ပြည်တွင်းထုတ် ဝါကြိတ်စက်များအား အထူးချေးငွေအစီအစဉ်ဖြင့်ရောင်းချပေးမည်
ပြည်တွင်းထုတ် ဝါကြိတ်စက်များအား အထူးချေးငွေအစီအစဉ်ဖြင့်ရောင်းချပေးမည်ဟု စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနက အသိပေးခဲ့သည်။
အဆိုပါ အစီအစဥ်ကို လုပ်ငန်းရှင်များနှင့် တောင်သူများအနေဖြင့် ပြည်တွင်းမှထွက်ရှိသည့် ဝါများအားအ ပြည့်အဝကြိတ်ခွဲနိုင်ရန်နှင့် စိုက်ပျိုးထွက်ရှိသည့် ဝါများအား တစ်ပိုင်တစ်နိုင်ကြိတ်ခွဲနိုင်ရန်တို့အတွက်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် အသေးစိတ်သိရှိလိုပါက စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန(ရုံးချုပ်)၊ ရုံးအမှတ်(၃၇)၊ နေပြည်တော် ဖုန်း- ၀၆၇-၃၄၀၈၃၉၅ ၊ ၀၉-၄၀၁၂၂၄၉၉၈ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။