ဆဌမတန်းကလပ်အတွက် ၃၁ မိနစ်အတွင်း ဟက်ထရစ်သွင်းယူလာတဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်းအင်ဒီကာရိုးလ်
====================

အင်ဒီကာရိုးလ်ဟာ ဆဌမတန်းကလပ်အတွက် ပထမဆုံးဟက်ထရစ်ဂိုးသွင်းယူကာ ငယ်မူငယ်သွေးပြသနေပါတယ်။
လီဗာပူး၊ ဝက်စ်ဟမ်းနှင့် နယူးကာဆယ်တိုက်စစ်မှူးဟောင်းဟာ ၃၁ မိနစ်အတွင်းတွင် ဟက်ထရစ်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၃၆ နှစ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်းဟာ ဆဌမတန်းကလပ် Dagenham & Redbridge နှင့်အတူ တောင်ပိုင်းနေးရှင်းလိဂ်မှာ ကစားနေပါတယ်။
သူဟာ AFC Totton နှင့်ပွဲတွင် ပွဲအစ ၆ မိနစ်မှာ ပထမဂိုးသွင်းပြီးနောက် ၁၈ မိနစ်မှာ ဒုတိယဂိုးသွင်းခဲ့ပါတယ်။ ယင်းနောက် သူဟာ ၃၁ မိနစ်မှာ ဟက်ထရစ်ဂိုးအား သွင်းခဲ့တာ ဖြစ်ပါတယ်။
ကာရိုးလ်ဟာ AFC Totton နှင့်ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ယခုရာသီ သွင်းဂိုး ၆ ဂိုးရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။
အင်ဒီကာရိုးလ်ဟာ အင်္ဂလန်အသင်းအတွက် ၉ ပွဲကစားခဲ့ကာ ၂ ဂိုးသွင်းပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

image

မက်ဆီရဲ့ တစ်ချက်လွှတ်အမိန့်ကြောင့် ဘာစီလိုနာသို့ ပြောင်းခွင့်ရခဲ့ကြောင်း ပရီးမီးယားလိဂ်စတားဟောင်းဖွင့်ဟလာ
=====================

ကီဗင်ပရင့်ဘိုတန်းက ဘာစီလိုနာသို့ ပြောင်းရွှေ့ခွင့် ရရှိခဲ့တဲ့ နောက်ကွယ်မှ အံ့ဩသင့်ဖွယ် အဓိကအကြောင်းရင်းကြီးအား ဖွင့်ဟ ပြောကြားလာပါတယ်။
စပါးစ်ကစားသမားဟောင်းဟာ ဂျို့စ်မန်ဆော်နှင့် ပြုလုပ်တဲ့ UNSCRIPTED အစီအစဉ်တွင် ဘာစီလိုနာသို့ ပြောင်းခွင့်ရခဲ့တဲ့ အကြောင်းရင်းကို ဖွင့်ဟလာတာလည်း ဖြစ်ပါတယ်။
ဘိုတန်းရဲ့ ပြောကြားမှုအရ ဘာစီလိုနာရဲ့ ပြောင်းရွှေ့ရေးတွင် လီယွန်နယ်မက်ဆီရဲ့ ဆုံးဖြတ်ချက်က အလွန်အရေးပါခဲ့ကြောင်း သိရပါတယ်။
ဂါနာလက်ရွေးစင်ကစားသမားဟောင်းဟာ ထိုစဉ်တုန်းက ဘာစီလိုနာအားကစားဒါရိုက်တာအဲရစ်အဘီဒယ်၊ ကလပ်ဥက္ကဌ၊ နည်းပြတို့နှင့် သဘောတူညီမှု ရရှိခဲ့ပြီး ၂၄ နာရီအတွင်း အပြောင်းအရွှေ့အပြီးပြတ်မယ်လို့ ယူဆခဲ့ရပေမယ့်လည်း ကလပ်တာဝန်ရှိသူများဟာ နောက်ဆုံး ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ကြရပါတယ်။
ထိုစဉ်တုန်းက ဘိုတန်းဟာ အပြောင်းအရွှေ့ပြီးပြတ်ရန် နောက်ဆုံးအချိန်ရောက်မှ ရပ်ဆိုင်းသွားရမှုအပေါ် ဘာစီလိုနာတာဝန်ရှိသူများက ရှင်းလင်းပြောကြားလာချိန်မှာ အံ့ဩသင့်ခဲ့ရပါတယ်။
ဘိုတန်းက "သူတို့က 'မဖြစ်သေးတယ်။ လီယို(မက်ဆီ)နဲ့ ပထမဆုံးစကားပြောရဦးမယ်'လို့ ပြောလာတယ်။ ကျုပ်က မနက်ဖြန်ဆို ဘာစီလိုနာအင်္ကျီဝတ်ရမယ်ဆိုပြီး ထင်ထားခဲ့တာ။ ဒါပေမယ့် လီယိုကသာ No လို့ ပြောလာရင် လက်မှတ်ထိုးခွင့်ရမှာ မဟုတ်ဘူး"လို့ ပြောကြားသွားပါတယ်။
ဘိုတန်းဟာ ဘာစီလိုနာသို့ အဆင်ပြေချောမွေ့စွာ ပြောင်းနိုင်ခဲ့ပြီး လာလီဂါဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

image

အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ပါဝင်ခွင့်မရမှုနှင့်အတူ ကမ္ဘာ့ဖလားကို ကိုးလ်ပါလ်မာ လွဲချော်လာနိုင်ဖွယ်ရှိနေ
=====================

ကိုးလ်ပါလ်မာဟာ အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ပါဝင်ခွင့် မရရှိမှုနှင့်အတူ ကမ္ဘာ့ဖလားလူစာရင်းတွင်လည်း ပါဝင်ခွင့်မရတာမျိုး ကြုံလာနိုင်ပါတယ်။
အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် ဖီးလ်ဖိုဒန်၊ ဂျူ့ဘယ်လင်ဂမ်၊ အီဘီရီချီအီးဇီးတို့ ပါဝင်ခွင့် ရလာပေမယ့်လည်း ချဲလ်ဆီးရဲ့‌ကျောနံပါတ် ၁၀ ကစားသမားမှာ အံ့ဩသင့်ဖွယ် ပါဝင်လာခြင်း မရှိပါဘူး။
ဒါ့အပြင် ကိုးလ်ပါလ်မာရဲ့ အင်္ဂလန်ကွင်းလယ်ဖန်တီးရှင်အတွက် နေရာအတွက် ပြိုင်ဘက်များဖြစ်ကြတဲ့ မော်ဂန်ရိုဂျာ၊ မော်ဂန်ဂစ်ဝှိုက်တို့လည်း မပါဝင်ခဲ့ပါဘူး။
စိတ်ဝင်စားစရာကောင်းတာကတော့ သောမတ်စ်တူချယ်ရဲ့‌နောက်ဆုံး အင်္ဂလန်လူစာရင်းတွင် ပါဝင်ခဲ့ခြင်း မရှိတဲ့ ဂျက်ဂရဲလ်လစ်ရှ် ပါဝင်လာတာပါ။
အင်္ဂလန်ရဲ့ ၂၀၂၆ ပြက္ခဒိန်တွင် စတားကစားသမား ၂၉ ဦးအထိ ပါဝင်လာတာဖြစ်ပြီး ပေါင် ၁၀.၉၉ ဖြင့် ရောင်းချနေပါတယ်။
ပါလ်မာဟာ ၂၀၂၅ ခုနှစ် အင်္ဂလန်ပြက္ခဒိန်တွင် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယခုရာသီတွင် ဒဏ်ရာကြောင့် ရုန်းကန်နေရပြီး ချဲလ်ဆီးအတွက် ၄ ပွဲတည်းသာ ကစားထားနိုင်ပါတယ်။
သူဟာ ခြေမရိုးအက်ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီဖြစ်လို့ ယနေ့ည အာဆင်နယ်နှင့်ပွဲစဉ်တွင် ပါဝင်လာပါမယ်။

image

ပဲလေ့စ်အသင်းခေါင်းဆောင်ဂူဟီကို ခေါ်ယူရန် အက်သလက်တီကို ကြိုးပမ်းလာ
===================

အက်သလက်တီကိုမက်ဒရစ်ဟာ မာ့ခ်ဂူဟီအား စပိန်သို့ ခေါ်ဆောင်နိုင်ရေး ဆက်သွယ်မှု ပြုလုပ်ကာ ကြိုးပမ်းလာပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းခေါင်းဆောင်ဟာ ယခုရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူ ဖြစ်ပြီး ဇန်နဝါရီလမှ စတင်ကာ နိုင်ငံခြားကလပ်များနှင့် လွတ်လပ်စွာ ဆွေးနွေးခွင့်ရှိသလို စာချုပ်ကြိုတင်ချုပ်ဆိုခွင့် ရှိနေပါတယ်။
လီဗာပူးဟာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင် ဂူဟီအား ခေါ်ယူရေးအတွက် ဆေးစစ်ဆေးမှုပင် ပြုလုပ်ခဲ့ပြီး ဖြစ်ပေမယ့် ပဲလေ့စ်ဘက်က အစားထိုးနိုင်မယ့်ကစားသမားရှာမရလို့ နောက်ဆုတ်သွားမှုနဲ့အတူ ခေါ်ယူရေး ဆုံးရှုံးခဲ့ရပါတယ်။
ယနေ့တွင် Marca ရဲ့ ဖော်ပြလာမှုအရ အက်သလက်တီကိုဟာ ဂူဟီကို ခေါ်ယူရေး အလွန်စိတ်ဝင်စားနေပြီး အေးဂျင့်များအား ဆက်သွယ်လာ‌ကြောင်း သိရပါတယ်။
ယင်းသို့ အနေအထားကြောင့် ဂူဟီအား ခေါ်ယူရေးအတွက် ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ လီဗာပူး၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူးအပြင် အက်သလက်တီကိုတို့ အပြိုင်ကြိုးပမ်းလာကြပြီလည်း ဖြစ်ပါတယ်။
ဒီယေဂိုဆီမြွန်နီဟာ ယခင်တုန်းက အင်္ဂလန်ကစားသမားများဖြစ်ကြတဲ့ ကီရန်ထရစ်ပီယာ၊ ကော်နာဂယ်လာဂါတို့အား အောင်မြင်စွာ ခေါ်ယူဖူးပါတယ်။
အက်သလက်တီကိုဟာ ချန်ပီယံလိဂ်ပုံမှန်ကစားခွင့်ရတဲ့အပြင် လာလီဂါဖလားအတွက်လည်း ယှဉ်ပြိုင်နေတဲ့အသင်းဖြစ်ရာ ဂူဟီအနေဖြင့် ယင်းသို့ ပြောင်းပါက ထိပ်တန်းအဆင့်တွင် ကစားနိုင်ပါမယ်။
အသက် ၂၅ နှစ်ရှိ ဂူဟီဟာ ကလပ်နှင့် အင်္ဂလန်အသင်းတို့တွင် အရေးပါသူအဖြစ် ကစားနေသူ ဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားတွင်လည်း အဓိကကစားသမားအဖြစ် ကစားလာမယ်လို့ ယုံကြည်ရပါတယ်။
သူဟာ ပဲလေ့စ်တို့ အက်ဖ်အေဖလားနှင့် ကွန်မြူနတီဒိုင်းတို့ ဆွတ်ခူးရာမှာ အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

image

ဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားအဖြစ်သာမက အအောင်မြင်ဆုံးကစားသမားအဖြစ်ပါ သမိုင်းဝင်စံချိန်ရေးထိုးလာတဲ့ လီယွန်နယ်မက်ဆီ
=====================

လီယွန်နယ်မက်ဆီဟာ နယူးယောက်စီးတီးအား အင်တာမီယာမီအနိုင်ရာကာ အရှေ့ပိုင်းကွန်ဖရင့်ချန်ပီယံဖြစ်လာပြီးနောက် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမားအဖြစ်သမိုင်းမှတ်တိုင်စိုက်ထူလာခဲ့ပါတယ်။
ဘာစီလိုနာဂန္ထဝင်ဟာ ကြီးကျယ်ခမ်းနားလွန်းလှတဲ့ ကစားသမားဘဝတစ်လျှောက် ဆုလားအားလုံး ဆွတ်ခူးနိုင်ခဲ့ကာ ဘောလုံးသမိုင်းတွင် အကြီးကျယ်ဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူလည်း ဖြစ်ပါတယ်။
အသက် ၃၈ နှစ်ရှိ မက်ဆီဟာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီသို့ ပြောင်းပြီးနောက် ထိပ်တန်းအဆင်တွင် ကစားခြင်းမရှိတော့ပေမယ့်လည်း အောင်မြင်မှုများ ဆက်လက် ရယူနေပါတယ်။
သူဟာ နယူးယောက်စီးတီး ၅-၁ ဂိုးဖြင့် အနိုင်ရပြီး အရှေ့ပိုင်းကွန်ဖရင့်ချန်ပီယံ ဖြစ်အောင်လည်း ထပ်မံ ကူညီလာပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဖလားချန်ပီယံဟာ မာတီယိုဆယ်ဗက်တီရဲ့ ၃-၀ ဂိုးဖြင့် ဖြစ်စေမယ့် ဂိုးအား ဖန်တီးပေးနိုင်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်ဂန္ထဝင်ဖီရင့်ပွတ်ရှ်ကပ်စ်အား ကျော်ဖြတ်ကာ ဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားလည်း ဖြစ်လာပါတယ်။
မက်ဆီဟာ ၁၁၆၈ ပွဲကစားထားရာမှာ ၄၀၅ ကြိမ် ဖန်တီးပြီး ဘောလုံးသမိုင်းတွင် ဖန်တီးမှုအများဆုံးကစားသမားဖြစ်လာတာလည်း ဖြစ်ပါတယ်။
သူဟာ ၇၀၈ ပွဲတွင် ၄၀၄ ကြိမ် ဖန်တီးထားတဲ ပွတ်ရှ်ကပ်စ်အား ကျော်ဖြတ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် မက်ဆီဟာ ကစားသမားဘဝ ၄၇ ကြိမ်မြောက် ဆုဖလားဖြင့် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမား ဖြစ်လာပါတယ်။
တဆက်တည်းတွင် မက်ဆီဟာ သောမတ်စ်မူလာရဲ့ ဗန်ကူးဗားဝှိုက်ကပ်အား အနိုင်ရရှိလာပါက MLS Cup ပါ ထပ်မံ ရယူလာနိုင်ပါဦးမယ်။
မက်ဆီဟာ ကစားသမားဘဝအတွင်းတွင် လာလီဂါဖလား ၁၀ ကြိမ်၊ စပိန်စူပါဖလား ၈ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၇ ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်အပါအဝင် ဆုဖလားပေါင်း ၄၇ လုံးဖြင့် ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးကစားသမား ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ တကိုယ်တော်ဆုအနေဖြင့် Ballon d'Or ဆုကိုလည်း ၈ ကြိမ် ဆွတ်ခူးထားပါသေးတယ်။

image

ပရီးမီးယားလိဂ်ပြိုင်ဘက်များထံမှ အိုင်ဒီယာခိုးယူကာ အလွတ်တည်ကန်ဘောမှ ဂိုးသွင်းခဲ့ခြင်းဖြစ်ကြောင်း အမိုရမ်ဖွင့်ဟလာ
=====================

ရူဘင်အမိုရမ်က ပဲလေ့စ်နှင့်ပွဲစဉ်တွင် သွင်းယူခဲ့တဲ့ အနိုင်ဂိုးမှာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများထံမှ စိတ်ကူးစိတ်သန်းကို ခိုးယူသွင်းယူခဲ့ခြင်းဖြစ်ကြောင်း ဟာသနှောပြောဆိုလာပါတယ်။
ယူနိုက်တက်ဟာ မနေ့ညတုန်းက ခရစ္စတယ်ပဲလေ့စ်အား ၂-၁ ဖြင့် အနိုင်ရရှိကာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အပြီး ဒုတိယမြောက် အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင် ဂျိုရှာဇတ်ဇီးနှင့် မေဆင်မောင့်တို့ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့ In Direct Freekick မှ တဆင့် ဂိုးသွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။
အမိုရမ်ရဲ့ လက်ထောက်နည်းပြကားလို့စ်ဖာနန်ဒက်ဇ်ဟာ ယူနိုက်တက်ကစားသမားများအား အလွတ်တည်ကန်ကန်ချိန်၊ ခုခံချိန်တို့တွင် အနီးကပ်ကြပ်မတ်လာခဲ့တာ ဖြစ်ပြီး နိုဝင်ဘာလတုန်းက စပါးစ်၊ နော်တင်ဟမ်ဖောရက်စ်တို့နှင့်ပွဲစဉ်တို့တွင်လည်း ထောင့်ကန်ဘောမှ ဂိုးများ ရရှိခဲ့ပါတယ်။
ယူနိုက်တက်ရဲ့အလွတ်တည်ကန်ဘောနှင့်ပတ်သက်ပြီး မေးမြန်းလာချိန်တွင် အမိုရမ်က "ကျွန်တော်တို့ အများကြီး လုပ်ခဲ့ကြတယ်။ လုပ်ဖို့ အချိန်လည်း ရတယ်၊ အများကြီးလုပ်ဖြစ်တယ်၊ ပြီးတော့ အင်္ဂလန်မှာ အများကြီးလည်း သင်ယူဖြစ်တယ်။ ပရီးမီးယားလိဂ်သို့ ရောက်လာရင် အခြားအသင်းတွေ လုပ်တာတွေ အများကြီး သင်ယူဖြစ်ပါမယ်။ ဂိုးတွေ သွင်းဖို့ စိတ်ကူးတွေ အများကြီး ခိုးသုံးနေတယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ဖေဖော်ဝါရီလမှ စတင်ကာ အိမ်ကွင်း ၁၂ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းရရှိလာခဲ့တာ ဖြစ်ပြီး ယူနိုက်တက်အား ရှုံးနိမ့်ကာ စံချိန်ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်မှာလည်း မေလတုန်းက ဘီလ်ဘာအိုအား ၄-၁ ဂိုးဖြင့် အနိုင်ရပြီးနောက် အရှုံးအနေအထားမှ အနိုင်ပြန်ရခဲ့တဲ့ ပထမဆုံးပွဲ ပိုင်ဆိုင်လာပါတယ်။
ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်အတွက် ကြားတွင် ၆ ရက်အနားရခဲ့ကာ အခွင့်သာခဲပါတယ်။ တဖက်တွင် ပဲလေ့စ်ကတော့ ကြာသပတေးနေ့ညတွင် စထရာဘော့နှင့် ယူရိုပါကွန်ဖရင့်လိဂ်ကစားရကာ ပွဲပန်းနေခဲ့ပါတယ်။
အမိုရမ်က "ပထမပိုင်းပြီးခါနီး ၁၀ မိနစ်မှာ ပြိုင်ဘက် ရုန်းကန်လာရတာ တွေ့ရတယ်။ ဒုတိယပိုင်းမှာ သူတို့ ရုန်းကန်ရမယ်လို့ ခန့်မှန်းခဲ့တယ်။ ဒီတော့ ကျွန်တော်တို့ ကစားပုံပြောင်းဖို့ လိုအပ်လာတယ်။ လုပ်ခဲ့တယ်။ အလုပ်လည်း ဖြစ်ခဲ့တယ်။ ဒီပွဲမှာ အနည်းငယ်အပြောင်းအလဲလုပ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ပြင်းထန်မှုနဲ့ အရည်အသွေးကတော့ ကျွန်တော်တို့ ချိတ်ဆက်ထားတဲ့အတိုင်းပါပဲ။ အထူးသဖြင့် ဂျို့စ်က ကျွန်တော်တို့ရဲ့ အချိတ်အဆက်ပါ။ အရမ်းကောင်းခဲ့တယ်။ ကစားပုံအများကြီး တိုးတက်လာတယ်။ ကိုယ့်ဘက်က ရမ်သမ် မြင့်လာတဲ့အခါ ပြိုင်ဘက်အနည်းငယ်ပွဲပန်းလာတယ်။ ဂိုးတစ်ဂိုးပေးထားရပေမယ့် ပွဲကို ထိန်းချုပ်ထားသလို ခံစားရစေတယ်"လို့ ပြောကြားသွားပါတယ်။
ဇတ်ဇီးဟာ ၃၆၄ ရက်အတွင်းတွင် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ဂိုး သွင်းလာခဲ့တာ ဖြစ်ပါတယ်။

image

မီးရှူးမီးပန်းအကြီးအကျယ်ဖောက်မှုကြောင့် အေဂျက်စ်ရဲ့ ပွဲစဉ်အား ဖျက်သိမ်းခဲ့ရ
==================

ပရိသတ်များက ပွဲကြည့်စင်တွင် မီးရှူးမီးပန်းအကြီးအကျယ်ပစ်ဖောက်မှုကြောင့် အေဂျက်စ်ရဲ့ ပွဲစဉ်အား ဖျက်သိမ်းခဲ့ရပါတယ်။
ဒတ်ချ်ထိပ်သီးကလပ်ဟာ တနင်္ဂနွေနေ့တုန်းက ဂျိုဟန်ခရိုက်ဖ်ကွင်းတွင် ဂရိုနင်ဂျန်အား ဒတ်ချ်အဆင့်မြင့်တန်းလိဂ်ပွဲစဉ်အဖြစ် ဧည့်ခံကစားခဲ့ရပါတယ်။
ဒါပေမယ့် ပွဲမှာ ၅ မိနစ်တည်းသာ ကြာမြင့်ခဲ့ပြီး ပရိသတ်များက ကစားသမားများအား မလုံခြုံအောင် လုပ်ဆောင်လာမှုနှင့်အတူ ပွဲကို ရပ်ဆိုင်းလိုက်ရပါတယ်။
ပွဲချိန် ၅ မိနစ်တွင် ဂရိုနင်ဂျန်အသင်း ဘောလုံးပိုင်ဆိုင်ထားချိန်မှာ အေဂျက်စ်ဂိုးတိုင်နောက်ဘက် ပွဲကြည့်စင်တွင် မီးရှူးမီးပန်း အကြီးအကျယ်ပေါက်မှု ဖြစ်ခဲ့ပါတယ်။
ကစားသမားများဟာ ပွဲကစားတာ ချက်ချင်းရပ်တည်ခဲ့ပြီး ဘေးကင်းရာသို့ ရှောင်ခဲ့ရပါတယ်။
ဒိုင်လူကြီးကလည်း ပွဲကို ချက်ချင်းရပ်ကာ ဥမင်လှိုဏ်ခေါင်းသို့ ဝင်စေခဲ့ပါတယ်။
မီးရှူးမီးပန်းဟာ ကွင်းအတွင်းတွင် ကစားသမားများ မရှိတော့အချိန် တစ်မိနစ်ကျော်အထိ ပေါက်ကွဲနေခဲ့ပါတယ်။
ပွဲရပ်ဆိုင်းလိုက်ချိန်အတွင်း ရုပ်သံက မီးရှူးမီးပန်းပေါက်ကွဲမှုကို ဆက်လက်ပြသနေခဲ့ပါတယ်။
ဒါပေမယ့် ဒိုင်လူကြီးဟာ ပွဲကို ရပ်ဆိုင်းရုံသာမက လုံးဝ ဆက်မကစားတော့ရန်လည်း ဆုံးဖြတ်လိုက်ပါတယ်။ ဒိုင်လူကြီးဟာ ကစားသမားများမှာ ပွဲကစားရန် လုံခြုံမှု မရှိမှုနဲ့အတူ ပွဲကို ဆက်ကစားရန် ဆုံးဖြတ်လိုက်တာလည်း ဖြစ်ပါတယ်။
အေဂျက်စ်ဟာ ပွဲကို ဖျက်သိမ်းလိုက်မှုအပေါ် အကြီးအကျယ် ဒေါသထွက်နေပြီး မီးရှူးမီးပန်းဖောက်ခွဲတဲ့ ပရိသတ်များကို အရေးယူသွားမယ်လို့ ကြုံးဝါးသွားပါတယ်။

image

ဆွီဒင်လိဂ် တန်းဆင်း/တန်းတက်ပွဲတွင် ပရိသတ်ပစ်လိုက်တဲ့ မီးရှူးကြောင့် ကွင်းအတွင်း မီးလောင်ဖြစ်ကာ ကစားသမားများနှင့် ဒိုင်လူကြီးတို့ ထွက်ပြေးခဲ့ရ
=====================

ဆွီဒင်မှဘောလုံးပွဲတစ်ပွဲတွင် ကွင်းအတွင်း မီးလောင်မှု ဖြစ်ပြီး ကစားသမားများ ဘေးလွတ်ရာကို ပြေးခဲ့ရကာ အုတ်အော်သောင်းနင်းဖြစ်ခဲ့ပါတယ်။
IFK Norrkoping ပရိသတ်များဟာ Orgryte IS နှင့် ကစားရတဲ့ Allsvenskan တန်းဆင်း/တန်းတက်ပွဲစဉ်တွင် ကွင်းကို မီးတင်ရှို့ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဒုတိယတန်းကလပ် Orgryte IS က ပထမအကျော့တုန်းက ၃-၀ ဂိုးဖြင့် အနိုင်ရထားခဲ့ပြီး ဒုတိယအကျော့ပွဲစဉ်အဖြစ် IFK Norrkoping ရဲ့ Nya Parken သို့ လာရောက်ကစားခဲ့ပါတယ်။
ယင်းပွဲစဉ်ရဲ့ ပထမပိုင်းတွင် ပရိသတ်များက အနှောက်အယှက်များစွာပေးမှုကြောင့် စိတ်မချမ်းသာစရာပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အိမ်ကွင်းပရိသတ်များသာမက အဝေးကွင်းပရိသတ်များကလည်း ကွင်းအတွင်းသို့ အရာဝတ္ထုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ကြပါတယ်။
ပွဲပြီးရင် မိနစ်အနည်းငယ်အလိုမှာတော့ အဆိုးရွားဆုံးလုပ်ရပ် လုပ်လာပါတော့တယ်။
ပွဲချိန် ၈၆ မိနစ်တွင် ပရိသတ်များဟာ ကွင်းအတွင်းသို့ မီးရှူးများဖြင့် ပစ်ပေါက်ခဲ့ပြီး ဒိုင်လူကြီးက ပွဲကို ချက်ချင်းရပ်ဆိုင်းခဲ့ပါတယ်။
သူဟာ ချက်ချင်းပင် ကစားသမားများကို ကွင်းအတွင်းမှာ ထွက်ခွာဖို့ အချက်ပေးခဲ့ပါတယ်။
ဒါပေမယ့် ချက်ချင်းဆိုသလို မီးရှူးမှ တဆင့် ကွင်းရဲ့ မြက်ခင်းတုအား မီးလောင်လာမှုနဲ့အတူ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။
ကွင်းအတွင်း မီးလောင်မှု ဖြစ်ခဲ့ပေမယ့်လည်း မီးငြိမ်းသတ်ပြီးနောက် ပွဲကို ဆက်ကစားခဲ့ပါတယ်။
ပွဲပြီးဆုံးအောင် ကစားရန်အတွက် လေးနာရီကျော်ကြာ အချိန်ပေးခဲ့ရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၁ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၄၀ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၈၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၈၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၆၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၄၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၂ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၄၀ ကျပ်
ဝယ်ဈေး - ၃၉၄၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၅ ကျပ်
ဝယ်ဈေး - ၃၀၄၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၇ ကျပ်
ဝယ်ဈေး - ၉၅၃ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၁ ကျပ်
ဝယ်ဈေး - ၅၅၇ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၈ ကျပ်
ဝယ်ဈေး - ၂၅.၃၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၂ ကျပ်
ဝယ်ဈေး - ၄၄.၀၉ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၅ ကျပ်
ဝယ်ဈေး - ၂.၆၈ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၄၃ ကျပ်
ဝယ်ဈေး - ၅၂၁၂ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၄၅ ကျပ်
ဝယ်ဈေး - ၂၅၈၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၉ ကျပ်
ဝယ်ဈေး - ၂၈၁၈ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၉ ကျပ်
ဝယ်ဈေး - ၅၀၆ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၀၀ ကျပ်
ဝယ်ဈေး - ၁၀၇၃ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

လီဗာပူးရှုံးပွဲတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် စာထုတ်ကာ ထုတ်ပြန်ချက် ပြုလုပ်လာတဲ့ လူးကပ်စ်ပါကွီတာ
====================

လူးကပ်စ်ပါကွီတာဟာ လီဗာပူးအား ရှုံးနိမ့်တဲ့ပွဲတွင် အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် စာထုတ်ပြီး ထုတ်ပြန်ကြေညာမှု ပြုလုပ်လာပါတယ်။
ဝက်စ်ဟမ်းစတားဟာ အဝါကတ်ပြသခြင်းခံရပြီးနောက် ဒိုင်လူကြီးအား စောဒကတက်ရာမှ နောက်ထပ် အဝါကတ်ပြသခြင်းခံရကာ နှစ်ဝါတစ်နီဖြင့် အထုတ်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။
ဝက်စ်ဟမ်းမှာလည်း ယင်းပွဲတွင် လီဗာပူးကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
ဒါပေမယ့် ပါကွီတာဟာ သူ့ရဲ့ အပြုအမူအား ရယ်စရာကောင်းတဲ့ အပြုအမူလို့ ပြောဆိုခဲ့တဲ့ ဘောလုံးဝေဖန်သူများအပြင် ဒိုင်လူကြီးကို ဝေဖန်လာပါတယ်။
ပါကွီတာက "အဖွဲ့ချုပ်ဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုမရှိဘဲ ၂ နှစ်ကြာ ဘဝနဲ့အလုပ်အကိုင်အပေါ် ထိခိုက်ခံလာရတာ ရယ်စရာပါ။ ဒီ 'ရယ်စရာကောင်းတဲ့အပြုအမူ'ဆိုတာ ကျွန်တော်ခံစားရတဲ့ အရာတွေရဲ့ ရောင်ပြန်ဟပ်မှုသာ ဖြစ်ပါလိမ့်မယ်။ ပြီးပြည့်စုံမှုမရှိခဲ့ရင် တောင်းပန်ပါတယ်"လို့ ဆိုသွားပါတယ်။
ပါကွီတာဟာ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အဝါကတ်တမင်ပြသခြင်းခံရအောင် ပြုလုပ်ပြီး လောင်းကစားမှုအောင်မြင်အောင် လုပ်ဆောင်မှုဖြင့် ကာလရှည်ကြာ စစ်ဆေးခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ သက်သေအထောက်အထားမခိုင်လုံမှုကြောင့် ရာသက်ပန်ပွဲကစားခွင့် ပိတ်ပင်ခြင်းခံရမယ့်အရေးမှ လွတ်မြောက်လာခဲ့သူလည်း ဖြစ်ပါတယ်။
တဖက်တွင် သူဟာ အက်ဖ်အေက စုံစမ်းစစ်ဆေးမှု ပြုလုပ်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် ပျက်ကွယ်မှုကြောင့် စွဲချက်တင်ခြင်းခံခဲ့ရပေမယ့်လည်း ဒဏ်ရိုက်ခံခဲ့ရခြင်းမရှိဘဲ တရားစရိတ်ရဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပေးခဲ့ရပါတယ်။

image