ချမ်းအေးသာစံမြို့နယ်၌ အဆောက်အအုံတစ်ခုတွင် မိနစ်အနည်းငယ်ခန့်ကြာ မီးလေ-ာင်မှုဖြစ်

မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ အဆောက်အအုံတစ်ခုတွင် ယနေ့ မေ ၃၁ ရက်နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က မိနစ်အနည်းငယ်ခန့်ကြာသည့် မီးလေ-ာင်မှုတစ်ခုဖြစ်ပွားခဲ့သည်။
ချမ်းအေးသာစံမြို့နယ်၊ မောရဂီဝါရပ်ကွက်၊ အကွက်အမှတ်(၇၀၆)၊ ၇၆ လမ်း၊ ၃၂x၃၃ လမ်းကြားရှိ အဆောက်အအုံတစ်ခုတွင် မီးလေ-ာင်မှုဖြစ်ပွား၍ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်း၊ ကဉ္စဏမဟီအရန်မီးသတ်စခန်း၊ ဟေမာဇလအရန်မီးသတ်စခန်း၊ ပြည်ကြီးမျက်ရှင်အရန်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များကငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၁၆ မိနစ်တွင်မီးငြိမ်းသွားခဲ့သည်။
မီးလေ-ာင်မှုစတင်ဖြစ်ပွားရသည့်အကြောင်းရင်းနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးခဲ့ကြသည်။

image

နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံဆောက်လုပ်မည်

ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ နည်းပညာတက္ကသိုလ်(တောင် ငူ)၌ ငလျင်ဒ-ဏ်ခံနိုင်သည့် ဘွဲ့နှင်းသဘင်ခန်းမပါဝင်သော ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မကြာမှီ ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။
အဆိုပါ ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့၍ အနီရောင်အဆင့်သတ်မှတ်ကာဖြိုဖျ-က်ထားသော အဆောက်အအုံနေရာတွင် ဒီဇိုင်းပုံစံအသစ်ဖြင့်ဆောက် လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
" အခုအသစ်တည်ဆောက်မယ့် နည်းပညာတက္ကသိုလ် (တောင်ငူ)ရဲ့ ဘက်စုံသုံး(၃)ထပ်အဆောက်အအုံကို ဆောက်လုပ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားတဲ့ MNBC-2025 နဲ့ စနစ်တကျဒီဇိုင်းဆွဲပြီးဆောင်ရွက်သွားမှာပါ။ ငလျင်ဒ-ဏ်ခံအဆောက်အဦသစ်အဖြစ် တည်ဆောက်သွားမှာပါ"ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ပြောသည်။
ထို့ပြင် နည်းပညာတက္ကသိုလ်(တောင်ငူ)၏ ဆောက်လုပ်မည့် အဆောက်အအုံသစ် ဒီဇိုင်းပုံစံအား ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းသားမိဘများကို Power Point ဖြင့်ရှင်းလင်းပြသခဲ့ပြီးနောက် အဆောက်အအုံအားအသုံးပြုမည့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများမှအကြံပြုလိုသည်များရှိပါက (၁)လအတွင်းအကြံပြုနိုင်သည်ဟုလည်း အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုင်းကျော်နိုင်ဦးက ရှင်းလင်းပြောကြားခဲ့သည်။
အသစ်ဆောက်လုပ်မည့် (၃)အဆောက်အအုံသစ်၌ Main Lobby ၊ Lecture Theater ၊ Assembly Hall ၊ Pre-Function room ၊ Waiting Lounge ၊ WCs များပါရှိ၍ Commond Subject များဖြစ်သည့် မြန်မာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များသင်ကြားရန် အသုံးဝင်ပြီး Master အတန်းများရှိ၍ Seminar Room များပါရှိသည်။

image

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေး၊ ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌဆွေးနွေး

မိုးတွင်းကာလ၌ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း ဒု-ဥက္ကဋ္ဌ၊ ဆီကန်ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးဌေးမိုးက ဆွေးနွေးပြောကြားသည်။
ပြီးခဲ့သည့် မေ ၂၉ ရက်ကပြုလုပ်သည့် ​မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ ဆီကန်ကြီးကြပ်ရေး‌ကော်မတီအဖွဲ့ဝင်များနှင့် လုပ်ငန်းညှိနှိုင်းအ စည်းအဝေးတွင် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
သသဘာဝဘေးအန္တရာယ်နှင့် ငလျင်အန္တရာယ်များအတွက်တည်ဆောက်ထားသည့် ဆီသိုလှောင်ကန်များနှင့် ပတ်သက်သည့် Structural Analysis Data များပြုစုပြီး ကျွမ်းကျင်ပညာရှင်များနှင့် စစ်ဆေးရန်၊ Weigh Scale Calibration ပြုလုပ်ရန်၊ CCTV Records များ စနစ်တကျထားရှိရန် ဆွေးနွေးပြောကြားသည်။
ထို့ပြင် မိုးတွင်းကာလအတွင်း အန္တရာယ်ကင်းစင်စေရေး၊ ဆီသယ်ယာဉ်များကြံ့ခိုင်မှုရှိစေရေးနှင့် ဆီပေပါများအတွင်းသို့ ရေစိမ့်ဝင်ခြင်း ရှိ/မရှိစစ်ဆေးရန်၊ ဆီကန်များတိုင်းတာစစ်ဆေးရာတွင် မြေပြင်လက်ကျန်နှင့် စာရင်းလက်ကျန်များကိုက်ညီမှန်ကန်မှုရှိစေရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး အတူတကွပူးပေါင်းပါဝင်ဆောင်ရွက်ရန်လည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန ဒု-တိုင်းဦးစီးမှူးက ဆီကန်များလိုက်နာဆောင်ရွက်ရမည့်အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

image

အောင်လံကုန်စည်ဒိုင်တွင် မေလတတိယအပတ်၌ နှမ်းနက်နှင့် နှမ်းပြာဈေးကျဆင်း

မကွေးတိုင်းဒေသကြီး၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းမျိုးစုံ ဝင်ရောက်လျက်ရှိပြီး နှမ်းနက်(စမုံ)၊ နှမ်းပြာ၊ နှမ်းဖြူနှင့် နှမ်းနီတို့ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မေလ ဒုတိယအပတ်အတွင်း နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၅၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၁၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၆ ခုနှစ် မေလ တတိယအပတ်တွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၆၀၀,၀၀၀၊ နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၆၀,၀၀၀၊ နှမ်းဖြူ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ နှင့် နှမ်းနီ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၄၂၀,၀၀၀ ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
မေလ ဒုတိယအပတ်နှင့် တတိယအပတ်တို့၏ ဈေးနှုန်းများကို နှိုင်းယှဉ်ရာတွင် နှမ်းနက်(စမုံ) ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၀,၀၀၀ နှင့် နှမ်းပြာ ၄၅ ပိဿာ ၃ တင်းလျှင် ကျပ် ၅၀,၀၀၀ စီ ဈေးကျဆင်းခဲ့ပြီး နှမ်းဖြူနှင့် နှမ်းနီဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း အောင်လံကုန်စည်ဒိုင်သတင်းအရ သိရသည်။

image

မကွေးတိုင်းတွင် Quick Win စီမံချက်ကြောင့် အိမ်ထောင်စု (၆၉)စုရှိ မကြီးစမ်းကျေးရွာ မီးရရှိ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ Quick Win စီမံချက်ကြောင့် မကြီးစမ်းကျေးရွာရှိ လူဦးရေ (၃၅၀)၊ အိမ်ထောင်စု (၆၉)စုမှာ လျှပ်စစ်မီးများ စတင်သုံးစွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ မီးပေးနိုင်ရန် တိုင်းဒေသကြီးရန်ပုံငွေမှ သိန်း (၈၃၀)ခန့် အကုန်အကျခံပြီးဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။
မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို မေ ၂၉ ရက် နံနက်ကပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကို၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အဆိုပါကျေးရွာများမှ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပြည့်ဝစွာသုံးစွဲနိုင်ရေး လိုအပ်သည့်ဓာတ်အားလိုင်းများ၊ ဓာတ်အားခွဲရုံများကို တိုးချဲ့တည်ဆောက်နိုင်ရန် နှစ်စဉ် ရန်ပုံငွေခွင့်ပြုပေးလျက်ရှိရာမှာ ၂၀၂၁ ခုနှစ်မှ ယခုအချိန်ထိ (၅)နှစ်ကျော်ကာလအတွင်း ကျေးရွာပေါင်း (၈၃၂) ရွာ၊ အိမ်ထောင်စုအနေနှင့် (၁၀၂၆၉၀) (တစ်သိန်းနှစ်ထောင့်ခြောက်ရာ့ကိုးဆယ်) စုခန့် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်သည်။

image

အုတ်ဖိုမြို့နယ်တွင် (၆)ဘီးကားတိမ်းမှေ-ာက် (၁)ဦး‌ေ-သဆုံး (၂)ဦးပြင်းထန်ဒ-ဏ်ရာရ

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်ရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် ယနေ့ မေ ၃၁ ရက်နေ့လည်ပိုင်းက (၆)ဘီးကားတစ်စီးတိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ကြောင်း ဓမ္မဝိဇယ သာရေးနာရေးကူညီမှုအသင်း(အုတ်ဖိုမြို့)ထံမှ သိရသည်။
အုတ်ဖိုမြို့နယ်၊ ထောက်ကြန့်ကွင်းကျေးရွာရှိ ရန်ကုန်- ပြည်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၁၀၈/၁ တွင် (၆)ဘီးကားတစ်စီးတိမ်းမှောက်၍ အမျိုးသား(၁) ဦးမှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား (၂)ဦးတွင်လည်း ထိခိုက်ဒ-ဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ‌ေ-သဆုံးသူ၏ရုပ်အလေ-ာင်းနှင့် ထိခိုက်ဒ-ဏ်ရာရသူ(၂)ဦးတို့အား လူမှုကူညီရေးအသင်းများက အေးမြသာယာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

image

ပုဂံခေတ် ကြေးကြာဖူးကို နေပြည်တော်ရှိ အမျိုးသားပြတိုက်တွင် ထိန်းသိမ်းထား

ပုဂံခေတ် ကြေးကြာဖူးကို နေပြည်တော်ရှိ အမျိုးသားပြတိုက် vault အခန်းတွင် ထိန်းသိမ်းထားရှိကြောင်း အမျိုးသားပြတိုက်(နေပြည်တော်) က ယနေ့ (မေ ၃၁) ကထုတ်ပြန်သည်။
ယင်း ကြေးကြာဖူးကို နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက် လူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းအပေါ် လူမှုကွန်ရက်တွင် ထောက်ပြမှုများရှိလာပြီးနောက် အမျိုးသားပြတိုက် (နေပြည်တော်) က ပြသထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၌ ၁၉၅၅ ခုနှစ်တွင် ပုဂံမြို့ ဥပါလိသိမ် အနီးရှိ ဂူဘုရားမှ ပုဂံခေတ်လက်ရာ ကြေးကြာဖူး အကြီးတစ်ဆူနှင့် အသေးတစ်ဆူတို့ကို တွေ့ရှိခဲ့ကာ အကြီးတစ်ဆူကိုအမျိုးသားပြတိုက် (ရန်ကုန် )တွင် ပြသထားကာ အသေးတစ်ဆူကို ပုဂံရှေးဟောင်းသုတေသနပြတိုက်တွင်
ပြသထားသည်။
ထို့နောက် ၂၀၂၄ ခုနှစ်တွင် အမျိုးသားပြတိုက်
( နေပြည်တော်)သို့ အသေးတစ်ဆူကို ပြောင်းရွှေ့ကာ vault ခန်းတွင် သိမ်းဆည်းထားပါကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

image

မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ RBE ရထားစီးနင်း၍ မန္တလေးတိုင်း ဝန်ကြီးချုပ် စစ်ဆေးခဲ့

မန္တလေးဘူတာကြီးမှ ရမည်းသင်းဘူတာအထိ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်သည် RBE ရထား စီးနင်းလိုက်ပါ၍ စစ်ဆေးခဲ့သည်။
ယမန်နေ့ (မေ၃၀) နံနက်ပိုင်းက စီးနင်းခဲ့ခြင်း ဖြစ်ကာ ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ရထားလမ်းပိုင်းတစ်လျှောက်သန့်ရှင်းသာယာလှပရေးစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။
ခရီးစဉ်တစ်လျှောက် တိုင်းဝန်ကြီးချုပ် ဦးမျိုးအောင် က ပြည်သူများ ခရီးသွားလာမှုတွင် အဆင်ပြေ‌ ချောမွေ့‌ စေရန်၊ ရထားလမ်းပိုင်းတစ်လျှောက် ဘူတာရပ်ဝန်း အတွင်း ချုံများ၊အမှိုက်သရိုက်များ ရှင်းလင်းကြရန်၊ မီးရထားလမ်းဧရိယာအတွင်း ကျူးကျော်နေထိုင်သူများကို ဖယ်ရှားရေး၊ မီးရထားနယ်မြေဧရိယာအတွင်း သစ်တောဦးစီးဌာနနှင့် ပူးပေါင်း၍ ဘေးဝဲယာ အရိပ်ရအပင်များစိုက်ပျိူးနိုင်ရေး မှာကြားခဲ့သည်။

image

G-2 မှ G-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ကျောပိုးအိတ်အလုံး(၅၀၀)လှူဒါန်း

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်တက်ရောက်ပညာ သင်ကြားမည့် G-2 မှ G-12 အထိ ကျောင်းသား/သူများအား ကျောပိုးအိတ်အလုံး(၅၀၀)ကို "ထိုက်သူပန်"တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ မေ ၃၀ ရက်(နယုန်လပြည့်နေ့)ညနေပိုင်းက လှူဒါန်းပေးခဲ့သည်။
" ဒီတစ်ကြိမ်လှူတာက (၅)ကြိမ်မြောက်ပါ။ နှစ်တိုင်းအ ခုလိုကျောင်းဖွင့်ချိန်ရောက်ခါနီးတိုင်းလှူဒါန်းပေးတာပါ"ဟု ထိုက်သူပန် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေး၏ ပဲ့ကိုင်ရှင်ဦးစိုးလှမြင့်က ပြောသည်။
ကျောင်းသား/သူများအား ကျောပိုးအိတ်များလှူဒါန်းပေးခဲ့သည့်အပြင် ယင်းနေ့ညပိုင်းက "ထိုက်သူပန်"ယာဥ်လိုင်းဖြင့် လိုက်ပါစီးနင်းသူများကိုလည်း ကျောပိုး အိတ်များလှူဒါန်းပေးခဲ့သည်။

image

ပဲခူးခုတင်(၅၀၀)ဆံ့ပြည်သူ့ဆေးရုံကြီးတွင် နှစ်ရက်အတွင်း မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာ(၃၁)ဦးကို ခွဲစိတ်ကုသပေးခဲ့

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား မေ ၃၀ ရက်နှင့် မေ ၃၁ ရက်တို့ကခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ခွဲစိတ်ကုသပေးရာ၌ နှစ်ရက်အတွင်း မွေးရာပါနှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် မေးရာပါအာခေါင်ကွဲလူ နာ(၁၃)ဦး(စုစုပေါင်း ၃၁ ဦး)ကို အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သောအဖွဲ့က ခွဲစိတ်ကုသပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက ယနေ့ မေ ၃၁ ရက်နံနက်ပိုင်းတွင် ခွဲစိတ်ကုသမှုခံယူကြသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအားတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ကြက်ဥများ၊ ထောက်ပံ့ငွေများပေးအပ်ကာ ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

image