15 ပတ် - ဘာသာပြန်ပါ။

၂ ပွဲဆက် အရန်ခုံသို့ ပို့ခဲ့တဲ့ ဆာလက်ကို စိတ်ထဲတွင် အမြဲရှိကြောင်း အန်းဆလော့ ပြောကြားလာ
==================

လီဗာပူးနည်းပြအန်းဆလော့က ၂ ပွဲဆက် ပွဲထွက်လူစာရင်းမှ ချန်လှပ်ခြင်းခံခဲ့ရတဲ့ မိုဟာမက်ဆာလက်ကို စိတ်ထဲတွင် အမြဲတမ်းထည့်ထားကြောင်း ပြောကြားလာပါတယ်။
အသက် ၃၃ နှစ်ရှိ ဆာလက်ဟာ ယခုရာသီ ပရီးမီးယားလိဂ်တွင် ၄ ဂိုးသွင်းကာ ရုန်းကန်နေရပြီးနောက် နောက်ဆုံး ၂ ပွဲတွင် ၄၅ မိနစ်တည်းသာ ကစားခွင့်ရခဲ့ပါတယ်။
ယင်းသို့ အခြေအနေကြောင့် ဧပြီလတုန်းက လီဗာပူးနှင့် ၂ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဆာလက်ကို ဆော်ဒီပရိုလိဂ်က ခေါ်ယူရန် ထပ်မံ ကြိုးပမ်းလာဖို့ ရှိနေပြီလည်း ဖြစ်ပါတယ်။
ဆလော့က "ကျွန်တော့်စိတ်ထဲမှာ ရှိတဲ့ ကစားသမားတိုင်း ပွဲထွက်ကစားခွင့်ရနိုင်တယ်။ မိုက ကျွန်တော်တို့အတွက် အရမ်းကို ထူးခြားတဲ့ ကစားသမားပါ။ သူ့ကို ပွဲထွက်ကစားစေဖို့ပဲ ဖြစ်ဖြစ် အရန်အဖြစ် ကစားဖို့ပဲ ဖြစ်ဖြစ် အမြဲစိတ်ထဲ ရှိပါတယ်"လို့ ပြောကြားသွားပါတယ်။
ဆာလက်ဟာ အန်းဆလော့ရဲ့ ပထမလီဗာပူးရာသီတွင် ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်အောင် ၂၉ ဂိုးသွင်းပြီး အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဝက်စ်ဟမ်းအား အနိုင်ရတဲ့ပွဲတွင် အရန်အဖြစ်ပင် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ ယင်းနောက် သူဟာ ဆန်းဒါးလန်းနှင့် သရေကျတဲ့ ကြားပွဲစဉ်တွင် ဒုတိယပိုင်းမှာ လူစားဝင်ရောက်ကစားခဲ့ပါတယ်။
ဆာလက်ဟာ ယနေ့ည လိဒ်နှင့်ပွဲစဉ်တွင်လည်း ပွဲထွက်ကစားခွင့် ရရှိရန် မသေချာပါဘူး။
ဆာလက်ဟာ ၂၀၁၇ ခုနှစ်တွင် ရိုးမားမှ ပြောင်းလာပြီးနောက် လီဗာပူးအတွက် ဂိုး ၂၅၀ သွင်းထားသူဖြစ်ပြီး လီဗာပူးကစားသမားဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ၂ ပွဲဆက် အရန်ခုံမှာ ထိုင်နေခဲ့ရပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

တူရကီလောင်းကစားနှင့် လုပ်ပွဲအရှုပ်တော်ပုံတွင် ပါဝင်မှုကြောင့် နေအိမ်စီးနင်းရှာဖွေခံခဲ့ရတဲ့ ဖီနာဘာချီအသင်းခေါင်းဆောင်
====================

ဖီနာဘာချီအသင်းခေါင်းဆောင်မတ်ဟာကန်ယန်ဒက်စ်ရဲ့ နေအိမ်ဟာ လောင်းကစားနှင့် လုပ်ပွဲအရှုပ်တော်ပုံ စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် တူရကီရဲတပ်ဖွဲ့ရဲ့ စီးနင်းရှာဖွေခြင်းခံခဲ့ရပါတယ်။
အစ္စတန်ဘူလ်မှ အစိုးရရှေ့နေများဟာ သောကြာနေ့တုန်းက တူရကီဘောလုံးလောက လောင်းကစားနှင့် လုပ်ပွဲအရှုပ်တော်ပုံစုံစမ်းစစ်ဆေးမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် လူ ၂၉ ဦးကို ဖမ်းဆီးရန် အမိန့်ညွှန်ကြားခဲ့ပြီး ယင်းတွင် ကစားသမား ၂၉ ဦး ပါဝင်ပါတယ်။
အသက် ၃၁ နှစ်ရှိ အလယ်တန်းကစားသမားယန်ဒက်စ်မှာ ကြားခံအုပ်စုကို အသုံးချပြီး ဘောလုံးပွဲများကို လောင်းကစားမှု ပြုလုပ်ခဲ့မှုပြုလုပ်ကြောင်း စွပ်စွဲခြင်းခံထားရပြီး တူရကီမီဒီယာများရဲ့ ဖော်ပြမှုအရ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူများတွင် သူ့အသင်းအပါအဝင် ဘောလုံးပွဲများကို လောင်းကစားပြုလုပ်မှုကြောင့် ၉ လပွဲပယ်ခံထားရတဲ့ အသက် ၂၃ နှစ်ရှိ ဂါလာတာစာရေးဗဟိုနောက်ခံလူမီတီဟန်ဘယ်တာခီလည်း ပါဝင်ပါတယ်။
ဘောလုံးသမားများဟာ လုပ်ပွဲပြဿနာရှိနိုင်မှုကြောင့် ဘောလုံးပွဲများအား လောင်းကစားခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။
ဖမ်းဆီးခံရတဲ့ ကစားသမား ၂၉ ဦးမှ ၂၇ ဦးတို့မှာ ကိယ့်အသင်းရဲ့ ပွဲများကိုပါ လောင်းကစားမှု ပြုလုပ်မှုအတွက် ဖမ်းဆီးခံထားရပါတယ်။
အစိုးရရှေ့နေက ဖမ်းဆီးခံရသူ ၄၆ ဦးမှ ၃၅ ဦးကို ဖမ်းဆီးထားနိုင်ပြီးဖြစ်ပါတယ်။ ကျန် ၁၁ ဦးမှ ၅ ဦးမှာ ပြည်ပတွင် ရှိနေတယ်လို့ ယူဆရပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် အန်ကာယာစပေါ်ပိုင်ရှင် အာမက်အိုကာတန်နှင့်ဥက္ကဌမီမက်အီမန်ကာတီပိုဂလူ၊ Nazilli Belediyespor ဥက္ကဌဆီဟန်ကာယာနှင့် အခြားနည်းပြ ၂ ဦးလည်း ပါဝင်ပါတယ်။
ဖမ်းဆီးခံရတဲ့ လူ ၆ ဦးမှ ကစားသမားတစ်ဦးမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတုန်းက Umraniyespor နှင့် Giresunspor ပွဲတွင် လုပ်ပွဲကစားခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။
ဒါ့အပြင် Adana Demirspor ဥက္ကဌဟောင်းမူရက်ဆန်ခစ်၊ ဒိုင်လူကြီးဟောင်းနှင့် လက်ရှိ ပွဲသုံးသပ်သူ အာမက်ခါကာနှင့် ဇနီးသည်၊၊ အဆင့်မြင့်တန်းလိဂ်ဒိုင်လူကြီးဇော်ဘေကူကပ်ခ်တို့လည်း ပါဝင်ပါတယ်။ ကူကပ်ခ်မှာ ဘဏ်အကောင့်တစ်ခုမှ ငွေအပြောင်းအရွှေ့လုပ်မှုကြောင့် သံသယဝင်ခြင်းခံနေရတာပါ။
နိုဝင်ဘာလတုန်းက တူရကီဘောလုံးအဖွဲ့ချုပ်ဟာ လောင်းကစားမှု ပြုလုပ်တဲ့ ကစားသမားတစ်ထောင်ကျော်တို့အား ပွဲကစားခွင့်ပိတ်ပင်မှု ပြုလုပ်ခဲ့ပါတယ်။
ဂါလာတာစာရေးမှာ တူရကီစူပါလိဂ်ကို ဦးဆောင်နေပြီး ဒုတိယနေရာမှ ဖီနာဘာချီအား တစ်မှတ်ဖြတ်ထားပါတယ်။

image
15 ပတ် - ဘာသာပြန်ပါ။

အနည်းဆုံး ၆ ပတ်ကြာ အနားယူရမယ့် အာဆင်နယ်ရဲ့ မော့စ်ကွီရာ
=================

နောက်ခံလူခရစ္စတီယန်မော့စ်ကွီရာမှာ ဒဏ်ရာကြောင့် အနည်းဆုံး ၆ ပတ်ကြာအနားယူလာရမှာဖြစ်လို့ အာဆင်နယ်တို့ ခံစစ်အတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။
စပိန်နောက်ခံလူဟာ ဘရန့်ဖို့ဒ်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒဏ်ရာအတိမ်အနက်ကို သိရန် နောက်ထပ် ဆေးစစ်ဆေးမှု ပြုလုပ်ရပါဦးမယ်။
အာဆင်နယ်ဟာ အဓိကဗဟိုခံစစ်အတွဲဖြစ်တဲ့ ဆာလီဘာနှင့် ဂါဘရီရယ်တို့ ဒဏ်ရာရရှိနေချိန်တွင် မော့စ်ကွီရာကို ထပ်မံ ဆုံးရှုံးလာရတာပါ။
အသက် ၂၁ နှစ်ရှိ စပိန်နောက်ခံလူရဲ့ လက်ရှိ ဒဏ်ရာအနေအထားအရ ၆ ပတ်မှ ၈ ပတ်အထိ အနားယူရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
အာဆင်နယ်အတွက် သတင်းကောင်းကတော့ ဆာလီဘာမှာ ရက်ပိုင်းအတွင်း ပွဲပြန်ကစားနိုင်ယ့် အခြေအနေတွင် ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂါဘရီရယ်ကတော့ ပေါင်ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီအထိ ကစားနိုင်မှာ မဟုတ်ပါဘူး။
အာတီတာဟာ ဆာလီဘာနှင့် ဂါဘရီရယ်တို့ ဒဏ်ရာကြောင့် အနားယူနေစဉ် မော့စ်ကွီရာနှင့် ဟန်ကာပီတို့ကို အသုံးပြုနေတာ ဖြစ်ပါတယ်။ ယခုအခါ အာတီတာဟာ ဟန်ကာပီနှင့် တမ်ဘားတို့အား ဗဟိုခံစစ်မှာ အသုံးပြုလာရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ယနေ့ညတွင် တတိယနေရာမှ ဗီလာနှင့် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဗုဒ္ဓဟူးနေ့တွင် ကလပ်ဘရုဂျက်နှင့် ရင်ဆိုင်ကစားရပါမယ်။

image
15 ပတ် - ဘာသာပြန်ပါ။

လိဒ်ပရိသတ်များအား တံတွေးဖြင့် ထွေးခဲ့မှုအတွက် ၄ ပွဲပယ်ခံလာရတဲ့ ဘန်လေစတားဟန်နီဘယ်
==================

ဘန်လေအလယ်တန်းကစားသမားဟန်နီဘယ်မီဘရီဟာ တံတွေးဖြင့် ထွေးခဲ့မှုအတွက် ၄ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခြင်းခံလာရပါတယ်။
ယူနိုက်တက်စတားဟောင်းဟာ ၄ ပွဲပယ်ပြစ်ဒဏ်အပြင် ပေါင် ၁၅၀၀၀ လည်း ဒဏ်ရိုက်ခြင်းခံလာရပါတယ်။
အသက် ၂၂ နှစ်ရှိ ဟန်နီဘယ်မီဘရီဟာ အောက်တိုဘာလ ၁၈ ရက်နေ့ ပရီးမီးယားလိဂ်ပွဲစဉ်တွင် လိဒ်ပရိသတ်များကို တံတွေးဖြင့် ထွေးခဲ့မှုအတွက် စွဲချက်တင်ခြင်းခံခဲ့ရတာပါ။
ဘန်လေတို့ ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ ယင်းပွဲရဲ့ ပွဲချိန် ၈၃ မိနစ်တွင် တူနီရှားလက်ရွေးစင်ဟာ လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် သူဟာ လူစားဝင်ရောက်ကစားခြင်း မပြုမီ သွေးပူလေ့ကျင့်ခန်းပြုလုပ်နေချိန်တွင် ပရိသတ်များကို တံတွေးဖြင့် ထွေးခဲ့တာပါ။
ယင်းပွဲအပြီးတွင် လင်ကက်ရှိုင်းယားရဲတပ်ဖွဲ့က ဟန်နီဘယ်မီဘရီရဲ့လုပ်ရပ်အား စုံစမ်းစစ်ဆေးနေကြောင်း ဆိုသွားပါတယ်။
၂၀၂၄ ခုနှစ် နွေရာသီတွင် ယူနိုက်တက်မှ ပြောင်းလာတဲ့ မီဘရီဟာ ယခုရာသီတွင် ဘန်လေအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၁၄ ပွဲကစားထားပါတယ်။
သူဟာ ယူနိုက်တက်တွင် ကစားစဉ်တုန်းက အလားအလာအကောင်းဆုံးအကယ်ဒမီထွက်အဖြစ် သတ်မှတ်ခံခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်ပွဲ ၈ ပွဲတည်းသာ ကစားခွင့်ရခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ဘန်လေတွင် ပုံမှန်ပွဲထွက်ကစားခွင့် ရရှိရန် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲ ၄ ပွဲတည်းသာ ပွဲထွက်ခွင့် ရထားပါတယ်။

image

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၆ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၉၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၄၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၈၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၄၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၂၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၆၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၂၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၂ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၆ ကျပ်
ဝယ်ဈေး - ၉၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၃ ကျပ်
ဝယ်ဈေး - ၂၅.၂၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၇၄ ကျပ်
ဝယ်ဈေး - ၄၃.၆၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၃ ကျပ်
ဝယ်ဈေး - ၂.၆၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၀ ကျပ်
ဝယ်ဈေး - ၂၅၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၂ ကျပ်
ဝယ်ဈေး - ၂၈၁၁ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၇ ကျပ်
ဝယ်ဈေး - ၅၀၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၅ ကျပ်
ဝယ်ဈေး - ၁၀၆၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
15 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************

🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
15 ပတ် - ဘာသာပြန်ပါ။

😎

image
15 ပတ် - ဘာသာပြန်ပါ။

Anti-Foam Additive for Engine Oil Market Set to Expand as Automotive and Industrial Applications Surge
Anti-foam additives are crucial in engine oils to prevent the formation of foam, which can compromise the lubrication process, reduce efficiency, and potentially damage engine components. Market Intelo’s latest research indicates that the market was valued at USD 1.5 billion in 2024 and is expected to grow at a CAGR of 5.9%, reaching USD 2.6 billion by 2032.
Read Full Research Study: https://marketintelo.com/repor....t/anti-foam-additive

Anti-Foam Additive for Engine Oil Market Research Report 2033
marketintelo.com

Anti-Foam Additive for Engine Oil Market Research Report 2033

As per our latest market intelligence, the Global Anti-Foam Additive for Engine Oil market size was valued at $1.2 billion in 2024, and is forecasted to hit $2.1 billion by 2033, growing at a robust CAGR of 6.5% during the forecast period.