image
Mahadev Book ဓါတ်ပုံအသစ်များကို ထည့်ပေးခဲ့သည်။ Mahadev Book Login Guide for Fast Betting Access
19 ပတ်

image

သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဝနတ်ထံ ပျံလွန်တော်မူ

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ ပုဏ္ဏမာရာမ စျေးကျောင်းတိုက် ဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက သက်တော်ရှည် ညောင်တုန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဩသဓာဘိဝံသဟာ ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ မနက် ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်က ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပြီ ဖြစ်တယ်လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတွေဆီက သိရပါတယ်။
ဆရာတော်ကြီးဟာ ဆဋ္ဌသံဂါယနာတင်ပွဲမှာ ပါဝင်ဆောင်ရွက်ခဲ့တဲ့အပြင် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ခုနှစ်၊ မတ်လအထိ နိုင်ငံတော် သံဃမဟာနာယအဖွဲ့ အကျိုးတော်ဆောင်ချုပ် ဖြစ်တော်မူခဲ့တယ်လို့ သိရပြီး ပျံလွန်တော်မူချိန်မှာ သက်တော် (၁ဝ၄) နှစ်၊ ဝါတော် (၈၄) ဝါ ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
“ဆရာတော်ကြီးက မွေးရပ်ဇာတိ ဆန်နီချောင် သံအိုးကင်းရွာကို အလည်သဘော ရောက်နေတဲ့အချိန်မှာ ကျန်မားရေး ဖောက်လာတာပါ။ ရွာသူ၊ ရွာသား တပည့် ဒါယိကာ၊ ဒါယိကာမတွေ ဖူး​မျှော်ကန်တော့ဖို့အတွက် ပူဇော်ပွဲ ကျင်းပမယ့် မနက်စောစောအချိန်မှာ ကျန်းမာရေးကိစ္စ ဖြစ်လာလို့ ညောင်တုန်းမြို့ကို ပြန်ကြွတဲ့အချိန်မှာ ပျံလွန်တော်မူခဲ့တာ” လို့ ဆရာတော်ကြီးရဲ့ တပည့်သာဝကတပါးက မိန့်ကြားပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ အန္တိမစျာပန ကျင်းပနိုင်ဖို့အတွက် လက်ရှိမှာ သက်ဆိုင်ရာ တာဝန်ရှိလူကြီးတွေ ဆွေးနွေးနေဆဲဖြစ်ပြီး ဈာပန အခမ်းအနား ကျင်းပပြုလုပ်မယ့်ရက်ကို ထပ်မံ ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော် ဘဒ္ဒန္တ သြသဓာဘိဝံသ ကို ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာမှာ ခမည်းတော် ဦးဘိုးချိန်၊ မယ်တော် ဒေါ်မယ်သင်တို့က မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ်၊ ကဆုန်လဆန်း ၅ ရက် (တနင်္ဂနွေနေ့)၊ မနက် ၉ နာရီအချိန်မှာ ဖွားမြင်တော်မူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော်လောင်းလျာဟာ ၁၂၉၁ ခုနှစ်၊ ၁၂၉၅ ခုနှစ်နဲ့ ၁၃၀၀ ပြည့်နှစ် နတ်တော်လတို့မှာ ဇေယျသိင်္ဂီကျောင်း ဆရာတော် ဦးအဂ္ဂဝံသ ကို ဥပဇ္ဈာယ်ပြုကာ ရှင်သာမဏေ အဖြစ်ကို သုံးကြိမ် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
၁၃၀၃ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက်မှာတော့ မြန်အောင်မြို့နယ်၊ ဆန်နီချောင်ကျေးရွာ၊ ဇေယျသင်္ဂီကျောင်းတိုက် ပဓာန နာယက ဆရာတော် ဦးအဂ္ဂဝံသကို ဥပဇ္ဈာယ်ပြုပြီး အဘိုး ဦးဘိုးလှိုင်၊ အဘွား ဒေါ်ခင်၊ အဒေါ် ဒေါ်သဲလှိုင် တို့ရဲ့ ပစ္စယာနုဂ္ဂဟကို ခံယူကာ မြင့်မြတ်တဲ့ ရဟန်းအဖြစ်ကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ဟာ ဆန်နီချောင်ကျေးရွာ ဇေယျသင်္ဂီကျောင်းတိုက်၊ ကျုံပျော်မြို့ ဝေဠုဝန်ကျောင်းတိုက်၊ ညောင်တုန်းမြို့ ပုပ္ပားကျောင်းတိုက်၊ ပါဠိတက္ကသိုလ် ထုံးဘိုကျောင်းတိုက်၊ သပြုကျေးရွာ ကျောင်းကြီးကျောင်း၊ မန္တလေးမြို့ ထီလင်းတိုက် ဇောတိကာရုံအုဌ်ကျောင်း၊ ဝေယံဘုံသာတိုက်၊ ဘုရားကြီးတိုက်၊ ညောင်တုန်းမြို့ စျေးကျောင်းတိုက်တို့မှာ ပရိယတ္တိစာပေတွေကို သင်ယူခဲ့တယ်လို့ သိရပါတယ်။
၁၃၀၄ ခုနှစ်၊ ၁၃၀၅ ခုနှစ်တွေအတွင်း ဂျပန်ခေတ် ဝိနည်း စာမေးပွဲမှာ အလတ်တန်းနဲ့ အကြီးတန်း၊ ၁၃၁၆ ခုနှစ်မှာ နိုင်ငံတော် အစိုးရ ပါဠိတက္ကသိုလ် ဓမ္မာစရိယ စာချတန်း စာမေးပွဲ ကျမ်းရင်း သုံးကျမ်းနဲ့ ဂုဏ်ထူး ငါးကျမ်း အောင်မြင်ခဲ့တာကြောင့် သာသနာဓဇ သိရီပဝရ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့တယ်လို့ သိရပါတယ်။
ဒါအပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ညောင်တုန်းမြို့၊ သုဓမ္မာပရိယတ္တိ ပထမပြန်စာမေးပွဲမှာ ဓမ္မာစရိယတန်းကိုလည်း အောင်မြင်ခဲ့တဲ့အတွက် သုဓမ္မာပရိယတ္တိ ဓမ္မာစရိယ အဘိဝံသ ဘွဲ့တံဆိပ်တော်ကို အလှူခံ ရရှိတော်မူခဲ့တဲ့အပြင် သုဓမ္မာပရိယတ္တိ ဂုဏဝိသိဋ္ဌဓရ၊ ပရိယတ္တိသာသနဟိတဓရ ဂုဏဝိသိဋ္ဌ ဘွဲ့တွေကိုလည်း ရရှိတော်မူခဲ့တယ်လို့ သိရပါတယ်။
သာသနာရေး ဆောင်ရွက်ချက်တွေကတော့ ဆဋ္ဌသင်္ဂါယနာတင်ပွဲမှာ ဆဋ္ဌသင်္ဂီတိကာရက၊ ဆဋ္ဌသင်္ဂီတိဘာဏက၊ ညောင်တုန်းမြို့နယ်လုံးဆိုင်ရာ သုဓမ္မာအဖွဲ့ချုပ်ကြီးရဲ့ အကျိုးတော်ဆောင်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သုဓမ္မာပရိယတ္တိ စာပြန်ပွဲကြီးရဲ့ မဟာနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်နဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်တာဝန်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်နဲ့ မန္တလေး) တို့ရဲ့ သြဝါဒါစရိယအဖွဲ့ အကျိုးတော်ဆောင်နဲ့ ဒုတိယ အဓိပတိ တာဝန်တွေကို ထမ်းဆောင်တော်မူခဲ့တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ယုံကြည် လေးစားသောအားဖြင့် ၁၃၅၂ ခုနှစ်မှာ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ ၁၃၆၅ ခုနှစ်မှာ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ကို လည်းကောင်း၊ ၁၃၆၈ ခုနှစ်မှာ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ကို လည်းကောင်း နိုင်ငံတော်အစိုးရက ဆက်ကပ် လှူဒါန်း ပူဇော်ခဲ့တယ်လို့ သိရပါတယ်။

image

image
Mahadev Book ဓါတ်ပုံအသစ်များကို ထည့်ပေးခဲ့သည်။ Mahadev Book ID Registration: What New Users Should
19 ပတ်

image
19 ပတ် - ဘာသာပြန်ပါ။

ခင်ပွန်းသည် မက်ဆီထံမှ ပေးလာတဲ့ ချစ်သူများနေ့လက်ဆောင်ကြီးကို ထုတ်ကြွားလာတဲ့ အန်တိုနီလာရိုကူဇို
====================

အန်တိုနီလာရိုကူဇိုဟာ ချစ်သူများနေ့တွင် ခင်ပွန်းသည် လီယွန်နယ်မက်ဆီက ပေးလာတဲ့ လက်ဆောင်ကြီးအား ပရိသတ်များသိအောင် ထုတ်ကြွားလာပါတယ်။
ဒဏ်ရာကြောင့် အနားယူနေရတဲ့ အာဂျင်တီးနားစူပါစတားဟာ ချစ်သူများနေ့တွင် ဇနီးသည်ရိုကူဇိုအား ချောကလက်ဆောင်ပေးခဲ့သလို ညနေစာလည်း ကျွေးခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီဟာ ဇနီးသည်ရိုကူဇိုအား ဧရာမကြီးမားတဲ့ ဝက်ဝံရုပ်ကြီးကိုလည်း လက်ဆောင်ပေးခဲ့ပါသေးတယ်။
မက်ဆီနှင့် ရိုကူဇိုတို့က ငယ်ချစ်များဖြစ်ကြပြီး ၂၀၁၇ ခုနှစ် ဇွန်လတုန်းက မွေးရပ်မြေရိုဆာရီယိုတွင် လက်ထပ်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။
သူမဟာ စူပါစတားတစ်ဦးရဲ့ ဇနီးသည် ဖြစ်ပေမယ့်လည်း မော်ဒယ်အဖြစ်လည်း အလုပ်လုပ်ကာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေသူ ဖြစ်ပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

အလုပ်လုပ်ခွင့် ပါမစ်ရရှိအောင် စောင့်ဆိုင်းနေစဉ်အတွင်း ဖီယင်နုနှင့်အတူ စတာလင်း လေ့ကျင့်ခန်းဆင်းနိုင်အောင် ဥပဒေကို လက်တလုံးခြား လုပ်ဆောင်လာတဲ့ ဗန်ပါစီ
=====================

ဖီယင်နုနည်းပြရော်ဘင်ဗန်ပါစီဟာ ရာဟမ်းစတာလင်း ကစားဖော်သစ်များနှင့် လေ့ကျင့်ခန်းအတူဆင်းနိုင်အောင်ရေးအတွက် ဘယ်လ်ဂျီယံတွင် အရေးပေါ်လေ့ကျင့်ခန်းဆင်းမှု ပြုလုပ်ရန် စီစဉ်လာပါတယ်။
ချဲလ်ဆီးတွင် တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိခဲ့တဲ့ စတာလင်းဟာ ဖီယင်နုသို့ ရာသီအကုန်အထိ စာချုပ်ဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ အလုပ်လုပ်ခွင့် ပါမစ် စောင့်ဆိုင်းနေစဉ်အတွင်း ကလပ်သစ်တွင် ကစားဖော်သစ်များနှင့်အတူ လေ့ကျင့်ခန်းဆင်းနိုင်ခြင်း မရှိပါဘူး။
ဒါကြောင့်လည်း ဖီယင်နုနည်းပြဗန်ပါစီဟာ ရာဟမ်းစတာလင်း လေ့ကျင့်ခန်းဆင်းနိုင်စေရေးအတွက် ဘယ်လ်ဂျီယံတွင် လေ့ကျင့်ခန်းဆင်းရေး အရေးပေါ် စီစဉ်လာကာ ဥပဒေကို လက်တစ်လုံးခြားရှောင်ရှား လုပ်ဆောင်လာပါတယ်။
ဗန်ပါစီက "နိုင်ငံခြားမှာ ခွင့်ပြုတယ်။ သူ့အတွက် ကျွန်တော်တို့ လုပ်ဆောင်လာတာပါ။ ပြီးတော့ ကျွန်တော့်ကိုယ်တိုင်ကလည်း အသင်းကို ပိုကောင်းလာစေချင်တယ်။ ကျွန်တော်တို့ စကားကောင်းကောင်းပြောတာတွေ၊ အတူတူ ပျော်လို့ရတာတွေ လုပ်လာနိုင်ပါမယ်။ မနက်ဖြန် (အင်္ဂါနေ့)မှာ လေ့ကျင့်ခန်းဆင်းပါမယ်။ သူ ပွဲကစားနိုင်တဲ့ ကြံ့ခိုင်မှုရရေး တစ်ပတ်ချင်း စောင့်ကြည့်သွားမယ်။ အချိန်တချို့တော့ ယူရမယ်။ သူက ခြောက်လလောက် ပွဲမကစားရတော့ ဒါက လုပ်သင့်တဲ့အရာလို့ မြင်တယ်"လို့ ပြောကြားသွားပါတယ်။
စတာလင်းဟာ နည်းပြဟောင်းအန်ဇိုမာရက်စ်ကာရဲ့ စီမံကိန်းတွင် မပါဝင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် မေလကတည်းက ချဲလ်ဆီးအတွက် ပွဲမကစားခဲ့ရတာ ဖြစ်ပြီး နည်းပြသစ်လီယမ်ရိုဆင်နီယာလက်အောက်တွင်လည်း ကစားခွင့်မရခဲ့ပါဘူး။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်သို့ အငှားဖြင့် သွားကစားခဲ့ရကာ ၂၀၂၅ ခုနှစ် မေလကတည်းက ပွဲမကစားလာခဲ့ရသလို ယခုရာသီတွင် တစ်မိနစ်မျှ မကစားရသေးပါဘူး။
အင်္ဂလန်အတွက် ၈၂ ပွဲကစားထားတဲ့ စတာလင်းဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် ဥရောပတလွှားကလပ် ၁၈ ခုရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမယ့် ဗန်ပါစီနှင့် ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ဖီယင်နုသို့ ပြောင်းခဲ့တာပါ။

image
19 ပတ် - ဘာသာပြန်ပါ။

နည်းပြရောဘတ်တိုဒီဇာဘီနုတ်ထွက်ပြီး ရက်အနည်းငယ်အကြာတွင် ဘောလုံးဒါရိုက်တာ ထပ်မံနုတ်ထွက်လာမှုနှင့်အတူ ပြဿနာပိုကြီးလာတဲ့ မာဆေး
===================

မာဆေးဟာ မက်ဒီဘာနာဒီယာက ဘောလုံးဒါရိုက်တာရာထူးမှ နုတ်ထွက်ကြောင်း ကြေညာလာမှုနှင့်အတူ အသင်းအတွင်း ပြဿနာပိုမိုကြီးထွားစွာ ကြုံတွေ့လာရပြီ ဖြစ်ပါတယ်။
ဘာနာဒီယာဟာ ခက်ခဲကြမ်းတမ်းတဲ့ ကာလကြုံတွေ့နေရစဉ်အတွင်း နည်းပြရာထူးမှ ရောဘတ်တိုဒီဇာဘီ နုတ်ထွက်သွားပြီး ငါးရက်ကြာတွင် နုတ်ထွက်လာတာလည်း ဖြစ်ပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ချန်ပီယံလိဂ်လိဂ်အဆင့်မှ ထွက်ခွာခဲ့ရပြီး ပီအက်စ်ဂျီအား ၅-၀ ဂိုးဖြင့် လီဂူး ၁ တွင် ထပ်မံ ရှုံးနိမ့်ပြီးနောက် မာဆေးနည်းပြရာထူးမှ နုတ်ထွက်လာခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဇာဘီ အလွန်တွင် ကစားတဲ့ ပထမဆုံးပွဲတွင် မာဆေးဟာ စနေနေ့တုန်းက စထရာဘော့နှင့်ပွဲတွင် ၉၇ မိနစ်တွင် ပေးရတဲ့ ချေပဂိုးကြောင့် ၂ ဂိုးစီသရေကျခဲ့ပြန်ပါတယ်။
ယခု ယင်းပွဲအပြီးတွင် ဘာနာတီယာကလည်း အသင်းတွင်း ပြဿနာများ ကြုံတွေ့နေရမှုနှင့်အတူ ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ကြေညာလာပါတယ်။
ဘာနာတီယာက "ပရော်ဖက်ရှင်နယ်အဆင့်မှာ အကောင်းဆုံးလုပ်ဆောင်ပြီးပြီလို့ ခံစားချက်နဲ့အတူ ထွက်ခွာလိုက်တာပါ။ ကလပ်ရဲ့ ပတ်ဝန်းကျင်ကို ငြိမ်သက်အောင် မလုပ်နိုင်ခဲ့လို့တော့ နောင်တရပါတယ်။ နောက်ပိုင်း နောက်ပြန်ဆုတ်မှုနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အားကစားအခြေအနေတွေနဲ့ ကြုံခဲ့ရပေမယ့် ဒီစီမံကိန်းက ရှေ့ဆက်နေမှာပါ။ ဒါပေမယ့် လက်ရှိ အခြေအနေကို လျစ်လျူရှုလို့ မရပါဘူး။ မကျေနပ်မှု တိုးပွားနေတယ်လို့ ခံစားရတယ်။ ‌ကွဲလွဲမှုတွေအတွက် အရမ်းလည်း နောင်တရမိတယ်။ မာဆေးမှာက ရလဒ်ကသာ အဓိက အဖြေဖြစ်ပါတယ်"လို့ ကြေညာသွားပါတယ်။
မာဆေးဟာ ယာယီနည်းပြအဖြစ် ဂျက်ကေးအဘာဒိုနာဒိုအား ခန့်အပ်ထားပြီး လီဂူး ၁ အဆင့် ၄ နေရာတွင် ရပ်တည်နေပါတယ်။
စထရာဘော့နှင့် ၂ ဂိုးစီသရေကျတဲ့ပွဲစဉ်ရဲ့ အဖွင့်ပွဲချိန် ၁၅ မိနစ်တွင် မာဆေးပရိသတ်တို့ ဆန္ဒပြခဲ့ကြသလို ပွဲချိန်အတွင်းတွင်လည်း ဝီစီမှုတ်ခဲ့ကြပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

လက်ခံနိုင်စရာမရှိတဲ့ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် သပိတ်မှောက်ဆန္ဒပြလာတဲ့ ဂျူဗင်တပ်
====================

ဂျူဗင်တပ်ဟာ စနေနေ့တုန်းက အင်တာမီလန်နှင့် ရင်ဆိုင်ကစားရတဲ့ စီးရီးအေပွဲစဉ်မှ ဒိုင်လူကြီးရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်အား ဆန္ဒပြတဲ့အနေဖြင့် ကလပ်ရဲ့ မီဒီယာဆိုင်ရာအလုပ်များကို မလုပ်ဘဲ သပိတ်မှောက်ဆန္ဒပြလာပါတယ်။
အင်တာမီလန်ဟာ စနေနေ့ညတုန်းက မဟာပြိုင်ဘက်ဂျူဗင်တပ်နှင့်ပွဲစဉ်တွင် တစ်ယောက်အသာဖြင့် ကစားကာ ပီယော့ဇီလင်းစကီးရဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုဂိုးဖြင့် ၃-၂ ဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ပထမပိုင်းတွင် ပီယာရီကာလူလူမှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ဖြင့် နှစ်ဝါတစ်နီဖြင့် အထုတ်ခံရကာ တစ်ယောက်အလျော့ဖြင့် ကစားခဲ့ရပါတယ်။
ကာလူလူဟာ ပြိုင်ဘက်ကစားသမားကို လက်ဖြင့် ထိရုံမျှသာ ထိခဲ့တာဖြစ်ပြီး ဟန်ချက်လဲချမှုခံခဲ့ရပေမယ့်လည်း ဒိုင်လူကြီးဖီဒီရီကိုလာပန်နာက နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့ပါတယ်။
ဂျူဗင်တပ်ဟာ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ကွင်းတွင်း ကွင်းပြင် ဆန့်ကျင်မှု ပြုလုပ်ခဲ့ပါတယ်။
ပထမပိုင်းအပြီးတွင် ဂျူဗင်တပ်နည်းပြလူစီယာနိုစပယ်လက်တီ၊ ဒါရိုက်တာဒါမီယန်ကိုမိုလ်လီ၊ ဂျော့ဂျီယိုချီရယ်လီနီတို့ဟာ ဒိုင်လူကြီးလာပန်နာအား ဒေါသတကြီး ပြောဆိုမှု ပြုလုပ်ခဲ့ကြပါတယ်။
ယင်း ၃ ဦးတို့ဟာ ဆန်စီရိုအဝတ်အစားလဲခန်းသို့ သွားနေစဉ် လာပန်နာအား အော်ဟစ်ပြောဆိုခဲ့ကြပါတယ်။ တကြိမ်တွင် စပယ်လက်တီဟာ ကိုမိုလ်လီအား တွန်းထိုးမှု ပြုလုပ်ခဲ့တာ တွေ့ရပြီး ဂိုးသမားမာသီယာပီရန်က ဝင်ရောက် ဆွဲခဲ့ရတာ တွေ့ရပါတယ်။
ပွဲအပြီးတွင် စပယ်လက်တီဟာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်း မပြုခဲ့ပါဘူး။
သတင်းစာရှင်းလင်းပွဲသို့ ချီရယ်လီနီနှင့် ကိုမိုလ်လီတို့ တက်ရောက်လာခဲ့ကြပြီးနောက် ကာလူလူအား ထုတ်ပယ်မှုတွက် VAR က ကြားဝင် ပါဝင်ခဲ့ခြင်း မရှိမှု၊ အီတလီဘောလုံးလောကတွင် ဒိုင်လူကြီးများရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်များ ထပ်ခါထပ်ခါ ကြုံရမှုတို့အတွက် ဝေဖန်ပြောဆိုမှုများ ပြုလုပ်ခဲ့ပါတယ်။

image
19 ပတ် - ဘာသာပြန်ပါ။

ဆိုစီဒက်နဲ့ပွဲမှာ အမ်ဘာပေကို အသုံးမပြုခဲ့ပေမဲ့ ဘင်ဖီကာနဲ့ပွဲအတွက် အသင့်ဖြစ်နေပြီလို့ အာဘီလိုအာ ပြောကြား

ရီးယဲလ်မက်ဒရစ်အသင်းရဲ့နည်းပြ အာဘီလိုအာက ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို ဆိုစီဒက်နဲ့ပွဲမှာ အသုံးမပြုခဲ့ပေမဲ့ ဘင်ဖီကာနဲ့ ချန်ပီယံလိဂ်ပွဲအတွက် အသင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။
အမ်ဘာပေဟာ ဆိုစီဒက်နဲ့ပွဲမှာ အရန်ခုံသာ ထိုင်ခဲ့ရပြီး ဝင်ရောက်မကစားခဲ့ရတာကြောင့် မနက်ဖြန် ယှဉ်ပြိုင်ရမယ့် ဘင်ဖီကာနဲ့ပွဲမှာ ပါဝင်ကစားနိုင်ပါ့မလားလို့ မေးခွန်းထုတ်မှုတွေ ရှိလာတဲ့အတွက် အာဘီလိုအာက အသင့်ဖြစ်နေကြောင်း ပြောကြားခဲ့တာပါ။
''အမ်ဘာပေရဲ့ လေ့ကျင့်မှုက အရမ်းကို ကောင်းမွန်ပါတယ်။ သူ့မှာ ကြံခိုင်မှုပိုင်းဆိုင်ရာ ပြဿနာသေးသေးလေးပဲ ရှိနေတာပါ။ ဒါကြောင့် အင်္ဂါနေ့ပွဲမတိုင်ခင် စွန့်စားမှုမလုပ်ချင်လို့ အသုံးမပြုခဲ့တာပါ'' လို့ အာဘီလိုအာက ပြောကြားခဲ့ပါတယ်။
အမ်ဘာပေဟာ မနေ့က ပြုလုပ်ခဲ့တဲ့ ရီးယဲလ်အသင်းရဲ့ လေ့ကျင့်မှုအစီအစဉ်မှာ ပါဝင်ခဲ့ကြောင်းလည်း သိရပါတယ်။
အမ်ဘာပေဟာ ဒီရာသီမှာ ရီးယဲလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ဂိုးသွင်းယူပြီး ခြေစွမ်းပြနေသူဖြစ်သလို၊ ဘင်ဖီကာနဲ့ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် (၂)ဂိုးစလုံး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။
ရီးယဲလ်အသင်းဟာ အဲဒီပွဲမှာ ဘင်ဖီကာကို ရှုံးနိမ့်ခဲ့တာကြောင့် (၁၆)သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်မရဘဲ Play-offs ကစားရတာပါ။

image