ပွဲမတိုင်မီ လက်ဆွဲနှုတ်ဆက်မှုတွင် မြောက်ကိုရီးယားကစားသမားအချို့ လက်သီးဖြင့် ထိုးလာမှုအပေါ် ဂျပန်ဘောလုံးအဖွဲ့ချုပ်တိုင်ကြားလာ
======================

မြောက်ကိုရီးယားကစားသမားများဟာ ပွဲမတိုင်မီ ပြိုင်ဘက်ကစားသမားများနှင့် လက်ဆွဲနှုတ်ဆက်တဲ့ အစီအစဉ်တွင် လက်သီးဖြင့် အားရပါးရထိုးမှု ပြုလုပ်ခဲ့ကြပါတယ်။
ယခုအခါ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ ယူ-၁၇ ကမ္ဘာ့ဖလားပွဲ မတိုင်မီ ဖြစ်ပျက်ခဲ့တဲ့ ယင်းအဖြစ်အပျက်နှင့်ပတ်သက်ပြီး ဖီဖာအား အရေးယူပေးရန် တိုင်ကြားမှု ပြုလုပ်လာပြီလည်း ဖြစ်ပါတယ်။
ဂျပန်နှင့် မြောက်ကိုရီးယားတို့ဟာ အင်္ဂါနေ့တုန်းက ကာတာတွင် ကျင်းပနေတဲ့ ယူ-၁၇ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆ သင်း ရှုံးထွက်အဆင့်တွင် ထိပ်တိုက်တွေ့ခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲမတိုင်မီ အစဉ်အလာမပျက် နှစ်ဖက်ကစားသမားများ လက်ဆွဲနှုတ်ဆက်တဲ့ အစီအစဉ်တွင် တချို့ မြောက်ကိုရီးယားကစားသမားများဟာ ပြိုင်ဘက် ဂျပန်ကစားသမားများရဲ့ လက်ကို လက်သီးဖြင့် ထိုးလာကြတာပါ။
ဂျပန်လူငယ်ကစားသမားတို့က အစဉ်အလာမပျက် လက်သီးခြင်းထိ (သို့မဟုတ်) လက်ဆွဲနှုတ်ဆက်လာချိန်တွင် ဖြစ်ပျက်ခဲ့တာပါ။
အစပိုင်းတွင် ခင်ခင်မင်မင်ဖြင့် လက်သီးဖြင့် ထိခဲ့ကြပေမယ့်လည်း နောက်ပိုင်းတွင် မြောက်ကိုရီးယားကစားသမားအချို့ဟာ ဒေါသဖြင့် အားရပါးရ လက်သီးဖြင့် ထိုးလာကြတာ တွေ့ရပါတယ်။
ယင်းအဖြစ်အပျက်အား ကွင်းတွင်း ဒိုင်လူကြီးက တစုံတရာ အရေးယူခဲ့ခြင်း မရှိပါဘူး။
ဒါပေမယ့် ယခုအခါမှာတော့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က ယင်းအဖြစ်အပျက်အား စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန် ဖီဖာထံ တောင်းဆိုလာပြီ ဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင် ဂျပန်တို့ အနိုင်ရရှိပြီး ယူ-၁၇ ကမ္ဘာ့ဖလားကွာတားဖိုင်နယ်သို့ တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ယင်းပွဲတွင် ပွဲအစ ၄ မိနစ်မှာ ဂျီလာနီမက်ဂီးက ဂျပန်အတွက် ဦးဆောင်ဂိုး သွင်းခဲ့ပြီး ဒုတိယပိုင်းတွင် ရီဟိုက်ဂွမ်က မြောက်ကိုရီးယားအတွက် ချေပဂိုးသွင်းခဲ့ပါတယ်။
ပွဲချိန်အတွင်း သရေကျပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်ကန်ရာတွင် ဂျပန်က ၅-၄ ဖြင့် အနိုင်ရရှိသွားပါတယ်။

image

ဖရိုင်းဘတ်၊ အာဆင်နယ်ပွဲမတိုင်မီ နူအာနှင့် ဂနာဘရီတို့ရဲ့ အခြေအနေကို ဘိုင်ယန်နည်းပြကွန်ပနီ ဖွင့်ဟလာ
=====================

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီက မန်နူရယ်နူအာမှာ နေမကောင်းဖြစ်ပြီး ဆာဂျီဂနာဘရီမှာ ကြံ့ခိုင်မှုပြဿနာကြုံနေရကြောင်း ဖွင့်ဟလာပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယနေ့ညတွင် ဖရိုင်းဘတ်နှင့် ရင်ဆိုင်ရပြီးပါက လာမယ့်အပတ်ကြားရက်တွင် အာဆင်နယ်နှင့် ချန်ပီယံလိဂ်ပွဲကစားရန် ရှိနေပါတယ်။
ယင်းကစားသမား ၂ ဦးလုံးတို့ဟာ ဖရိုင်းဘတ်၊ အာဆင်နယ်တို့နှင့်ပွဲများတွင် ပါဝင်ရန် မရေမရာ ဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဂနာဘရီမှာ ဂျာမနီအသင်းအတွက် ကစားစဉ် ဒဏ်ရာရရှိလာတာ ဖြစ်ပြီး အခြေအနေ တိုးတက်ခြင်း မရှိမှုနှင့်အတူ ဖရိုင်းဘတ်နှင့်ပွဲအား လွဲချော်ရန် သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် သူဟာ အာဆင်နယ်နှင့်ပွဲတွင် ပါဝင်လာနိုင်တဲ့ အခြေအနေမျိုးမှာတော့ ရှိပါတယ်။
ကွန်ပနီက "မန်နူရယ် အခြေအနေ ကြည့်ရဦးမယ်။ နည်းနည်း အအေးမိသွားခဲ့တာ။ ဆာဂျီဂနာဘရီ အခြေအနေကတော့ မကောင်းဘူး။ လက်ရွေးစင်အသင်းက ပြန်လည်ကတည်းက ပြဿနာအချို့ ရှိနေတယ်။ ဆေးဌာနကတော့ အသေးစိတ် သိရဖို့ လုပ်နေတယ်"လို့ ပြောကြားသွားပါတယ်။
ယင်းကဲ့သို့ အဓိကကစားသမား ၂ ဦး ပြဿနာကြုံနေချိန်တွင် ဘိုင်ယန်မြူးနစ်ဟာ ပီအက်စ်ဂျီနှင့်ပွဲမှာ အနီကတ်ကြောင့် လူးဝစ်ဒီယာ့ဇ်ကိုလည်း ၃ ပွဲ လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။
ဒီယာ့ဇ်ဟာ နိုဝင်ဘာလ အစောပိုင်းတုန်းက ပီအက်စ်ဂျီအား အနိုင်ရတဲ့ပွဲတွင် ဟာကီမီအား ဆိုးရွားတဲ့ ဖျက်ထုတ်မှု ပြုလုပ်မှုကြောင့် တိုက်ရိုက်အနီကတ်ပြသခြင်းခံခဲ့ရပြီး ၃ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံထားရပါတယ်။
သူဟာ လာမယ့် ကြားရက် အာဆင်နယ်အား အဝေးကွင်းသို့ သွားရောက် ကစားရမယ့်ပွဲအပြင် စပို့တင်းလစ္စဘွန်း၊ ယူနီယံဂယ်လွိုက်စ်တို့အား ဧည့်ခံကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်များကိုလည်း လွဲချော်လာပါမယ်။

image

အာဂျင်တီးနားထိပ်တန်းကလပ် ၂ ခုကို ကိုင်တွယ်ပြီး နည်းပြလောကသို့ ဝင်ရောက်လိုကြောင်း ဒီမာရီယာ ဖွင့်ဟလာ
=====================

အိန်ဂျယ်ဒီမာရီယာက အာဂျင်တီးနားထိပ်တန်းကလပ် ၂ ခုကို ကိုင်တွယ်ကာ နည်းပြလောကသို့ ဝင်ရောက်လိုကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
အသက် ၃၇ နှစ်ရှိ ဒီမာရီယာဟာ ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်၊ ပီအက်စ်ဂျီနှင့် ဘင်ဖီကာတို့တွင် ကစားခဲ့သူ ဖြစ်ပြီး လက်ရှိအချိန်တွင် ကစားသမားဘဝ စတင်ရာ ရိုဆာရီယိုစင်ထရယ်တွင် ကစားနေပါတယ်။
သူဟာ ကစားသမားဘဝမှ အနားယူပြီးပါက နည်းပြလောကသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေသူလည်း ဖြစ်ပါတယ်။
ဒီမာရီယာက "လီယန်ဒရိုပါရီဒက်စ်နဲ့အတူ နည်းပြသင်ခန်းစာယူနေတယ်။ လိုင်စင်ရဖို့ ကြိုးစားနေတယ်"လို့ ပြောကြားနေပါတယ်။
ပါရီဒက်စ်မှာ ဘိုကာဂျူနီယာတွင် ကစားနေတဲ့ ကွင်းလယ်ခံစစ်သမားတစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီတွင် ဒီမာရီယာနှင့် ၄ နှစ်တိုင်တိုင် တွဲကစားခဲ့သူလည်း ဖြစ်ပါတယ်။
၎င်းတို့နှစ်ဦးဟာ အာဂျင်တီးနားအသင်း ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် အဓိကနေရာမှ ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။
ဆက်လက်ပြီး ဒီမာရီယာက "ကျွန်တော်တို့အသင်းတွေက သေတဲ့အထိ ၄-၃-၃ နဲ့ ကစားလာမယ်။ ဒါနဲ့ပတ်သက်ပြီး လီယန်ဒရိုနဲ့ ကျွန်တော် စကားပြောပြီးပြီ။ အနားယူပြီးတဲ့အခါ ရိုဆာရီယို၊ ဘိုကာဂျူနီယာတို့ကို ကိုင်တွယ်ချင်တယ်"လို ပြောကြားသွားပါတယ်။
တကယ်လို့များ ဒီမာရီယာသာ နည်းပြလောကသို့ ဝင်ရောက်လာပါက ယူနိုက်တက်ကစားဖော်များဖြစ်ကြတဲ့ ဝိန်းရွန်းနီ၊ မိုက်ကယ်ကာရစ်၊ တွမ်ကလီဗာလေး၊ ရော်ဘင်ဗန်ပါစီတို့ရဲ့ ခြေရာကို နင်းလာနိုင်ပါမယ်။
ဒီမာရီယာဟာ ကစားသမားဘဝအတွင်းတွင် ထိပ်တန်းနည်းပြများဖြစ်ကြတဲ့ ကာလိုအန်ဆယ်လော့တီ၊ ဟိုဆေးမော်ရင်ဟို၊ သောမတ်စ်တူချယ်တို့ရဲ့ လက်အောက်တွင် ကစားခဲ့သူလည်း ဖြစ်ပါတယ်။

image

အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဖလားအား ၂ ကြိမ်မြောက် ဆွတ်ခူးလာတဲ့ AS FAR
==================

AS FAR ဟာ ASEC Mimosas ကို အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၂-၁ ဖြင့် အနိုင်ယူပြီး ဒုတိယမြောက် အာဖရိကအမျိုးသီးချန်ပီယံလိဂ်ဖလားအား ဆွတ်ခူးလာပါတယ်။
ဟာနာနီအိတ်အယ်ဟာက မော်ရိုကိုကလပ်အတွက် ၁၃ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ဦးဆောင်ဂိုး သွင်းခဲ့ပါတယ်။
ဒါပေမယ့် ဒုတိယပိုင်းဆယ်မိနစ်တွင် အေမီပရက်စ်စယ်ဒီရယ်လိုရဲ့ ခေါင်းတိုက်ဂိုးကနေ အိုင်ဗရီကို့စ်ကလပ် ASEC Mimosas အတွက် ချေပဂိုးသွင်းလာပါတယ်။
ဒါပေမယ့် ပွဲပြီးခါနီး ၈၅ မိနစ်မှာ AS FAR တို့ ပင်နယ်တီ ထပ်မံ ရရှိခဲ့ပြီး ဇီနက်ဘ်ရီဒူအာနီက အပိုင်ကန်သွင်းကာ အနိုင်ဂိုးသွင်းယူခဲ့ပါတယ်။
AS FAR ဟာ ၂၀၂၂ ခုနှစ်တုန်းက အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဖလားအား ပထမဆုံးအကြိမ် ဆွတ်ခူးပြီးနောက် ဒုတိယအကြိမ် ဆွတ်ခူးလာတာ ဖြစ်ပြီး တောင်အာဖရိကကလပ် Mamelodi Sundowns နှင့်အတူ အာဖရိကအမျိုးသမီးချန်ပီယံလိဂ်ဖလား အအောင်မြင်ဆုံးအသင်းအဖြစ် ပူးတွဲ ရပ်တည်လာပါတယ်။
ရက်ဘက်အခြေစိုက်ကလပ်ဟာ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ လာမယ့်နှစ် ဖီဖာအမျိုးသမီးချန်ပီယံများဖလားဝင်ခွင့်အတွက် တရုတ်ကလပ် Wuhan Jiangd နှင့် ကစားရပါမယ်။၊
ယင်းပွဲမှ အနိုင်ရတဲ့အသင်းက လာမယ့်နှစ် လန်ဒန်တွင် ကျင်းပမယ့် ဖီဖာအမျိုးသမီးချန်ပီယံများဖလား ဆီမီးဖိုင်နယ်အဖြစ် ဥရောပချန်ပီယံ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရပါမယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၂၂ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၆၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၇၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၂၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၅၄၀၀၀၀ ကျပ်
ဝယ်ဈေး ၈၅၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၁၄၀၀၀၀ ကျပ်
ဝယ်ဈေး ၈၁၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၄၅ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၄၅ ကျပ်
ဝယ်ဈေး - ၃၉၄၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၉၅ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၅၅ ကျပ်
ဝယ်ဈေး - ၄၅၄၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅ ကျပ်
ဝယ်ဈေး - ၁၂၁.၉၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၄ ကျပ်
ဝယ်ဈေး - ၉၅၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၈၅ ကျပ်
ဝယ်ဈေး - ၂၅.၂၂ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၁၃ ကျပ်
ဝယ်ဈေး - ၄၄.၀၂ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၂၉၅ ကျပ်
ဝယ်ဈေး - ၅၁၆၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၁၀ ကျပ်
ဝယ်ဈေး - ၂၅၄၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၆၇ ကျပ်
ဝယ်ဈေး - ၂၇၉၇ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၉ ကျပ်
ဝယ်ဈေး - ၅၀၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၁ ကျပ်
ဝယ်ဈေး - ၁၀၇၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
17 w - Translate

Anime အဖြစ်ထွက်ရှိဖိုကြေညာသွားခဲ့တဲ့ "Now That We Draw"

image
17 w - Translate

ခရိုနီ သူဌေးသားချောလေးကို လက်ထပ်ဖို့ လက်ခံပြီးနောက် သတို့သမီးလေး အဖြစ်အရမ်း တွေလှနေတဲ့ မင်းသမီး ချောလေး ယဥ်လက်
အရမ်းလှနေတယ်

image
17 w - Translate

January လ 8 ရက်နေ့မှာထွက်ရှိမယ့် Anyway, I'm Falling in Love with You Season 2

image
17 w - Translate

ဆေးပညာဆရာဝန်ဘွဲ့ ရရှိသွားတဲ့သမီးအငယ်ဆုံးလေးကိုကြည့်ပြီး ဝမ်းသာမျက်ရည်ကျနေတဲ့ ဇွဲထက်ရွှေဆိုင်ပိုင်ရှင် ဖေဖေနဲ့မေမေ🙏🏻

image