ဖိအားများအောက်သို့ ကျရောက်ပြီးနောက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲအခမ်းအနားသို့ မတက်ရောက်နိုင်ခဲ့တဲ့ အန်းဆလော့
=====================

အန်းဆလော့ဟာ လီဗာပူးတို့ နောက်ဆုံးရှုံးပွဲကြုံတွေ့ပြီးနောက် ဂုဏ်သိက္ခာကြီးမားတဲ့ ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရေးအား ဖျက်သိမ်းလိုက်ပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးကို ပရီးမီးယားလိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ခဲ့တဲ့ အန်းဆလော့ဟာ စနေနေ့တုန်းက အန်းဖီးလ်ကွင်းတွင် နော်တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ပြီးနောက် ဖိအားများအောက်သို့ ကျရောက်လာပါတယ်။
တနင်္ဂနွေနေ့ညမှာတော့ အန်းဆလော့ဟာ Manager of the Season ဆု ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ဒါပေမယ့် ဒတ်ချ်လူမျိုးနည်းပြဟာ ယင်းပွဲသို့ ဖိတ်ကြားခြင်းခံခဲ့ရပေမယ့်လည်း တက်ရောက်လာခဲ့ခြင်း မရှိပါဘူး။
ယင်းဆုပေးပွဲအခမ်းအနားသို့ ပြီးခဲ့တဲ့နှစ်တုန်းက အဲရစ်တန်ဟက် တက်ရောက်ခဲ့ပြီး ပွဲအပြီး ၂ ပွဲအကြာမှာတော့ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
အန်းဆလော့ဟာ ယခုရာသီတွင် ပေါင်သန်း ၄၅၀ အသုံးပြုကာ ခေါ်ယူထားတဲ့ စတားကစားသမားများရဲ့ အကောင်းဆုံးစွမ်းရည်ထွက်ပေါ်လာအောင် လုပ်ဆောင်နိုင်ခြင်း မရှိမှုနှင့်အတူ ဖိအားအောက်သို့ ကျရောက်နေပါတယ်။
သူဟာ အလက်ဇန္ဒားအီဆက်ခ်နှင့် ဖလိုရီယန်ဝါ့ဇ်တို့ နှစ်ဦးတည်းအတွင်းပင် ပေါင်သန်း ၂၅၀ နီးပါး သုံးခဲ့တာပါ။ ဒါပေမယ့် ကစားသမား ၂ ဦးလုံးတို့မှာ ပရီးမီးယားလိဂ်တွင် ဖန်တီးမှု မပြုလုပ်နိုင်သေးလို ဂိုးသွင်းနိုင်ကြခြင်းလည်း မရှိပါဘူး။
လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီတုန်းက တစ်ရာသီလုံး ၄ ပွဲတည်းသာ ရှုံးနိမ့်ခဲ့ပေမယ့် ယခုရာသီတွင် ပွဲစဉ် ၁၂ အပြီးမှာပင် ၆ ပွဲအထိ ရှုံးနိမ့်ထားပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ၎င်းတိုဟာ ဂိုး ၂၀ အထိ ပေးထားရကာ ပြီးခဲ့တဲ့တစ်ရာသီလုံးပေးဂိုး (၄၁)ရဲ့ တစ်ဝက်အား ပေးထားရပြီးပါပြီ။
လက်ရှိအချိန်တွင် လီဗာပူးဟာ ဗုဒ္ဓဟူးနေ့ ပီအက်စ်ဗွီနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ပွဲအတွက် ပြင်ဆင်နေပါတယ်။ လီဗာပူးဟာ ချန်ပီယံလိဂ်မှာတော့ ၄ ပွဲကစားထားရာတွင် ၃ ပွဲ အနိုင်ရရှိထားပါတယ်။

image

၂ နှစ်ပွဲပယ်ပြစ်ဒဏ်မှ လွတ်မြောက်ကာ ဘောလုံးပြန်ကစားလာနိုင်ပြီဖြစ်တဲ့ မက်ဆီရဲ့ ကမ္ဘာ့ဖလားချန်ပီယံ အမေ့ခံကစားဖော်
==================

လီယွန်နယ်မက်ဆီရဲ့ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားကစားဖော်အလီဂျန်ဒရိုဂိုမက်ဇ်ဟာ ၂ နှစ်ပွဲပယ်ပြစ်ဒဏ်ကျခံပြီးနောက် အီတလီဒုတိယတန်းကလပ်အတွက် ပြန်ကစားလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၃ နှစ်တုန်းက ကာတာတွင် အာဂျင်တီးနားနှင့်အတူ ကမ္ဘာ့ဖလားချန်ပီယံအသင်းတွင် ပါဝင်ခဲ့တဲ့ ဂိုမက်ဇ်ဟာ တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရပြီးနောက် ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက ဘောလုံးလောကနှင့် ဝေးကွာလာခဲ့သူလည်း ဖြစ်ပါတယ်။
ပါပါဂိုမက်ဇ်လို့ လူသိများတဲ့ အသက် ၃၇ နှစ်ရှိ ဂိုမက်ဇ်ဟာ သူ့ကလေး အသုံးပြုတဲ့ ချောင်းဆိုးပျောက်ဆေးကို သောက်သုံးရာမှ တားမြစ်ဆေးသုံးစွဲထားကြောင်း တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ထိုစဉ်တုန်းက သူဟာ ဆီဗီလာတွင် ကစားနေခဲ့တာ ဖြစ်ပြီး တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိရပြီးနောက် စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။
သူဟာ အမှုရင်ဆိုင်နေစဉ် မွန်ဇာတွင် ကာလတို ကစားခဲ့ပေမယ့်လည်း ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့မှ စတင်ကာ ၂ နှစ်ပြစ်ဒဏ်ကျခံလာခဲ့ရပါတယ်။
ဂိုမက်ဇ်ဟာ စနေနေ့တုန်းက ကလပ်သစ် ပါဒိုဗာရဲ့ ဗီနီဇီယာနှင့် ကစားတဲ့ စီးရီးဘီပွဲစဉ်တွင် ပွဲချိန် ၅၈ မိနစ်မှာ လူစားဝင်ရောက်ကစားခဲ့ပါတယ်။
သူဟာ လူစားဝင်ရောက်လာချိန်တွင် ပရိသတ်များရဲ့ တခဲနက်အားပေးမှု ရရှိခဲ့ပေမယ့်လည်း အသင်းကို ၂-၀ ဂိုးဖြင့် ရှံးနိမ့်နေမှုမှ ကာကွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။
သူဟာ နှစ်နှစ်ကျော်ကာလအတွင်းတွင် ပထမဆုံးအကြိမ် ဘောလုံးပြန်ကစားလာတာလည်း ဖြစ်ပါတယ်။

image

အဲဗာတန်ကို ရှုံးနိမ့်ပြီးနောက် ကစားသမားများ အချင်းချင်း ရန်ဖြစ်ကြရန် မျှော်လင့်ကြောင်း အမိုရမ် ပြောကြားလာ
======================

ယူနိုက်တက်နည်းပြရူဘင်အမိုရမ်က မနေ့ညတုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် အဲဗာတန်ကို တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပေမယ့် ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် ကစားသမားများ အချင်းချင်း ရန်ဖြစ်ကြရန် မျှော်လင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ မနေ့ညက ပွဲတွင် ပွဲချိန် ၁၃ မိနစ်မှာ အဲဗာတန်ရဲ့ အိုင်ဒရက်စ်ဆာယူယီမှာ ကစားဖော် မိုက်ကယ်ကိန်းရဲ့ မျက်နှာကို ထိုးမှုအတွက် တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံရလို့ တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲ့ပါတယ်။
ယူနိုက်တက်ဟာ အဲဗာတန်ကို ၇၇ မိနစ်တိုင်တိုင် တစ်ယောက်အသာဖြင့် ကစားခွင့်ရခဲပေမယ့်လည်း ၂၉ မိနစ်တွင် ကီယာနန်ဒေါ်ဘူရီဟေးလ်သွင်းယူတဲ့ တစ်လုံးတည်းသော ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် ပြိုင်ဘက်အား တစ်ယောက်သာဖြင့် ကစားခွင့်ရတဲ့ပွဲများတွင် ပထမဆုံးအကြိမ် ရှုံးပွဲကြုံလာတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်သမိုင်းတွင် အိုးထရက်ဖို့ဒ်ကွင်းမှာ ပြိုင်ဘက်အား တစ်ယောက်အသာဖြင့် ၄၆ ပွဲကစားခဲ့ရာမှာ ၃၆ ပွဲနိုင်ပြီး ၁၀ ပွဲသရေကျထားပါတယ်။
အမိုရမ်က "ရန်ဖြစ်တယ်ဆိုတာ ဆိုးရွားတာ မဟုတ်ပါဘူး။ ရန်ဖြစ်တိုင်းလည်း တစ်ယောက်နဲ့ တစ်ယောက် သဘောမကျတာ မဟုတ်ပါဘူး။ ဘောလုံးဆုံးရှုံးလို့ ရန်ဖြစ်တယ်။ ဂိုးပေးရတော့မှာ ဖြစ်လို့ ရန်ဖြစ်တာပါ။ ကျုပ်ကစားသမားတွေလည်း ဘောလုံးဆုံးရှုံးတဲ့အခါ ရန်ဖြစ်ကြဖို့ မျှော်လင့်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ရူဘင်အမိုရမ်ဦးဆောင်တဲ့ ယူနိုက်တက်ဟာ နိုင်ငံတကာပွဲစဉ်များမတိုင်မီ ပရီးမီးယားလိဂ် ၅ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့အသင်းပါ။
ယခု ရှုံးပွဲ ပြန်လည် ကြုံတွေ့လာမှုနှင့်အတူ အမိုရမ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းကကဲ့သို့ ပွဲတိုင်းက ရှုံ့းပွဲကြုံလာမယ့်ပွဲများအဖြစ် စောင့်ကြိုနေတဲ့ ခံစားချက် ပြန်ရလာစေမှာ စိုးရိမ်နေပြီလည်း ဖြစ်ပါတယ်။
အမိုရမ်က "ပြီးခဲ့တဲ့ရာသီတုန်းက ဒီခံစားချက် ပြန်ရလာမှာ ကြောက်တယ်။ ဒါက ကျွန်တော် အစိုးရိမ်ဆုံးအရာပါ။ ကျွန်တော်တို့ အလုပ် အတူတူ တဲလုပ်ရမယ်။ အလုပ်တွဲလုပ်ရမယ်။ ကစားသမားတွေလည်း ကြိုးစားကြတယ်။ ဒါပေမယ့် ပိုကောင်းဖို့ လိုနေတယ်"လို့ ပြောကြားသွားပါတယ်။

image

ကစားဖော်မိုက်ကယ်ကိန်းကို ပါးရိုက်မှုကြောင့် အိုင်ဒရက်စ်ဆာဂူယီ အနီကတ်ပြသခြင်းခံရမှုအပေါ် အံ့ဩစရာတုံ့ပြန်မှု ပြုလုပ်လာတဲ့ မိုယက်စ်
======================

အိုးထရက်ဖို့ဒ်တွင် ယူနိုက်တက်အား အနိုင်ရတဲ့ပွဲတွင် အိုင်ဒရက်စ်ဆာဂူယီမှာ ကစားဖော်မိုက်ကယ်ကိန်းအား ပါးရိုက်မှုကြောင့် အနီကတ်ပြသခြင်းခံခဲ့ရပြီးနောက် ကစားသမားများ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်နေမှုအပေါ် သဘောကျကြောင်း အဲဗာတန်နည်းပြဒေးဗစ်မိုယက်စ်က ပြောကြားလာပါတယ်။
အသက် ၃၆ နှစ်ရှိ အလယ်တန်းကစားသမားဟာ ပွဲချိန် ၁၃ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်ရဲ့ ကန်ချက် ဂိုးဝင်လုနီးပါး ဖြစ်သွားခဲ့ပြီးနောက် အကြီးအကျယ် ဒေါသထွက်ကာ နောက်ခံလူမိုက်ကယ်ကိန်းနှင့် ပြဿနာတက်ခဲ့ပါတယ်။
ဂူယီဟာ ကစားဖော်မိုက်ကယ်ကိန်းအား ပါးရိုက်ခဲ့ပြီး အသင်းခေါင်းဆောင်ဂျော်ဒန်ပစ်ဖို့ဒ် ဆွဲခေါ်သွားခြင်းခံခဲ့ရပါတယ်။
ဒိုင်လူကြီးတိုနီဟာရင်တန်ဟာ ချက်ချင်းပင် ဂူယီကို တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။
ဂူယီဟာ အနီကတ်ပြသခံရပြီးချိန်တွင်လည်း အကြီးအကျယ်ဒေါသထွက်နေခဲ့ပြီး ပစ်ဖို့ဒ်က အင်္ကျီကော်လံကို ဆွဲခေါ်ခဲ့ရပါတယ်။
အဲဗာတန်ဟာ ၇၇ မိနစ်တိုင်တိုင် တစ်ယောက်အလျှော့ဖြင့် ကစားခဲ့ရပေမယ့်လည်း ကီယာနန်ဒေါ်ဘူရီဟေးလ်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးဖြင့် ယူနိုက်တက်ကို အနိုင်ရခဲ့ပါတယ်။
ပွဲအပြီးတွင် ဒေးဗစ်မိုယက်စ်က "ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် ကွင်းအတွင်းမှာ ရှိတဲ့ လူတိုင်းအံ့ဩသင့်ကြလိမ့်မယ်။ ဒိုင်လူကြီးလည်း ဒါနဲ့ပတ်သက်ပြီး အနည်းငယ်ကြာကြာ တွေးမိပါလိမ့်မယ်။ ဘောလုံးစည်းမျဉ်းအရ ခင်ဗျားသာ ကစားဖော်ကို ပါးရိုက်ရင် ပြဿနာတက်ပါပြီ။ တဖက်က ကြည့်ရင် တစ်ယောက်ယောက်က မသင့်တော်တာလုပ်မိလို့ ကစားသမားတွေ အချင်းချင်း ရန်ဖြစ်နေကြတာကို သဘောကျတယ်။ မာကျောမှုနဲ့ ခံနိုင်ရည်ရှိမှုကို လိုချင်ရင် တစ်ယောက်ယောက်ကတော့ လုပ်ဆောင်ရပါမယ်။ အထုတ်ခံရလို့ စိတ်ပျက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘောလုံးသမားတွေ ဖြစ်ကြတယ်။ ကစားဖော်ကို ဒေါသထွက်ကြရတယ်။ အထုတ်ခံရမှုအတွက် သူလည်း တောင်းပန်ခဲ့တယ်။ သူဟာ ကစားသမားတွေကို ချီးကျူးခဲ့တယ်။ နိုင်ပွဲအတွက် ကျေးဇူးလည်း တင်ခဲ့တယ်။ ဖြစ်ပျက်ခဲ့တာတွေအတွက် တောင်းပန်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
ဝါရင့်ကွင်းလယ်ကစားသမားဂူယီဟာ ပွဲအပြီးတွင် ယင်းအဖြစ်အပျက်အတွက် လူသိရှင်ကြား တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

မက်တိုမီးနေးနှင့် ရော်နယ်ဒိုတို့ကဲ့သို့ Overhead Kick ကန်ချက်ဖြင့် ဂိုးသွင်းရန် ကြိုးပမ်းရာမှ အနီကတ်ပြသခြင်းခံခဲ့ရတဲ့ အန်တိုနီ
======================

ဘက်တစ်စတားအန်တိုနီဟာ ခရစ္စတီယာနိုရော်နယ်ဒို၊ စကော့မက်တိုမီးနေးတို့ကဲ့သို့ Overhead Kick ဖြင့် ဂိုးသွင်းယူရန် ကြိုးပမ်းရာမှာ ပြိုင်ဘက်ကို ကန်မိလို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ဘရာဇီးတောင်ပံကစားသမားဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ဘက်တစ်သို့ အပြီးသတ် ပြောင်းခဲ့သူလည်း ဖြစ်ပါတယ်။
အသက် ၂၅ နှစ်ရှိ အန်တိုနီဟာ အေဂျက်စ်မှ ပေါင် ၈၂ သန်းဖြင့် ပြောင်းလာပြီးနောက် ယူနိုက်တက်တွင် ၃ ရာသီ ကစားစဉ်အတွင်း ဆက်တိုက်ခြေစွမ်းပြနိုင်ရေး ရုန်းကန်ခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ ဘက်တစ်သို့ အငှားဖြင့် သွားကစားစဉ် အကောင်းဆုံးပုံစံ ပြန်လည် ရရှိကာ အပြီးသတ်ပြောင်းခွင့်ရခဲ့ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ၄ ဂိုးသွင်းကာ ခြေစွမ်းပြနေပါတယ်။
ဒါပေမယ့် သူဟာ ဂီရိုနာနှင့်ပွဲမှာတော့ Overhead Kick ဖြင့် ဂိုးသွင်းရေး ကြိုးပမ်းရာမှာ ပြိုင်ဘက်ကစားသမားဂျိုယေးရိုကာရဲ့ မျက်နှာကို ကန်မိခဲ့ပါတယ်။
ဒိုင်လူကြီးဟာ ကွင်းဘေးမော်နီတာတွင် စစ်ဆေးကြည့်ရှုပြီးချိန်မှာတော့ အန်တိုနီအား တိုက်ရိုက်အနီကတ်ပြသခဲ့ပါတယ်။
ဘရာဇီးအတွက် ၁၆ ပွဲကစားထားတဲ့ အန်တိုနီဟာ ဂီရိုနာနှင့်ပွဲမှ အနီကတ်အတွက် ပရိသတ်များကို တောင်းပန်သွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ၁ ဂိုးစီသရေဖြင့် ပြီးဆုံးသွားပြီး ဘက်တစ်မှာ အဆင့် ၅ နေရာတွင် ရပ်တည်နေပါတယ်။

image

ပေါ်ဆန်းဆန် ဈေးတည်ငြိမ်ရေး သက်သာစျေးနှုန်းဖြင့် ရောင်းမည်
-------------------

‎ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် ဈေးနှုန်းတွေ တည်ငြိမ်မှန်ကန်စေဖို့ နိုဝင်ဘာ(၂၆) ရက်က စတင်ပြီး စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထိ သက်သာတဲ့ ဈေးနှုန်းတွေနဲ့ တိုက်ရိုက်ရောင်းချပေးသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကနေ သိရပါတယ်။
‎စျေးကွက်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းထက် သက်သာတဲ့ ဈေးနဲ့ရောင်းပေးမှာဖြစ်ပြီး ဈေးနှုန်းတွေကိုတော့ ရောင်းချပေးမဲ့နေ့မှာ အတိအကျ ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်း အောင်က ပြောပါတယ်။ ‎အခုလို ရောင်းချပေးတာကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်းတို့က ပူးပေါင်းဆောင်ရွက်သွားမှာပါ။
စားသုံးသူ အိမ်ထောင်စုတွေဆီ ‎၂၄ ပြည် အိတ်အကြီးကို အိမ်အရောက်ပို့စနစ်နဲ့ ရောင်းပေးမှာဖြစ်ပြီး အိတ်အသေး ကိုတော့ ရပ်ကွက်တွေ၊ ဈေးတွေမှာ သတ်မှတ်ရက်အလိုက် လှည့်လည်ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။ ‎ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပေါ်ဆန်းဆန် သိုလှောင်ဖြန့်ဖြူး ရောင်းချနေသူတွေနဲ့ လက်လီ ဆိုင်တွေက မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဝါးတန်းကုန်စည်ဒိုင်တို့နဲ့ ဆက်သွယ်ပြီး ပူးပေါင်းပါဝင်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

image

မဲပေးခြင်း၊ မပေးခြင်းသည် မဲဆန္ဒရှင်များ၏ဆန္ဒပင်ဖြစ်ဟုဆို
---------------------

ရွေးကောက်ပွဲကျင်းပချိန်မှာ နိုင်ငံတော်အနေနဲ့ ဆန္ဒမဲပေးခွင့်ရရှိရေး ဆောင်ရွက်ပေးထားပြီး ဆန္ဒမဲပေးခြင်း၊ မပေး ခြင်းဟာ မဲဆန္ဒရှင်တွေရဲ့ဆန္ဒသာ ဖြစ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာ ရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။ နိုဝင်ဘာ ၂၃ ရက်က မအူပင်မြို့ရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံရာ မှာ အခုလို ပြောကြားလိုက်တာပါ။
လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် ကြိုတင်ပြင်ဆင်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်နေ သလို ရွေးကောက်ခံကိုယ်စားလှယ်တွေကိုလည်း ဥပဒေနဲ့အညီဖြစ်စေရေး စိစစ်ဆောင်ရွက်ပေးနေပါတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲကျင်းပချိန်မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး ဆန္ဒမဲပေးကြစေလိုတယ်လို့လည်း ပြောပါတယ်။
အဓိကအားဖြင့် တိုင်းပြည်နဲ့ ဒေသအကျိုးကို စေတနာထားပြီး ဆောင်ရွက်နိုင်သူ၊ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကာကွယ် ရေးအမြင်ရှိသူတွေကို စဉ်းစားရွေးချယ်ပြီး ဆန္ဒမဲပေးကြစေလိုတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြော ကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပမှာဖြစ်ပြီး အပိုင်း(၁)ကို ဒီဇင်ဘာ ၂၈ ရက်မှာ မြို့နယ် ၁၀၂ မြို့နယ်၊ အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ မြို့နယ် ၁၀၀ တို့မှာ ကျင်းပမှာ ဖြစ်ပြီး ကျန်တဲ့မြို့နယ်တွေကို အပိုင်း(၃)အဖြစ် ဆက်လက်ကျင်းပသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

image

အစ္စရေးတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာ အကြီးအကဲ သေဆုံး
---------------------

လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ် ဘိုလာ ပြောက်ကျားအဖွဲ့ရဲ့ စစ်ဘက်အကြီးအကဲ သေဆုံးသွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။
ဂါဇာစစ်ပွဲကို အကြောင်းပြုပြီး အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့အကြား အပြန်အလှန် တိုက်ခိုက်မှုတွေကို အမေရိကန် က ကြားဝင်စေ့စပ်ပေးမှုနဲ့အတူ ပြီးခဲ့တဲ့ တစ်နှစ်လောက်က အပစ်အခတ် ရပ်စဲခဲ့တာပါ။ ဒါပေမဲ့ အဲဒီ သဘောတူ ညီမှု ရှိနေတဲ့တိုင် လက်ဘနွန်အခြေစိုက် ပြောက်ကျားတပ်ကို နိုဝင်ဘာ ၂၃ ရက်မှာ အစ္စရေးက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စရေးစစ်တပ်ကလည်း ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးရပ်ကွက် တစ်နေရာမှာ ဟစ်ဇ်ဘိုလာရဲ့ ယာယီ စစ်ဦးစီး ချုပ် အလီတက်ဘ်တာဘိုင်ကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ကလည်း နောက်ပိုင်းမှာတော့ တက်ဘ်တာဘိုင် သေဆုံးခဲ့တဲ့ သတင်းကို အတည်ပြုခဲ့ပါတယ်။ ဟစ်ဇ်ဘိုလာတွေက တက်ဘ်တာဘိုင်ကို ဂျီဟတ် လှုပ်ရှားမှုရဲ့ အခမ်းနားဆုံး ခေါင်းဆောင်တစ်ယောက်အဖြစ် ရည်ညွှန်းခဲ့ကြပါတယ်။

image