ပီရူးတွင် ငလျင်နှစ်ကြိမ်လှုပ်၊ လူခြောက်ဦး ေ-သဆုံးပြီး ၂၁ ဦး ဒ-ဏ်ရာရ
ပီရူးနိုင်ငံ၏ တောင်ထူထပ်သောဒေသတစ်ခုတွင် ငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သဖြင့် လူခြောက်ဦးထက်မနည်း ေ-သဆုံးပြီး ၂၁ ဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း နိုင်ငံ၏ ပြည်သူ့ကာကွယ်ရေး အကြီးအကဲက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
လီမာမြို့၏ အရှေ့ဘက် ၁၈၆ မိုင်အကွာ ဂျူနင်ဒေသ ချူပါကာပြည်နယ်တွင် စနေနေ့ညပိုင်းက ပြင်းအား ၅ ဒဿမ ၁ နှင့် ၃ ဒဿမ ၇ ပမာဏရှိ ငလျင်များလှုပ်ခတ်ခဲ့ သည်ဟု ပီရူးနိုင်ငံ၏ နိုင်ငံတော်ငလျင်စင်တာက X ပေါ် ပို့စ်တင်ဖော်ပြခဲ့သည်။
ပထမငလျင်သည် အနက် ၁၅ မိုင်ခန့်နှင့် ဒုတိယငလျင်သည် အနက် ၁၁ ဒဿမ ၂ မိုင်ခန့်မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စင်တာက ပြောသည်။
ပထမငလျင်သည် ပြင်းအား ၅ ဒဿမ ၆ ရှိသည်ဟု ဥရောပ-မြေထဲပင်လယ်ငလျင်ဌာနက အစောပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ကနဦးသတင်းများအရ အိမ်ခြေ ၄၈ လုံးပျ-က်စီးခဲ့ကာ ၁၈ လုံး ထိခိုက်ခဲ့ကြောင်းနှင့် ငလျင်ဘေးဒ-ဏ်ခံခဲ့ရသော လူ ၃၀၀ ခန့်ကို ယာယီတဲများ ထောက်ပံ့ပေးထားကြောင်း ပီရူးနိုင်ငံ၏ နိုင်ငံတော် ပြည်သူ့ကာကွယ်ရေး အကြီးအကဲ လူဝီ ဗတ်စ် ကေးက ဒေသခံရေဒီယို အိက်ဇစ်တိုဇာကို ပြောကြားခဲ့သည်။
ချူပါကာဒေသရှိ ငလျင်ဘေးသင့်ခဲ့သော ရပ်ကွက်များရှိ အိမ်များသည် များသောအားဖြင့် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော အကြမ်းထည်အဆောက်အအုံများဖြစ်သည်။
တနင်္ဂနွေနေ့အစောပိုင်းတွင် ငလျင်ဒ-ဏ်သင့်နေရာများသို့ အရေးပေါ်အဖွဲ့များနှင့် မီးသတ်သမားများရောက်ရှိနေကာ အပျ-က်အစီးများကို ရှင်းလင်းနေကြောင်းနှင့် ထိခိုက်ဒ-ဏ်ရာရထားသူများ ပိတ်မိနေနိုင်သေးသည်ဟူသော စိုးရိမ်မှုများရှိနေကြောင်း ဗတ်စ်ကေးက ပြောကြားခဲ့သည်။
ပီရူးနိုင်ငံသည် ကမ္ဘာ့ငလျင်လှုပ်ရှားမှုများ၏ ၈၅ ရာခိုင်နှုန်းခန့်ရှိရာ ပစိဖိတ်မီးကွင်းဒေသတကျောတွင် တည်ရှိသည်။