နေဝင်းရဲ့ည changed his profile cover
18 w

image
နေဝင်းရဲ့ည changed his profile picture
18 w

image
နေဝင်းရဲ့ည changed his profile picture
18 w

image
မင်းဒန်အောင် changed his profile picture
18 w

image

ဒေသခံတစ်ဦးအနေနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်မှာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုများစွာကို ကျွန်တော် ကောင်းစွာ သိရှိပါတယ်။ ကံကောင်းထောက်မစွာပဲ တရုတ်နဲ့ မြန်မာနိုင်ငံကြား နက်ရှိုင်းတဲ့ ချစ်ကြည်ရင်းနှီးမှုကြောင့် တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်း ပညာရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အထောက်အပံ့တွေ ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လက်တွေ့ကျတဲ့ အကူအညီဟာ ပညာရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး ကျောင်းသားတွေကို သင်ယူမှုအခွင့်အလမ်းတွေ ပိုမိုရရှိစေခဲ့ပါတယ်။ အိမ်နီးချင်းကောင်းပီသတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပညာရေး တဖြည်းဖြည်း တိုးတက်လာခြင်းအားဖြင့်သာ ပြည်သူတွေရဲ့ ဘဝရပ်တည်မှုကို အမှန်တကယ် တိုးတက်ကောင်းမွန်စေပြီး မြန်မာနိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာတဲ့ အုတ်မြစ်ချနိုင်မှာ ဖြစ်ပါတယ်။

image

ပုသိမ်စက်မှုဆိပ်ကမ်းမှ ထိုင်းနိုင်ငံ ရနောင်း ဆိပ်ကမ်းသို့ ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်

ဧရာဝတီတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထွက်ရှိသည့် အစေ့ထုတ်ပြောင်းများကို ပုသိမ်စက်မှုဆိပ်ကမ်းမှတဆင့် ထိုင်းနိုင်ငံ၊ ရနောင်ဆိပ်ကမ်းသို့ Strategy Win Trading ကုမ္ပဏီနှင့် AEG ကုမ္ပဏီတို့ ပူးပေါင်းပြီး ဇွန်လအတွင်း ပြောင်းဆံ တန်ချိန် (၁၈၀၀) တို-က်ရို-က်တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ ပုသိမ်စက်မှုဆိပ်ကမ်းမှနေ၍ ဆန်များတိုက်ရိုက် တင်ပို့မည့်အခြေအနေများ၊ ပြည်ပနိုင်ငံများသို့ ဘဏ္ဍာနှစ်အလိုက် ပြောင်းတင်ပို့မှုအခြေအနေများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် လာရောက်ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်မီးလုံလောက်စွာရရှိရေးနှင့် စီးပွားရေးပိုမိုတိုးတက်ကောင်းမွန်ရေး၊ ပုသိမ်စက်မှု ဆိပ်ကမ်းမှတဆင့် တိုင်းဒေသကြီး၏ ထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရေးအပြင် ပြည်ပမှကုန်များကိုလည်း တိုင်းဒေသကြီးအတွင်း ပြန်လည်တင်သွင်းနိုင်ရေး ရည်မှန်းချက်ထားရှိကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်က ပြောကြားခဲ့သည်။

image

မန္တလေးငလျင်နှင့် ကမ္ဘာ့စက်သုံးဆီဈေးမြင့်တက်မှုကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေဖြစ်ပေါ်
ဆောက်လုပ်ရေးသုံးပစ္စည်းနှင့် စက်သုံးဆီတင်သွင်းမှုမြင့်တက်ခဲ့ဟု စီးပွားကူးသန်းဝန်ကြီးပြော

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်၏ သက်ရောက်မှုနှင့် ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေဖြစ်ပေါ်ခဲ့ကြောင်း အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက ပြောကြားသည်။
အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ၏ (၁/၂၀၂၆) ကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရသစ်လက်ထက်တွင် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးငလျင်ကြီးကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို အများအပြားတင်သွင်းခဲ့ရသည့်အပြင် ကမ္ဘာတစ်ဝန်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် သွင်းကုန်တန်ဖိုးမြင့်တက်ခဲ့ပြီး ကုန်သွယ်မှုလိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုလိုငွေမဖြစ်ပေါ်စေရေးအတွက် နိုင်ငံတော်အနေဖြင့် သွင်းကုန်အစားထိုး ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ယင်းထုတ်ကုန်များကို အဓိကထုတ်လုပ်နေသည့် MSMEs လုပ်ငန်းများအား အထူးအလေးထား အားပေးမြှင့်တင်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ဦးစားပေးကဏ္ဍ ၁၄ ခုနှင့် အထောက်အကူပြုကဏ္ဍ ၅ ခု စုစုပေါင်း ကဏ္ဍ ၁၉ ခုကို ရွေးချယ်ထားပြီး ယင်းအစီအစဉ်အား ပြည်ထောင်စုအစိုးရအဖွဲ့၏ (၂/၂၀၂၆) ကြိမ်မြောက်အစည်းအဝေးမှ အတည်ပြုပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကဏ္ဍ ၁၉ ခုအတွက် လုပ်ငန်းစီမံချက်များ ရေးဆွဲအတည်ပြုပြီးပါက နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် ဟန်ချက်ညီစွာ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
အစည်းအဝေးတွင် အစိုးရ-ပုဂ္ဂလိက ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြပြီး ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးကို ရှေ့ရှု၍ လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

image

ရတနာပုံဆိုက်ဘာစီးတီးအတွင်း ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းမဆောင်ရွက်ရန် ဒုတိယဝန်ကြီး ဦးမျိုးမြင့် သတိပေး

ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းဧရိယာအတွင်း စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းမပြုရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က မှာကြားခဲ့ကြောင်း သိရသည်။
ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ကြီးကြပ်ထိန်းသိမ်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌဖြစ်သူ ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မေ ၂၂ ရက် နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မန္တလေး-လားရှိုးလမ်းမကြီးမှ ဗဟိုမီးသတ်သင်တန်းကျောင်းအဝင် လမ်းသစ်ဖောက်လုပ်နေမှုကို စစ်ဆေးခဲ့ပြီး လမ်းနှင့်တံတားလုပ်ငန်းများကို မိုးရာသီမတိုင်မီ အပြီးသတ်ဆောင်ရွက်ရန်နှင့် လမ်းဘေးဝဲယာတွင် အရိပ်ရလေကာပင်များ စနစ်တကျစိုက်ပျိုးထားရှိရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်းလုပ်ငန်းခွင် အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီးက စီမံကိန်းဧရိယာအတွင်း လုပ်ငန်းများဆောင်ရွက်ရာ၌ စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ မူဝါဒ၊ လုပ်ငန်းစဉ်များနှင့် ကိုက်ညီစေရန် ညွှန်ကြားချက်များအတိုင်း အလေးထားလိုက်နာဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် စီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် အဖွဲ့အစည်းများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရတနာပုံဆိုက်ဘာစီးတီးစီမံကိန်း ပြင်ဆင်ထိန်းသိမ်းရေးအဖွဲ့မှ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပြီး လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့သစ်ကို ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် Oriental Highway Co., Ltd က ဆောင်ရွက်နေသည့် အနီးစခန်းလေဆိပ်အနီး မန္တလေး-လားရှိုး-မူဆယ်လမ်းပိုင်း၌ ၄၈ ပေအကျယ် နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်းကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အပြီးသတ်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

image

ကော့ကရိတ်မြို့မှ မီးလောင်ပျက်စီး၍ အသစ်ပြန်ဆောက်မည့်နေအိမ်(၈၄)လုံးကို မေ ၂၅ ရက်တွင် သွပ် (၄၀)ချပ်နှင့် ဘိလပ်မြေ(၂၀)အိတ်ထောက်ပံ့မည်

စစ်ရေးပဋိပက္ခများကြောင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ နေအိမ်များမီးလောင်ပျက်စီးခဲ့သဖြင့် ပြန် လည်တည်ငြိမ်လာချိန်၌ မြို့အားပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့အစီအစဥ်ဖြင့် ရက်(၁၀၀)စီမံကိန်းချမှတ်ကာ အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိသည်။
ကော့ကရိတ်မြို့၊ အမှတ်(၅)ရပ်ကွက်၊ အမှတ်(၆)ရပ် ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့မှ မီးလောင်ပျက်စီးနေ အိမ်များအနက် အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆)ရပ် ကွက်တို့မှနေအိမ်များကို မြေပြင်ဖျက်သိမ်းရှင်းလင်းမှုများအား ဦးစားပေးအစီအစဥ်အဖြစ်ပြုလုပ်ခဲ့သည်။
ထို့နောက် အမှတ်(၇)ရပ်ကွက်မှ မီးလောင်ပျက်စီးနေ အိမ်များကိုပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဖျက်သိမ်းရှင်းလင်းမှုများပြုလုပ်ရန် ကော့ကရိတ်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်နီနီအောင်နှင့် တာဝန်ရှိသူများက နေအိမ်ပိုင်ရှင်များနှင့်တွေ့ဆုံခဲ့ကြသည်။
ထို့ကြောင့် နေအိမ်အသစ်ပြန်ဆောက်မည့်သူ(၄၉)အိမ်၊ ပြန်လည်ပြင်ဆင်နေထိုင်မည့်နေအိမ်(၃၅)အိမ်(စုစု ပေါင်း ၈၄ အိမ်)ရှိခဲ့သဖြင့် ယင်း နေအိမ်များအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ကကူညီပေးသော တစ်အိမ်လျှင် သွပ်(၄၀)ချပ်၊ ဘိလပ်မြေ(၂၀)အိတ်တို့ကို မေ ၂၅ ရက်တွင်ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
ထို့ပြင် ကျန်ရှိသည့် မီးလောင်ပျက်စီးနေအိမ်များကိုလည်း ပြည်နယ်အစိုးရအဖွဲ့က သွပ်နှင့် ဘိလပ်မြေများကိုထောက်ပံ့ပေးသွားမည်ဖြစ်ကာ လုံလောက်မှုမရှိပါက အစိုးရစျေးနှုန်းဖြင့်ဝယ်ယူနိုင်ရန်ကူညီပေးသွားမည်ဖြစ်သည်။

image