နိုင်ငံအတွက် အိုင်တီလူငယ်ပညာရှင်များကို စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်း

နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေး အထောက်အကူပြု အိုင်တီလူငယ်ပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ် ပျိုးထောင်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက ပြောသည်။
ရန်ကုန်တိုင်းရှိ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန သတင်းအချက်အလက်နည်း ပညာတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများနှင့် တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းနှင့် ကွန်ပျုတာစက်ခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများကိုလည်း ကြည့်ရူခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်နည်းပညာတက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်းဖွင့်ချိန်အမီ စာသင်ခန်းများနှင့် ပုံဆွဲခန်းများ၊ လက် တွေ့ခန်းများ ပြင်ဆင်ထားရှိမှု၊ ကျောင်းသားအဆောင်များ ပြင်ဆင်ထားရှိမှု၊ စာကြည့်တိုက်၊ ပင်မစာသင်ဆောင်အနီးဝန်းကျင်နှင့် တက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
အင်ဂျင်နီယာ နည်းပညာကဏ္ဍ၌ နိုင်ငံတကာနှင့် ရင်ပေါင်တန်းကာ နောက်ကျမကျန်ခဲ့စေရေးနှင့် နိုင်ငံ့အကျိုးပြု သုတေသန စီမံကိန်းများဖြင့် ရှင်သန်သက်ဝင်သော တက္ကသိုလ်ဖြစ်စေရေး အတွက်လည်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

image

ဂျီနီဗာတွင် အမေရိကန်အစီအစဉ်မှ အချက်အများစုကို ယူကရိန်း သဘောတူ

နိုဝင်ဘာလ ၂၃ ရက်နေ့က ဂျီနီဗာ၌ ပြုလုပ်သော အမေရိကန်နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များ အစည်းအဝေးတွင် ဝါရှင်တန်မှ အဆိုပြုထားသည့် ငြိမ်းချမ်းရေးအစီအစဉ်၏ အချက် ၂၈ ချက်အနက် အများစုကို ယူကရိန်းဖက်မှ သဘောတူညီခဲ့ကြကြောင်း RBC-Ukraine သတင်းဌာနက ၎င်း၏သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြသည်။
သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ အရွယ်အစားကို လျှော့ချရန်၊ အကျဉ်းသားလဲလှယ်ရေးနှင့် ဇာပိုရိုဇီးယား နျူကလီးယားစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံတို့နှင့် သက်ဆိုင်သည့် အချက်များကို သဘောတူညီပြီးဖြစ်ကြောင်း သိရသည်။
ကျန်ရှိနေသော အချက်အချို့ကိုမူ လာမည့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်နှင့် ဗော်လိုဒီမာ ဇယ်လန်းစကီးတို့၏ တွေ့ဆုံပွဲတွင် ဆွေးနွေးရန် ချန်ထားခဲ့သည်။ ယင်းတို့တွင် ယူကရိန်းပိုင်နက် နယ်မြေတစ်စိတ်တစ်ပိုင်းကို စွန့်လွှတ်ရန်နှင့် နေတိုး (NATO) သို့ မပူးပေါင်းရေးကို ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထည့်သွင်းရန် စသည့် အချက်များ ပါဝင်သည်။
အစီအစဉ်၏ ကျန်ရှိနေသော အချက်များကို အပြီးသတ်ရန်အတွက် ထရမ့်နှင့် ဇယ်လန်းစကီးတို့ တွေ့ဆုံမည့်ရက်ကို တိတိကျကျ မဆုံးဖြတ်ရသေးသော်လည်း ယခုအပတ် သို့မဟုတ် နောက်အပတ်တွင် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ယာယီသတ်မှတ်ထားသည်။

image

ဗီယက်နမ် ရေဘေး လူ ၉၀ ကျော်သေပြီး ၁၂ ယောက်ပျောက်နေ

ဗီယက်နမ်နိုင်ငံမှာ ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိလာပြီး ၁၂ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ရေဘေးကြောင့် နိုင်ငံတဝန်းမှာ အိမ်ခြေ တသိန်းရှစ်သောင်းကျော် ပျက်စီးခဲ့ပြီး မွေးမြူရေးတိရစ္ဆာန် သုံးသန်းကျော် ရေထဲမျောပါခဲ့ပြီး ဒေါ်လာသန်းရာနဲ့ချီပြီး ပျက်ဆီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့တယ်လို့ ဗီယက်နမ်အစိုးရက ပြောပါတယ်။
တောင်တန်းဒေသတွေဖြစ်တဲ့ ဒက်လက်ခ် ပြည်နယ်မှာ နိုဝင်ဘာ ၁၆ ရက်နောက်ပိုင်း သေဆုံးသူ ၆၀ ကျော် ရှိခဲ့ပြီး အဆိုးရွားဆုံးထိခိုက်ခဲ့ပါတယ်။ မုန်တိုင်း ကယ်လ်မေဂီနဲ့ဘူအလွိုင် တို့ဟာ ရက်သတ္တပတ်အနည်းငယ်အတွင်း ဆက်တိုက်ဝင်ရောက်တိုက်ခတ်ပြီးနောက် လက်ရှိ ရေကြီးရေလျှံမှုဟာ ဆိုးရွားတဲ့ သဘာ၀ဘေးတခုလည်းဖြစ်ပါတယ်။
နိုဝင်ဘာ ၂၂ ရက်မှာ လူပေါင်း နှစ်သိန်းခွဲကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပြီး အဓိက အဝေးပြေးလမ်းမကြီးတွေနဲ့ ရထားလမ်းတွေ ပိတ်ဆို့ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ်။
ဗီယက်နမ်တောင်ပိုင်းနဲ့ အလယ်ပိုင်းရှိ ပြည်နယ်ငါးခုဖြစ်တဲ့ ကွမ်ငိုင်း၊ ဂျာလိုင်၊ ဒတ်လက်၊ ခန်းဟွာဈ လမ်ဒုံတို့မှာ ရေကြီးရေလျှံမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တောင်အာဖရိကမှာ ဂျီ-၂၀ ထိပ်သီးအစည်းအဝေး တက်ရောက်နေတဲ့ ဝန်ကြီးချုပ် ဖမ်မင်းချင်ဟာ နိုဝင်ဘာ ၂၂ ရက်မှာ အွန်လိုင်းအရေးပေါ်အစည်းအဝေးတခုကို ပြုလုပ်ခဲ့ပြီး ကူညီကယ်ဆယ်ရေးတွေအတွက် တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့ပါတယ်။

image

တရုတ်နဲ့ တင်းမာနေစဉ် ထိုင်ဝမ်အနီး ကျွန်းပေါ်မှာ ဒုံးကျည်တွေဖြန့်ကြက်ဖို့ ဂျပန်စီစဉ်

တရုတ်နဲ့ သံတမန်ရေး တင်းမာမှုတွေမြင့်တက်နေချိန်မှာပံ ဂျပန်စစ်တပ်ဟာ ထိုင်ဝမ်အနီးရှိ ကျွန်းတကျွန်းပေါ်မှာ တာလတ်ပစ်အမျိုးအစား မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ပြောပါတယ်။
တရုတ်နိုင်ငံကတော့ ဒီအစီအစဉ်ကို ဝေဖန်ရှုတ်ချလိုက်ပြီး ဒါဟာ ဒေသတွင်း တင်းမာမှုတွေ ဖန်တီးဖို့နဲ့ စစ်ရေးအရ ရင်ဆိုင်ဖို့ ရည်ရွယ်ချက်ရှိရှိ ကြိုးပမ်းမှုတခုဖြစ်တယ်လို့ ဒီကနေ့မှာ ဝေဖန်ရှုတ်ချလိုက်ပါတယ်။
ထိုင်ဝမ်အပေါ် တရုတ်နိုင်ငံက တိုက်ခိုက်မှုဟာ ဂျပန်ရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်မှုဖြစ်တာကြောင့် စစ်ရေးတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် တာကာအိချိက ယခုလမှာ ပြောကြားခဲ့ပြီးနောက် တရုတ်နဲ့ ဂျပန်တို့အကြား ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး သံတမန်ရေးရာ တင်းမာမှု ဖြစ်ပေါ်နေပါတယ်။
ဒုံးကျည်တွေ ဖြန့်ကြက်မယ့် အစီအစဉ်ဟာ ဂျပန်နဲ့ ဒေသတွင်းကို ဘေးအန္တရာယ်ဆီသို့ ဦးတည်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ်အနေနဲ့ နယ်မြေနဲ့ အချုပ်အခြားအာဏာကို ကာကွယ်ဖို့စိတ်ပိုင်းဖြတ်ထားသလို လုပ်နိုင်စွမ်းလည်းရှိတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းမှ ၁၁၀ ကီလိုမီတာခန့်အကွာရှိ ယိုနာဂူနီ ကျွန်းပေါ်ရှိ စစ်စခန်းတခုမှာ တာလတ်ပစ်အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ယူနစ်တခု ချထားဖို့ အစီအစဉ်ကို တဖြည်းဖြည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇူမီက ပြောပါတယ်။
“ဒုံးကျည်ချထားမှုဟာ ယိုနာဂူနီကျွန်းကို ကာကွယ်ဖို့ ရည်ရွယ်ကြောင်းနဲ့ ဒီယူနစ်ကို ထားရှိခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံကို လက်နက်ကိုင်တိုက်ခိုက်ဖို့ အခွင့်အလမ်းတွေကနေ အမှန်တကယ် လျှော့ချပေးလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ သူက ဆိုပါတယ်။
ဒီလုပ်ရပ်ဟာ အလွန်အန္တရာယ်များပြီး အနီးနားကနိုင်ငံတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ စိုးရိမ်မှုတွေ မြင့်တက်စေတယ် လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက သတိပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ်ရဲ့ ထိုင်ဝမ်အရေးမှတ်ချက်အပေါ် တရုတ်နိုင်ငံ့ ပြင်းထန်တဲ့ဝေဖန်မှုတွေ၊ ဂျပန်ပင်လယ်စာတွေကို ပိတ်ပင်တာ၊ ဂျပန်ရုပ်ရှင်တွေ ဖြန့်ချိတာကို ရပ်တန့်တာနဲ့ ဂျပန်ကို မသွားဖို့ နိုင်ငံသားတွေကို သတိပေးခဲ့ပါတယ်။
တရုတ်ဟာ ထိုင်ဝမ်ကို သူ့ရဲ့ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်ပြီး ပြည်မကြီးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် လိုအပ်ရင် စစ်ရေး အင်အားသုံးမယ်လို့ ဆိုထားပါတယ်။ ထိုင်ဝမ်ကတော့ ဒါကိုပယ်ချထားပြီး ထိုင်ဝမ်ပြည်သူတွေပဲ သူတို့ရဲ့အနာဂတ်ကို ဆုံးဖြတ်နိုင်တယ်လို့ ပြောပါတယ်။
ထိုင်ဝမ်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖရန်ဆွာဝူကတော့ အချုပ်အခြာအာဏာပိုင်နိုင်ငံတခုအနေနဲ့ ဂျပန်ဟာ သူ့ရဲ့နယ်မြေလုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ခြေလှမ်းတွေ လှမ်းပိုင်ခွင့်ရှိတယ်လို့ ထိုင်ဝမ်လွတ်တော်မှာ ပြောကြားခဲ့ပြီး ယိုနာဂူနီကျွန်းဟာ ထိုင်ဝမ်နဲ့ ဘယ်လောက်နီးကပ်တယ်ဆိုတာကို ထောက်ပြခဲ့ပါတယ်။

image
16 ပတ် - ဘာသာပြန်ပါ။

စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် ရောင်းချ

နိုဝင်ဘာ ၂၄ ရက်တွင် ဗဟိုဘဏ်မှ စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၇ သိန်းကျော် ရောင်းချပေးခဲ့ကြောင်း အသိပေးထုတ်ပြန်ထားသည်။
CMP ကုမ္ပဏီများထံမှ ဝယ်ယူထားသည့် နိုင်ငံခြားငွေများအနက် အမေရိကန်ဒေါ်လာ ၇၆၁,၄၆၀.၀၀ အား စားသုံးဆီတင်သွင်းသည့်ကုမ္ပဏီများသို့ ရောင်းချပေးခဲ့သည်ဟုဆိုသည်။
FX Trading တွင် ပေါင်းသတ်ဆေး၊ ဓာတ်မြေဩဇာ၊ ကတ္တရာ၊ ဆေးဝါးနှင့်ဆေးဝါးကုန်ကြမ်းပစ္စည်း၊ စက်မှုကုန်ကြမ်း၊ ဆောက်လုပ်ရေးပစ္စည်း၊ ကား/ဆိုင်ကယ်အပိုပစ္စည်း၊ ဆက်သွယ်ရေးပစ္စည်း၊ တိရိစ္ဆာန်အစာ၊ ထုပ်ပိုးပစ္စည်းများ ၊ သံမဏိ ၊ စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသုံးကုန်စည်တင်သွင်းသည့် Importer များမှ နိုင်ငံခြားငွေဝယ်ယူရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၂၄ ရက်တွင် FX Market Online Trading တွင် တစ်ဒေါ်လာ ၃၆၄၄ ကျပ်၊တစ်ရုတ်ယွမ်ငွေ တစ်ယွမ်လျှင် ၅၅၆ ကျပ်၊ ထိုင်းဘတ်တစ်ဘတ်လျှင် ၁၂၄.၂၅ ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။

image
16 ပတ် - ဘာသာပြန်ပါ။

အဋ္ဌမနေ့၌ ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲ ရောင်းချနိုင်ခဲ့
-----------------------

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ ကျင်းပနေတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ နိုဝင်ဘာ ၂၄ ရက် အဋ္ဌမနေ့က ကျောက်စိမ်းအတွဲပေါင်း ၆၉၅ တွဲ ရောင်းချခဲ့ရတယ်လို့ သယံဇာတနှင့်သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကနေ သိရပါတယ်။
ပြပွဲအဋ္ဌမနေ့မှာ အုပ်စု(စီ)က ကျောက်စိမ်အတွဲပေါင်း (၇၅၀)ထဲက (၆၉၅)တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးခဲ့တာလို့ ဆိုပါတယ်။
ပြပွဲမှာ အုပ်စု (အေ)၊ (ဘီ)နဲ့(စီ)တို့က ကျောက်စိမ်းအတွဲပေါင်း (၅၀၈၅)တွဲကို နေ့ရက်အလိုက် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်တွေကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချပေးနေတာပါ။
ပြပွဲကာလအတွင်း ကျောက်စိမ်းရောင်းချမှုတွေအနေနဲ့ ပဥ္ဇမနေ့မှာ ကျောက်စိမ်းအတွဲပေါင်း(၇၅၄)တွဲ၊ ပြပွဲဆဋ္ဌမ နေ့မှာ ကျောက်စိမ်းအတွဲပေါင်း(၇၁၆)တွဲ၊ ပြပွဲသတ္တမနေ့မှာ ကျောက်စိမ်းအတွဲပေါင်း (၆၄၀)တွဲနဲ့ အဋ္ဌမနေ့မှာ ကျောက်စိမ်းအတွဲပေါင်း (၆၉၅)တွဲကို ရောင်းချပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျန်ရှိနေတဲ့ အုပ်စု(စီ)က ကျောက်စိမ်းအတွဲတွေကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမမှာ နိုဝင်ဘာ(၂၆)ရက်အထိ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်တွေကို ဆက်လက် ရောင်းချပေးသွားမှာဖြစ်တယ် လို့လည်း သိရပါတယ်။

image
16 ပတ် - ဘာသာပြန်ပါ။

နိုင်ငံခြားရေး ဒုတိယဝန်ကြီး နှင့် ရုရှားနိုင်ငံသံအမတ်ကြီးတို့ တွေ့ဆုံ

နိုင်ငံတကာမျက်နှာစာ၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ကိစ္စများ ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov တို့သည့် ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)နေ့က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် နိုင်ငံတကာစာမျက်နှာ၌ မြန်မာ-ရုရှား ပူးပေါင်းဆောင်ရွက်မည် ကိစ္စရပ်များ အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံရုံးမှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image
16 ပတ် - ဘာသာပြန်ပါ။

ဘင်္ဂလားဒေ့ရှ်အစိုးရက ဝန်ကြီးချုပ်ဟောင်း ဟာဆီနာအား လွှဲပြောင်းအပ်နှံရန် ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယကို တိုက်တွန်း

ဘင်္ဂလားဒေ့ရှ်အစိုးရက ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဆီနာကို လွှဲပြောင်းအပ်နှံရန် အိန္ဒိယကို နိုဝင်ဘာ ၂၃ ရက်က တိုက်တွန်းခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ဟာဆီနာသည် ကျောင်းသားများဦးဆောင်သည့် ဆူပူအုံကြွမှုကာလအတွင်း ပြင်းထန်စွာ အင်အားသုံးနှိမ်နင်းမှုနှင့်ပတ်သက်ပြီး ပြီးခဲ့သည့်သီတင်းပတ်အစောပိုင်းက သေဒဏ်ချမှတ်ခံခဲ့ရသည်။
အသက် ၇၈ နှစ်အရွယ် ဟာဆီနာသည် ၂၀၂၄ ခုနှစ် သြဂုတ်လက ရာထူးမှဖြုတ်ချခံခဲ့ရပြီးကတည်းက နိုင်ငံအတွင်းမှ ထွက်ပြေးသွားခဲ့ကာ အိန္ဒိယနိုင်ငံတွင် ပြည်ပြေးအဖြစ် နေထိုင်လျက်ရှိသည်။
ဟာဆီနာသည် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ချိန်က အိန္ဒိယနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သူဖြစ်ပြီး အိန္ဒိယအစိုးရ၏ ထောက်ခံမှုကို ရရှိခဲ့သူဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ယာယီအစိုးရအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အကြံပေးပုဂ္ဂိုလ် တူဟစ်ဟော့စိန်ကမူ “ရှိတ်ဟာဆီနာကို လွှဲပြောင်းအပ်နှံဖို့ ကျွန်တော်တို့ စာတစ်စောင်ပေးပို့ခဲ့ပါတယ်”ဟု နိုဝင်ဘာ ၂၁ ရက်က ပြောကြားခဲ့သည်။
ထိုစာထဲတွင် မည်သည့်အကြောင်းအရာများကို ရေးသားထားသည်ဆိုခြင်းကိုမူ ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိသော်လည်း ဘင်္ဂလားဒေ့ရှ်သတင်းစာ Prothom Alo ကမူ ယင်းသည် ဟာဆီနာ ထွက်ပြေးသွားခဲ့ပြီးနောက် ၎င်းအားလွှဲပြောင်းအပ်နှံရန် တတိယအကြိမ်မြောက် တရားဝင်တောင်း ဆိုမှုဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ဟာဆီနာကို လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုများဖြင့် တရားရုံးက နိုဝင်ဘာ ၁၇ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်တွင် ဟာဆီနာကို ပြန်လည်လွှဲပြောင်းအပ်နှံမှုအတွက် အိန္ဒိယအနေဖြင့် နှစ်နိုင်ငံကြားချုပ်ဆိုထားသည့် စာချုပ်အရ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားရှိကြောင်း ဖော်ပြထားသည်။

image
16 ပတ် - ဘာသာပြန်ပါ။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် ပြန်လည်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အခမ်းအနားကို နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားသို့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

image

ကိုရီးယားနိုင်ငံရှိ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မြန်မာလုပ်သားတစ်ဦး ဓာတ်လိုက်ခံရမှုကြောင့် ဆေးကုသမှုခံယူနေရ

မြန်မာလုပ်သားသည် ဆိုးလ်မြို့ရှိ POSCO ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် မတော်တဆဓာတ်လိုက်မှုကြောင့် ဆေးရုံသို့ အရေးပေါ်တက်ရောက်ကုသခဲ့ရခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်ထူထောင်ရေးဆေးရုံသို့ ရွှေ့ပြောင်းကာ ဆက်လက်ကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရသည်။
မြန်မာလုပ်သားဆေးကုမှုခံယူနေရသည့် Seoul Smart Convalescent Hospital (ပြန်လည်ထူထောင်ရေးဆေးရုံ) သို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး ဦးမျိုးမြင့်မောင်၊ အလုပ်သမားသံအရာရှိနှင့် သံရုံးဝန်ထမ်းများ သွားရောက်ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

image