပ်ထပ် ကြွေနေတဲ့ ဘဝတွေကို
ရာဇဝင်ဆိုးထဲ ထိုးထည့်ခဲ့ရတာက
မလုံတဲ့ လိပ်ပြာပါပဲ၊
-ထူးခတ်ထားတဲ့ အနာဂတ်ကို
လူငယ်တွေ ဘယ်အားသုံးပြီး
ရုန်းမလဲ။
-နာမည်ကောင်းရဖို့ မကြိုးစားနဲ့
ဘဝကောင်း ရဖို့ ကြိုးစား၊
မသန်စွမ်းဖြစ်နေတဲ့ နိုင်ငံကို
မင်းတို့လက်ထဲ ထိုးထည့်ခဲ့ရမှာ
အားတော့နာတယ်။
-ငါတို့ မြန်မာနိုင်ငံဟာ
အယူခံဝင်ခွင့်မရှိတဲ့ ငရဲပါပဲ။
#မြူမှော်ရုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ WRF မော်ဒယ်လ်၏ ၂၈-၁၀-၂၀၂၅ ရက်နေ့ မြန်မာစံတော်ချိန် ၀၆:၃၀ နာရီအချိန်ကို အခြေခံတွက်ထုတ်ထားသည့် ၂၉-၁၀-၂၀၂၅ ရက်နေ့မှ ၃၁-၁၀-၂၀၂၅ ရက်နေ့အထိ မိုးရွာသွန်းမှုခန့်မှန်းချက်ပြပုံ

image
image
image

ယခုနှစ်အကုန်တွင် ရှက်ဖီးလ်ဝင်းနက်စ်ဒေးအား ပိုင်ရှင်သစ်ထံ လွဲပြောင်းနိုင်မယ်လို့ စီမံအုပ်ချုပ်မှုအဖွဲ့ ကြေညာလာ
======================

ရှက်ဖီးလ်ဝင်းနက်စ်ဒေးရဲ့ ပူးတွဲ စီမံအုပ်ချုပ်ရေးအဖွဲ့က အသင်းကို ဝယ်ယူရေးအတွက် ရင်းနှီးမြှပ်နှံသူ လေးဖွဲ့၊ ငါးဖွဲ့ရဲ့ ကမ်းလှမ်းမှု ရရှိထားပြီး ယခုနှစ်ကုန်ပိုင်းတွင် အသင်းကို ပိုင်ရှင်သစ်ထံ လွဲပြောင်းပေးနိုင်တော့မှာ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။

သောကြာနေ့တုန်းက ပိုင်ရှင်ဒီဖုန်းချန်ဆီရီက ချန်ပီယံရှစ်ကလပ်အား စီမံအုပ်ချုပ်မှုလက်အောက်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ခရစ်ဝစ်ဖီးလ်က ပိုင်ရှင်သစ်ရှာဖွေနေပါတယ်။

ဝစ်ဖီးလ်က ရှက်ဖီးလ်ဝင်းနက်စ်ဒေးမှာ EFL စည်းမျဉ်းအရ ဈေးကွက်အတွင်းတွင် ၂၈ ရက်တိုင် ရှိနေမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ ကမ်းလှမ်းမှုများ ရရှိထားကြောင်း အတည်ပြုလာပါတယ်။

ဒါ့အပြင် ဝစ်ဖီးလ်က ပိုင်ရှင်သစ်များက လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်တွင် ကစားသမားသစ်များ ဝယ်ယူအားဖြည့်ပေးလာဖို့ မျှော်လင့်ကြောင်းလည်း ဆိုသွားပါတယ်။

ဝစ်ဖီးလ်က အသင်းအား ဝယ်ယူရေး ကမ်းလှမ်းမှုများကို လာမယ့်လတွင် ဆန်းစစ် ရွေးချယ်လာမှာ ဖြစ်ပြီး နှစ်မကုန်မီ အရောင်းအဝယ်အပြီးသတ်သွားမယ်လို့ ဆိုထားပါတယ်။

ရှက်ဖီးလ်ဝင်းနက်စ်ဒေးပရိသတ်များဟာ ဘဏ္ဍာရေးအကြပ်အတည်းကြားထဲသို့ ရောက်နေတဲ့ ကလပ်ရဲ့ စနေနေ့တုန်းက ပွဲကို ကွင်းလုံးပြည့်လာရောက်အားပေးကာ ကလပ်ရဲ့ အမှတ်တရစတိုးမှလည်း ပစ္စည်းများ ဝယ်ယူကာ ကလပ်ကို ငွေကြေးအားဖြည့်မှု ပြုလုပ်ခဲ့ကြပါတယ်။

ယခင်တုန်းက ရှက်ဖီးလ်ပရိသတ်များဟာ ကလပ်ရဲ့ပွဲများကို လာမကြည့်ဘဲ သပိတ်မှောက်လာခဲ့ကြတာပါ။
စီမံအုပ်ချုပ်ရေးအဖွဲ့ဟာ ပရိသတ်များရဲ့ အားပေးမှုကြောင့် ပေါင် ၅ သိန်းကျော်အထိ ရရှိကာ ကလပ်ကို အခက်အခဲကာလအတွင်း စီမံနိုင်လာကြပါတယ်။

image