ချစ်သူမာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း မန်စီးတီးစတားဒီယာ့စ်အတည်ပြုလာ
===================

ရူဘင်ဒီယာ့စ်က ချစ်သူ မာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလာပါတယ်။
ဒါပေမဲ့ ပေါ်တူဂီနှင့် မန်စီးတီးဗဟိုနောက်ခံလူက မာယာဂျာမာရဲ့ နောက်ကွယ်တွင် ဖောက်ပြန်မှုကြောင့် လမ်းခွဲလာရခြင်းဖြစ်တယ်လို့ မီဒီယာများက ရေးသားနေမှုများကို ငြင်းဆိုလာပါတယ်။
ဒီယာ့စ်ဟာ ဆိုရှယ်မီဒီယာတွင် ကိုယ်ပိုင်လူနေမှုဘဝအား မကြာခဏ တင်ကာ လူစိတ်အောင် ပြုလုပ်လေ့ရှိသူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူဟာ ကောလာလဟသတင်းများစွာ ထွက်ပေါ်လာမှုများနှင့်အတူ အင်စတာဂရမ်တွင် မာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလာခဲ့တာလည်း ဖြစ်ပါတယ်။
ယခုမေလလယ်ပိုင်းတုန်းက ဒီယာ့စ်နှင့် မာယာဂျာမာတို့ဟာ ဆိုရှယ်မီဒီယာများက တစ်ဦးရဲ့ ဓာတ်ပုံများကို တစ်ဦးက ဖြုတ်ချလာမှုနှင့်အတူ လမ်းခွဲလာကြပြီလို့ သတင်းထွက်ပေါ်လာခဲ့တာပါ။
၎င်းတို့ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလတုန်းက မန်ချက်စတာတွင် ပြုလုပ်တဲ့ MTV EMAs ပွဲတွင် တွေ့ဆုံပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီလမှ စတင်ကာ လူသိရှင်ကြား လက်တွဲလာခဲ့ကြတာလည်း ဖြစ်ပါတယ်။

image

ဆယ်စုနှစ်တစ်ခုကြာ ဦးဆောင်လာတဲ့ မန်စီးတီးမှ ဂွါဒီယိုလာ ထွက်ခွာရမှု နောက်ကွယ်မှ စစ်မှန်တဲ့ အကြောင်းရင်းကို မန်စီးတီးစတားဖွင့်ဟလာ
==================

မန်စီးတီးစတားတီဂျန်နီရိုင်ဂျန်ဒါက ဂန္ထဝင်နည်းပြပက်ဂွါဒီယိုလာ မန်စီးတီးမှ ထွက်ခွာလာရတဲ့ နောက်ကွယ်မှ အကြောင်းရင်းမှန်ကို ဖွင့်ဟပြောကြားလာပါတယ်။
ရိုင်ဂျန်ဒါဟာ မန်စီးတီးရဲ့ ရာသီနှောင်းပိုင်းတွင် ပွဲအများစုကို အရန်ခုံမှာ ထိုင်နေခဲ့ရသူ ဖြစ်ပြီး စပိန်လူမျိုးနည်းပြမှာ တချိန်တုန်းက ရှိခဲ့ဖူးတဲ့ စွမ်းအင်မျိုး မရှိတော့ကြောင်း ဖွင့်ဟလာပါတယ်။
နယ်သာလန်နှင့်အတူ ကမ္ဘာ့ဖလားယှဉ်ပြိုင်လာမဲ့ ရိုင်ဂျန်ဒါက "သူက စိတ်ဓာတ်ပြင်းထန်တဲ့ နည်းပြပါ။ ဘောလုံးဉာဏ်ကြီးရှင်တစ်ဦးလည်း ဖြစ်တယ်။ သူနဲ့ တစ်ရာသီတည်းပဲ အလုပ်လုပ်ခွင့်ရလို့ ရှက်မိတယ်။ ဒါပေမဲ့ ဒါက သူ့ရွေးချယ်မှုပါ"လို့ ဒတ်ချ်သတင်းစာ De Telegraaf သို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ၎င်းက "သူ အရွေးမခံရတဲ့ ကစားသမားကိုပဲ ဖြစ်ဖြစ်၊ မကစားတဲ ကစားသမားအပေါ်မှာပဲ ဖြစ်ဖြစ် စိတ်ပျက်တာတွေ မရှိတော့ဘူး။ ဆယ်နှစ်ကြာ အလုပ်လုပ်ခဲ့ပြီးတဲ့နောက် လုံလောက်သွားပြီလေ။ သူ့အပေါ် အလုံးစုံ နားလည်ပါတယ်။ စိတ်ဓာတ်ပြင်းထန်တဲ့ နည်းပြဆိုတာ အသင်းရဲ့ အကောင်းဆုံးစွမ်းဆောင်ရည် ထွက်ပေါ်လာအောင် လုပ်တတ်တဲ့ အပြုသဘောဆောင်တာ ပြောလိုတာပါ"လို့ ပြောကြားသွားပါတယ်။
နွေရာသီတုန်းက အေစီမီလန်မှ ပြောင်းလာခဲ့တဲ့ ရိုင်ဂျန်ဒါဟာ ဂွါဒီယိုလာရဲ့ နောက်ဆုံး ပရီးမီးယားလိဂ်ပွဲ ၁၄ ပွဲတွင် ၉ ပွဲအား အရန်အဖြစ်ပင် ပါဝင်ကစားခွင့်မရခဲ့သူ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ မန်စီးတီးအား ကိုင်တွယ်စဉ်အတွင်း ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၃ ကြိမ်အပါအဝင် စုစုပေါင်း ဆုဖလား အလုံး ၂၀ ရယူနိုင်ခဲ့ပါတယ်။

image

ပရီးမီးယားလိဂ်ဖလားဆွတ်ခူးပေးပြီး တစ်ရာသီအကြာတွင် အန်းဆလော့ကို လီဗာပူးထုတ်ပယ်လာ
=====================

အန်းဆလော့ဟာ လီဗာပူးကို နှစ်ရာသီကြာ ကိုင်တွယ်ခဲ့ရပြီးနောက် ထုတ်ပယ်ခြင်းခံလာရပြီ ဖြစ်ပါတယ်။
အသက် ၄၇ နှစ်ရှိ ဒတ်ချ်နည်းပြဟာ လီဗာပူးအား ကိုင်တွယ်တဲ့ ပထမဆုံးရာသီတွင် အကြိမ် ၂၀ မြောက် အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးဟာ အန်းဆလော့ရဲ့ ဒုတိယမြောက်ရာသီမှာတော့ ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာမှာသာ ရပ်တည်ပြီး ရုန်းကန်ခဲ့ရပါတယ်။
လက်ရှိအချိန်တွင် အန်းဆလော့နေရာတွင် အစားထိုးခန့်အပ်ခြင်းခံရရန် ဘုန်းမောက်နည်းပြရာထူးမှ ထွက်ခွာလာတဲ့ အန်ဒိုနီအိုင်ရာအိုလာက ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
အန်းဆလော့အား ထုတ်ပယ်ရန် ဆုံးဖြတ်ချက်အား FSG အမှုဆောင်ချုပ်မိုက်ကယ်အက်ဝတ်နှင့် လီဗာပူးအားကစားဒါရိုက်တာရစ်ချ်ဟုချ်တို့က ဆုံးဖြတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဆလော့ဟာ ၂၀၂၄ ခုနှစ်တွင် အသင်းကို ၉ နှစ်ကြာ ကိုင်တွယ်ပြီးနောက် ထွက်ခွာသွားတဲ့ ဂျာဂင်ကလော့ပ်နေရာမှာ အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူပါ။

image

စပါးစ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် ဘုန်းမောက်နောက်ခံလူဆီနီစီ သဘောတူညီမှု ရရှိ
====================

မားကို့စ်ဆီနီစီဟာ ဘုန်းမောက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် စပါးစ်သို့ ၄ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိလာပြီ ဖြစ်ပါတယ်။
အသက် ၂၉ နှစ်ရှိ အာဂျင်တီးနားဗဟိုနောက်ခံလူဟာ ဇွန်လ ၃၀ ရက်နေ့ ဘုန်းမောက်နှင့် စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် စပါးစ်သို့ တရားဝင်ပြောင်းလာတော့မှာ ဖြစ်ပါတယ်။
ဆီနီစီဟာ ယခုနွေရာသီတွင် ဘုန်းမောက်နှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဇန်နဝါရီလကတည်းက ကလပ်မှ ထွက်ခွာမယ်လို့ အသိပေးထားပြီးနောက် ဥရောပတလွှားကလပ်များနှင့် ဆွေးနွေးလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ ချဲလ်ဆီး၊ ယူနိုက်တက်၊ ဂျူဗင်တပ်၊ အက်သလက်တီကိုတို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရပေမဲ့လည်း စပါးစ်ကို ရွေးချယ်လာပါတယ်။
ရောဘတ်တိုဒီဇာဘီဟာ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲတွင်မှ ပရီးမီးယားလိဂ်တွင် ဆက်လက်တင်ကျန်ရစ်ခဲ့ပြီးနောက် နွေရာသီတွင် အသင်းကို ကြီးမားတဲ့ အပြောင်းအလဲ ပြုလုပ်ကာ တည်ဆောက်လာပါမယ်။
စပါးစ်ဟာ လီဗာပူးမှ ထွက်ခွာလာတဲ့ စကော့တလန်အသင်းခေါင်းဆောင်အင်ဒီရောဘတ်ဆင်ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီး ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၅၁၇ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၁၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၁၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၀၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၅၉၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၈၀ ကျပ်
ဝယ်ဈေး - ၄၁၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၀၀ ကျပ်
ဝယ်ဈေး - ၃၂၀၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၈၀ ကျပ်
ဝယ်ဈေး - ၄၈၅၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၈ ကျပ်
ဝယ်ဈေး - ၁၀၅၁ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၂ ကျပ်
ဝယ်ဈေး - ၆၁၆ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၄ ကျပ်
ဝယ်ဈေး - ၂၆.၁၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၀၃ ကျပ်
ဝယ်ဈေး - ၄၃.၈၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၂ ကျပ်
ဝယ်ဈေး - ၂.၇၅ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၅၅ ကျပ်
ဝယ်ဈေး - ၅၆၁၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၇၅ ကျပ်
ဝယ်ဈေး - ၂၉၉၆ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၀၀ ကျပ်
ဝယ်ဈေး - ၃၀၂၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၆ ကျပ်
ဝယ်ဈေး - ၅၃၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၆၅ ကျပ်
ဝယ်ဈေး - ၁၁၃၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
****************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

လူးဝစ်ဆွာရက်ဇ် ကမ္ဘာ့ဖလားလူစာရင်းကနေ ချန်လှပ်ခံရ
=====================

ဥရုဂွေးနည်းပြ ဘီယယ်ဆာက ၂၀၂၆ ကမ္ဘာ့ဖလားလူစာရင်းမှာ ဂန္ထဝင်တိုက်စစ်မှူး လူးဝစ် ဆွာရက်ဇ်ကို ထည့်သွင်းရွေးချယ်ခဲ့ခြင်း မရှိပါဘူး။
နိုင်ငံအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထားတဲ့ ဆွာရက်ဇ်ဟာ MLS မှာ အင်တာမိုင်ယာမီအတွက် ပုံစံကောင်းပြသနေပေမယ့် ဘီယယ်ဆာရဲ့ ယုံကြည်မှုကို မရရခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ခြေစစ်ပွဲတစ်လျှောက် အရေးပါခဲ့တဲ့ ကွင်းလယ်လူ နာဟီတန် နန်ဒက်ဇ်လည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
တစ်ဖက်မှာတော့ ဝါရင့်ဂိုးသမား ဖာနန်ဒို မူစလီရာ၊ ဗယ်ဗာဒီ၊ ဂီမီနက်ဇ်နဲ့ ဒါဝင် နူးနက်ဇ်တို့ ပါဝင်လာခဲ့ပြီး ဥရုဂွေးဟာ ကမ္ဘာ့ဖလားအုပ်စုအဆင့်မှာ စပိန်၊ ကိတ်ဗာဒီ၊ ဆော်ဒီအာရေဗျတို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

image

အီရာအိုလာကို လီ​ဗာပူးလ် ချဉ်းကပ်မည်
================

လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ အာနီဆလော့ရဲ့နေရာအတွက် ဘုန်းမောက်နည်းပြ အန်ဒိုနီ အီရာအိုလာနဲ့ ဒီတစ်ပတ်အတွင်း တရားဝင်ဆွေးနွေးမှု စတင်ဖို့ ပြင်ဆင်နေပါတယ်။
ဒတ်ချ်လူမျိုးနည်းပြ ဆလော့ဟာ ဒီရာသီ ပြိုင်ပွဲစုံ ရှုံးပွဲ ၂၀ အထိ ကြုံတွေ့ခဲ့ရပြီး ပရီးမီးယားလိဂ် အဆင့် ၅ နေရာသာ ရရှိခဲ့တာကြောင့် ရာထူးကနေ ဖယ်ရှားခံခဲ့ရပါတယ်။
လီဗာပူးလ်က ပိုမိုတိုက်စစ်ဆန်ပြီး ဖိအားပေးကစားတဲ့ ဘောလုံးပုံစံကို တည်ဆောက်ချင်တာကြောင့် အီရာအိုလာကို အဓိကပစ်မှတ်ထားနေတာဖြစ်ပါတယ်။
၄၃ နှစ်အရွယ် စပိန်နည်းပြဟာ ပြီးခဲ့တဲ့ရာသီမှာ ဘုန်းမောက်ကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဝင်ခွင့်ရအောင် ပို့ဆောင်ပေးခဲ့ပြီး စာချုပ်သက်တမ်းလည်း ကုန်ဆုံးထားပြီဖြစ်ပါတယ်။
လီဗာပူးလ်အသင်းဟာ ကမ္ဘာ့ဖလားမစတင်မီ နည်းပြသစ်ခန့်အပ်နိုင်ဖို့ ရည်မှန်းထားပြီး အီရာအိုလာရဲ့ လစာတောင်းဆိုမှုကလည်း ပြဿနာမရှိနိုင်ဘူးလို့ သိရပါတယ်။

image

image

image