မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား(၂၈) ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းမိ

လုံခြုံရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဝင်များက ယနေ့ မေ ၂၈ ရက်ညနေပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသားနှင့် မြန်မာနိုင်ငံသား (၂၈)ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသား(၂၃)ဦးတို့အား အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အ သုံးပြုသည့် ဖုန်းမျိုးစုံ(၉၆)လုံး၊ All In One ကွန်ပျူ တာ(၃၅)လုံး၊ Laptop (၁)လုံး၊ Power Station အကြီး (၁)လုံး၊ Power Station အသေး(၁)လုံး၊ WiFi စက်(၃) လုံး၊ ဘတ္ထရီဆိုင်ကယ်(၅)စီးတို့နှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူး လွန်ရာတွင်ပါဝင်ပတ်သက်သည့် တရားမဝင်ပြည်ပနိုင် ငံသားများနှင့် ပြစ်မှုကျူးလွန်သူများအားလိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ပြီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

image

MOFA ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းနိုင်ငံခြားရေးဝန် ကြီး၏ အကြံပေးပုဂ္ဂိုလ်တို့တွေ့ဆုံ

အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေနှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ် မစ္စတာ ကလျာဏ ဝိဖတ်သိဖွန် ပရတ်ထေ့တို့ ယနေ့ မေ ၂၈ ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုပိုမိုမြှင့်တင်ရေး၊ အာဆီယံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ နယ်စပ်တစ်လျှောက် တရားမဝင်ကုန်သွယ်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ တားဆီးနှိမ်နင်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာများတွင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

image

မုံရွာမြို့ပေါ်ရှိ MSME လုပ်ငန်းများ တိုင်းဝန်ကြီးချုပ်ကြည့်ရှု

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လုပ်ကိုင်လျက်ရှိသည့် MSME များလုပ်ငန်းဆောင်ရွက်နေမှုများကို တိုင်းဝန် ကြီးချုပ်ဦးကိုလေးက ယနေ့ မေ ၂၈ ရက်နံနက်ပိုင်းတွင် ကြည့်ရှုအားပေးခဲ့သည်။
ချမ်းမြဝတီရပ်ကွက်ရှိ တစ်ရက်လျင် ဆန်(၁)တင်းခွဲ (၁,၂၀၀)အိတ်ကြိတ်ခွဲထုတ်လုပ်နေသည့် တန်(၆၀)ကျ "အောင်သုခ"ဆန်စက်ရုံ၊ ယင်း ရပ်ကွက်၌ တစ်ရက်လျင် ပေါင်မုန့်နှင့် ကိတ်အမျိုးမျိုး အထုတ်ရေ (၅၀,၀၀၀)ကျော်ထုတ်လုပ်နေသည့် "ရွှေကြယ်စင်"မုန့်လုပ်ငန်းတို့ကို ကြည့်ရှုအားပေးခဲ့သည်။
ထို့ပြင် သလ္လာဝတီရပ်ကွက်ရှိ "အကွာပူရ"သုံးရေနှင့်သောက်ရေသန့်စက်ရုံ၊ မုံရွာမြို့နယ်စည်ပင်နှင့် အကွာပူရကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် ရေ ပေးဝေရေးလုပ်ငန်းတို့ကိုလည်း တိုင်းဝန်ကြီးချုပ်က ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ ရေပေးဝေရေးလုပ်ငန်းသည် ချင်းတွင်းမြစ်ရေ အားသန့်စင်၍ မုံရွာမြို့ရှိ ရပ်ကွက်(၂၃)ရပ်ကွက်အ တွင်းနေထိုင်များကို နေ့စဉ်သောက်သုံးရေဖြန့်ဝေပေးလျက်ရှိသည်။

image

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်းများ(၂၀၂၆)အတွက် ရန်ပုံငွေလွှဲပြောင်းလက် ခံလွှာလက်မှတ်ထိုး

မြန်မာ-တရုတ်နှစ်နိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်းများ(၂၀၂၆) အလတွက် ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို မေ ၂၈ ရက်ကလက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါ ရန်ပုံငွေလွှဲပြောင်းလက်ခံလွှာကို နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးတင်မောင်ဆွေ ရှေ့ မှောက်၌ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့ကလက်မှတ် ရေးထိုးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု အထူးရန်ပုံငွေစီမံကိန်းများသည် ပြည်သူဗဟိုပြုဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အ ထည်ဖော်ရာတွင် အရေးပါပြီး ဒေသတွင်းပြည်သူများ ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကိုသိသာထင်ရှား စွာအထောက်အကူပြုလျက်ရှိသည်ဟု ပြောသည်။
" မြန်မာနိုင်ငံအနေနဲ့ ၂၀၁၇ ခုနှစ်ကစတင်ပြီး အမေရိကန်ဒေါ်လာ(၄၀ ဒသမ ၄၆)သန်းကျော်ခန့်တန်ဖိုးရှိတဲ့ စီမံကိန်းပေါင်း(၁၄၀)ခုရရှိခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ စိုက်ပျိုးရေး၊ စွမ်းအင်၊ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းမှု၊ ရေအရင်းအမြစ်စီမံခန့်ခွဲမှု၊ MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုနဲ့ ယဉ်ကျေးမှုဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုနယ်ပယ်တွေကို အထောက်အကူပြုနိုင်မယ့် စီမံကိန်း(၈)ခုကို အကောင်အထည်ဖော်ဆောင် ရွက်မှာပါ"ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ၂၀၁၆ ခုနှစ်တွင် ဒေသတွင်းရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင် ရွက်ရန်ရည်ရွယ်၍ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန် မာ၊ ထိုင်း၊ ဗီယက်နမ် အဖွဲ့ဝင်နိုင်ငံ(၆)နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည့် ဒေသခွဲပူးပေါင်းဆောင်ရွက်မှုဆိုင်ရာယန္တရားတစ်ရပ်ဖြစ်သည်။

image
18 ပတ် - ဘာသာပြန်ပါ။

ယာဉ်အို/ယာဉ်ဟောင်းများ အပ်နှံပါက EV ယာဉ် အစားထိုးတင်သွင်းခွင့်ပြုမည်

သက်တမ်းကြာမြင့်၍ အိုမင်းဟောင်းနွမ်းနေသော မော်တော်ယာဉ်များအား ပယ်ဖျက်အပ်နှံပြီး လျှပ်စစ်သုံးယာဉ် (EV) များဖြင့် အစားထိုးတင်သွင်းနိုင်ရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်။
ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း ၂၀ နှစ်ကျော်လွန်သည့် ယာဉ်များ၊ ပြင်ဆင်၍ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ခြင်းမရှိသည့် ယာဉ်များနှင့် သက်တမ်း ၂၀ နှစ်မကျော်သော်လည်း မိမိဆန္ဒအရ အပ်နှံလိုသည့် ယာဉ်များကို အပ်နှံနိုင်ကြောင်း သိရသည်။
ယင်းသို့ အပ်နှံရာတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးသည့် ဖျက်သိမ်းယာဉ်ထောက်ခံချက်ပုံစံ (ဃ) ကို တင်ပြရမည်ဖြစ်ပြီး အပ်နှံသည့် ယာဉ်အမျိုးအစားအလိုက် သင့်လျော်သည့် EV ယာဉ်တစ်စီးအား အစားထိုးတင်သွင်းခွင့်ပြုသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် EV ယာဉ်တင်သွင်းရာတွင် လိုအပ်သည့် နိုင်ငံခြားငွေများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါအစီအစဉ်သည် စက်သုံးဆီ အသုံးပြုမှုလျှော့ချနိုင်ရန်၊ ယာဉ်မတော်တဆမှုများ လျော့နည်းစေရန်နှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများ လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

image
18 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီဈေး ၆ ပတ်ဆက်တိုက်ကျဆင်း

တစ်လကျော်အတွင်း ဒီဇယ်တစ်လီတာ ၁,၁၀၀ ကျော်အထိ ဈေးကျ
ပြည်တွင်းစက်သုံးဆီဈေးနှုန်းများသည် သင်္ကြန်ကာလကျော်လွန်ပြီးနောက် သီတင်းပတ်(၆)ပတ်ဆက်တိုက် ကျဆင်းလာခဲ့ရာ တစ်လကျော်အတွင်း ဒီဇယ်တစ်လီတာလျှင် ကျပ် ၁,၁၀၀ ကျော်အထိ ဈေးကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက မေ ၂၉ ရက်တွင် ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ရန်ကုန်မြို့၌ စက်သုံးဆီတစ်လီတာဈေးနှုန်းများမှာ -
- 92 Ron — ၄,၅၅၀ ကျပ်
- 95 Ron — ၄,၆၂၀ ကျပ်
- ဒီဇယ် (HSD 500 ppm) — ၄,၅၉၅ ကျပ်
- ပရီမီယံဒီဇယ် (HSD 50 ppm / 10 ppm) — ၅,၅၅၀ ကျပ်
အသီးသီး ဖြစ်ကြောင်း သိရသည်။ ယင်းရည်ညွှန်းဈေးနှုန်းများကို ဇွန် ၄ ရက်အထိ သတ်မှတ်ထားကြောင်းလည်း ထုတ်ပြန်ထားသည်။
ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ဓာတ်ဆီဈေးနှုန်းများ ဆက်လက်ကျဆင်းလာပြီး 92 Ron တစ်လီတာလျှင် ၃၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၃၀ ကျပ် ကျဆင်းခဲ့သည်။ သို့သော် ဒီဇယ်ဈေးနှုန်းများမှာ အနည်းငယ် ပြန်လည်မြင့်တက်လာပြီး ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၁၃၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာလျှင် ၆၅ ကျပ် မြင့်တက်လာခဲ့သည်။
ဧပြီ ၂၄ ရက် ရည်ညွှန်းဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက သီတင်းပတ်(၆)ပတ်အတွင်း -
- 92 Ron — ၁၁၈ ကျပ် ကျဆင်း
- 95 Ron — ၂၈၉ ကျပ် ကျဆင်း
- ရိုးရိုးဒီဇယ် — ၁,၁၃၀ ကျပ် ကျဆင်း
- ပရီမီယံဒီဇယ် — ၁,၄၆၂ ကျပ် ကျဆင်း
ခဲ့ကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၈ ဝန်းကျင်ရှိနေသော်လည်း ပြည်တွင်းစက်သုံးဆီဈေးကွက်တွင် ဓာတ်ဆီဈေးကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။
စက်သုံးဆီဈေးနှုန်းများ ဆက်တိုက်ကျဆင်းလာမှုကြောင့် ကုန်စည်ပို့ဆောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများတွင် ကုန်ကျစရိတ်အချို့ သက်သာလာနိုင်ကြောင်း လုပ်ငန်းရှင်အချို့က မျှော်လင့်နေကြသည်။
စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စက်သုံးဆီဈေးနှုန်းများကို MOPS ဈေးနှုန်းအပေါ် အခြေခံတွက်ချက်၍ နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိကြောင်းနှင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချမှုများရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

image
18 ပတ် - ဘာသာပြန်ပါ။

သုခဒဂုံအိမ်ရာတွင် ထပ်တိုးအခန်း ၇၇၆ ခန်း ထပ်မံနေထိုင်နိုင်တော့မည်

ဆေးပေးခန်း၊ ဈေး၊ နေ့ကလေးထိန်းကျောင်းနှင့် ယာဉ်လိုင်းများပါ တည်ဆောက်ထား
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းတွင် မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ပြီးစီးပါက ထပ်တိုးအခန်းပေါင်း (၇၇၆)ခန်းကို ပြည်သူများ ထပ်မံနေထိုင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ မေ ၂၈ ရက် နံနက်ပိုင်းက သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာများနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာစီမံကိန်း၏ ပထမအဆင့်တွင် (၄)ခန်းတွဲ၊ (၅)ထပ် အဆောက်အဦ (၁၉၄)လုံးနှင့် အခန်းပေါင်း (၃,၁၀၄)ခန်း ဆောက်လုပ်ပြီးဖြစ်ကာ လက်ရှိတွင် ပြည်သူများ ငှားရမ်းနေထိုင်လျက်ရှိကြောင်း သိရသည်။
ယင်းအဆောက်အဦ (၁၉၄)လုံး၌ မြေညီထပ်ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ထပ်တိုးအခန်းပေါင်း (၇၇၆)ခန်းကို ပြည်သူများအတွက် ထပ်မံအသုံးပြုနိုင်မည်ဖြစ်သဖြင့် လုပ်ငန်းများကို သတ်မှတ်ချိန်အတွင်း အရည်အသွေးပြည့်မီစွာ အပြီးသတ်ဆောင်ရွက်ရန် ဒုတိယဝန်ကြီးက မှာကြားခဲ့သည်။
ထို့ပြင် အဆိုပါအိမ်ရာစီမံကိန်းတွင် ပြည်သူများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ဆေးပေးခန်း၊ နေ့ကလေးထိန်းကျောင်း၊ သုခဒဂုံဈေး၊ မော်တော်ယာဉ်လိုင်း (၅)လိုင်းနှင့် ယာဉ်ရပ်နားကွင်းတို့ကိုလည်း ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာရောဂါကုသရေးဆေးရုံဝန်းအတွင်း တည်ဆောက်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းအိမ်ရာများနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများကို ဆက်လက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေးနှင့် ဝန်ထမ်းများ အချိန်မီနေထိုင်နိုင်ရေးအတွက် လုပ်ငန်းများ အမြန်ပြီးစီးစေရန် မှာကြားခဲ့ကြောင်း သိရသည်။

image

မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းသွားမည်ဟု ကုလသမဂ္ဂယာယီဌာနေညှိ နှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးပြော

မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းသွားမည်ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအ ဖွဲ့အစည်းများ၏ အကြီးအမှူး၊ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင် ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis က ပြော သည်။
၎င်းက မေ ၂၈ ရက်တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီနှင့် နေပြည်တော်၌တွေ့ဆုံစဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများတားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေခြင်းအား အပြည်ပြည်ဆိုင်ရာကအသိအမှတ်ပြုသည်ဟု ဆွေးနွေးပြောကြားသည်။
ထို့အတူ ယာယီနေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေ ထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင်ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကာ ယာယီနေရပ်စွန့် ခွာသူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဘေးကင်းလုံခြုံစွာဖြင့် အဟန့်အတားမရှိပေးဝေနိုင်ရေးကိုလည်းဆောင်ရွက်လျက်ရှိပြီး သဘာဝဘေးအန္တ ရာယ်ကြောင့်ပျက်စီးသွားသည့် မြို့ရွာများပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်သွားမည်ဟု ဆွေးနွေးပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီကလည်း လွှတ်တော် ၏ဆောင်ရွက်ချက်များ၊ အွန်လိုင်းလိမ်လည်လောင်းက စားမှုအား ထိရောက်စွာတားဆီးနှိမ်နင်းနိုင်ရန် ဥပဒေ ကြမ်းရေးဆွဲထားပြီး လာမည့် လွှတ်တော်အစည်းအ ဝေး၌ အတည်ပြုပြဌာန်းနိုင်ရေးအတွက်ဆွေးနွေးမည့်အစီအစဥ်များ၊ ဖော်ထုတ်ဖမ်းဆီးလျက်ရှိမှုတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူ သားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးအနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင် ရာအကူအညီများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန် လည်ထူထောင်ရေးဆိုင်ရာများတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီက ပြောကြားခဲ့သည်။

image
18 ပတ် - ဘာသာပြန်ပါ။

ဇဗ္ဗူသီရိမြို့နယ်ကိုဗဟိုပြုပြီး ငလျင်လှုပ်ခတ်

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်ကိုဗဟိုပြု၍ ယနေ့ မေ ၂၉ ရက်နံနက် ၇ နာရီ ၄၁ မိနစ်က အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။

ဇမ္ဗူသီရိမြို့နယ်၏ အနောက်မြောက်ဘက်(၈)မိုင်ခန့်အကွာ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့ (၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image
18 ပတ် - ဘာသာပြန်ပါ။

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ဗဟိုဘဏ်ချင်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံ ဗဟိုဘဏ်ချင်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဒု-သမ္မတဦးညိုစောနှင့် ဘယ်လာရုစ်နိုင်ငံဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့ မေ ၂၈ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုများပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံဗဟိုဘဏ်များကြားပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့မှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗဟိုဘဏ်ချင်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်း နှီးမြှုပ်နှံမှုလုပ်ငန်းများကိုအထောက်အကူပြုနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ ပူးပေါင်းဆောင် ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။

image