နှစ်ပေါင်းများစွာသန့်ရှင်းရေးမပြုလုပ်ဖြစ်သည့် မင်းတုန်းမြို့မှ မင်္ဂလာကန်တော် အားစုပေါင်းသန့်ရှင်းရေးပြုလုပ်
မကွေးတိုင်း၊ မင်းတုန်းမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကန်တော်သည် နှစ်ပေါင်းများစွာသန့်ရှင်းရေးပြုလုပ်ခဲ့ခြင်းမရှိ၍ ရေညှိတက်ခြင်းများအပါအဝင် အမှိုက်သရိုက်များစွာဖြစ်ပေါ်လျက်ရှိသဖြင့် ဇူလိုင် ၁၆ ရက်က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ရေကန်တော်ရှိ ရေညှိများအားရေစုပ်စက်ဖြင့် စုပ်ထုတ်ခြင်း၊ အမှိုက်များသယ်ယူခြင်း၊ ခရုခွံများ၊ ရေကန်ပတ်လည်ရှိ ပေါင်း/မြက်များရှင်းလင်းခြင်း၊ ရေကန်အတွင်း ထုံးဖြူးခြင်းတို့ကိုပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဦးဆောင်ကာဌာနဆိုင်ရာဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ အသင်းအဖွဲ့များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။