Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
‘Can’t Smile Without You’ သီချင်းအား ခိုးယူသုံးစွဲမှုအတွက် စပါးစ်ကို တရားစွဲဆိုလာမယ့် အာဆင်နယ်ပရိသတ် တေးရေးဆရာ
===================
စပါးစ်ဟာ ဘာရီမာနီလောရဲ့ သီချင်းတစ်ပုဒ်ကို အိမ်ကွင်းပွဲများတွင် မူပိုင်ခွင့် ချိုးဖောက် အသုံးပြုနေမှုများအတွက် လျော်ကြေးပေးလာရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်ကလပ်ဟာ အိမ်ကွင်းပွဲစဉ်များမတိုင်မီတွင် Can’t Smile Without You သီချင်းအား ပုံမှန်ဖွင့်လေ့ရှိပါတယ်။
ယခုအခါ ယင်းသီချင်းကို ရေးသားတဲ့ အနုပညာရှင် သုံးဦးမှ တစ်ဦးဖြစ်တဲ့ အာဆင်နယ်ပရိသတ်က စပါးစ်ကို မူပိုင်ခွင့်ချိုးဖောက်မှုအတွက် တရားစွဲလာတော့မယ်လို့ ဆိုလာပါတယ်။
ယင်းသီချင်းက စပါးစ်ရဲ့ ပေါင် ၁ ဘီလီယံတန် Tottenham Hotspur Stadium တွင် ပုံမှန်ဖွင့်လေ့ရှိပြီး စပါးစ်ပရိသတ်များ အကြိုက်တွေ့တဲ့ သီချင်းလည်း ဖြစ်ပါတယ်။
စပါးစ်ဟာ ကိုဗစ်ကာလတုန်းက ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုခွင့် မရတုန်းက ထိုင်ခုံများတွင် Can’t Smile Without You ဆိုတဲနဖူးစည်းဖြင့် ဖုံးလွှမ်းထားခဲ့ပါသေးတယ်။
၁၉၇၅ ခုနှစ်တုန်းက ယင်းသီချင်းကို ရေးသားရာတွင် ပါဝင်ခဲ့တဲ့ ဂျော့ဖ်မော်ရိုးဟာ စပါးစ်ဘက်က မူပိုင်ခွင့်ချိုးဖောက် အသုံးပြုမှုအတွက် ငွေပေးရန် တောင်းဆိုမှု ငြင်းပယ်လာမှုနှင့်အတူ တရားစွဲလာတော့မှာ ဖြစ်ပါတယ်။
ဂျော့ဖ်မော်ရိုးက "ဒီသီချင်းကို ရေးတုန်းက ဘောလုံးသီချင်းတစ်ပုဒ် ဖြစ်လာမယ်လို့ လုံးဝ မထင်ထားခဲ့ဘူး။ အချစ်သီချင်းတစ်ပုဒ်အနေနဲ့ပဲ ရေးခဲ့တာ။ စပါးစ်က ကျွန်တော့်တို့ သီချင်းကို သုံးနေတယ်ဆိုတာ လက်မခံတဲ့အတွက် စိတ်ပျက်ရတယ်"လို့ ပြောကြားသွားပါတယ်။
အခြားကလပ်တွေကတော့ သီချင်းများကို အသုံးပြုမှုအတွက် သီချင်းမူရင်းတေးရေးဆရာကို မူပိုင်ခွင့်ပေးကြပါတယ်။ လီဗာပူးဆိုလျှင်လည်း You’ll Never Walk Alone အတွက် မူပိုင်ခွင့်ကြေးပေးပါတယ်။
ဒါပေမယ့် စပါးစ်က ၎င်းတို့မှာ မူပိုင်ခွင့်စည်းမျဉ်းအရ ချိုးဖောက်ခြင်း မရှိဘူးလို့ ယုံကြည်ကာ အခကြေးငွေပေးရန် ငြင်းဆိုနေတာလည်း ဖြစ်ပါတယ်။
မန္တလေးငလျင်ဒ-ဏ်သင့်သူများအတွက် အလှူငွေများလှူဒါန်း
မန္တလေးငလျင်ကြီးဒ-ဏ်သင့်သူများ၏ လိုအပ်သည့်ထောက်ပံ့မှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းမှ ငွေကျပ်သိန်း(၁၅၀)၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၂၀၀)တို့ကို နိုဝင်ဘာ ၁၉ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လာရောက်လှူဒါန်းရာ လူကယ်ပြန်ဝန်ကြီးဌာန၏ ဒု-ဝန်ကြီးဒေါက်တာသန်းစိုးကလက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျောက်မျက်ရတနာပြပွဲ တတိယနေ့ ပုလဲ ၂၁၉ တွဲ ရောင်းချရ
---------------------------
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ မြန်မာ့ကျောက်မျက် ရတနာပြပွဲ တတိယနေ့ ဖြစ်တဲ့ နိုဝင်ဘာ ၁၉ ရက်က ပုလဲအတွဲပေါင်း (၂၁၉)တွဲ ရောင်းချရတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရပါတယ်။
ပြပွဲ တတိယနေ့မှာ ရောင်းချမဲ့ ပုလဲအတွဲတွေကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေက ကြည့်ရှုစစ်ဆေးကာ ဈေးနှုန်းတင်သွင်းလွှာတွေကို သက်ဆိုင်ရာ တင်ဒါပုံးတွေထဲ ထည့်သွင်းခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီတင်သွင်းထား တဲ့ ပုလဲအတွဲ အမှတ်(၂၄၇)ကနေ (၄၈၉)အထိ တင်သွင်းထားတဲ့ ဈေးနှုန်းတင်သွင်းလွှာတွေကို တာဝန်ရှိသူတွေက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း (၂၁၉)တွဲ ရောင်းချရကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။
ပြပွဲစတုတ္ထနေ့မှာလည်း ကျောက်မျက်အတွဲပေါင်း (၁၆၀)ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်တွေကို ဆက်လက်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ပြပွဲကို နိုဝင်ဘာ(၁၇)ရက်ကနေ (၂၆)ရက်အထိ (၁၀)ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး ကျောက်စိမ်းတွဲ (၅၀၈၅)တွဲ၊ ကျောက်မျက်ရိုင်း (၁၃)တွဲနဲ့ ကျောက်မျက် လက်ဝတ်ရတနာ(၁၄၇)တွဲ စုစုပေါင်းအတွဲ(၁၆၀)နဲ့ ပုလဲ(၄၈၉)တွဲကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်တွေကို အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပုလဲအတွဲတွေကို နိုဝင်ဘာ(၁၈)ရက်နဲ့(၁၉)ရက်၊ ကျောက်မျက်အတွဲတွေအားလုံးကို နိုဝင်ဘာ(၂၀)ရက်နဲ့ ကျောက် စိမ်းအတွဲတွေကို နိုဝင်ဘာ(၂၁)ရက်ကနေ(၂၆)ရက်အထိရောင်းချပေးသွားမှာဖြစ်ပြီး ပြပွဲမှာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်က လက်ခံတဲ့ အမေရိကန်ဒေါ်လာ၊ ယူရို၊ ယွမ်၊ ထိုင်းဘတ်ငွေတွေနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။
လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ အပ်စတိန်းနဲ့ ဆက်စပ်ဖိုင်တွေ ထုတ်ပြန်ဖို့ ဥပဒေ ထရန့်အတည်ပြု
ကွယ်လွန်သွားပြီဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်သူ ဂျက်ဖရီ အပ်စတိန်းနဲ့ ဆက်စပ်တဲ့ အချက်အလက် ဖိုင်အားလုံးကို ထုတ်ပြန်ဖို့ အမိန့်ပေးတဲ့ ဥပဒေကြမ်းတရပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အမေရိကန်သမ္မတက ဒေါ်နယ်ထရန့်က ကြေညာလိုက်ပါတယ်။
ဥပဒေကြမ်းအရ တရားရေးဌာနအနေနဲ့ အပ်စတိန်းစုံစမ်းစစ်ဆေးမှုမှ အချက်အလက်အားလုံးကို ရှာဖွေနိုင်ပြီး ဒေါင်းလုဒ်လုပ်နိုင်သော ပုံစံနဲ့ ရက် ၃၀ အတွင်း ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။
ထရမ့်ဟာ ယခင်က ဖိုင်တွေကို ထုတ်ပြန်တာကို ဆန့်ကျင်ခဲ့ပေမယ့်လည်း အပ်စတိန်းရဲ့ ကျူးလွန်ခံရသူတွေနဲ့ ရီပတ်ဘလီကန်ပါတီဝင်တွေရဲ့ ကန့်ကွက်မှုကို ရင်ဆိုင်ခဲ့ရပြီးနောက် ဒီကိစ္စအပေါ် ပြီးခဲ့တဲ့အပတ်က သဘောထား ပြောင်းခဲ့ပါတယ်။
ထရန့်ရဲ့ ထောက်ခံမှုနဲ့အတူ ဒီကိစ္စကို အင်္ဂါနေ့မှာတော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးက မဲအများစုနဲ့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ထရန့်ကတော့ ဒီမိုကရက်တစ်တွေဟာ သူ့အစိုးရရဲ့ အောင်မြင်မှုတွေကို အာရုံလွှဲဖို့ ဒီပြဿနာကို ထောက်ခံအားပေးနေတယ်လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဝေဖန်ခဲ့ပါတယ်။
ဥပဒေအရ ထုတ်ပြန်ဖို့ အကျုံးဝင်တဲ့ အပ်စတိန်းဖိုင်တွေမှာတော လိင်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ ငွေကြေးထောက်ပံ့သူအပေါ် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကနေ စာရွက်စာတမ်းတွေ၊ ကျူးလွန်ခံရသူတွေ၊ သက်သေတွေနဲ့ မေးမြန်းမှုမှတ်တမ်းတွေ၊ အပ်စတိန်းပိုင်ဆိုင်မှုတွေကို ဝင်ရောက်စီးနင်းမှုတွေအတွင်း သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေလည်းပါဝင်ပါတယ်။
ဒါအပြင် အတွင်းရေး အဆက်အသွယ်တွေ၊ လေယာဉ်ခရီးစဉ်မှတ်တမ်းတွေ၊ အပ်စတိန်းနဲ့ ဆက်စပ်နေခဲပတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။ ထုတ်ပြန်မယ့် ဖိုင်တွေဟာ ပြီးခဲ့တဲ့ အပတ်က ကွန်ဂရက်မှ ထုတ်ပြန်ခဲ့တဲ့ စာမျက်နှာ နှစ်သောင်းကျော်ပါ စာရွက်စာတမ်းတွေနဲ့ ကွဲပြားပြီး အချို့မှာ ထရန့်ကို တိုက်ရိုက်ရည်ညွှန်းထားတာတွေ ပါဝင်ပါတယ်။
၂၀၁၈ ခုနှစ်မှာ အပ်စတိန်းက ထရန့်အကြောင်း ပြောကြားထားခဲ့တဲ့ "ကျွန်တော်က သူ့ကို ဖြုတ်ချနိုင်တဲ့သူပါ" နဲ့ "ဒေါ်နယ်က ဘယ်လောက်ညစ်ပတ်လဲဆိုတာ ကျွန်တော်သိပါတယ်" ဆိုတဲ့ မက်ဆေ့ချ်တွေလည်း ပါဝင်ပါတယ်။
ထရမ့်ဟာ အက်ပ်စတိန်းနဲ့ နှစ်ပေါင်းများစွာ မိတ်ဆွေဖြစ်ခဲ့ပေမယ့် အပ်စတိန်းဖမ်းဆီးမခံရခင် နှစ်နှစ်အလို ၂၀၀၀ ခုနှစ်မှာ သူတို့နှစ်ယောက် ဆက်ဆံရေးပြတ်တောက်သွားကြောင်း ထရန့်က ပြောပါတယ်။
အက်ပ်စတိန်းနဲ့ ပတ်သက်တဲ့အမှုမှာ ဘယ်လိုအမှားအယွင်းမှ မပြုလုပ်ခဲ့ဘူးလို့ ထရန့်က အစဉ်တစိုက်ငြင်းဆိုခဲ့ပါတယ်။ အပ်စတိန်းကတော့ အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။
ဘာစီလိုနာပထမရာသီတုန်းက ဂိုးမသွင်းတော့ရန် ကလပ်ရဲ့ တုန်လှုပ်ဖွယ် တောင်းဆိုခြင်းခံခဲ့ရတဲ့ လီဝန်ဒေါ့စကီး
===================
ဘာစီလိုနာဟာ ကလပ်တွင် ကစားတဲ့ ပထမရာသီတုန်းက ရောဘတ်လီဝန်ဒေါ့စကီးကို ဂိုးဆက်မသွင်းတော့ရန် အံ့ဩသင့်ဖွယ်တောင်းဆိုမှု ပြုလုပ်ခဲ့ပါတယ်။
အသက် ၃၇ နှစ်ရှိ ရောဘတ်လီဝန်ဒေါ့စကီးဟာ ၂၀၂၂ ခုနှစ်တွင် ၈ နှစ်ကြာ ကစားလာခဲ့တဲ့ ဘိုင်ယန်မြူးနစ်မှ ပေါင် ၄၂.၅ သန်းဖြင့် ပြောင်းလာခဲ့သူပါ။
သူဟာ ဘာစီလိုနာသို့ ရောက်လာချိန်တုန်းက ကလပ်မှာ ဘဏ္ဍာရေး ပြဿနာတွေကြောင့် လုံးထည်ချာလည်လိုက်နေတဲ့ ကာလ ဖြစ်ပါတယ်။
ပိုလန်အသင်းခေါင်းဆောင်ဟာ ဘာစီလိုနာတွင် ကစားတဲ့ ပထမဆုံးရာသီတွင် လာလီဂါ ၃၄ ပွဲတွင် ၂၃ ဂိုးသွင်းယူပြီး လာလီဂါဖလား ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် မကြာသေးမီက ထွက်လာတဲ့ စာရေးဆရာဆီဘာစတီယန်စတာဇောစကီးရေးတဲ့ ရောဘတ်လီဝန်ဒေါ့စကီးရဲ့ ကိုယ်ရေးအတ္ထုပတ္တိစာအုပ် ‘Lewandowski: the real one’ တွင် အံ့ဩသင့်စရာကောင်းတဲ့ အချက်တစ်ခု ပါဝင်လာပါတယ်။
ဘာစီလိုနာဟာ ၂၀၂၂-၂၃ ရာသီ နောက်ဆုံး ၂ ပွဲတွင် ရောဘတ်လီဝန်ဒေါ့စကီးအား ဂိုးမသွင်းရန် တောင်းဆိုခဲ့ကြောင်း ‘Lewandowski: the real one’ စာအုပ်တွင် ဖော်ပြသွားပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ ဥက္ကဌဂျိုအန်လာပေါ်တာအပါအဝင် ဘုတ်အဖွဲ့ဝင်များရဲ့ အစည်းအဝေးခေါ်ခြင်းခံခဲ့ရပါတယ်။
ယင်းအစည်းအဝေးတွင် ဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာ ရာသီအကုန်အထိ ဂိုးမသွင်းတော့ရန် တောင်းဆိုခြင်းခံခဲ့ရတာပါ။
ဘာစီလိုနာဟာ ရောဘတ်လီဝန်ဒေါ့စကီးသာ ကလပ်အတွက် ၂၅ ဂိုးသွင်းလာမယ်ဆိုရင် ဘိုင်ယန်မြူးနစ်ကို အပိုဆုကြေး ပေါင် ၂.၂ သန်း ထပ်မံပေးလာရမှာ ဖြစ်လို့ ယခုကဲ့သို့ လက်ကျန်ပွဲများတွင် ဂိုးမသွင်းတော့ရန် တောင်းဆိုခဲ့ရတာလည်း ဖြစ်ပါတယ်။
ရောဘတ်လီဝန်ဒေါ့စကီးဟာ လာလီဂါရာသီသိမ်းပွဲ ၂ ပွဲမှာ ဂိုးမသွင်းခဲ့ပါဘူး။ ဒါပေမယ့် သူဟာ ၂၃ ဂိုးဖြင့် လာလီဂါဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့ပါတယ်။
အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ အကူအညီများ မြန်မာ-အိန္ဒိယ ဆွေးနွေး
မြန်မာနိုင်ငံနှင့် ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းအဖြစ် သံအမတ်ကြီး Abhay Thakur နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်တို့သည် အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်ဖြင့် နည်းပညာဆိုင်ရာ အကူအညီများ၊ အင်္ဂလိပ်ဘာသာစကား သင်ကြားရေး၊ Central Board of Secondary Education (CBSE) နှင့် ပူးပေါင်းဆောင်ရွက်ရေးနှင့် ပညာရေးဆိုင်ရာအပြန်အလှန်ဖလှယ်မှု စသည့်ကိစ္စရပ်များကို နိုဝင်ဘာ ၁၇ ရက်က ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သံဃာတော် အပါး ၁၄၀ ကျော်ကို သာသနာ့တက္ကသီလ မဟာဘွဲ့အပ်နှင်းမည်
ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး) တို့က ၁၃၈၄-၁၃၈၅ ပညာသင်နှစ်တွင် သာသနာ့တက္ကသီလမဟာဓမ္မာစရိယဘွဲ့ အမ်အေ ၂၄ ပါးနှင့် သာသနာ့တက္ကသီလ ဓမ္မာစရိယဘွဲ့ဘီအေ ၁၁၉ ပါးကို ဘွဲ့ဆက်ကပ်သွားမည်ဖြစ်ကြောင်း သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာနမှ သိရသည်။
နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊မန္တလေး) ၏ (၃၁) ကြိမ်မြောက် သာသနာ့တက္ကသီလ မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် သံဃာတော် ၁၄၃ ပါးကို ဆက်ကပ်သွားမည်ဖြစ်သည်။
အဆိုပါဘွဲ့နှင်းသဘင်အခမ်းအနားကို ၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ နေ့လယ် ၁ နာရီတွင် သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မဟာဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မဟာဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြတ်စွာဘုရားတစ်ဆူ အပါအဝင် ပင့်သံဃာတော် ၁၀၄ ပါး၊ ဘွဲ့ခံ သံဃာတော် ၁၄၃ ပါးတို့ကို ဆွမ်းဆန်စိမ်းလောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် လုပ်ငန်းကောင်စီအစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပ
ကမ္ဘာ့နိုင်ငံများ၏ ဘဏ်လုပ်ငန်း၊ ငွေရေးကြေးရေးကဏ္ဍ ပြောင်းလဲတိုးတက်မှုနှင့်အတူ အာဆီယံနိုင်ငံများမှ ဆောင်ရွက်ရမည့်အခြေအနေများ ဆွေးနွေး
(၂၄) ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံနှင့် (၅၃)ကြိမ်မြောက် အာဆီယံဘဏ်လုပ်ငန်းကောင်စီ အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ (၁၉) ရက်မှ (၂၁) ရက်အထိ ရန်ကုန်မြို့တွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
ဒစ်ဂျစ်တယ် နည်းပညာများ တိုးတက်လာခြင်းသည် အာဆီယံဒေသတွင်း နိုင်ငံများ၏ ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်လာရေး ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရေးနှင့် နယ်စပ်ဖြတ်ကျော် ပေးချေမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကို အထောက်အကူဖြစ်စေသော်လည်း ဆိုက်ဘာလုံခြုံရေးဆိုင်ရာတိုက်ခိုက်ခံရမှု လိမ်လည်မှုများစသည့် ဆုံးရှုံးနိုင်ခြေအသစ်များကို ဖြစ်ပေါ်လာစေနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ ဒေါ် သန်းသန်းဆွေက အစည်းအဝေး၌ အဖွင့်အမှာစကားတွင် ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံများအနေဖြင့် သမားရိုးကျဘဏ်လုပ်ငန်းနှင့် ဒစ်ဂျစ်တယ်စနစ်တို့ကိုပါ အသုံးပြုနိုင်သည့် ecosystemကို တည်ဆောင်လျက်ရှိကြောင်းလည်း ဒေါ်သန်းသန်းဆွေကပြောသည်။
အာဆီယံနိုင်ငံများအနေဖြင့် ဒစ်ဂျစ်တယ် နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကြုံတွေ့ရသည့် ဆုံးရှုံးနိုင်ခြေများကို ကာကွယ်ရန်အတွက်လည်း ပိုမိုအားကောင်းရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထိုနောက် အာဆီယံဘဏ်လုပ်ငန်းဆိုင်ရာညီလာခံတွင် တက်ရောက်လာသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အာဆီယံဒေသတွင်း မေခရိုစီးပွားရေးအလားအလားများ စသည်တို့နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို အာဆီယံဘဏ်များအသင်းဥက္ကဌ၊ အာဆီယံနိုင်ငံအသီးသီး၏ ဘဏ်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့များ၊နိုင်ငံပိုင်ဘဏ်များ၊ပြည်တွင်းပုဂ္ဂလိဘဏ်များ ၊နိုင်ငံခြားဘဏ်ခွဲများ နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ်များနှင့် ဝာာဝန်ခံများ တက်ရောက်ခဲ့ကြောင်း သိရသည်။