တရုတ်ရောက်ဂျပန်များ လုံခြုံရေးသတိရှိရန် ဂျပန်အစိုးရ တိုက်တွန်း

ဂျပန်ဝန်ကြီးချုပ် ဆနားအဲတာကာအိချီ၏ ထိုင်ဝမ်နှင့် ပတ်သက်သော ပြောစကားများကြောင့် တရုပ် နှင့် ဂျပန် နှစ်နှစ်နိုင်ငံအကြား အငြင်းပွားမှုများ နက်ရှိုင်းလာချိန်တွင် တရုတ်နိုင်ငံ၌ ရောက်ရှိနေသော နိုင်ငံသားများအနေဖြင့် လုံခြုံရေး ကြိုတင်သတိပြု မှုကိုတိုးမြှင့်ဆောင်ရွက်ထားရန်နှင့် လူစည်ကားသောနေရာများကို မသွားရောက်ရန် ဂျပန်က သတိပေးခဲ့သည်။
နှစ်နိုင်ငံတင်းမာမှုကို လျှော့ချရန်အတွက် ဂျပန်အစိုးရ အကြီးတန်းသံတမန်တစ်ဦးက ပေကျင်းကို သွားရောက်၍ ဆွေးနွေးနေခဲ့ချိန် နိုဝင်ဘာလ ၁၈ ရက် နေ့တွင် အဆိုပါ သတိပေးချက်ထွက်လာခြင်းဖြစ်သည်။ ဂျပန်သံတမန်၏ ဆွေးနွေးပွဲခရီးစဉ်သည် ပြေလည်မှု တစ်စုံတရာမရခဲ့ပေ။
မစ္စ တာကာအိချီအနေဖြင့် သူ၏ မှတ်ချက်များကို ပြန်ရုပ်သိမ်းစေရန် ဆွေးနွေးပွဲတွင် ဖိအားပေးခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ သို့ရာတွင် တိုကျိုသည် ၎င်း၏ ရေရှည်ရပ်တည်ချက်အမြင်အရ ထိုသို့လုပ်ဆောင်ရန် စိတ်မပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
“ဝန်ကြီးချုပ် တာကာအိချီရဲ့ ဖြေကြားချက်တွေနဲ့ပတ်သက်လို့၊ ဒါက အစိုးရရဲ့ လက်ရှိရပ်တည်ချက်ကို မပြောင်းလဲစေပါဘူး” ဟု ဝန်ကြီးချုပ်၏ မှတ်ချက်များကို ပြန်ရုပ်သိမ်းရန် ရှိပါသလားဟူသော သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းခဲ့မှုကို မစ္စတာ မီနုရူ ကီဟာရာက တုန့်ပြန်ခဲ့သည်။
ထိုင်ဝမ်နှင့် ပတ်သက်သော ပြဿနာများကို ဆွေးနွေးပွဲများမှတဆင့် ငြိမ်းချမ်းစွာဖြေရှင်းနိုင်လိမ့်မည်ဟု ဂျပန်အစိုးရက မျှော်လင့်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

image

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူ နိုင်ငံခြားသား ၃၉ ဦးကို ထိုင်း အထူးတပ်ဖွဲ့ ဖမ်းဆီးရမိ

ထိုင်း အထူးတပ်ဖွဲ့ ရာဇမနူ သည် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ တာ့ဆိုင်းလွတ်ခရိုင်ခွဲ၊ ဘန်မဲတောရွာရှိ လယ်ကွင်း ၇၀ နေရာ၌ ကင်းလှည့်နေစဉ် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာသူ နိုင်ငံခြားသား ၃၉ ဦးကို ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့တွင် အမျိုးသား ၃၄ ဦးနှင့် အမျိုးသမီး ၅ ဦး ပါဝင်ပြီး နိုင်ငံပေါင်း ၁၂ နိုင်ငံမှဖြစ်ကာ ၎င်းတို့မှာ ပါကစ္စတန်မှ (၁၂ ဦး)၊ အိန္ဒိယမှ (၂ ဦး)၊ နီပေါမှ (၂ ဦး)၊ ယူဂန်ဒါမှ (၃ ဦး)၊ တောင်ဆူဒန်မှ (၁ ဦး)၊ ကင်ညာမှ (၁၂ ဦး)၊ အီဂျစ်မှ (၁ ဦး)၊ ဗီယက်နမ်မှ (၃ ဦး)၊ ကာဇက်စတန်မှ (၁ ဦး)၊ ဘူရွန်ဒီမှ (၁ ဦး) နှင့် ရဝမ်ဒါမှ (၁ ဦး) တို့ဖြစ်ကြသည်။
နိုင်ငံခြားသားများက ၎င်းတို့သည် ထိုင်းနိုင်ငံဘက်သို့ ခိုးဝင်လာကြောင်း ဝန်ခံခဲ့သည်။ ကေကေပါ့ခ် (KK Park) တွင် နှိမ်နင်းမှုများ ပြုလုပ်ပြီးနောက် နိုင်ငံခြားသားအုပ်စုကို မြဝတီမြို့ဘက်သို့ ရွှေ့ပြောင်းထားသော်လည်း မည်သည့်အချိန်တွင် နေရပ် သို့မဟုတ် မိခင်နိုင်ငံသို့ ပြန်ရမည်ကို မသိသောကြောင့် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့သည် မိခင်နိုင်ငံသို့ ပြန်ရန် နည်းလမ်းရှာရန်အတွက် တောလမ်းကို အသုံးပြု၍ ထိုင်းနိုင်ငံဘက်သို့ ဖြတ်ကျော်လာခဲ့ခြင်းဖြစ်သည်။ ဥပမာ- ပါကစ္စတန်နိုင်ငံသားများမှာ သံရုံးနှင့် ဆက်သွယ်ထားပြီးဖြစ်သည်။ အချို့မှာမူ ပြီးခဲ့သည့် သြဂုတ်လကမှ ကေကေပါ့ခ်၌ စကမ်မာ (Scammer) အဖြစ် လုပ်ကိုင်ရန် ရောက်ရှိလာသူများဖြစ်ကြသည်။
ဤနိုင်ငံခြားသားအုပ်စုမှ အများစုသည် အင်္ဂလိပ်စကားပြောနိုင်သောကြောင့် Call Center သို့မဟုတ် Customer Service အဖြစ် အလုပ်လုပ်ကိုင်ရန် ထိုင်းနိုင်ငံသို့ လာရောက်ရန် အကြံပြုသည့် ကြော်ငြာများ သို့မဟုတ် ကမ်းလှမ်းမှုများကို မြင်တွေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။ သို့သော် ဘန်ကောက်သို့ ရောက်ရှိလာသောအခါ မဲဆောက်မြို့သို့ ခေါ်ဆောင်ခြင်းခံရပြီး တောလမ်းမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ဖြတ်ကျော်ပို့ဆောင်ခံရခြင်းဖြစ်‌ကြောင်းပြောပြသည်။ ထို့နောက် သူတို့၏ နိုင်ငံကူးလက်မှတ်များကို သိမ်းယူခံရပြီး အတင်းအကျပ် အလုပ်လုပ်ခိုင်းခဲ့သည်။ အစောပိုင်းကာလများတွင် မည်သူနှင့်မျှ အဆက်အသွယ်မရရှိခဲ့ဘဲ မိမိတို့ မည်သည့်နေရာတွင် ရှိနေသည်ကိုလည်း မသိရှိခဲ့ကြောင်း ဖွင့်ဟခဲ့သည်။
လက်ရှိတွင် ထိုင်း အရာရှိများက နိုင်ငံကူးလက်မှတ်များကို စစ်ဆေးပြီး တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား အဖြစ် စွဲချက်တင်ခဲ့ကာ အချို့မှာ ဗီဇာသက်တမ်းလွန်နေမှု(Overstay) ဖြင့် စွဲချက်တင်ခံရသည်။ အရာရှိများက ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန်အတွက် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

image

ဂျပန်တွင်မီးလေ-ာင်၊ အိမ်အဆောက်အအုံ ၁၇၀ ကျော် မီးလေ-ာင်ဆုံးရှုံး

ဂျပန်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းမြို့တစ်မြို့တွင် မီးလေ-ာင်ရာနေအိမ်အဆောက်အအုံ ၁၇၀ ကျော် ပျ-က်စီးဆုံးရှုံးခဲ့ပြီး တစ်ညလုံးလောင်ကျွမ်းခဲ့သောမီးကို အပြည့်အ၀ မငြိမ်းသ-တ်နိုင်သေးကြောင်း နိုင်ငံတော်မီးသ-တ်ဌာနက ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာလ ၁၉ရက်နေ့) တွင် ပြောကြားခဲ့သည်။
တိုကျိုမြို့ အ‌နောက်တောင်ဘက် ကီလိုမီတာ ၇၇၀ အကွာခန့်ရှိ အိုအီတာမြို့ ဆာဂါနို‌ဆေကီခရိုင်တွင် ဒေသစံတော်ချိန် အင်္ဂါနေ့ည ၅း၄၀ နာရီတွင် မီးလေ-ာင်မှုစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံ ၁၇၅ ဦးဝန်းကျင်ခန့်သည် အရေးပေါ်ခိုလှုံရေးစခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း မီးနှင့် သဘာဝဘေး စီမံခန့်ခွဲရေးဌာနက ပြောကြားခဲ့သည်။
မီးလေ-ာင်မှုဖြစ်ရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး လူတစ်ဦး ပျေ-ာက်ဆုံးလျက်ရှိနေသည်ဟုလည်း ဌာနက ပြောဆိုခဲ့သည်။
ဒေသတွင်း ရုပ်သံဌာနများက ဝေဟင်မှ ရို-က်ကူးထားသော ဗီဒီယိုဖိုင်တွင် မြို့ရှိ နေအိမ်အဆောက်အအုံများ အပျ-က်အစီးပုံအဖြစ် ပြောင်းလဲသွားကာ မီးခိုးများ ထူထပ်စွာထွက်လျက်ရှိသည်ကို တွေ့ရသည်။
မီးတောက်များသည် အနီးအနားရှိ တောထူထပ်သော တောင်စောင်းနေရာများအထိ ကူးစက်ပျံ့နှံ့ခဲ့ကြောင်းလည်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။
အိုအီတာစီရင်စုအုပ်ချုပ်ရေးမှူး၏ တောင်းဆိုချက်အရ စစ်ဘက်မီးသ-တ်ရဟတ်ယာဉ်တစ်စင်းကို စေလွှတ်၍ မီးငြိမ်းသ-တ်စေခဲ့ကြောင်း ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီက X ပေါ်တင်ခဲ့သောပို့စ်တွင် ပြောကြားခဲ့သည်။

image

ဗီယက်နမ်တွင်ရေကြီး‌ မြေပြိုပြန်၍ လူရှစ်ဦး ‌ေ-သဆုံး

ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းမှစ၍ ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံကာမြေပြို ပြန်သဖြင့် လူရှစ်ဦးထက်မနည်း ‌ေ-သဆုံးခဲ့ကြောင်း အစိုးရက နိုဝင်ဘာလ ၁၉ ရက် နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါရာသီဥတုအခြေအနေကြောင့် လက်ရှိကော်ဖီခူးဆွတ်ချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်ကြောင်း ကုန်သည်များက သတိပေးခဲ့သည်။
နိုဝင်ဘာလ ၁၅ ရက် နေ့ ညပိုင်းမှစ၍ ဗီယက်နမ်အလယ်ပိုင်း ဒေသအချို့တွင် မိုးရေချိန် ၁,၁၀၀ မီလီမီတာအထိ ရွာသွန်းခဲ့သည်။ ထိုဒေသသည် အဓိကကော်ဖီထုတ်လုပ်ရာရပ်ဝန်းနှင့် နိုင်ငံ၏ အကျော်ကြားဆုံး ကမ်းခြေများရှိသော်လည်း မုန်တိုင်းနှင့် ရေကြီးရေလျှံမှုများ ကြုံရနိုင်ခြေအလွန်မြင့်မားသည်။
‌ေ-သဆုံးခဲ့သူများတွင် နိုဝင်ဘာလ ၁၆ ရက် နေ့ညနေပိုင်းက ဒါလတ်မှ နာထရန်သို့ သွားရာလမ်းတွင် မြေပြို၍ ဘတ်စ်ကားခရီးသည် ၆ ဦး ‌ေ-သဆုံးခဲ့မှုလည်း ပါဝင်သည်ဟု အစိုးရက ပြောဆိုသည်။ ဒါနန်းတွင် မြေပြိုစဉ် နစ်မြုပ်သွားခဲ့သူ သုံးဦး အပါအဝင် လူ ခုနစ်ဦး ပျေ-ာက်ဆုံးလျက်ရှိနေသည်။
ဒါ့ခ်လက်ခ်ဒေသရှိ မြေနိမ့်ကော်ဖီခြံအချို့တွင် ရေကြီးနေကြောင်း ပြည်နယ်အခြေစိုက် ကော်ဖီကုန်သည်တစ်ဦးက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာဆက်လက်ရွာသွန်းနေမှုကြောင့် ကော်ဖီခူးဆွတ်မှု နှောင့်နှေးနေကြောင်း ဒါ့ခ်လက်ခ်အခြေစိုက် အခြားကုန်သည်တစ်ဦးကလည်း ပြောကြားခဲ့သည်။
ပြည်နယ်ရှိ စိုက်ပျိုးရေးသမားများသည် ကော်ဖီစေ့ ၁၀ မှ ၁၅ ရာခိုင်နှုန်းလောက်သာ ခူးဆွတ်ထားရသေးပြီး ၎င်းတို့ကို အခြောက်ခံရန် နေရောင်ခြည်လိုအပ်ကြောင်း ယင်းကုန်သည်က ဆက်လက် ပြောကြားခဲ့သည်။
နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာလ ၁၉ ရက် နေ့တွင် ထုတ်ပြန်ခဲ့သော ဓာတ်ပုံများ၌ ဗီယက်နမ်အလယ်ပိုင်းရှိ ကျေးရွာ တချို့ သည် အိမ်အမိုးများထိအောင် ရေမြုပ်လျက်ရှိသည်ကို တွေ့ရပြီး ပိတ်မိနေသော ဒေသခံများက အကူအညီတောင်းခံနေခဲ့ကြသည်။

image

တရုတ်က ဂျပန်ပင်လယ်စာများ တင်သွင်းမှုကို ပိတ်ပင်

တရုတ်နှင့် ဂျပန် နှစ်နှစ်နိုင်ငံအကြား သံတမန်ရေးအငြင်းပွားမှု မြင့်တက်လာချိန်တွင် တရုတ်နိုင်ငံက ဂျပန်ပင်လယ်စာတင်သွင်းမှုအားလုံးကို ပိတ်ပင်မည်ဟု တိုကျိုကို အကြောင်းကြားခဲ့ကြောင်း ကျိုဒိုသတင်းဌာနနှင့် အင်န်အိပ်ချ်ကေ သတင်းဌာနများက ဗုဒ္ဓဟူးနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဖူကူရှီးမား ဓာတ်အားပေးစက်ရုံပျက်မှ ရေဆိုးများကို ပင်လယ်အတွင်းသို့ ထုတ်လွှတ်ရန် ၂၀၂၃ ခုနှစ်တွင် တိုကျိုက ဆုံးဖြတ်ခဲ့သဖြင့်ဂျပန်မှ ပင်လယ်စာတင်သွင်းမှုများ ပိတ်ပင်ထားခြင်းကို ယခုနှစ်အစောပိုင်းတွင် ပေကျင်းက တစ်စိတ်တစ်ပိုင်းအားဖြင့် ဖြေလျှော့ပေးထားခဲ့သည်။
အစိုးရ ကိန်းဂဏန်းများအရ ထိုသို့ မပိတ်ပင်ခင်က တရုတ်နိုင်ငံသည် ဂျပန်ပင်လယ်စာတင်ပို့မှုအားလုံး၏ ငါးပုံတစ်ပုံကို တင်သွင်းနေခဲ့သည့် နိုင်ငံဖြစ်သည်။
ရေဆိုးထုတ်လွှတ်မှုကို နောက်ထပ်စောင့်ကြည့်ရန်လိုအပ်ချက်အရ အလုံးစုံပိတ်ပင်မှုကို ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု တရုတ်က ဂျပန်ကို ပြောကြားခဲ့ကြောင်း ယင်းကိစ္စကို သိရှိသော သတင်းရင်းမြစ်များကို ကိုးကား၍ ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
သို့ရာတွင် ယခုလအစောပိုင်းက ဂျပန်ဝန်ကြီးချုပ် ဆနားအဲတာကာအိချီ၏ ထိုင်ဝမ်နှင့် ပတ်သက်သော မှတ်ချက်စကားများကြောင့် အိမ်နီးချင်းနှစ်နိုင်ငံအကြား အငြင်းပွားမှု နက်ရှိုင်းလာချိန်တွင် ယခု ပိတ်ပင်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

image

တောင်ကိုရီးယားကူးတို့သင်္ဘောသောင်တင်၊အားလုံးကို ကယ်ဆယ်နိုင်ခဲ့

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းကမ်းရိုးတန်းကမ်းလွန်ရှိ လူသူမနေသော ကျွန်းတစ်ကျွန်းပေါ်တွင် ကူးတို့သင်္ဘောတစ်စီး သောင်တင်သွားရာ ခရီးသည်နှင့် သင်္ဘောအမှုထမ်း ၂၆၇ ဦးစလုံးကို ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ကမ်းရိုးတန်းစောင့်တပ်က ကြာသပတေးနေ့တွင် ပြောကြားခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
ဂျေဂျူးကျွန်းမှ ဆိပ်ကမ်းမြို့ မော့ခ်ပိုကို ခုတ်မောင်းလာသော ခရီးသည်တင်သင်္ဘောသည် ဗုဒ္ဓဟူးနေ့ည ၈ နာရီခန့်တွင် သောင်တင်သွားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။
ခရီးသည် ၂၄၆ ဦးနှင့် သင်္ဘောသား ၂၁ ဦးကို ဒ-ဏ်ရာအနာတရမရှိဘဲ ကယ်ဆယ်ရေးသင်္ဘောဖြင့် အနီးနားရှိ ဆိပ်ကမ်းသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့သည်ဟု ယွန်ဟပ်က ဖော်ပြခဲ့သည်။
အဆိုပါဖြစ်စဉ်သည် လူကြောင့် ဖြစ်သောမှားယွင်းမှု ဖြစ်နိုင်သည်ဟု အာဏာပိုင်များက သံသယရှိထားကြသည်။
ကနဦး အကဲဖြတ်ချက်အရ သင်္ဘောသားများ၏ အမှားများ ကြောင့် ယခုကဲ့သို့ ဖြစ်ခဲ့ရသည်ဟု ယူဆထားကြောင်း ကမ်းရိုးတန်းစောင့်တပ် ကော်မရှင်နာ ကင်ယောင်ဂျင်က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဖြစ်စဉ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။
ကယ်ဆယ်ရေးကို အလျင်အမြန်ဆောင်ရွက်ရန် သမ္မတ လီဂျေးမြောင်က အမိန့်ပေးခဲ့ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အချိန်နှင့်တပြေးညီ ပြည်သူများကို ထုတ်ပြန်ပေးရန် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း ၎င်း၏ရုံးက ပြောကြားခဲ့သည်။

image

ဗီယက်နမ်အလယ်ပိုင်းရေကြီးမှုကြောင့် ‌ေ-သဆုံးသူ ၁၆ ဦးအထိများလာ

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံ၍ ‌ေ-သဆုံးသူ ၁၆ ဦးအထိ ရှိလာပြီး လူ ၅ ဦး လည်း ပျေ-ာက်ဆုံးနေကြောင်း ဗီယက်နမ် သဘာဝဘေးအန္တရာယ်နှင့် ရေကြီးရေလျှံမှု စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အိမ်ခြေ ၄၃,၂၀၀ ကျော် သည် ရေနစ်မြုပ်ခဲ့ပြီး ၉၁ လုံးမှာမူ ပျ-က်စီးခဲ့ကြောင်းသိရသည်။
ရေကြီးမှုကြောင့် စပါးနှင့် အခြားသီးနှံစိုက်ခင်း ဟက်တာ ၁၀,၀၀၀ ကျော်သည် ရေနစ်မြုပ်ခဲ့ပြီး တိရစ္ဆာန်အကောင်ရေ ၆,၅၀၀ ကျော် ‌ေ-သဆုံးခဲ့ကြောင်းသိရသည်။
လက်ရှိအချိန်တွင် အိမ်ထောင်စု ၅၅၃,၂၀၀ ကျော်သည် ဓာတ်အားပြ-တ်တောက်မှုနှင့်ကြုံတွေ့ နေရကြောင်း သိရသည်။

image

ဖိလစ်ပိုင်မြို့တော်ဝန်ဟောင်းတစ်ဦးကို ထောင်ဒ-ဏ်တစ်သက် ချမှတ်

မြို့တော်ဝန်ဟောင်းတစ်ဦးကို လူကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း ဖိလစ်ပိုင်တရားရုံးတစ်ခုက ဆုံးဖြတ်ခဲ့ပြီး နိုင်ငံခြားသားများကို နစ်နာစေခဲ့သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းထူထောင်ခဲ့ရာတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒ-ဏ်တစ်သက်ချမှတ်လိုက်ကြောင်း သိရသည်။
မြို့တော်ဝန်ဟောင်း အဲလစ်ဂေါ်ကို ဒေသန္တာရတရားရုံးတစ်ခုက ယင်းကဲ့သို့ စီရင်ချက်ချခဲ့ခြင်းဖြစ်သည်ဟု သမ္မတ၏ ရာဇဝတ်မှုတိုက်ဖျက်ရေးကော်မရှင်က ပြောကြားခဲ့သည်။ စီရင်ချက်နှင့် ပတ်သက်၍ ဂေါ်နှင့် သူ၏ ရှေ့နေများဘက်က လတ်တလောတွင် တုန့်ပြန်လာခြင်းမရှိသေးပေ။
ဂေါ်သည် ၂၀၂၂ ခုနှစ်က မြို့တော်မနီလာမြောက်ဘက်ရှိ ဘမ်ဘန်မြို့တော်ဝန်ရာထူးအတွက် မယှဉ်ပြိုင်ခင်က မြို့တွင် Baotu Land Development Inc က ပိုင်ဆိုင်သော ရှစ်ဟက်တာကျယ်ဝန်းသည့် လုပ်ငန်းအဆောက်အအုံကိုထူထောင်ရာတွင် ကူညီပေးခဲ့သည်။
ဂေါ်၏ တရုတ်နိုင်ငံဖွား လုပ်ဖော်ကိုင်ဖက်များဖြစ်သည့် Zhang Ruijin Lin Baoying တို့သည် စင်ကာပူတွင် အကြီးမားဆုံး ငွေကြေးခဝါချမှုဖြင့် ပြစ်ဒ-ဏ်ချမှတ်ခံခဲ့ရသည်။ ၎င်းတို့သည်လည်း နိုင်ငံခြားသား ရာပေါင်းများစွာကို အလုပ်ခန့်ထားကာ ပြည်ပရှိ လောင်းကစားသမားများကို ပစ်မှတ်ထားသည့် ဖိလစ်ပိုင်ကမ်းလွန်လောင်းကစားလုပ်ငန်းတစ်ခုကို လက်ခံဆောင်ရွက်နေသည့် Baofu ၏ အမှုဆောင်အရာရှိများထဲတွင် ပါဝင်သည်။
ဘမ်ဘန်မြို့ရှိ အဆိုပါငွေလိမ်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် အတုအယောင်အချစ်ဇာတ်လမ်းများဖြင့် လိမ်လည်မှုများပြုလုပ်ရန် အတင်းအကျပ်ခိုင်းစေခံရပြီး သတ်မှတ်ပမာဏမပြည့်မီပါက ရို-က်နှက်ခံရခြင်း သို့မဟုတ် လျှပ်စစ်ကျင်စက်ဖြင့်တို့ခံရခြင်းတို့ခံကြရကြောင်း ဝန်ထမ်းများက ပြောကြားခဲ့သည်။
အရှေ့တောင်အာရှခေါင်းဆောင်များသည် နိုင်ငံတကာရာဇဝတ်ဂိုဏ်းများက ကျူးလွန်သော ဆိုက်ဘာရာဇဝတ်မှုများနှင့် အွန်လိုင်းလိမ်လည်မှုများ တိုးပွါးလာခြင်းကို အလေးဂရုပြုလာကြချိန်တွင် တရားရုံး၏ စီရင်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရာဇဝတ်သားများကို လိုက်လံဖမ်းဆီးရာတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဒေသကို ၎င်းတို့အတွက် ခိုလှုံအခြေချရာနှင့် ရာဇဝတ်ဗဟိုချက်အဖြစ် အသုံးချလာခြင်းမှ တားဆီးရန် ပြီးခဲ့သည့်လတွင် အာဆီယံခေါင်းဆောင်များက ကတိပြုခဲ့ကြသည်။

image

ပတ္တယားတွင် အိန္ဒိယလောင်းကစားစင်တာကို လူဝင်မှုရဲကဖမ်းဆီး

ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့သည် ဗုဒ္ဓဟူးနေ့ညနေပိုင်းတွင် ပတ္တရားကွန်ဒိုကို ဝင်ရောက်စီးနင်းခဲ့ပြီး အိန္ဒိယအခြေစိုက် အွန်လိုင်းလောင်းကစားကွန်ရက်တစ်ခုအတွက် အုပ်ချုပ်ရေးမှူးများအဖြစ် တရားမ၀င်အလုပ်လုပ်နေသော အိန္ဒိယအမျိုးသားငါးဦးကို ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဘန်လားမွန် ခရိုင်ဆွိုင်ထေ့ပ်ပရာစစ် ၁၇ လမ်း ရှိ ကွန်ဒိုတစ်ခုအတွင်း တရားမဝင်လုပ်ငန်းနေရာတစ်ခုကို အိန္ဒိယအမျိုးသားတစ်စုမှ တည်ဆောက်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက သတင်းရရှိပြီးနောက် ချောင်ဘူရီလူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ ရဲမှူးကြီး နပဿပိုင်း ကိုစစ်သူရီယမနီက နိုဝင်ဘာလ ၁၉ ရက်နေ့တွင် စစ်ဆင်ရေးကို ဦးဆောင်ခဲ့သည်။
လက်တော့ပ်ကွန်ပြူတာရှေ့မှာထိုင်နေသော အမျိုးသားများကို ဒုတိယထပ်ရှိစားပွဲတစ်လုံး၌ လက်ကိုင်ဖုန်း အလုံး ၂၀ ကျော် ဖြန့်ချထားသည်ကို ရဲများက တွေ့ရှိခဲ့သည်။ လက်ပ်တော့ ၃ လုံး၊ ဖုန်း ၂၂ လုံး၊ တက်ဘလက်တစ်လုံး၊ အကြွေးဝယ်ကတ်များနှင့် မှတ်စုစာအုပ်များ စုစုပေါင်း ရူပီးသန်းပေါင်း ၆၁,၅၉၅ ခန့်—အွန်လိုင်းလောင်းကစားပလပ်ဖောင်းများအတွက် အသုံးပြုသည့် စားပေါ်ငွေများနှင့်အတူ ရူပီးသန်းပေါင်းများစွာကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း နပဿပိုင်းက ပြောကြားခဲ့သည်။
သံသယရှိသူငါးဦးဖြစ်သော ရှီဗမ် ၂၉ နှစ်၊ ဆန်ဒီ ၂၄နှစ်၊ ဆာကာ ၂၇နှစ်၊ ကာပီး ၂၄ နှစ် နှင့် ဂေါရဗ် ၃၉နှစ်တို့ အားလုံးသည် အမှားလုပ်ထားခြင်းမရှိကြောင်း ငြင်းဆိုခဲ့ပြီး ၎င်းတို့၏ အလုပ်၏သဘောသဘာဝကို မဖော်ပြဘဲ ဖောက်သည်ဝန်ဆောင်မှု “စီမံခန့်ခွဲသူများ” ဖြစ်သည်ဟုသာ ပြောဆိုကာ မေးခွန်းများအတွင်း ရှောင်လွှဲသောအဖြေများ ကိုပေးခဲ့သည်။
အဆိုပါအဖွဲ့သည် အိန္ဒိယလောင်းကစားဝဘ်ဆိုဒ်များအတွက် ကျောထောက်နောက်ခံအဖွဲ့အဖြစ် ထိုင်းနိုင်ငံက လည်ပတ်နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
၎င်းတို့ကို ထိုင်းနိုင်ငံ၏ ၂၀၁၇ ခုနှစ် နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေဖြင့် ခွင့်ပြုမိန့်မရှိဘဲ အလုပ်လုပ်ကိုင်မှုဖြင့် တရားစွဲဆိုခံထားရပြီး ပတ္တယားမြို့မရဲစခန်းသို့ လွှဲပြောင်းပေးကာ ဥပဒေအရ အရေးယူရန်ဆောင်ရွက်လျက်ရှိသည်။

image

အီဂျစ်နှင့်ရုရှား နျူကလီယားလောင်စာသဘောတူညီချက်လက်မှတ်ထိုး

အီဂျစ်နိုင်ငံ အယ်လ်ဒါဘာရှိ ပထမဆုံးနျူကလီးယားဓာတ်အားပေးစက်ရုံအတွက် ရုရှားအစိုးရပိုင် ရို့စာတမ် နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ရပ်ကို အီဂျစ်က ဗုဒ္ဓဟူးနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဝယ်ယူမှု အမှာစာမှာ စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုအတွက် နျူကလီးယား လောင်စာများကို ထောက်ပံ့ဖြည့်တင်းပေးရန်ဖြစ်ပြီး အဆိုပါပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွင် ကင်ဆာကုသရန်အတွက် အိုင်ဆိုတုပ်များ ထုတ်လုပ်မှုတွင် ပူးတွဲလုပ်ဆောင်ခြင်းလည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
အီဂျစ်သမ္မတ အက်ဘ်ဒယ်လ်-ဖက်တာ အယ်-စစ်စီ နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုယူနစ်အတွက် ဓာတ်ပေါင်းဖိုဖိအားပေးကိရိယာကို တပ်ဆင်ခြင်း အခမ်းအနားနှင့် တိုက်ဆိုင်လျက်ရှိပါသည်။
အယ်လ်-စစ်စီ က အဆိုပါခြေလှမ်းကို အီဂျစ်နိုင်ငံ၏ နျူကလီးယားစွမ်းအင်စီမံကိန်း၏ ပထမစာမျက်နှာအဖြစ် ဖော်ပြခဲ့ပြီး အပြန်အလှန်လေးစားမှုဖြင့် တည်ဆောက်ထားသည့် အီဂျစ်နှင့် ရုရှားကြား မဟာဗျူဟာနှင့် တည်ငြိမ်သောဆက်ဆံရေးကို ထင်ဟပ်ဖော်ပြခဲ့သည်။
ယင်းစီမံကိန်းသည် အီဂျစ်နိုင်ငံ၏ နျူကလီးယားစွမ်းအင်တွင် အရှိန်အဟုန်အပြည့် တိုးတက်မှုကိုပြလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကျွမ်းကျင်မှုဖလှယ်မှုများအတွက် နယ်ပယ်သစ်များ ဖွင့်လှစ်ပေးသည့် မိတ်ဖက်ဆက်ဆံရေးကို "ဂုဏ်ယူစရာ အခွင့်ထူးတစ်ခု" ဟု ပူတင်က ပြောကြားခဲ့သည်။
ရုရှားတက္ကသိုလ်များတွင် အီဂျစ်ကျောင်းသား ၁၀၀ သည် နျူကလီးယားသင်တန်းတက်ခွင့် ရရှိခဲ့ပြီး စက်ရုံ၏ ပထမဆုံး ဓာတ်ပေါင်းဖိုသည် လျှပ်စစ်ဓာတ်အား ၄၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
မတ်ရူး ပြည်နယ်တွင်တည်ရှိပြီး အယ်လ်ဒါဘာ စက်ရုံတွင် ဓာတ်ပေါင်းဖိုလေးခုပါဝင်မည်ဖြစ်ပြီး တစ်ခုလျှင် ၁,၂၀၀ မဂ္ဂါဝပ်ထွက်ရှိမည်ဖြစ်သည်။ ရုရှားသည် ၂၂ နှစ် ချေးငွေဖြင့် အမေရိကန်ဒေါ်လာ ၂၈.၇၅ ဘီလျံတန် ပရောဂျက်၏ ၈၅ ရာခိုင်နှုန်းကို ဘဏ္ဍာငွေထောက်ပံ့နေသည်။

image