လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးဆောင်ရွက်
ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိသော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၌ ဆက်သွယ်မှုမပြတ်တောက်စေရေးအတွက် ဒီဂျစ်တယ်ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ဦးဆောင်မှုဖြင့် ဧရာဝတီတိုင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတိုင်းမန်နေဂျာရုံးက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးချုပ်မှပေးပို့သော B2B satellite terminal (၂)စုံအား လေးမျက်နှာမြို့နယ်၊ စာရေးကွင်းကျေးရွာအုပ်စု၊ စစ်ကွင်းဘုန်းကြီး ကျောင်းကယ်ဆယ်ရေးစခန်းတွင်(၁) စုံ၊ လေးမျက်နှာမြို့နယ်၊ သခွပ်ချောင်းကျေးရွာအုပ်စု၊ ဆိတ်နို့ကုန်းကျေးရွာတွင်(၁)စုံ၊ Cell on wheel COW ရွေ့ လျားမိုဘိုင်းကားတပ်ဆင်နိုင်ရေးတို့အတွက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရေကြီးရေလျှံမှုကြောင့် ယာယီပိတ်ထားရသော လေးမျက်နှာမြို့နယ်ရှိ မိုဘိုင်းစခန်းများကိုလည်း ရေပြန်လည်ကျဆင်းသွားပါက ဆက်သွယ်မှုပြန်လည်ရရှိစေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။