Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တကယ့် Flagship မထုတ်တော့ပဲ Budget Brand ဖြစ်တော့မယ် 🫠
.
Nothing ကနေ လာမယ့် အောက်တိုဘာလ (၂၉) ရက်နေ့မှာ Nothing Phone (3a) Lite ဖုန်းအသစ်ကို မိတ်ဆက်မယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပါပြီ...။
အခု Nothing Phone (3a) Lite ဖုန်းက Nothing Phone 3 ရဲ့ Budget Version - Nothing Phone (3a) ဖုန်းရဲ့ အောက်က ထပ်ပြီး Budget ပိုဖြစ်တဲ့ Version ဖြစ်လာမှာပါ။ ဒါပေမယ့် တစ်ဖက်မှာ Nothing ရဲ့ Budget Level ကိုဦးစားပေးထုတ်လုပ်တဲ့ CMF Brand အခွဲကုမ္ပဏီရဲ့ CMF Phone 2 Pro လည်းရှိသေးပြီး Nothing Phone (3a) Lite က Nothing က ထုတ်တာဖြစ်ပေမယ့် CMF Phone 2 Pro ထက်တောင် ပိုပြီး စျေးသက်သာ၊ Budget ပိုဖြစ်နိုင်ပါတယ်။ (*သေချာတာက ဖတ်ပြီးရင် ခေါင်းရှုပ်သွားလောက်ပြီ 🫠)
ဒီလိုမျိုး Budget ကနေ Budget ထပ်ဆင်းထားတဲ့ Nothing Phone (3a) Lite ဖုန်းက Teaser ပုံအရဆိုရင် ဖုန်းအနောက်ဖက်မှာ Glyph Lighting ဘာညာမပါတော့ပဲ Notification LED အဖြူလိုမျိုး မီးတစ်လုံးပဲ ပါတော့မယ်။
လောလောဆယ် သိရတဲ့သတင်းတွေအရဆိုရင် 6.77" 120Hz FHD+ AMOLED Display | MediaTek Dimensity 7300 Pro Chipset တွေသုံးထားမယ်။ Camera ပိုင်းမှာ CMF Phone 2 Pro လို Triple မဟုတ်တော့ပဲ 50MP Main Camera | 50MP Ultrawide Camera တွေပဲ ထည့်ထားမယ်။ Battery အနေနဲ့ဆိုရင် 5000mAh Battery ကိုမှ 33W Charging Support လုပ်မယ်။
အခု Nothing Phone (3a) Lite ဖုန်းရဲ့ စျေးနှုန်းကိုတော့ မသိရသေးဘူးဆိုပေမယ့် Nothing Phone (3a) နဲ့ CMF Phone 2 Pro ထက်တောင် ပိုသက်သာနိုင်လောက်မယ်။ တစ်ဖက်မှာလည်း Budget ဖုန်းဖြစ်တာကြောင့် မနေ့က ပြောခဲ့သလို Nothing OS 4.0 မှာ Pre-installed Bloatware App တွေ၊ Lock Screen Glimpse လိုမျိုး Ads Feature တွေလည်းပါလာမှာပါ။
Nothing က အခုအတိုင်းဆိုရင် Snapdragon 8 Elite Gen 5 လို Processor နဲ့ တကယ့် Flagship ဖုန်းထုတ်ဖို့ လုံးဝစိတ်ကူးမရှိလောက်ဘူးထင်တယ် 🫠