အမေရိကန်နှင့် အီရန်တို့ နျူးကလီးယားဆွေးနွေးမှု ပြန်စ

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၁၈

အီရန်၏ နျူကလီးယားစီမံကိန်း အငြင်းပွားမှုနှင့် ပတ်သက်ပြီး အမေရိကန်နှင့် အီရန်တို့သည် ဖေဖော်ဝါရီ ၁၇ ရက် က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ (Geneva) မြို့တွင် တိုက်ရိုက်မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် ဆွေးနွေးမှုများကို စတင်ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

အမေရိကန်က အရှေ့အလယ်ပိုင်းဒေသသို့ စစ်အင်အားများ အလုံးအရင်း စေလွှတ်ထားသည်။

ထို့နောက် ဆွေးနွေးပွဲများ အောင်မြင်စေရန် အမေရိကန်အနေဖြင့် လက်တွေ့မကျသော တောင်းဆိုမှုများကို ရှောင်ကြဉ်ရန် လိုအပ်ကြောင်း အီရန်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးသည့် ထိုဆွေးနွေးပွဲများတွင် အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် ဂျဲရက် ကူးရှ်နာ (Jared Kushner) တို့ ပါဝင် တက်ရောက်မည်ဖြစ်ပြီး အီရန်ဘက်မှ နိုင်ငံခြားရေး ဝန်ကြီး အဘတ်စ် အာရက်ချီ (Abbas Araqchi) တက်ရောက်မည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ၎င်းအနေဖြင့် ဂျီနီဗာ ဆွေးနွေးပွဲများတွင် သွယ်ဝိုက် သောနည်းဖြင့် ပါဝင်ပတ်သက် သွားမည်ဖြစ်ကြောင်း၊ အီရန် အနေဖြင့် သဘောတူညီချက်တစ်ခု ရယူလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

“သဘောတူညီချက် မရခဲ့ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို သူတို့ (အီရန်) အနေနဲ့ လိုလား မယ်လို့ ကျနော် မထင်ပါဘူး။ သူတို့ရဲ့ နျူကလီးယား စွမ်းရည်တွေကို အမြစ်ပြတ်ချေမှုန်းဖို့ B-2 ဗုံးကြဲလေယာဉ် တွေ မလွှတ်ခင်ကတည်းက ကျနော်တို့ သဘောတူညီချက်တစ်ခု ရနိုင်ခဲ့တာပါ။ ဒါပေမဲ့ ကျနော်တို့က B-2 တွေကို လွှတ်ခဲ့ရတာပေါ့”ဟု ထရမ့်က ပြီးခဲ့သည့်နှစ်တွင် အီရန်နျူကလီးယား စက်ရုံများကို ဗုံးကြဲတိုက်ခိုက်သည့် ဖြစ်စဉ် ကို ရည်ညွှန်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လက ဆွေးနွေးပွဲများ ပြန်လည် မစတင်မီ အီရန်နှင့် အစ္စရေးကြား ၁၂ ရက်ကြာ စစ်ပွဲဖြစ်ပွား ခဲ့ပြီးနောက် အမေရိကန်က အီရန် နျူကလီးယား စက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခု ဆွေးနွေးပွဲများကို ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အိုမန်သံအမတ်ကြီး၏ နေအိမ်တွင် ကျင်းပခဲ့ပြီး လုံခြုံရေး ကိုလည်း အထူးတင်းကျပ်ထားသလို ထိုနေအိမ် အပြင်ဘက်တွင် အီရန်သံတမန် အမှတ်တံဆိပ်ပါသည့် မော်တော် ယာဉ် အချို့ကိုလည်း တွေ့မြင်ရသည်။

တစ်ဖက်တွင်လည်း သမ္မတထရမ့်က တိုက်ခိုက်ရန် အမိန့်ပေးလာပါက အီရန်အပေါ် သီတင်းပတ် များစွာကြာမြင့် မည့် စစ်ဆင်ရေးများ ပြုလုပ်နိုင်ရန်အတွက် အမေရိကန်စစ်တပ်က ပြင်ဆင်နေကြောင်း အမေရိကန်အရာရှိနှစ်ဦး က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အီရန်နိုင်ငံကလည်း ဖေဖော်ဝါရီ ၁၆ ရက်တွင် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၌ စစ်ရေးလေ့ကျင့် မှုများ ပြုလုပ်ခဲ့ပြီး ထိုရေလက်ကြားသည် ပင်လယ်ကွေ့ အာရပ်နိုင်ငံများမှ ရေနံတင်ပို့သည့် အရေးပါသော နိုင်ငံတကာ ရေလမ်းကြောင်းတစ်ခုဖြစ်သည်။

လက်ရှိတွင် အာရပ်နိုင်ငံများကလည်း အီရန်နှင့်အမေရိကန်ကြား အငြင်းပွားမှုများကို သံတမန်နည်းလမ်းဖြင့် ဖြေရှင်းကြရန် တောင်းဆိုထားသည်။

Source: ရိုက်တာ

ပုံ - အီရန်အလံနဲ့ နျူထိပ်ဖူးကိုတွေ့ရစဉ်

image

❝မန်းရွှေစက်တော်ရာဘုရားပွဲတော်ကာလ ဖေဖော်ဝါရီ ၁၆ ရက်အထိ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူ သုံးသောင်းခန့် လာရောက်ခဲ့❞

ဖေဖော်ဝါရီ ၁၈

မကွေးတိုင်းဒေသကြီး မင်းဘူး (စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ စတင်ကျင်းပလျှက်ရှိရာ ပွဲတော်ကာလ စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်ရှည်များအပါအဝင် ဖေဖော်ဝါရီ ၁၆ ရက်အထိ ဘုရားဖူးပြည်သူ ၃၀၀၀၀ ခန့် လာရောက်ဖူးမြော်ခဲ့ကြောင်း မန်းရွှေစက်တော်ရာဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးကို နှစ်စဉ်ပုံမှန်ကျင်းပမြဲဖြစ်သော တပို့တွဲလဆန်း ၅ ရက် ကစပြီး မြန်မာနှစ်ဆန်း ၁ ရက် အထိ (၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်မှ ဧပြီ ၁၇ ရက်အထိ) ရက် ပေါင်း ၈၆ ရက်ကြာ ကျင်းပနေခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ တည်းခိုနားနေနိုင်ရန် တည်းခိုဆောင်များကိုလည်း စီစဉ်ဆောင်ရွက်ပေးထားသည်ဟုဆိုသည်။

လက်ရှိတွင် နေ့စဉ် ယာဉ်ဝင်ထွက်မှုအနေဖြင့် ကားအစီးရေပေါင်း ၅၀ နှင့် ၁၀၀ ကြားရှိပြီး ယခင်နှစ်ဘုရားပွဲတော်ကာလထက် ယခုနှစ်တွင် ထူးထူးခြားခြား ပိုမိုစည်ကားခဲ့သဖြင့် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များနှင့် ယခုတစ်ပတ် အစိုးရရုံးပိတ်ရက်ရှည်ကာလများတွင် တည်းခိုဆောင်အခန်းများ ပြည့်သည်အထိ လာရောက်ခဲ့ကြသလို Grade-12 တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်တွင် ဘုရားဖူးခရီးသွားများ ယခုထက်ပိုမိုစည်ကားနိုင်သည်ဟု ဘုရားဂေါပကအဖွဲ့က ခန့်မှန်းထားသည်။

မန်းရွှေစက်တော်ရာ ဘုရားပွဲတော်သည် သင်္ကြန်ရုံးပိတ်ရက်ကာလများတွင် အစည်ကားဆုံးဖြစ်သလို တပေါင်းလပြည့်နေ့မတိုင်မီ ဘုရားဖူးလာရောက်လေ့ရှိသော မန်းရွှေစက်တော်ရာဘုရားကြီးအနီးရှိ မင်းလှကျင်းကျေးရွာမှ ဒေသခံများက ​ရှေးရိုးရာအစဉ်အလာမပျက် လှည်းယာဉ်တန်းများဖြင့် ဘုရားဖူးလာရောက်နိုင်ရေး စီစဉ်လျက်ရှိကြသည်ဟုလည်း သိရသည်။

imageimage

❝မသင်္ကာဖွယ် ကား ၃ စီးကို စစ်ဆေးရာမှ အထောက်အထားမဲ့ မြန်မာ ၂၈ ဦးကို ဖမ်းမိခဲ့ဟုဆို❞

 ဖေဖော်ဝါရီ ၁၈

ထိုင်းနိုင်ငံ၊ ဖိချိတ် (Phichit)ခရိုင်၊ ဝချီရာဘာရာမီမြို့နယ်၊ နောင်လုံကျေးရွာအနီး ဖိစနုလောက်-နခွန်စဝမ် လမ်းမကြီး (အဝေးပြေးလမ်း ၁၁၇) ပေါ်၌ အရှိန်ပြင်းစွာ မောင်းနှင်လာသည့် မသင်္ကာဖွယ် ကား ၃ စီးကို ရဲတပ်ဖွဲ့က စစ်ဆေးခဲ့ရာမှ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၈ ဦးနှင့် ယာဉ်မောင်း ၃ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းသတင်းများ၏ ဖော်ပြမှုအရ သိရသည်။

ယင်းဖြစ်စဥ်သည် ဖေဖော်ဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသားများသည် ဖိချိတ်ခရိုင်၌ အလုပ်လုပ်ရန်အတွက် ပွဲစားကို တစ်ဦးလျှင် ဘတ် ၈,၅၀၀ စီပေးကာ နယ်စပ်တောလမ်းများမှတစ်ဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံခဲ့သည်ဟုဆိုသည်။

ထို့နောက် ချင်းမိုင်ခရိုင်တွင် တစ်ညအိပ်တည်းခိုခဲ့ကာ ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများသို့ ဆက်လက်သွားရောက်စဥ် ယခုလို ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရပြီး လက်ရှိတွင် ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန်အတွက် ဝချီရာဘာရာမီ ရဲစခန်းသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

imageimage
19 w - Translate

👏

image
19 w - Translate

Blue Light Filter Additive Market Forecast to Reach USD 1.42 Billion by 2032 Driven by Rising Health-Conscious Consumption

The report reveals that the market was valued at USD 720 million in 2023 and is projected to reach USD 1.42 billion by 2032, growing at a CAGR of 7.6% during the forecast period. Increasing consumer awareness of blue light-related health risks and growing incorporation of functional additives in food and beverage products are major factors driving market expansion.

Read More -> https://marketintelo.com/repor....t/blue-light-filter-

စီးပွားရေးအရ အကျိုးရှိမည့် နျူသဘောတူညီချက်ရရှိရန် အီရန်ကြိုးပမ်းနေ

နှစ်ဦးနှစ်ဖက်စလုံးအတွက် စီးပွားရေးအရအကျိုးရှိမည့် နျူကလီးယား သဘောတူညီချက် တစ် ရပ်ကို အမေရိကန်ပြည်ထောင်စုနှင့် ရယူရန် အီရန်အစိုးရက ကြိုးပမ်းနေကြောင်း အီရန်နိုင် ငံခြားရေးဝန်ကြီးဌာန ထိပ်တန်းတာဝန်ရှိသူများက ဖေဖော်ဝါရီ၁၅ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
အီရန်နှင့် အမေရိကန်တို့အကြား ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ မကျင်းပမီ ရက်ပိုင်းအလိုတွင် အီရန်တာဝန်ရှိသူများက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့သည်အီရန် နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ အငြင်းပွားမှုများကို အဆုံးသတ်နိုင်ရန်နှင့် စစ်ရေးအရထိပ်တိုက်ရင်ဆိုင်ရမည့် အရေးကို ရှောင်လွှဲနိုင်ရန် ဖေဖော်ဝါရီ ၄ရက်တွင် အိုမန်နိုင်ငံ မတ်စကတ်မြို့၌ ပထမအကျော့ နျူကလီးယားဆွေးနွေးပွဲများကျင်းပခဲ့ပြီးဖြစ်သည်။
အလားတူ ဒုတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပရန် အမေရိကန်နှင့်အီရန်တို့က သဘောတူထားသည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့်ကျင်းပမည့် နျူကလီးယားဆွေးနွေးပွဲများတွင် နှစ်ဖက်စလုံးအတွက် စီးပွားရေးအရအကျိုးရှိမည့် သဘောတူ ညီချက်တစ်ရပ် ရယူနိုင်ရန် ကြိုးပမ်းနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနထိပ်တန်းတာဝန်ရှိသူများက ပြောကြား ထားသည်။
အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုနှင့် နျူကလီးယား သဘောတူညီချက် ရယူနိုင်မှု မရှိပါက ဆိုးရွားသည့် အကျိုးဆက်များဖြင့် ရင်ဆိုင်ရလိမ့်မည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတိပေးထားသည်။
တစ်ချိန်တည်းမှာပင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် အရှေ့အလယ်ပ်ိုင်း ဒေသသို့လေယာဉ်တင်သင်္ဘောများစေလွှတ်၍ စစ်အင်အား တည်ဆောက်ထားကြောင်း သိရသည်။

image

ဂါဇာပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ငါးဘီလီယံ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ကတိပြု

ဂါဇာ ကမ်းမြောင်ဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် ငြိမ်းချမ်းရေး ဘုတ် အဖွဲ့ဝင် နိုင်ငံများက ရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ ငါး ဘီလီယံကျော်ထည့်ဝင်ပေးရန် ကတိပြုထားကြောင်းအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ဖော် ပြောကြားထားသည်။
ယင်းအပြင် ကုလသမဂ္ဂ၏ခွင့်ပြုချက်ဖြင့် ဖွဲ့စည်းမည့် ဂါဇာကမ်းမြောင်တည်ငြိမ်ရေး နိုင်ငံ တကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့အတွက်တပ်ဖွဲ့ဝင်များ စေလွှတ်ပေးရန်လည်း
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့ဝင်နိုင်ငံများက ကတိပြုထားကြောင်း သမ္မတ ဒေါ်နယ်ထရန့်က ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့တွင်အနည်းဆုံး ကမ္ဘာ့နိုင်ငံ ၂၀ ကျော်တို့က အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်လျက်ရှိသည်။
အမေရိကန် အစိုးရသည် ငြိမ်းချမ်းရေး ဘုတ်အဖွဲ့၏ ပထမဆုံးအစည်းအဝေးကို လာမည့် ဖေဖော်ဝါရီ ၁၉ရက်တွင် ဝါရှင်တန်မြို့တော်၌ကျင်းပရန် စီစဉ်ထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ဖွဲ့စည်းမှုကို ယခုနှစ် ဇန်နဝါရီလ အတွင်း ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့၌ကျင်းပခဲ့သော ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် တရားဝင် ကြေညာခဲ့သည်။
မူလက ဂါဇာကမ်းမြောင်ဒေသပြန်လည်တည်ဆောက်ရေးအတွက်ရည်ရွယ်ဖွဲ့စည်းခဲ့သော ငြိမ်းချမ်းရေးဘုတ်အဖွဲ့အနေဖြင့် နောက်ပိုင်းတွင်နိုင်ငံတကာ ပြဿနာများကိုလည်းကြားဝင် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရန့် ကပြောကြားထားသည်။
ငြိမ်းချမ်းရေး ဘုတ်အဖွဲ့သည်ဂါဇာကမ်းမြောင်ဒေသ အသွင်ကူးပြောင်းရေးကာလ စီမံအုပ်ချုပ်ရေးကိုတာဝန်ယူရမည်ဖြစ်သည်။

image

အရှည်(၂,၆၂၈)ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းတံတား(ထမံသီ)ကို နိုင်ငံတော် ယာယီသမ္မတဖွင့်လှစ်ပေး

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ထမံသီကျေးရွာအနီးတွင်တည်ဆောက်ထားသည့် အရှည် (၂,၆၂၈) ပေရှိ သံကူကွန်ကရစ်အမျိုးအစား ချင်းတွင်းတံတား(ထမံသီ) ကို ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်နံနက်ပိုင်းက နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံတော်ယာယီသမ္မတမှ ချင်းတွင်းတံတား(ထမံသီ) ၏ ကမ္ပည်းမော်ကွန်းအားစက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးမြထွန်းဦး၊ ဦးမင်းနောင်၊ ဦးမျိုးသန့်နှင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ ကျောင်းသား၊ ကျောင်းသူများနှင့် တိုင်းရင်းသားအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ချင်းတွင်းတံတား (ထမံသီ)ပေါ်ဖြတ်သန်းကြည့်ရှုကာ ဒေသခံများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ လူမှုစီးပွားအခြေအ နေများအား မေးမြန်းခဲ့သည်။
ချင်းတွင်းတံတား(ထမံသီ)သည် တံတားအရှည် (၂,၆၂၈)ပေရှိပြီး သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ကာ ရေလမ်းကင်းလွတ်အမြင့်(၄၀)ပေရှိ၍ ဟုမ္မလင်းခရိုင်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေတို့တွင်နေထိုင်သူများ လူမှုစီးပွားဘဝနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသထွက်ကုန်များအား လွယ်ကူလျင်မြန်စွာပို့ ဆောင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို များစွာအထောက်အကူဖြစ်လာစေမည်ဖြစ်သည်။

image

နာဂဒေသလမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရန် ပြည်မအတွင်းဆက်သွယ်သည့်လမ်းများကို ဦးစားပေးဆောင်ရွက်ပေးမည်

နစဂဒေသလမ်းပန်းဆက်သွယ်မှုအဆင်ပြေစေရေးနှင့်ပတ်သက်၍ နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံ ရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား သီးခြားစီတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
" နာဂဒေသအတွင်းမှာ လမ်းပန်းဆက်သွယ်တွေကောင်းမွန်စေဖို့အတွက် ပြည်မအတွင်းကိုဆက်သွယ်တဲ့လမ်းတွေက်ု ဦးစားပေးအနေနဲ့ဆောင်ရွက်ပေးသွားပါမယ်။ လမ်းပန်းဆက်သွယ်မှုတွေအဆင်ပြေစေဖို့အတွက် ချင်းတွင်းမြစ်ကူးတံတား(ထမံသီ)ကို ဒီနေ့ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် နာဂဒေသသည် သွားလာရန်ခက်ခဲ၍ လမ်းပန်းဆက်သွယ်မှုများကောင်းမွန်စေရန် လမ်းများအဆင့်မြှင့်တင်ခြင်းကို ဘဏ္ဍာရေးနှစ်အလိုက်ဆောင်ရွက်ပေးလျက်ရှိပြီး လဟယ်ဒေသနှင့် နန်းယွန်းဒေသသို့ဆက်သွယ်သည့်လမ်းအား ရာသီမရွေးသွားလာနိုင်ရေးအတွက်လည်းဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြော သည်။
ပြည်မသို့ဆက်သွယ်သည့်လမ်းများ အဆင်ပြေချော မွေ့စွာသွားလာနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်မှုအခက်အခဲများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ပစ္စည်းများသယ်ယူပို့ဆောင်ရန်အခက်အခဲများရှိ၍ ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ လုံခြုံချော မွေ့စေရေးကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်ယာယီသမ္မတမှ လဟယ်မြို့နယ်နှင့် လေရှီးမြို့နယ်တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအ တွက် လက်ဆောင်ပစ္စည်းများပေးအပ်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ၊ နာဂရိုးရာစာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံတော်ယာယီသမ္မတအား နာဂရိုးရာခေါင်းပေါင်း၊ ခြုံ ထည်နှင့် ရိုးရာလက်ဆောင်ပစ္စည်းများအားဆင် မြန်းပေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတော်ယာယီသမ္မတသည် တွေ့ဆုံပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

image

လဟယ်မြို့နယ်ဆေးရုံအတွက် တပ်မတော်အထူးကု ဆရာဝန်များစေလွှတ်ပေးခဲ့ကာ လိုအပ်ပါကထပ်မံစေ လွှတ်ပေးမည်

လဟယ်မြို့နယ်ဆေးရုံအတွက် တပ်မတော်အထူးကု ဆရာဝန်များစေလွှတ်ပေးခဲ့ကာ လိုအပ်ပါကထပ်မံစေ လွှတ်ပေးမည်ဟု နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်မွန်းလွဲပိုင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအားသီးခြားစီတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။
လဟယ်မြို့နယ်ဆေးရုံဆရာဝန်လိုအပ်ချက်အတွက် ၂၀၁၂ ခုနှစ်မှစတင်၍ နာဂဒေသအတွက် တပ်မတော် အထူးကုဆရာဝန်များကိုစေလွှတ်ပေးခဲ့ကာ လိုအပ် ချက်များရှိပါက ထပ်မံစေလွှတ်ပေးသွားမည်ဟု ပြော သည်။
" ဆေးရုံရှိရင် ဆရာဝန်ရှိရမှာဖြစ်တဲ့အတွက် ဆရာဝန်တွေခန့်အပ်ပေးသွားမှာဖြစ်ပါတယ်။ ဆေးရုံအတွက် လိုအပ်တဲ့ ကုသရေးဆိုင်ရာပစ္စည်းတွေကိုလည်း တတ်နိုင်သမျှဖြည့်ဆည်းပေးသွားပါမယ်"ဟု နိုင်ငံတော် ယာ ယီသမ္မတက ပြောသည်။
ထို့ပြင် စာသင်ကျောင်းများအတွက် ဆရာ/ဆရာမများ လိုအပ်ချက်တွင် အလယ်တန်းပြ ဆရာ/ဆရာမများပို မိုလိုအပ်နေသဖြင့် ဆရာ/ဆရာမများဖြည့်ဆည်းပေးနိုင်ရန်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ နာဂဒေသအတွင်း ပညာရေးနှင့်ပတ်သက်ပါက ပညာတတ်များပေါကြွယ်စေရန် ပညာရေးကိုအားပေးဆောင်ရွက်စေလိုသည်ဟု ပြောသည်။
" စာရင်းဇယားတွေအရ တန်းစဉ်ကူးပြောင်းမှုတွေနည်း ပါးတာကိုတွေ့ရပါတယ်။ ပညာသင်ကြားရာမှာ ဘာသာ စကားအရအခက်အခဲတွေဖြစ်ပေါ်နေတာကိုလည်းတွေ့ရတာကြောင့် လူကြီးမိဘတွေ၊ တာဝန်ရှိသူတွေအနေနဲ့လည်း မိမိတို့နိုင်ငံရဲ့ ရုံးသုံးဘာသာစကားဖြစ်တဲ့ မြန်မာစကားကို ကလေးငယ်တွေတတ်ကျွမ်းစေဖို့ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါတည်"ဟု နိုင်ငံတော် ယာယီသမ္မတက တိုက်တွန်းပြောကြားသည်။
ထိုသို့ ဆောင်ရွက်မှသာ ပညာသင်ကြားမှုကိုအ ထောက်အကူပြုနိုင်မည်ဖြစ်သည့်နည်းတူ အချို့ကျောင်းနေအရွယ်ကလေးငယ်များသည် အကြောင်းအမျိုးမျိုးကြောင့် ပညာသင်ကြားရန်ပျက်ကွက်နေကြသဖြင့် အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် ကျောင်းနေအရွယ်ကလေးငယ်များအားလုံးအတန်းပညာသင်ကြားနိုင်ရေးအတွက် ဝိုင်းဝန်းတိုက်တွန်းဆောင်ရွက်ပေးကြစေလိုသည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image