မြောက်လန်ဒန်ဒါဘီပွဲစဉ်တွင် အိုဒီဂတ် ပြန်လည်ပါဝင်လာဖို့ရှိနေပြီး စပါးစ်စတားမူအာနီကလည်း မျက်နှာဖုံးဖြင့် ကစားလာနိုင်
==========================

မာတင်အိုဒီဂတ်မှာ မြောက်လန်ဒန်ဒါဘီပွဲတွင် ဒဏ်ရာမှ ချိန်သားကိုက် ပြန်လည်ကောင်းမွန်လာကာ ပြန်ကစားလာနိုင်ဖို့ ရှိနေပြီး စပါးစ်တိုက်စစ်သမားရန်ဒယ်ကိုလိုမူအာနီမှာလည်း မျက်နှာဖုံးစွပ်ကာ ကစားလာဖို့ ရှိနေပါတယ်။
အာဆင်နယ်နှင့် ဝေးလ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ဟာ ဒူးဒဏ်ရာကြောင့် အာဆင်နယ်ရဲ့ နောက်ဆုံး ၇ ပွဲကို လွဲချော်လာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် အသက် ၂၆ နှစ်ရှိ အိုဒီဂတ်ဟာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာမှုနှင့်အတူ တနင်္ဂနွေနေ့ည စပါးစ်နှင့် မြောက်လန်ဒန်ဒါဘီပွဲတွင် ပြန်ကစားလာနိုင်ဖို့ ရှိနေပါတယ်။
အာဆင်နယ်နည်းပြအာတီတာဟာ ဗစ်တာယိုကီရေးစ်၊ ကိုင်ဟာဗတ်ဇ်၊ နိုနီမာဒူကီ၊ ဂါဘရီရယ်မာတင်နယ်လီတို့ ဒဏ်ရာကြောင့် အနားယူနေရချိန်တွင် အိုဒီဂတ် ပြန်လည်ကောင်းမွန်လာမှုကြောင့် တိုက်စစ်အတွက် စိတ်သက်သာရာ ရစရာ ဖြစ်လာပါတယ်။
တဖက်တွင် စပါးစ်တိုက်စစ်သမားမူအာနီမှာလည်း မျက်နှာဖုံးစွပ်ကာ လေ့ကျင့်ခန်းဆင်းနေမှုနှင့်အတူ အာဆင်နယ်နှင့်ပွဲတွင် ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။
အသက် ၂၆ နှစ်ရှိ ပြင်သစ်တိုက်စစ်သမားဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ယူနိုက်တက်နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲမှာ မေးရိုးဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
သူဟာ မေးရိုးဒဏ်ရာကြောင့် နှစ်လအထိ အနားယူရမှာ စိုးရိမ်ခဲ့ရပေမယ့်လည်း ခွဲစိတ်ကုသမှု ပြုလုပ်ရန် မလိုအပ်မှုနှင့်အတူ အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လာရေး မျှော်လင့်ချက် ရှိနေပါတယ်။
စပါးစ်ဂန္ထဝင်တိုက်စစ်မှူးဟယ်ရီကိန်းမှာလည်း ၂၀၁၆ ခုနှစ်တုန်းက နှာခေါင်းရိုးကျိုးဒဏ်ရာရရှိနေစဉ် မျက်နှာဖုံးစွပ်ကာ ကစားပြီး ဂိုးသွင်းခဲ့ဖူးပါတယ်။
စပါးစ်နည်းပြသောမတ်စ်ဖရန့်ဟာ တိုက်စစ်သမားများဖြစ်ကြတဲ့ ဂျိမ်းစ်မက်ဒီဆင်၊ ဒီဂျန်ကူလူဆပ်ဗ်စကီး၊ ဒိုမီနစ်ဆိုလန်ကီတို့ ဒဏ်ရာရရှိနေမှုနှင့်အတူ တိုက်စစ်အတွက် အကြပ်ရိုက်နေပါတယ်။
စပါးစ်ရဲ့ နောက်ဆုံးပွဲ ၂ ပွဲအပြင် ဂါနာနှင့်အတူ နိုင်ငံ့တကာပွဲလည်း မကစားနိုင်တဲ့ တောင်ပံကစားသမားကူဒပ်စ်မှာလည်း အာဆင်နယ်နှင့်ပွဲတွင် ပြန်ကစားနိုင်ရန် မရေမရာ ဖြစ်နေပါတယ်။
အိဒီဂတ်ဟာ ဒဏ်ရာကြောင့် အနားယူနေရပေမယ့်လည်း ပြန်လည် သက်သာလာမှုနှင့်အတူ အော်စလိုသို့ ပြန်ကာ အသင်းနှင့်အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ရာမှာ အောင်ပွဲခံခဲ့ပါတယ်။

image

imageimage

ဟယ်ရီပေါ်တာဂိုးသွင်းအောင်ပွဲမှုအတွက် တရားရင်ဆိုင်ရမယ့် ဖီနာဘာချီစတား
=================

ဖီနာဘာချီစတားကီရမ်အက်တူကိုဂလူဟာ ဟယ်ရီပေါ်တာဂိုးသွင်းအောင်ပွဲခံမှုအတွက် ရုပ်ရှင်ကုမ္ပဏီကြီးတစ်ခုရဲ့ တရားရင်ဆိုင်လာရတော့မှာ ဖြစ်ပါတယ်။
အသက် ၂၇ နှစ်ရှိ ဖီနာဘာချီတိုက်စစ်သမားကို Warner Bros က တရားစွဲဆိုလာတာပါ။ Warner Bros ဟာ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ဂိုးသွင်းပြီးနောက် ဟယ်ရီပေါ်တာကဲ့သို့ မှော်တုတ်တံကို ဝေ့ယမ်းအောင်ပွဲခံကာ မူပိုင်ခွင့် ချိုးဖောက်မှုအတွက် အက်တူကိုဂလူအား တရားစွဲလာပါတယ်။
တူရကီလက်ရွေးစင်အသင်းအတွက် ၄၉ ပွဲကစားထားတဲ့ ဘင်ဖီကာတိုက်စစ်သမားဟောင်းဟာ ယင်းဂိုးသွင်းအောင်ပွဲခံမှုကြောင့် ပရိသတ်များရဲ့ “Kerem Potter” ဆိုပြီး ချစ်စနိုးအမည်ပြောင်ပေးခြင်းပါ ခံထားရပါတယ်။
ဒါ့အပြင် ပရိသတ်အချို့ကလည်း သူ့ကို တူရကီမှော်ဆရာလို့လည်း ခေါ်ဝေါ်ကြပါသေးတယ်။
ဟောလီးဝုဒ်ရုပ်ရှင်ကုမ္ပဏီ Warner Bros ဟာ တူရကီတွင် Harry Potter ၊ “Hogwarts” နှင့် “Gryffindor” တို့အား မူပိုင်ခွင့် ရယူထားပါတယ်။
Warner Bros က အက်တူကိုဂလူမှာ ကုမ္ပဏီရဲ့ ခွင့်ပြုချက် မရယူဘဲ အသုံးပြုမှုနှင့်အတူ တရားစွဲဆိုလာခြင်း ဖြစ်ကြောင်း ဆိုထားပါတယ်။
အမေရိကန်ရုပ်ရှင်ကုမ္ပဏီဟာ အက်တူကိုဂလူရဲ့ အင်စတာဂရမ်နှင့် တွစ်တာပို့စ်တို့မှ Screenshots များ၊ ၎င်းတို့ရဲ့ မူပိုင်ခွင့်တင်ထားမှုများကို တရားရုံးတွင် တင်ပြကာ တရားစွဲဆိုလာတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အက်တူကိုဂလူဟာ ဆိုရှယ်မီဒီယာတွင် တင်တဲ့ ပို့စ်များတွင် ဟယ်ရီပေါ်တာ ဇာတ်ကားမှ “Hedwig’s Theme” သီချင်းကို နောက်ခံအဖြစ် အသုံးပြုကာ တင်ထားပါသေးတယ်။
Warner Bros ဟာ အက်တူကိုဂလူဘက်က ၎င်းတို့ ခွင့်ပြုချက် မရယူဘဲ မူပိုင်ခွင့် ချိုးဖောက်ထားတဲ့ သက်သေအထောက်အထားအားလုံးကို တရားရုံးတင် တင်ပြထားကြောင်းလည်း သိရပါတယ်။
တဖက်တွင် ဖီနာဘာချီစတားရဲ့ အေးဂျင့်က "ကီရမ်အက်တူကိုဂလူက ၁၉၉၈ ခုနှစ်ဖွားပါ။ ဟယ်ရီပေါ်တာ ဇာတ်ကောင်က ၁၉၉၇ ခုနှစ်မှာ ကမ္ဘာအနှံစတင် ကျော်ကြားလာပါတယ်။ အက်တူကိုဂလူအနေနဲ့ ငယ်စဉ်ကတည်းက ချစ်မြတ်နိုးခဲ့တဲ့ ဇာတ်ကောင်ရဲ့ လွှမ်းမိုးမှုနဲ့ ဂိုးသွင်းအောင်ပွဲခံတာ တရားစွဲသင့်တဲ့ အရာလို့ မမြင်ပါဘူး"လို့ ဆိုထားပါတယ်။

image

ဒူးအရွတ်ဒဏ်ရာခွဲစိတ်ကုသမှု ပြုလုပ်ရမှုကြောင့် ရာသီအကုန်အထိ နားရတော့မယ့် ဘရန့်ဖို့ဒ်တိုက်စစ်သမားကာဗယ်ဟို
=====================

ဘရန့်ဖို့ဒ်စတားဖေဘီယိုကာဗယ်ဟိုဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။
လီဗာပူးအလယ်တန်းကစားသမားဟောင်းဟာ ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလာရပါမယ်။
ကာဗယ်ဟိုဟာ ဒူးအရွတ်ဒဏ်ရာစပါယ်ရှယ်လစ်နှင့် တွေ့ဆုံမှုများ ပြုလုပ်ထားပြီး ဖြစ်သလို ပြန်လည်ထူထောင်ရေးအစီအစဉ်များ စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။
အလယ်တန်းတိုက်စစ်သမားဟာ ပြီးခဲ့တဲ့နှစ် နွေရာသီတွင် ဘရန့်ဖို့ဒ်သို့ ပြောင်းလာပြီးနောက် ၃၃ ပွဲကစားထားပါတယ်။
သူဟာ ယခုရာသီတွင် ၉ ပွဲကစားထားရာမှာ ၃ ဂိုးသွင်းထားပါတယ်။
ဒါပေမယ့် သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်အဖွင့်ပွဲတစ်ပွဲတည်းကိုသာ ပွဲချိန်ပြည့်ကစားထားရပါတယ်။
တဖက်တွင် သူဟာ ခါရာဘောင်ဖလားပွဲများတွင် ပွဲချိန်ပြည့်ကစားထားပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်အောင် ကူညီထားပါတယ်။ ဘရန့်ဖို့ဒ်ဟာ ကွာတားဖိုင်နယ်တွင် မန်စီးတီးနှင့် ရင်ဆိုင်ရပါမယ်။
သူဟာ စက်တင်ဘာလတုန်းက ချဲလ်ဆီးနှင့် ၂ ဂိုးစီသရေကျတဲ့ပွဲတွင် နောက်ကျချေပဂိုးလည်း သွင်းခဲ့ပါတယ်။
သူဟာ ဘရန့်ဖို့ဒ်ရဲ့ အိမ်နီးချင်းပြိုင်ဘက် ဖူလ်ဟမ်တွင် ကစားသမားဘဝစတင်ခဲ့သူ ဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် လီဗာပူးသို့ ပြောင်းခွင့်ရခဲ့ပါတယ်။
သူဟာ လီဗာပူးတွင် ပုံမှန်ကစားခွင့် မရရှိမှုကြောင့် ရက်ဘူးလ်လိုက်ဇစ်၊ ဟားလ်စီးတီးသို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။
သူဟာ အငှားဖြင့် ကစားစဉ် ခြေစွမ်းပြနိုင်ပြီးနောက် ဘရန့်ဖို့ဒ်သို့ ပေါင် ၂၇.၅ သန်းဖြင့် ပြောင်းခွင့်ရခဲ့ပါတယ်။

image

ကစားသမားဘဝမှ အနားယူလာတဲ့ ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်ရ မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း
===================

ဖာနန်ဒင်ဟိုဟာ ဘောလုံးသမားအဖြစ် ဆယ်စုနှစ် နှစ်ခုကျော် ဖြတ်သန်းစဉ်အတွင်း ဆုဖလားများစွာ ဆွတ်ခူးပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာပြီ ဖြစ်ပါတယ်။
အသက် ၄၀ နှစ်ရှိ ဘရာဇီးလက်ရွေးစင်ဟောင်းဖာနန်ဒင်ဟိုဟာ ၂၀၂၂ ခုနှစ်တွင် အသင်းဟောင်း Athletico Paranaense တွင် ပြန်ကစားလာခဲ့ပြီးနောက် အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်တွင် ရှက်တာဒိုးနက်စ်မှ ပြောင်းလာပြီးနောက် မန်စီးတီးတွင် ၉ ရာသီကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ သူဟာ ယူကရိန်းကလပ်နှင့်အတူ ယူကရိန်းလိဂ်ဖလား ၆ ကြိမ်၊ ယူအီးအက်ဖ်အေဖလား ၁ ကြိမ် ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ မန်စီးတီးတွင် ပယ်လီဂရီနီ၊ ဂွါဒီယိုလာတို့ရဲ့လက်အောက်တွင် အဓိက ကွင်းလယ်ကစားသမားအဖြစ် ကစားခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား ၅ ကြိမ်၊ လိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ကွန်မြူနတီဒိုင်း ၁ ကြိမ် ဆွ်ခူးခဲ့ပါတယ်။
သူဟာ ၂၀၂၂ ခုနှစ်တွင် မန်စီးတီးမှ ထွက်ခွာကာ Athletico Paranaense သို့ ပြန်ပြောင်းကစားခဲ့ပေမယ့် အသက်အရွယ်ကြောင့် အကန့်အသတ်ဖြင့်သာ ကစားခွင့်ရလာခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်းတွင် ကစားခွင့်လာခဲ့ခြင်း မရှိပါဘူး။
ယခုအခါမှာတော့ ရန်ပုံငွေပွဲတစ်ပွဲအပြီးတွင် ဖာနန်ဒင်ဟိုက "အနားယူလိုက်ပါပြီ။ ဒီကနေ့ မိနစ် ၃၀ ပြေးခဲ့တယ်။ အရမ်းမောနေခဲ့တယ်။ ဘောလုံးကစားဖို့ စိတ်အားထက်သန်စရာ မရှိတော့ဘူး။ ရနိုင်သမျှ အောင်မြင်မှုတွေလည်း ရခဲ့ပြီးပြီ။ အခု မိသားစုပျော်ရမယ့်အချိန်ရောက်လာပြီ"လို့ ပြောကြားသွားပါတယ်။
ဖာနန်ဒင်ဟိုဟာ ကလပ်နှင့် စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှု အဆင်မပြေ ဖြစ်ပြီးနောက် ကစားသမားဘဝမှ အနားယူရန် ဆုံးဖြတ်လာတာလည်း ဖြစ်ပါတယ်။

image

ရန်းစ်အသင်းက ပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို စောင့်ကြည့်ဖို့ မန်ယူအသင်း ကင်းထောက်စေလွှတ်ထား

မန်ယူအသင်းဟာ ပြင်သစ်ကလပ် ရန်းစ်အသင်းက ပြင်သစ်လူငယ်ကစားသမားနှစ်ဦးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်ခိုင်းထားကြောင်း သိရပါတယ်။
မန်ယူအသင်း စိတ်ဝင်စားနေတဲ့ကစားသမားနှစ်ဦးက ပြင်သစ်ယူ-၂၁ နောက်ခံလူ ဂျရေမီဂျက်ကေးနဲ့ ပြင်သစ်ယူ-၂၁ တိုက်စစ်မှူး မိုဟာမက်ခါဒါမီတီတို့ဖြစ်ကြောင်း သိရပါတယ်။
ဂျက်ကေး(၂၀ နှစ်)ဟာ ဒီရာသီမှာ ရန်းစ်အသင်းရဲ့ အဓိကကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေသလို၊ မီတီ(၁၈ နှစ်)ကလည်း တောက်ပလာမယ့် လူငယ်တစ်ဦးအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်တာကြောင့် မန်ယူအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်ယူအသင်းက ဒီကစားသမားတွေကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ကြိုးပမ်းဖွယ်ရှိကြောင်းလည်း သတင်းထွက်နေပါတယ်။
ပြီးခဲ့တဲ့နွေရာသီကမှ ရန်းစ်အသင်းနဲ့ ၂၀၂၉ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးထားတဲ့ နောက်ခံလူ ဂျက်ကေးကိုတော့ မန်ယူအသင်းသာမက တခြားပရီးမီးယားလိဂ်အသင်းတချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

image

မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ အီတလီကစားသမားတွေကို နည်းပြ ဂတ်တူဆို သတိပေး

အီတလီလက်ရွေးစင်အသင်းနည်းပြ ဂတ်တူဆိုက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs အဆင့်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်အသင်းကို လျှော့မတွက်ဖို့ ကစားသမားတွေကို သတိပေးခဲ့ကြောင်း သိရပါတယ်။
အီတလီအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် အုပ်စုအဆင့်မှာ နော်ဝေရဲ့နောက် ဒုတိယသာ ရရှိခဲ့တာကြောင့် တိုက်ရိုက်ခြေစစ်ပွဲမအောင်မြင်ဘဲ Play-offs အဆင့် ထပ်ကစားရမှာဖြစ်ပါတယ်။
Play-offs အဆင့်မှာ အီတလီအသင်းဟာ မြောက်အိုင်ယာလန်အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲစဉ် စတင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး အနိုင်ရရှိရင် ဝေးလ်စ်-ဘော့စနီးယားပွဲက အနိုင်ရရှိတဲ့အသင်းနဲ့ ဗိုလ်လုပွဲမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒီပွဲတွေကို တစ်ကျော့စီသာ ယှဉ်ပြိုင်ကစားရမှာဖြစ်တာကြောင့် အီတလီအသင်းအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ အရောက်လှမ်းနိုင်ဖို့ နှစ်ပွဲသာ လိုတော့တဲ့အခြေအနေဖြစ်ပါတယ်။
ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် မြောက်အိုင်ယာလန်အသင်းအပေါ် ဂတ်တူဆိုက ''သူတို့က ကြံ့ခိုင်မှုအားပြုတဲ့အသင်းပါ။ သူတို့က ဘယ်တော့မှ အရှုံးမပေးတဲ့အသင်းပါ။ ကျွန်တော်တို့ ယုံကြည်မှုအပြည့် ရှိနေပေမဲ့ သူတို့ကို လျှော့တွက်လို့ မရပါဘူး'' လို့ ပြောကြားခဲ့ပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု (၄)ကြိမ်ရရှိထားတဲ့အသင်းဖြစ်ပေမဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ဆက် ခြေစစ်ပွဲအောင်မြင်ခြင်းမရှိခဲ့ဘဲ ၂၀၁၈ တုန်းက Play-offs အဆင့်မှာ ဆွီဒင်ကို ရှုံးနိမ့်ခဲ့သလို၊ ၂၀၂၂ တုန်းကလည်း Play-offs အဆင့်မှာ မြောက်မက်ဆီဒိုးနီးယားကို ရှုံးနိမ့်ခဲ့ရပါတယ်။

image

ဒုတိယအကြိမ် မဲစာရင်း နိုဝင်ဘာ ၂၁ ရက်မှ စတင်ကပ်ထားကြေညာမည်
-----------------------------

ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းတွေ ပြည့်စုံမှန်ကန်စေရေးအတွက် မဲစာရင်းတွေကို နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၄ ရက်ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် နဲ့ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲတွေ နဲ့ ကျေး ရွာတွေမှာ ဒုတိယအကြိမ် ထပ်မံ ကပ်ထားကြေညာပေးမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရပ်ကွက် နဲ့ ကျေးရွာအုပ်စုတွေမှာ ကပ်ထားကြေညာနိုင်တာ မရှိရင် သက်ဆိုင်ရာ မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း ကြည့်ရှုနိုင်ရေး ဆောင်ရွက်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆန္ဒရှင်စာရင်းတွေ ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်တွေက မဲစာရင်းတွေ လာရောက်ကြည့်ရှုမှသာ ပြည့်စုံ မှန်ကန်တဲ့ မဲစာရင်း ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
မဲဆန္ဒရှင်တွေအနေနဲ့ မဲစာရင်းကို လာရောက်ကြည့်ရှုပြီး မိမိအမည် မဲစာရင်းမှာ မပါဝင်ပါက ပုံစံ (၃) နဲ့ အမည်ထည့် သွင်းပေးဖို့ တောင်းဆိုတာ၊ မပါဝင်သင့်သူတွေ ပါဝင်နေရင် ပုံစံ (၄) နဲ့ ကန့်ကွက်တာ၊ မဲစာရင်းပါ အချက်အလက်တွေ မှားယွင်းနေရင် ပုံစံ (၄-ဂ) နဲ့ ပြင်ဆင်လွှာ တင်သွင်းတာတွေ ဆောင်ရွက်စေလိုတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။
အခုလို ပြင်ဆင်တာ၊ ပယ်ဖျက်တာ၊ ဖြည့်စွက်တာတွေ ဆောင်ရွက်ပြီးရင် အထွေထွေရွေးကောက်ပွဲအတွက် တတိယ အကြိမ် မဲစာရင်း ကပ်ထားကြေညာတာကို လာမဲ့ ဒီဇင်ဘာလအတွင်း နောက်ဆုံးအကြိမ်အဖြစ် ထပ်မံကြေညာမှာ ဖြစ် တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒါကြောင့် ပြည့်စုံမှန်ကန်တဲ့ မဲစာရင်း ရရှိဖို့အတွက် ဒုတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာစဉ် မဲဆန္ဒရှင်ပြည်သူ တွေအနေနဲ့ အိမ်ထောင်စုတစ်စုကို အနည်းဆုံး တစ်ယောက် မပျက်မကွက် လာရောက်ကြည့်ရှုပြီး ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံထားပါတယ်။
ပထမအကြိမ် မဲစာရင်းတွေ ကပ်ထားကြေညာပေးမှုကိုတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်ကနေ အောက်တိုဘာ ၂၀ ရက်ထိ (၂၁) ရက်ကြာ ကပ်ထား ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

image

တင်းနစ်ဂုဏ်ထူးဆောင်စာရင်း၌ ဖက်ဒရာကို ထည့်သွင်း
---------------------

ဆွစ်ဇာလန် ဂန္ထဝင်တင်းနစ်သမား ရော်ဂျာ ဖက်ဒရာကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်ရဲ့ ဂုဏ်ထူးဆောင်စာရင်းထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ နိုင်ငံတကာတင်းနစ်အဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် ဖက်ဒရာဟာ ၂၀၂၂ ခုနှစ်မှာ တင်းနစ်အားကစားကနေ အနားယူသွားခဲ့တာဖြစ်ပြီး အောင်မြင်တဲ့ တင်းနစ် ကစားသမားဘဝကို ဖြတ်သန်းခဲ့တာဖြစ်ပါတယ်။
ဖက်ဒရာဟာ ကစားသမားဘဝ အေတီပီ တစ်ဦးချင်းချန်ပီယံဆု ၁၀၃ ခုအထိ ရယူနိုင်ခဲ့ပြီး အိုးပင်းခေတ် တင်းနစ်သမိုင်းမှာ ၁၀၉ ပွဲအနိုင်ရထားတဲ့ ဂျင်မီကော်နာပြီးနောက် နိုင်ပွဲ အများဆုံးကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် ဖက်ဒရာဟာ အမျိုးသာတင်းနစ်အားကစားသမားတွေထဲမှာ ဂရင်းစလမ်ပြိုင်ပွဲ ချန်ပီယံဆု အကြိမ် ၂၀ ပြည့်တဲ့ ပထမဆုံး ကစားသမားလည်းဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်စာရင်းမှာ ချန်ပီယံကစားသမားတွေနဲ့အတူ ပါဝင်ခွင့်ရတာက ဂုဏ်ယူစရာ ကောင်းမှာဖြစ်တယ်လို့ ဖက်ဒရာက ပြောပါတယ်။
လာမယ့် ၂၀၂၆ ဩဂုတ်လ ၂၇ ရက်ကနေ ၂၉ ရက်ကြား ပြုလုပ်မယ့်ဂုဏ်ပြုပွဲမှာ ဖက်ဒရာကို ဂုဏ်ထူးဆောင် စာရင်းထဲ ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပြီး အထိမ်းအမှတ်ဆုလည်း ပေးအပ်သွားဖို့ရှိနေပါတယ်။ ဖက်ဒရာ ဟာ ကစားသမားဘဝ ဝင်ဘယ်ဒန်ချန်ပီယံဆုကို ၈ ကြိမ်ရယူထားပြီး အကြိမ်အများဆုံး ရယူထားနိုင်တဲ့ အမျိုး သားတင်းနစ်သမားအဖြစ် စံချိန်တင်ထားပါတယ်။

image