GDSSCF မှထောက်ပံ့ပြီး၊ UNICEF ကအကောင်အ ထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်

Global Development and South-South Cooperation Fund (GDSSCF)မှထောက်ပံ့ပြီး UNICEF ကအကောင်အထည်ဖော်သည့် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေးသူငယ်များ သာယာဝပြောရေးနှင့် လုံခြုံရေးစီမံကိန်းစတင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးထံမှ သိရသည်။

အဆိုပါ စီမံကိန်းစတင်ခြင်းအခမ်းအနားကို ရန်ကုန်မြို့၌ ဧပြီ ၂ ရက်ကကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်၍ တရုတ်သံရုံးသည် UNICEF အသင်းနှင့်အတူ နက်ရှိုင်းသောပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုးလုပ်ဆောင်ကာ စီမံကိန်းကို ပိုမိုကြီးမားသောအောင်မြင်မှုရလဒ်များရရှိစေရေး တွန်းအားပေးလုပ်ဆောင်ပြီး ဘေးဒ-ဏ်သင့်ဒေသမှ ကလေးသူငယ်များပိုမိုအကျိုးခံစားရစေရေးအတွက် လုပ်ဆောင်သွားရန်ဆန္ဒရှိသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံဆိုင်ရာ UNICEF အသင်း၏ ဒု- ကိုယ်စားလှယ် Ms. Julia Rees မှလည်း တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုများအတွက်ကျေးဇူးတင်ကာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ရင်းနှီးစွာဆက်ဆံသွားမည်ဖြစ်ပြီး UNICEF ၏ အားသာချက်များကိုအသုံးချ ၍ စီမံကိန်းမှ မျှော်မှန်းထားသောရလဒ်များရရှိစေရန် အာမခံသည်ဟုပြောကြားခဲ့ကြောင်း သိရသည်။

စီမံကိန်းသည် မြန်မာနိုင်ငံရှိ ငလျင်ဒ-ဏ်သင့်ကလေး သူငယ်များနှင့် ၎င်းတို့၏ မိသားစုများအတွက် သန့်စင်ဘေးကင်းသော သောက်သုံးရေများ၊ ပတ်ဝန်းကျင်သန့် ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးသုံးပစ္စည်းများအပြင် ကလေးသူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးနယ် ပယ်များအတွက် အထောက်အပံ့များနှင့် ဝန်ဆောင်မှုများပေးမည်ဖြစ်ကာ လူဦးရေ(၁၁၆,၀၀၀)ဦး အကျိုးခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။

image

ကာဇက်စတန်သမ္မတ၊ ကမ္ဘောဒီးယားဘုရင်မင်းမြတ်၊ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူးတို့က နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်ခံခဲ့ရသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့

ပြည်ထောင်စုလွှတ်တော်မှ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရသည့် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နိုင်ငံတကာခေါင်းဆောင်များမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

ကာဇက်စတန်နိုင်ငံ သမ္မတ မစ္စတာ ကာစင်ဂျိုမတ် တိုခါယက်ဗ်၊ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အုပ်ချုပ်ရေးမှူး မစ္စတာ အလက်ဇန်းဒါး ဘယ်ဂ်လော့တို့က ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

၎င်းတို့ပေးပို့သည့် သဝဏ်လွှာများ၌ နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ယဥ်ကျေးမှုနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနယ်ပယ်များ၊ ပူးတွဲစီမံကိန်းသစ်များအကောင်အထည်ဖော်ရန်၊ ဒေသအချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန် ဆန္ဒရှိသည်ဟု ရေးသားထားကြသည်။

ထို့ပြင် ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒု- ဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် မစ္စတာ ဟီရိုမိချိ ဝါတာနာဘေးနှင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာဖူမီအို အူဆုအီနှင့် ညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကို တာကခုတို့မှလည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ခဲ့ကြသည်။

image

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ပထမဆုံးလာရောက်တွေ့ဆုံသည့် တရုတ်သံအမတ်ကြီး

"အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းပြီးဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ်လာမည်ကိုယုံကြည်ဟု ပြောကြားခဲ့

နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia မှ ယနေ့ ဧပြီ ၆ ရက်မွန်းလွဲပိုင်းက လာရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဥ် နိုင်ငံတော်သမ္မတမှ မိမိအားနိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြောက်ကြောင်းကြေညာပြီးနောက်ပိုင်း ပြည်ပနိုင်ငံသံတမန်များအနက် ပထမဆုံး လာရောက်တွေ့ဆုံသည့်သံအမတ်ကြီးဖြစ်၍ ဝမ်းမြောက်ကာ တရုတ်နိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖျင်သည်လည်း မိမိကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့မှုကိုလည်း အထူးပင်ကျေးဇူးတင်သည်ဟု ပြောကြားသည်။

ထို့ပြင် အိမ်နီးနားချင်း မိတ်ဆွေကောင်းနိုင်ငံတစ်ခုအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ် ထောက်ခံမှုပြသခြင်းဖြစ်၍ ကျေးဇူးတင်သည်ဟုလည်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသံအမတ်ကြီးမှလည်း အဆွေတော်အား နိုင်ငံတော်သမ္မတကြီးအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရမှုကို ဝမ်းမြောက်ဂုဏ်ယူပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်အောင်ဆောင်ရွက်ခဲ့မှုများကိုလည်းကျေးဇူးတင်ကာ အဆွေတော်၏ စွမ်းဆောင်မှုများအောက်တွင် မြန်မာနိုင်ငံအနေဖြင့် တည် ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခုဖြစ် လာမည်၊ နှစ်နိုင်ငံကြားပူးပေါင်းဆောင်ရွက်မှုများ ယခုထက်ပိုမိုတိုးတက်လာမည်ကိုယုံကြည်သည်ဟုပြောကြားခဲ့သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် တရုတ်သံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ လုံခြုံရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေး ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကုန် သွယ်ရေးလမ်းကြောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများပြန်လည်ဆောင်ရွက်နိုင်ရေး၊ မန္တလေးငလျင်ကြီးလှုပ်ခတ်မှု ကြောင့် ထိခိုက်ပျ-က်စီးခဲ့ရမှုများအပေါ် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် တရုတ်နိုင်ငံမှ ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိမှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးက ရွေးကောက်တင်မြှောက်ခြင်းခံရသော နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ တရုတ်နိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်က ပေးပို့သည့်ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို လက်ရောက်ပေးအပ်ခဲ့သည်။

image

စက်သုံးဆီဖြန့်ဖြူးမှုတည်ငြိမ်လာပြီး သုံးစွဲမှုလျှော့ချနိုင်မှုကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သက်သာလာ

လက်ရှိတွင် စက်သုံးဆီလုံလောက်မှုအနေဖြင့် ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီစဉ်

နိုင်ငံတော်အတွင်း စက်သုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများကို စနစ်တကျ ထိန်းကျောင်းနိုင်လာပြီး နေ့စဉ်သုံးစွဲမှုနှုန်း လျှော့ချနိုင်ခြင်းကြောင့် နိုင်ငံခြားငွေသုံးစွဲမှု သိသာစွာ သက်သာလာကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

နိုင်ငံတော်၏ စွမ်းအင်သုံးစွဲမှုတွင် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် ရေနံဓာတ်ငွေ့ရည် (LPG) စသည့် ရေနံထွက်ပစ္စည်းများသည် ၂၉ ရာခိုင်နှုန်း ပါဝင်ပြီး သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိက အသုံးပြုလျက်ရှိသည်။

ထိုကဏ္ဍတွင် အသုံးပြုနေသည့် ဓာတ်ဆီနှင့် ဒီဇယ်ဆီများ၏ ၉၇ ရာခိုင်နှုန်းကို ပြည်ပမှ တင်သွင်းနေရသဖြင့် ကမ္ဘာတစ်ဝန်း စက်သုံးဆီအခက်အခဲများ ဖြစ်ပေါ်လာသည့်အချိန်တွင် တင်သွင်းမှုအပေါ် အားထားရသည့် နိုင်ငံများအတွက် စိန်ခေါ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့သော အခြေအနေများကို ဖြေရှင်းရန် နိုင်ငံတော်အနေဖြင့် စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ဒီဂျစ်တယ်နည်းပညာအခြေပြု ရောင်းချစနစ်များကို အသုံးပြုကာ စက်သုံးဆီတင်သွင်းမှုနှင့် ဖြန့်ဖြူးရောင်းချမှုများကို စနစ်တကျ ထိန်းကျောင်းလာခဲ့ရာ လက်ရှိတွင် စည်းကမ်းပြည့်ဝသော လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်မှစ၍ ယနေ့အထိ စာရင်းများအရ နေ့စဉ်ပျမ်းမျှ စက်သုံးဆီသုံးစွဲမှုသည် ၃ဒသမ၅၄ သန်းဂါလန်မှ ၂ဒသမ၅ သန်းဂါလန်သို့ ကျဆင်းလာခဲ့ပြီး ၂၉ ရာခိုင်နှုန်းခန့် လျှော့ချနိုင်ခဲ့သည်။

ယင်းသို့ လျှော့ချနိုင်မှုကြောင့် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ ၆ သန်းခန့် သက်သာစေပြီး ဆီအရံသိုလှောင်နိုင်မှုကိုလည်း ၁၀ ရက်စာ ထပ်မံတိုးမြှင့်နိုင်မည်ဖြစ်သည်။

ထို့ပြင် နိုင်ငံတော်အနေဖြင့် နှစ်စဉ် စက်သုံးဆီ တန်ချိန် ၅ သန်းခန့် တင်သွင်းနေရပြီး အမေရိကန်ဒေါ်လာ ၅၀၀၀ သန်းကျော် သုံးစွဲရသဖြင့် စနစ်တကျ သုံးစွဲနိုင်ပါက နှစ်စဉ် ဒေါ်လာ ၂၀၀၀ သန်းခန့် လျှော့ချနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် စက်သုံးဆီလုံလောက်မှုအနေဖြင့် ဓာတ်ဆီအတွက် ရက် ၄၀ နှင့် ဒီဇယ်အတွက် ရက် ၅၀ ခန့် ရှိနေပြီး ဧပြီလအတွင်း ဆီတင်သင်္ဘော ၂၆ စင်း ထပ်မံတင်သွင်းရန် စီစဉ်ထားသည်။

ထို့ပြင် မိတ်ဖက်နိုင်ငံများမှ ရေရှည်တင်သွင်းနိုင်ရေး အစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိသည်။

စွမ်းအင်ဝန်ကြီးဌာနက ပြည်သူများအား တရားဝင် ထုတ်ပြန်သည့် သတင်းများကိုသာ ယုံကြည်လိုက်နာရန် တိုက်တွန်းထားပြီး မမှန်ကန်သော သတင်းများ ဖြန့်ချိမှုကြောင့် စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်စေရန် သတိပြုရန်လည်း ပြောကြားထားသည်။

ထို့ပြင် စက်သုံးဆီဝယ်ယူရာတွင် သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ရန်နှင့် QR Code စနစ်ဖြင့် ရောင်းချမှုများကို ပူးပေါင်းဆောင်ရွက်ကြရန် အထူးလိုအပ်ကြောင်း အသိပေးထားသည်။အခက်အခဲများရှိပါက Call Center များသို့ ဆက်သွယ်နိုင်ကြောင်းလည်း သိရသည်။

image

ယနေ့ကျင်းပမည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းဝေး စတုတ္ထနေ့တွင် ပြည်ထောင်စုဝန်ကြီး အမည်စာရင်း လွှတ်တော်သို့တင်မည်

တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ယနေ့ ဧပြီလ (၇) ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယနေ့ အစည်းဝေးတွင် နိုင်ငံတော်သမ္မအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ခံယူခြင်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထိုပြင် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို လွှတ်တော်က သဘောတူကြောင်းကြေညာခြင်း လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထို့အတူ ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ချက်များ နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးဖြတ်ရယူခြင်းများလည်း လုပ်ဆောင်မည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးရေသတ်မှတ်ချက်နှင့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာဝန်ပေးသင့်သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်းလည်း လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ် ခန့်အပ်တာဝန်ပေးမယ့် အမည်စာရင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုဥက္ကဌ နှင့် ဒါရို-က်အဖွဲ့ဝင်များအဖြစ် ခန့်အပ်မည့် အမည်စာရင်း၊အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးကော်မရှင်အတွက် ခန့်အပ်မည့် အမည်စာရင်းကို လွှတ်တော်သို့တင်ပြမည်ဖြစ်ကြောင်း သိရသည်။

image

ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ရေသန့်ဘူးများကိုလည်း ထိုင်းအစိုးရ ထည့်သွင်း

အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ဖြစ်ပေါ်လာသော ကုန်ကျစရိတ်ဖိအားများကြောင့် မလိုလားအပ်သော ဈေးနှုန်းမြင့်တက်မှုများမဖြစ်စေရန်အတွက် ပလပ်စတစ်အလုံးများနှင့်အတူ ရေသန့်ဘူးနှင့် အရသာမှုန့်တို့ကိုလည်း ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ထိုင်းအစိုးရက ထည့်သွင်းခဲ့သည်။

ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဆူဖာဂျီး ဆူထမ်ပန်လက်မှတ်ရေးထိုးပြီး စနေနေ့တွင် တော်ဝင်ပြန်တမ်း၌ ထုတ်ပြန်ခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုဈေးနှုန်းများဆိုင်ရာ ဗဟိုကော်မတီ၏ ကြေညာချက်အရ ဈေးနှုန်းထိန်းချုပ်မှုများသည် တစ်နှစ်ကြာ အကျိုးသက်ရောက်မည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းပဋိပက္ခကို တွက်ဆအကဲဖြတ်ပြီးနောက် မတ်လ ၂၅ ရက်နေ့တွင် ကော်မတီက ဆုံးဖြတ်ချက်ချခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ပွဲသည် စွမ်းအင်နှင့် ကုန်ကြမ်းပစ္စည်းဆိုင်ရာ ကုန်ကျစရိတ်များအပေါ် သက်ရောက်ခဲ့ပြီး အထူးသဖြင့် ရေနံနှင့် ထုပ်ပိုးပစ္စည်းလုပ်ငန်းများကို ထိခိုက်စေခဲ့သည်။ ရလဒ်အနေဖြင့် အမြတ်ကြီးစားခြင်းနှင့် မမျှတသော ဈေးနှုန်း၊ ရောင်းချမှုအခြေအနေများနှင့် ကုန်သွယ်မှုလုပ်ငန်းစဉ်များကို အရာရှိများက ကာကွယ်လိုခဲ့ကြသည်။

ဈေးနှုန်းထိန်းချုပ်မှုစာရင်းတွင် ပါဝင်သော ကုန်ပစ္စည်းထုတ်လုပ်သူများအနေဖြင့် ဈေးနှုန်းများတိုးမြှင့်လိုပါက ၎င်းတို့၏ ကုန်ကျစရိတ်အသေးစိတ်အချက်အလက်များကို ပြည်တွင်းကုန်သွယ်ရေးဗဟိုဌာနသို့ တင်ပြ၍ ကြိုတင်ခွင့်ပြုချက်ယူရမည်ဖြစ်သည်။

ပလပ်စတစ်စေ့များအတွက် ထိန်းချုပ်မှုများတွင် ပလပ်စတစ်ဘူးများကဲ့သို့သော ထုပ်ပိုးမှုများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုသည့် ပိုလီသိုင်လင်း(ပီအီး)၊ ပိုလီပရိုပိုင်လင်း(ပီပီ) နှင့် ပက်ရေဆင်စ်များပါဝင်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မကြာသေးမီက ၎င်း၏ ဈေးနှုန်းထိန်းချုပ်ရေးစာရင်းကို ပစ္စည်း ၅၉ မျိုးမှ ၇၁ မျိုးအထိ တိုးချဲ့ခဲ့သည်။ အများစုမှာ မရှိမဖြစ်လိုအပ်သော အစားအစာ၊ စိုက်ပျိုးရေးထုတ်ကုန်များနှင့် အိမ်သုံးပစ္စည်းများဖြစ်ပြီး ငွေကြေးဖောင်းပွမှုနှင့် လူနေမှုစရိတ်ကို စီမံခန့်ခွဲရန် တင်းတင်းကျပ်ကျပ်စောင့်ကြည့်ခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

image

ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြု

ယနေ့ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် ပြည်ထော င်စုတရားသူကြီးချုပ်အဖြစ် ဦးသာဌေးကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဦးသန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ ခန့်အပ်ရန် အဆိုပြုချက်များအား ကန့်ကွက်ချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသ ည်။

အဆိုပါ ခန့်အပ်ရေးအဆိုပြုချက်များကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်တွင် သီးခြားဆွေးနွေးသူမရှိသဖြင့် တင်ပြချက်အတိုင်း သဘောတူညီခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ တရားသူကြီးများ ဦးရေသတ်မှတ်ခြင်းနှင့်ပတ်သက်သည့် အဆိုပြုချက်ကိုလည်း ဆွေးနွေးချက်မရှိဘဲ အတည်ပြုခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ဦးအောင်မိုးမြင့်၊ ဦးအောင်လွင်ဦး၊ ဦးမြင့်ဦး၊ ဦးခင်မောင်ဦး၊ ဦးမြင့်သိန်း၊ ဦးကိုကိုလွင်၊ ဦးသန်းအောင်ကျော်၊ ဦးခင်ဇော်၊ ဦးသန်းထွတ်သိန်း၊ ဦးအောင်မြင့်လွင်၊ ဦးခင်မောင်ကြီး၊ ဦးမျိုးမောင်၊ ဦးကြည်သိန်းနှင့် ဒေါ်ခင်သင်းဝေတို့ကိုလည်း ခန့်အပ်ရန် သဘောတူခဲ့ကြောင်း လွှတ်တော်နာယက၏ ကြေညာချက်အရ သိရသည်။

အဆိုပါ ခန့်အပ်မှုများအား လွှတ်တော်အတွင်း ကန့်ကွက်ချက် တစုံတရာ မရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတမှ တင်ပြသည့်အတိုင်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယနေ့အစည်းအဝေးတွင် တာဝန်အပ်နှင်းရေးအဆိုများ ဆွေးနွေးဆုံးဖြတ်

တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့အစီအစဉ်ကို ယနေ့ ဧပြီ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအဆင့် အရေးကြီးရာထူးခန့်အပ်တာဝန်ပေးရေးဆိုင်ရာ အဆိုများကို လွှတ်တော်တွင် တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက နေရာယူကာ စတင်ဖွင့်လှစ်ခဲ့ပြီး အစည်းအဝေး အထမြောက်ကြောင်း ကြေညာခဲ့သည်။

ထို့နောက် တတိယနေ့ အစီအစဉ်များကို ကြေညာကာ အစည်းအဝေး မတက်ရောက်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို လွှတ်တော်မှ အတည်ပြုခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတမှ အဆိုပြုတင်ပြထားသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ခန့်အပ်မည့် ပုဂ္ဂိုလ်၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခဲ့သည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဆိုပြုထားသည့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဥပဒေချုပ်၊ စာရင်းစစ်ချုပ်နှင့် တရားသူကြီးများ ခန့်အပ်တာဝန်ပေးရေးဆိုင်ရာ အမည်စာရင်းများကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။

ယင်းအဆိုပြုထားသည့် ခန့်အပ်မှုများနှင့်ပတ်သက်၍ ကန့်ကွက်လိုသော လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခဲ့ပြီး ဆက်လက်၍ သက်ဆိုင်ရာရာထူးများအတွက် လွှတ်တော်၏ သဘောတူညီချက်ကို ရယူဆောင်ရွက်ခဲ့သည်။

အစည်းအဝေးအဆုံးတွင် တတိယနေ့အစည်းအဝေး ရပ်နားကြောင်း ကြေညာခဲ့ပြီး စတုတ္ထနေ့အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် အချိန်ကို ဆက်လက်အသိပေးခဲ့ကြောင်း သိရသည်။

image

အစိုးရသစ်အတွက် လျာထားသည့် ပြည်ထောင်စုဝန်ကြီးများကို နိုင်ငံတော်သမ္မတက အဆိုပြု

နိုင်ငံတော်သမ္မတက ပြည်ထောင်စု ဝန်ကြီးဌာန (၃၁)ခုအတွက် လျာထားသည့် ပြည်ထောင်စုဝန်ကြီးများစာရင်းကို ယနေ့ ဧပြီလ (၇) ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း သိရသည်။

အဆိုပါ (၃၀) ဦးမှာ ဦးခင်မောင်ရီ၊ ဦးအောင်ကျော်ဟိုး၊ ဦးတင်အောင်စန်း၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ဒု တိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးတင်မောင်ဆွေ၊ ဒေါက်တာ ကံဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ဦးသန်းမောင်၊ ဒေါက်တာ သီတာဦး၊ ဒေါက်တာ ချောချောစိန်၊ ဒေါက်တာ မျိုးသိမ်းကျော်၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ဒေါက်တာသက် သက်ဇင်၊ ဦးထိန်လင်း၊ ဦးတင်ဦးလွင်၊ ဦးမင်းနောင်၊ ဦးမျိုးဇော်သိမ်း၊ ဦးဆန်းဦး၊ ဦးကိုကိုလွင်၊ ဒေါက်တာ ချာလီသန်း၊ ဦးမြင့်ကြိုင်၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံ၊ ဦးရဲမြင့်ထွန်း၊ ဒေါက်တာ မောင်သင်း၊ ဦးမျိုးသန့်၊ ဒေါက်တာ စိုးဝင်းနှင့် ဦးမောင်မြင့်တို့ ဖြစ်သည်။

ယင်း တင်ပြသည့် ပြည်ထောင်စု ဝန်ကြီးအမည်စာရင်းနှင့်စပ်လျဉ်း၍ ကန့်ကွက်ဆွေးနွေးမည့်သူရှိပါက ဆွေးနွေးခြင်းနှင့် ကန့်ကွက်မည့်မရှိပါက လွှတ်တော်က သဘောတူကြောင်း ကြေညာခြင်းကို ဧပြီလ (၉) ရက် လွှတ်တော်အစည်းအဝေးတွင်ပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရသည်။

ယနေ့တွင် နိုင်ငံတော်သမ္မတက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန (၃၁) ဌာန၏ အမည်စာရင်းကို လည်း ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူခဲ့ပြီးဖြစ်သည်။

image

ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီး (၉) ဦးခန့်အပ်ရာ လက်ရှိဝန်ကြီး (၃) ဦး ပြန်ပါလာ

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ဧပြီလ (၇) ရက်၊ နံနက် (၁ဝ) နာရီတွင် ကျင်းပခဲ့ပြီး ဝန်ကြီး (၉) ဦး ခန့်အပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူက ခန့်အပ်ရန် ဝန်ကြီးဌာနဝန်ကြီးများအား အဆိုပြုတင်ပြချက်ခဲ့ကြောင်း သိရသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး စိုးမင်းဦး၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန် ကြီး ဌာနဝန်ကြီးအဖြစ် ဦးအောင်စန်းချစ်၊ လူမှုရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးခင်မောင်ကြည်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပုသိမ်မြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ထွန်းဇော်ကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဖျာပုံမြို့နယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မျိုးတင့်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လပွတ္တာမြို့နယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေသန်းဦး၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမောင်မောင်ဦး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးမန်းသိန်းကျော် (ကရင်တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်)၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးစိုးညွန့် (ရခိုင်လူမျိုးစုကိုယ်စားလှယ်)တို့အား လွှတ်တော် ဥက္ကဋ္ဌမှ လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်ဆုံးဖြတ်ချက်ခံယူကာ အတည်ပြုခန့်အပ်ခဲ့ကြောင်း သိရသည်။

image