AI တွင် ရင်းနှီးမြှပ်နှံကာ လုပ်ငန်းတိုးချဲ့လာတဲ့ ခရစ္စတီယာနိုရော်နယ်ဒို
======================

ခရစ္စတီယာနိုရော်နယ်ဒိုဟာ Perplexity တွင် ရင်းနှီးမြှပ်နှံကာ စီးပွားရေးလုပ်ငန်း တိုးချဲ့မှု ပြုလုပ်လာပါတယ်။
ယင်း AI ပလက်ဖောင်းက OpenAI ရဲ့ ChatGPT ရဲ့ ပြိုင်ဘက်လည်း ဖြစ်ပါတယ်။
ယခုအခါ Perplexity ဟာ ရော်နယ်ဒိုနှင့် ပူးပေါင်းမှု ပြုလုပ်ပြီး ကုမ္ပဏီရဲ့ ပရိုမိုးရှင်းများတွင် အသုံးပြုလာတော့မှာလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုက "ကြီးကျယ်မြင့်မြတ်မှုအတွက် စူးစမ်းလိုစိတ်က လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ နေ့စဉ် မေးခွန်းသစ်တွေ မေးနေမှ အောင်မြင်မှုတွေ ရပါလိမ့်မယ်။ ဒါကြောင့်လည်း Preplexity မှာ ရင်းနှီးမြှပ်နှံရမှုအပေါ် ဂုဏ်ယူစွာ ကြေညာလာပါတယ်။ Preplexity က ကမ္ဘာ့စူးစမ်းလိုစိတ်ကို စွမ်းအားပေးနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ အတူ လက်တွဲပြီး လူတိုင်းကို မေးခွန်းတွေ မေးဖို့ လှုံ့ဆော်သွားပါမယ်"လို့ ပြောကြားသွားပါတယ်။
Preplexity ကို ၂၀၂၂ ခုနှစ်တွင် တည်ထောင်ခဲ့တာ ဖြစ်ပြီး အသုံးပြုများအနေဖြင့် သိလိုတဲ့ မေးခွန်းများကို AI ဖြင့် ဖြေကြားပေးပါတယ်။
အသက် ၄၀ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ အောက်တိုဘာလတုန်းက ပေါ်တူဂီတွင် Prestige Award ဆွတ်ခူးစဉ်တုန်းက Preplexity ကို အသုံးပြုကြောင်း ထည့်သွင်းပြောကြားသွားခဲ့ဖူးပါတယ်။

image

အီကွေဒေါပါရမီရှင်အမြွှာညီနောင်ကို အာဆင်နယ် ခေါ်ယူလာ
===================

အာဆင်နယ်ဟာ အီကွေဒေါမှ ပါရမီရှင် အမြွှာညီနောင်အား ခေါ်ယူလိုက်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်ပရိသတ်များအနေဖြင့် အသက် ၁၆ နှစ်ရှိ အမြွှာညီနောင်တို့ အသက် ၁၈ နှစ်ပြည့်ချိန်တွင်မှ ခေါ်ယူခွင့်ရရှိမှာဖြစ်လို့ မြင်တွေ့ရဖို့ ၂ နှစ်စောင့်ဆိုင်းရပါဦးမယ်။
အက်ဝင်းနှင့် ဟိုလ်ဂျာကွင်တီရို ညီနောင်တို့ဟာ ၂၀၂၇ ခုနှစ် ဩဂုတ်လတွင်မှ Independiente del Valle မှ အာဆင်နယ်သို့ တရားဝင် ပြောင်းရွှေ့လာကြပါမယ်။
ယင်းကလပ်မှာ အာဆင်နယ်နောက်ခံလူပီရိုဟန်ကာပီ ကစားသမားဘဝစတင်ခဲ့ရာ ကလပ်လည်း ဖြစ်ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးကွင်းလယ်ကစားသမားကိုင်စီဒိုမှာလည်း ယင်းကလပ်တွင်ပင် ကစားသမားဘဝစတင်ခဲ့တာပါ။
အက်ဝင်းမှာ ဘယ်သန်ညာတောင်ပံကစားသမားတစ်ဦးဖြစ်ပြီး ဟိုလ်ဂျာမှာ ညာသန် အလယ်တန်းတိုက်စစ်သမားဖြစ်ပါတယ်။
ယင်းအမြွှာညီနောင်နှစ်ဦးတိုဟာ အီကွေဒေါယူ-၁၇ အသင်းမှာ ကစားခွင့်ရှိနေကြသူများလည်း ဖြစ်ပါတယ်။
အမြွှာညီနောင်တို့ဟာ Independiente del Valle တွင်ပင် နောက်ထပ် ၂ နှစ်ကစားကာ အရည်အချင်းပိုကောင်းလာရေး ကြိုးစားရပါမယ်။

image

ဆီးကျိတ်ကင်ဆာဝေဒနာခံစားနေရတဲ့ ပရီးမီးယားလိဂ်ဂန္ထဝင်ဆာကာဟစ်စလော့ပ်
==================

ပရီးမီးယားလိဂ်ဂန္ထဝင်ဆာကာဟစ်စလော့ပ်ဟာ ဆီးကျိတ်ကင်ဆာရောဂါဝေဒနာတိုက်ပွဲဝင်နေရပါတယ်။
အသက် ၅၆ နှစ်ရှိ ဟစ်စလော့ပ်ဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ ၁၅ နှစ်အတွင်း ဝက်စ်ဟမ်း၊ ရီးဒင်း၊ နယူးကာဆယ်နှင့် ပို့စ်မောက်တို့တွင် ကစားခဲ့သူ ဖြစ်ပါတယ်။
ဂိုးသမားဟောင်းဟာ ၂၀၀၇ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် ဘောလုံးဝေဖန်ရေးသမားအဖြစ် ဆောင်ရွက်နေခဲ့ပြီး ESPN တွင် ထမ်းဆောင်စဉ်တုန်းက အကောင်းဆုံးဝေဖန်သုံးသပ်နိုင်သူအဖြစ် ပရိသတ်များရဲ့ ချီးကျူးခြင်းခံခဲ့ရပါတယ်။
ထရီနီဒတ်နှင့် တိုဘာဂိုဂိုးသမားဟောင်းဟာ လက်ရှိအချိန်တွင် ၇ ပတ်ခွဲကြာ ဆေးကုသမှုနှင့် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသမှု ခံယူနေပါတယ်။
သူဟာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဆေးစစ်ဆေးမှု ခံယူစဉ် ဆီးကျိတ်ကင်ဆာဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဟစ်စလောပ်က အသက် ၅၀ နှစ်သို့ ရောက်နေတဲ့ အမျိုးသားတိုင်း ဆီးကျိတ်အင်တီဂျင်စစ်ဆေးမှု ပြုလုပ်သင့်ကြောင်းနှင့် အာဖရိကနွယ်ဖြစ်ပါက အသက် ၄၀ နှစ်တွင်ပင် စစ်သင့်ကြောင်းလည်း တိုက်တွန်းသွားပါတယ်။
ပရိသတ်များဟာ ဆီးကျိတ်ဝေဒနာခံစားနေရတဲ့ ဟစ်စလော့ပ်အား ရောဂါမှ အမြန်ဆုံး ပျောက်ကင်းပါစေကြောင်း ဆုတောင်းပေးနေကြပါတယ်။

image

LAFC သို့ ပြောင်းရွှေ့သွားပြီး လအနည်းငယ်အကြာမှာဘဲ ဆန်ဟောင်မင်း ပြန်လာမယ်လို့ စပါးစ် အတည်ပြုလာ
======================

ဆန်ဟောင်မင်းဟာ LAFC သို့ ပြောင်းရွှေ့သွားပြီး လေးလအကြာမှာဘဲ စပါးစ်သို့ ပြန်လာမယ်လို့ ကြေညာလာပါတယ်။
စပါးစ်ဂန္ထဝင်နှင့် ယူရိုပါလိဂ်ချန်ပီယံအသင်းခေါင်းဆောင်ဟာ လာမယ့်အပတ် မေဂျာလိဂ်ရာသီသိမ်းချိန်တွင် အသင်းဟောင်းစပါးစ်သို့ ပြန်လာပြီး ပရိသတ်များကို နှုတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။
ဆန်ဟောင်မင်းဟာ ဒီဇင်ဘာလ ၉ ရက်နေ့ ဆလားဗီးယားပရက်နှင့် ချန်ပီယံလိဂ်ပွဲစဉ်ကို တက်ရောက်ကြည့်ရှုမှာ ဖြစ်ပြီး ပွဲမတိုင်မီ ကွင်းအတွင်းသို့ ဆင်းကာ ပရိသတ်များအား နှုတ်ဆက်လာမှာလည်း ဖြစ်ပါတယ်။
တောင်ကိုရိးယားဂန္ထဝင်ဟာ နွေရာသီတုန်းက စပါးစ်မှ ထွက်ခွာကာ LAFC သို့ ပြောင်းရွှေ့စဉ်တုန်းက ပရိသတ်များအား နှုတ်ဆက်ခွင့်မရခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် သူဟာ Tottenham High Road တွင် ရေးဆွဲထားတဲ့ သူ့ပုံတူပန်းချီဖွင့်ပွဲသို့လည်း တက်ရောက်လာမှာ ဖြစ်ပြီး ပရိသတ်များနှင့် တွေ့ဆုံလာဦးမှာလည်း ဖြစ်ပါတယ်။ ယင်းပုံတူပန်းချီမှ ပုံကို ဆန်ဟောင်မင်းကိုယ်တိုင် ရွေးချယ်ထားတာလည်း ဖြစ်ပါတယ်။
ယင်းပုံတူပန်းချီကို လက်စလေကင်းနှင့် ဟယ်ရီကိန်းပုံတူတို့ကိုလည်း ရေးဆွဲခဲ့တဲ့ Murwells ကပင် ရေးဆွဲထားတာပါ။
အသက် ၃၃ နှစ်ရှိ ဆန်ဟောင်မင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ယူရိုပါလိဂ်ဖလား ရရှိအောင် ကူညီကာ ၁၇ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်မှုအား အဆုံးသတ်နိုင်အောင် ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
သူဟာ စပါးစ်တွင် ဆယ်နှစ်ကြာ ကစားစဉ်အတွင်း ၄၅၄ ပွဲကစားပေးခဲ့ကာ ၁၇၃ ဂိုးသွင်းပေးခဲ့ပါတယ်။

image

မြောက်အိုင်ယာလန်နှင့်ကစားရမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ပွဲစဉ်ကို ဘာဂိုမိုတွင် ကစားလာမယ့် အီတလီ
======================

အီတလီဟာ လာမယ့်နှစ်မတ်လ ၂၆ ရက်နေ့တွင် မြောက်အိုင်ယာလန်နှင့် ကစားမယ့် ကမ္ဘာ့ဖလားပလေးအော့ဖ်ဆီမီးဖိုင်နယ်ပွဲစဉ်အား Stadio di Bergamo တွင် ကစားလာပါမယ်။
မိုက်ကယ်အိုနေးလ်ရဲ့ မြောက်အိုင်ယာလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စု(က)တွင် တတိယသာ ရရှိပေမယ့်လည်း နေးရှင်းလိဂ်စွမ်းဆောင်ရည်ကြောင့် ပလေးအော့ဖ်ကစားခွင့်ရလာခဲ့တာလည်း ဖြစ်ပါတယ်။
အီတလီမှာ ကမ္ဘာ့ဖလားအုပ်စု(ဈ)တွင် ဒုတိယနေရာမှာသာ ရပ်တည်ခဲ့ပြီး ပလေးအော့ဖ်တွင် ကမ္ဘာ့အဆင့်အကောင်းဆုံးအသင်းဖြစ်တာကြောင့် မြောက်အိုင်ယာလန်အား အိမ်ကွင်းအားသာချက်ဖြင့် ကစားခွင့်ရလာတာလည်း ဖြစ်ပါတယ်။
အီတလီဟာ မြောက်အိုင်ယာလန်နှင့်ပွဲကို အတ္တလန္တာရဲ့ အိမ်ကွင်း Stadio di Bergamo တွင် ကစားရန် ရွေးချယ်လာပါတယ်။
Stadio di Bergamo ကွင်းက ပရိသတ် ၂၁၃၀၀ တည်းသာ ဝင်ဆန့်ရာ မြောက်အိုင်ယာလန်မှာ လက်မှတ်ခွဲတမ်း ၁၀၀၀ ခန့်သာ ရရှိလာဖို့ ရှိနေပါတယ်။
အီတလီနှင့် မြောက်အိုင်ယာလန်ပွဲစဉ်မှ အနိုင်ရတဲ့အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ခွင့် အဆုံးအဖြတ်ပွဲအဖြစ် ပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဝေးလ်(သို့မဟုတ်) ဘော့စနီးယားနှင့် မတ်လ ၃၁ ရက်နေ့တွင် ကစားရပါမယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အရန်ကစားသမားများကို အဝတ်အစားလဲခန်းတွင် နေခိုင်းလာဖို့ ရှိနေတဲ့ သောမတ်စ်တူချယ်
====================

အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က ပူပြင်းတဲ့ ရာသီဥတုကြောင့် လာမယ့်နှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် အရန်ကစားသမားများအား အဝတ်အစားလဲခန်းအတွင်းတွင်ပင် နေခိုင်းထားနိုင်ကြောင်း ပြောကြားလာပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ ကနေဒါနှင့် မက္ကဆီတို့က ပူးတွဲ ကျင်းပလာမှာ ဖြစ်ပြီး ယနေ့တွင် ဝါရှင်တန်ဒီစီတွင် ကမ္ဘာ့ဖလားအုပ်စုမဲခွဲမှု ပြုလုပ်လာပါမယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲအား ဇွန်လတွင် ကစားမည်ဖြစ်ရာ ပူပြင်းတဲ့ နွေရာသီဒဏ်ကို ကစားသမားများ ခံစားလာရမှာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီတုန်းက ကျင်းပတဲ့ ကလပ်ကမ္ညာ့ဖလားပြိုင်ပွဲတုန်းကလည်း ကစားသမားများ၊ နည်းပြများဟာ ပူပြင်းတဲ့ ရာသီအား စောဒကတက်မှု ပြုလုပ်ခဲ့ကြပါတယ်။
Football for the Future and Common Goal က ကမ္ဘာ့ဖလားကျင်းပမယ့် ကွင်း ၁၆ ကွင်းမှာ ၁၀ ကွင်းတွင် ဆိုးရွားလွန်းလှတဲ့ အပူချိန်ကို ကစားသမားများ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သတိပေးကြေညာထားပါတယ်။
တူချယ်က "ကျွန်တော်အပါအဝင် အားလုံးက အရန်ခုံကနေ ကွင်းအတွင်း ကစားသူတွေကို ခွန်အားပေးတာမျိုး လိုချင်ကြတော့ ဒီလို ဘယ်သူမှ မလုပ်ချင်ကြပါဘူး။ ဒါပေမယ့် ကလပ်ကမ္ဘာ့ဖလားမှာ ကစားသမားတွေ လုပ်တာ မြင်ခဲ့ရတာတွေကြောင့် ဒါကို ရှောင်လွဲလာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့နှင့်အတူ အရန်ကစားသမားတွေလည်း အတူရှိနေတာကတော့ အကောင်းဆုံးပေါ့"လို့ ဆိုသွားပါတယ်။
အပူချိန်က ပွဲအပေါ် သက်ရောက်လာနိုင်မှုနှင့်ပတ်သက်ပြီး တူချယ်က "ထိပ်တန်းအဆင့်ဘောလုံးမှာ ဒါက ပြဿနာပါ။ ပွဲတွေရဲ့ ပြင်းထန်မှုကို လျှော့ကျစေတယ်။ ပြေးနှုန်း၊ တိုက်စစ်နဲ့ ခံစစ်တွေကို လျော့ကျစေတယ်။ ဒီတော့ ပွဲနဲ့ ဟန်ချက်ညီအောင် ပြင်ဆင်ထားရမယ်။ 21C မှာ ကစားရသလိုမျိုး 45C မှာ ကစားနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကစားသမားတွေကို ဟန်ချက်ညီညီ ကစားနိုင်အောင် ပြင်ဆင်ထားရမယ်။ အပူချိန်နဲ့ အံဝင်အောင် အအေးစနစ်တွေသုံးပြီး အံဝင်အောင် လုပ်ရမယ်။ ဒီအတွက်လည်း အများကြီး လုပ်ထားတယ်။ ကမ္ဘာ့ဖလားစတင်ချိန်မှာအသင့်ဖြစ်နေမှာပါ"လို့ ပြောကြားသွားပါတယ်။

image
15 w - Translate

👌

image

ဝက်စ်ဟမ်းပွဲမတိုင်မီ အိုးထရက်ဖို့ဒ်ကွင်းအပြင်တွင် ရာပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များ ပိတ်မိနေခဲ့
===================

ရာပေါင်းများစွာသော ယူနိုက်တက်ပရိသတ်များဟာ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲမတိုင်မီ ကွင်းအတွင်းသို့ ဝင်ရောက်ရေး ကြီးမားတဲ့နှောင့်နှေးမှု ကြုံရကာ အကြီးအကျယ်ဒေါသထွက်ခဲ့ကြရပါတယ်။
ပရိသတ်များဟာ ယင်းသို့ ကွင်းသို့ ဝင်ရေး နှောင့်နှေးရမှုနှင့်အတူ ဂိတ်စောင့်များလုပ်ဆောင်မှုအပေါ်တွင်လည်း မေးခွန်းထုတ်လာကြပါတယ်။
ပရိသတ်အမြောက်အမြားတို့ဟာ ကွင်းသို့ ဝင်ရေး နှောင့်နှေးမှုနှင့်အတူ ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲအစပိုင်းကို လွဲခဲ့ရပါတယ်။
ယင်းပွဲတွင် ယူနိုက်တက်ဟာ ဒုတိယပိုင်း ၅၈ မိနစ်တွင် ဒါလော့ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် ၈၂ မိနစ်တွင် မာဂက်စ်ဆာရဲ့ ဂိုးကြောင့် သရေဖြင့် ကျေနပ်ခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ဝက်စ်ဟမ်းနှင့် သရေကျမုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့် ထိပ်ဆုံး ၅ သင်းစာရင်းဝင်ရေး လက်လွှတ်ခဲ့ရပါတယ်။
ပရိသတ်များဟာ ဂိတ်လုံခြုံရေးများရဲ့ စေ့စေ့စပ်စပ် ရှာဖွေမှုများ ပြုလုပ်မှုနှင့်အတူ ကွင်းသို့ ဝင်ရောက် နှောင့်နှေးခဲ့ရတာပါ။
ဒါ့အပြင် ယူနိုက်တက်ဟာ ကွင်းအတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ရန် NFC (Near Field Communication) နည်းပညာသုံးစက်လည်း ထားရှိပါတယ်။
ယူနိုက်တက်ကွင်းဂိတ်စောင့်များဟာ ယခင်အိမ်ကွင်းပွဲများတွင်လည်း ဂိတ်ပေါက်တွင် ပရိသတ်များအား ပုံမှန် ရှာဖွေစစ်ဆေးမှု ပြုလုပ်ခဲ့ပေမယ့် ယခုတစ်ကြိမ်တွင် အလွန်အကျွံရှာဖွေစစ်ဆေးမှုနှင့်အတူ နောက်ကျခဲ့ရတာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ အာဆင်နယ်နှင့် ရာသီအဖွင့်ပွဲမတိုင်မီနှင့် အဲဗာတန်နှင့် ပွဲစဉ်မတိုင်မီတုန်းကလည်း ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ရေး နှောင့်နှေးမှုအတွက် အပြင်းအထန် ဝေဖန်ခံခဲ့ရပြီး ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ၂၀၂၅-၂၆ ရာသီတွင် ပရိသတ်အားလုံးအတွက် ဒီဂျစ်တယ်လက်မှတ်စနစ် အသုံးပြုနေပါတယ်။
လက်မှတ်အားလုံးကို ဖုန်းအတွင်း သိမ်းထားစေပြီး ဂိတ်ပေါက်တွင် Scan ဖတ်ပြီးမှ ဝင်ခွင့်ရပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(ဒီဇင်ဘာ - ၅ ရက်၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၂၀၄ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၉၉၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၇၉၀၀၀၀ ကျပ်
ဝယ်ဈေး ၈၇၅၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၃၉၀၀၀၀ ကျပ်
ဝယ်ဈေး ၈၃၅၀၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၈၆၇၀၀၀၀ ကျပ်
ဝယ်ဈေး ၈၆၃၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈၂၇၀၀၀၀ ကျပ်
ဝယ်ဈေး ၈၂၃၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၂ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၂၀ ကျပ်
ဝယ်ဈေး - ၃၉၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၀၅ ကျပ်
ဝယ်ဈေး - ၃၀၂၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၆၈၅ ကျပ်
ဝယ်ဈေး - ၄၅၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၅.၇၉ ကျပ်
ဝယ်ဈေး - ၁၂၂.၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၉၇၆ ကျပ်
ဝယ်ဈေး - ၉၅၂ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၆၉ ကျပ်
ဝယ်ဈေး - ၅၅၅ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၉၃ ကျပ်
ဝယ်ဈေး - ၂၅.၂၉ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၇၄ ကျပ်
ဝယ်ဈေး - ၄၃.၆၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၃ ကျပ်
ဝယ်ဈေး - ၂.၆၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၆၀ ကျပ်
ဝယ်ဈေး - ၂၅၉၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၈၈၂ ကျပ်
ဝယ်ဈေး - ၂၈၁၁ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၇ ကျပ်
ဝယ်ဈေး - ၅၀၄ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၉၅ ကျပ်
ဝယ်ဈေး - ၁၀၆၈ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image