7 ပတ် - ဘာသာပြန်ပါ။

အောင်ရတနာဆေးရုံမီးပွိုင့်အနီး အမျိုးသမီးတစ်ဦး သွေးအန်သေဆုံး
--------------------

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ယန်းကျွန်းမြို့နယ်၊ အောင်ရတနာဆေးရုံ မီးပွိုင့်အနီးမှာ အောက်တိုဘာလ ၂၃ ရက် မနက်ပိုင်းက အမျိုးသမီးတစ်ယောက် ရုတ်တရက် သွေးအန်သေဆုံးသွားတယ်လို့ Medical လူငယ်များ လူမှု ကူညီရေးအသင်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြချက်အရ သိရပါတယ်၊၊

သေဆုံးသူဟာ အသက်(၂၉)နှစ်အရွယ် ပန်းရောင်းချတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သားသမီး (၅)ယောက် ရှိ တယ်လို့ ဆိုပါတယ်၊၊ သေဆုံးရုပ်အလောင်းကိုတော့ Medical လူငယ်များ လူမှုကူညီရေး အသင်းယာဉ်နဲ့ သင်္ယန်းကျွန်းမြို့နယ်၊ စံပြ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်၊၊ ပုံ-Medical လူငယ်များ လူမှုကူညီရေးအသင်း

image

imageimage

ပုလောမှာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ ပစ်သတ်ခံရ

အောက်တိုဘာ ၂၃

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ၊ ပုလောမြို့မှာ ဒီကနေ့ အောက်တိုဘာ ၂၃ ရက်နေ့မနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တယောက် ပစ်ခတ်ခံရပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဖြစ်စဥ်က မနက် ၈ နာရီလောက်မှာ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ နှစ်ယောက်ဟာ ကျောက်စုဂိတ်ကနေ ပြန်လာချိန် အ.မ.က ၈ ကျောင်းနားအရောက်မှာ သေနတ်နဲ့ ပစ် သတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

" ဖြစ်စဥ်ကဟုတ်တယ်။အုပ်ချုပ်ရေးမှူးက ဦးစိုးဝေ၊ နောက်တယောက်က စစ်သားလို့သိရတယ်။အဲဒီဘက် ဘယ်သူမှမသွားရဲဘူး။ လူလည်း နည်းနည်းအသွားအလာကြဲတယ်။ဖြစ်ပြီးမှသိရတာပါ။သက်ဆိုင်ရာက လာစစ်ပြီး အလောင်းတွေသယ်သွားတယ်။ကျောင်းဘက်လည်းပေါက်ကွဲမှုရှိပေမယ့်ကလေးတွေတော့ဘာမှမဖြစ်ဘူးကြားတယ် ။ အဲဒီကျောင်းက မဲရုံလုပ်မယ့်အထဲပါတယ်။" လို့ ဒေသခံကပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အ.မ.က ၈ အနီး လေယာဥ်ကွင်းလမ်းဆုံတဝိုက်ကို လုံခြုံးရေးတပ်ဖွဲ့က စစ်ဆေးမှုတွေပြုလုပ်နေပြီး ၊ သေဆုံးသူတွေကိုတော့ ဆေးရုံကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။

အဆိုပါ ပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းလက်နက်ကိုင်တွေဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို အစိုးရဘက်ကလည်းသတင်းထုတ်တာမရှိသေးပါဘူး။ဒေသတွင်းလက်နက်ကိုင်အဖွဲ့တွေကတော့ အစိုးရကပြုလုပ်မယ့် ရွေးကောက်ပွဲကိုအသိအမှတ်မပြုကြောင်းနဲ့ ရွေးကောက်ပွဲ ပါဝင်ဆောင်ရွက်သူတွေကို ထိရောက်စွာအရေးယူမယ်ဆိုပြီး သတိပေးထားပါတယ်။
လက်ရှိမှာ တိုက်ပွဲကြောင့် မြိတ် - ပုလောလမ်းကို အသွားအလာပိတ်ထားသလို ထားဝယ် - မြိတ်လမ်းလည်း အသွားအလာပိတ်ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ပုလောမြို့နယ် အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းမြင့်နဲ့ သားဖြစ်သူ စာတိုက်စာရေး ဦးဝင်းမင်းထွန်းတို့ကို ဒေသတွင်းလက်နက်ကိုင်အဖွဲ့က ပစ်ခတ်သတ်ဖြတ်မှုရှိခဲ့ရသလို အမှတ် ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းဆိုသူလည်း ပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။

ထောပတ်ထမင်း ချက်နည်း
ပါဝင်ပစ္စည်းများ
ဆန် (ပေါ်ဆန်းမွှေး/ ဘစမာတီ) - ၂ ခွက်
ထောပတ် (Unsalted Butter) - စားပွဲတင်ဇွန်း ၂-၃ ဇွန်း
ကြက်သွန်ဖြူ - ၂-၃ တက် (ပါးပါးလှီး/ထောင်း)
ရေ (သို့မဟုတ်) ကြက်ပြုတ်ရည် - ၃.၅ - ၄ ခွက် (ဆန်အမျိုးအစားပေါ် မူတည်ပြီး)
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း (သို့မဟုတ် အရသာအလိုက်)
နံနံပင် (အလှဆင်ရန်) - အနည်းငယ် (ပါးပါးလှီး)
ငရုတ်ကောင်းမှုန့် (နှစ်သက်ပါက) - အနည်းငယ်
ချက်ပြုတ်နည်းအဆင့်ဆင့်
၁။ ဆန်ပြင်ဆင်ခြင်း
ဆန်ကို ရေစင်အောင်ဆေးကြောပြီး မိနစ် ၃၀ ခန့် ရေစိမ်ထားပါ။ ထို့နောက် ရေစစ်ထားပါ။ (ဘစမာတီဆန်ဆိုလျှင် ပိုမိုမွှေးပျံ့စေပါသည်)
၂။ ထောပတ်နှင့် ကြက်သွန်ဖြူ ဆီသတ်ခြင်း
အိုးတစ်လုံး (သို့မဟုတ် ထမင်းပေါင်းအိုး) ကို အပူပေးပြီး ထောပတ်ကို ထည့်ပါ။ ထောပတ်အရည်ပျော်လာပါက ပါးပါးလှီးထားသော ကြက်သွန်ဖြူကို ထည့်ပြီး ရွှေညိုရောင်သန်းကာ မွှေးလာသည်အထိ ဆီသတ်ပါ။
၃။ ဆန်ထည့်၍ ဆီသတ်ခြင်း
ရေစစ်ထားသော ဆန်ကို အိုးထဲသို့ ထည့်ပါ။ ထောပတ်နှင့် ကြက်သွန်ဖြူတို့နှင့် သမအောင် ၂-၃ မိနစ်ခန့် မွှေပေးပါ။ ဆန်စေ့လေးတွေ ကြည်လင်လာပြီး ထောပတ်နံ့ မွှေးလာသည်အထိ ဆီသတ်ပေးပါ။
၄။ ရေ (သို့မဟုတ်) ကြက်ပြုတ်ရည် ထည့်၍ ချက်ခြင်း
ရေ (သို့မဟုတ်) ကြက်ပြုတ်ရည်ကို ထည့်ပါ။ ဆား၊ ငရုတ်ကောင်းမှုန့် (ထည့်လိုပါက) တို့ကို ထည့်ပြီး သမအောင် မွှေပေးပါ။
ရေဆူပွက်လာပါက မီးလျှော့ပြီး အိုးအဖုံးကို လုံအောင်ပိတ်ကာ ထမင်းနူးအိသွားသည်အထိ ၁၅-၂၀ မိနစ်ခန့် ချက်ပေးပါ။ (ထမင်းပေါင်းအိုးဖြင့် ချက်လျှင် ပုံမှန်အတိုင်း ချက်ပါ)
၅။ ပေါင်းထားခြင်း
ထမင်းကျက်သွားပါက မီးပိတ်ပြီး အဖုံးမဖွင့်ဘဲ ၅-၁၀ မိနစ်ခန့် ထပ်ပေါင်းထားပါ။ ၎င်းသည် ထမင်းကို ပိုမိုနူးအိစေပြီး အနံ့အရသာများကို စိမ့်ဝင်စေပါသည်။
၆။ ပြင်ဆင်၍ သုံးဆောင်ခြင်း
အဖုံးဖွင့်ပြီး ဆန်စေ့များ မပျက်စီးစေရန် ခက်ရင်းခွ (သို့မဟုတ်) ဇွန်းဖြင့် ညင်သာစွာ မွှေပေးပါ။
ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ နံနံပင်လေး ဖြူးကာ ဟင်းအမျိုးမျိုးနဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။ ကြက်သားဟင်း၊ ငါးဟင်း၊ အစိမ်းကြော်၊ ဒါမှမဟုတ် ဟင်းရည်ပူပူလေးနဲ့ စားလို့ကောင်းပါတယ်။
ဒီနည်းအတိုင်း ချက်ပြုတ်ကြည့်ပါက မွှေးကြိုင်ပြီး အရသာရှိတဲ့ ထောပတ်ထမင်းကို ရရှိမှာဖြစ်ပါတယ်။ ချက်ပြုတ်ကြည့်ပြီး အရသာခံစားကြည့်ပါဦး

image
7 ပတ် - ဘာသာပြန်ပါ။

🤓

image
7 ပတ် - ဘာသာပြန်ပါ။

■ ဆင်မကြီး 'မိုမို'၏ ၇၂ နှစ်ပြည့် မွေးနေ့ကို အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်ထိ တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် )တွင် ပြုလုပ်မည်
ဆင်မကြီး 'မိုမို'၏ ၇၂ နှစ်ပြည့် မွေးနေ့ကို အောက်တိုဘာ ၂၄ ရက်မှ၂၆ ရက်ထိ တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် )တွင် ပြုလုပ်မည်ဖြစ်ကြောင်း Yangon Zoo က ကြေညာခဲ့သည်။
ထို့ပြင် ဆင်မကြီး မိုမို၏ မွေးနေ့ပွဲကို အားလုံးအတူ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရန် တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) အတွင်း၌ ၂၄ . ၁၀ . ၂၀၂၅ ရက်နေ့ မှစတင်၍ ၂၆ . ၁၀ . ၂၀၂၅ ရက်နေ့အထိ မြိုင်မြိုင်ဆိုင်ဆိုင် ၊ စည်ကားသိုက်မြိုက်စွာဖြင့် ပြုလုပ်ကျင်းပမည် ဖြစ်ကြောင်းကို မိုမိုချစ်သော မိုမို၏ ပရိတ်သတ်များထံသို့ ကြိုတင်၍ အကြောင်းကြား အသိပေးခဲ့သည်။
ထို့ကြောင့် အားလုံးအတူပျော် မိုမို မွေးနေ့ပွဲတော်ကြီးတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန် ရင်းနှီး ဖော်ရွေစွာဖြင့် ကြိုဆို ဖိတ်ခေါ်လိုက်ရပါသည်ဟု Yangon Zoo က ကြေညာခဲ့သည်။

image
7 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနှင့်အတူ သမိုင်းမှတ်တိုင်သစ် စိုက်ထူလာတဲ့ ဖရန့်လမ်းပတ်
=====================

ချဲလ်ဆီးဂန္ထဝင်ဖရန့်လမ်းပတ်ဟာ ဗုဒ္ဓဟူးနေ့ညမှာတော့ ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနှင့်အတူ ချန်ပီယံရှစ်မှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူလာပါတယ်။

ကိုဗင်ထရီဟာ ဖရန့်လမ်းပတ်ရဲ့ ဦးဆောင်မှုနှင့်အတူ ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံရှစ်အဖွင့်ပွဲ ၁၁ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းသစ်ရေးထိုးလာနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဗင်ထရီဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ပို့စ်မောက်အား အဝေးကွင်းတွင် ဘရန်ဒန်သောမတ်စ်အေဆန်တီရဲ့ သွင်းဂိုး ၂ ဂိုးဖြင့် ၂- ၁ ဖြင့် အနိုင်ရရှိကာ ချန်ပီယံရှစ်အဖွင့်ပွဲ ၁၁ ပွဲဆက် ရှုံးပွဲမရှိမှတ်တိုင်သစ် စိုက်လာတာပါ။

ဖရန့်လမ်းပတ်ဦးဆောင်တဲ့ ကိုဗင်ထရီဟာ ၂၀၂၅-၂၆ ရာသီအဖွင့်ပွဲတွင် ဟားလ်စီးတီးနှင့် သရေကျပြီးနောက် ဒါဘီကောင်တီ၊ ကျူပီအာတို့အား ၂ ပွဲဆက် အနိုင်ရခဲ့ပါတယ်။ ယင်းနှစ်ပွဲတွင် ကိုဗင်ထရီတို့ ၁၂ ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။

ယင်းနောက်တွင် ကိုဗင်ထရီဟာ နောက် ၃ ပွဲဆက် သရေကျပြီးနောက် ပိုစ်မောက်နှင့်ပွဲအထိ ၅ ပွဲဆက် နိုင်ပွဲ ရရှိလာခဲ့ပါတယ်။
ကိုဗင်ထရီဟာ ချန်ပီယံရှစ်အဖွင့်ပွဲ ၁၁ ပွဲတွင် ၇ ပွဲနိုင်၊ ၄ ပွဲသရေကျပြီး ကလပ်သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အဖွင့်ပွဲ ၁၁ ပွဲတွင် ၂၅ မှတ် ရရှိကာ ကလပ်သမိုင်းတွင် အကောင်းဆုံးတာထွက် ပိုင်ဆိုင်ထားပါတယ်။

ကိဗင်ထရီဟာ ၂၅ မှတ်ဖြင့် ချန်ပီယံရှစ်ကို ဦးဆောင်ထားနိုင်ပြီး ဒုတိယနေရာမှ မစ်ဒယ်ဘရော့အား ၁ မှတ်ဖြတ်ထားနိုင်ပါတယ်။

image

ဘင်္ဂလားပင်လယ်အော်အခြေအနေ
---------------------------------
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ မြန်မာစံတော်ချိန် ၁၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်
===========================================
ယနေ့မြန်မာစံတော်ချိန် ၁၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့တွင် ၂၄-၁၀-၂၀၂၅ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။

ငှက်ပျောသီးမီးဖုတ် ပျားရည်ဆမ်း ဘာလို့စားပေးသင့်သလဲ?
ဖောသီသီ ရရှိနိုင်ရမယ်
ဈေးလည်း သက်သာတယ် စားဖို့ အလုပ်လည်းမရှုပ် ကယိကထလည်း မများ တမိသားစုလုံးနီးပါးနဲ့ မတည့်တာ မရှိတဲ့ အသီးကိုပြပါဆိုရင် ငှက်ပျောသီးပါပဲ🍌
ငှက်ပျောသီးဟာ ဒီတိုင်းစားရင်လည်း ကျန်းမာရေးကောင်းကျိုးပြည့်ဝသလို၊ ငှက်ပျောသီး မီးဖုတ်ပြီး ပျားရည်ဆမ်းစားရင်လည်း ဘယ်လိုဝေဒနာအတွက် ပျောက်ကင်းနိုင်လဲဆိုတာ ဝေမျှပေးမှာဖြစ်ပါတယ်။
ဖီးကြမ်းငှက်ပျောသီးကို ဘာလို့ မီးဖုတ်စားပေးသင့်တာလဲ
ဖီးကြမ်းငှက်ပျောသီးမှည့်ကို မီးဖုတ်တဲ့အခါ ငှက်ပျောသီး အခွံအတွင်းက အမျှင်များဟာပျော်ဝင်ပြီး ငှက်ပျောသီးအသားနဲ့ ပေါင်းစပ်သွားပါတယ်။
တကယ်တော့ ငှက်ပျောသီးအခွံမှာပါတဲ့ အမျှင်တွေက လေပူကို နိုင်ပြီး ပါးစပ်အနာ၊ အစာအိမ်နာများကို ပျောက်ကင်းစေပါတယ်။
ဒီလို ဆေးဖက်ဝင်တဲ့ ငှက်ပျောသီးအခွံရဲ့ အာနိသင်တွေကို သိရှိသူ အလွန်နည်းပါးပါတယ်။
အစာအိမ်ရောဂါ၊ လေပူရောဂါ၊ လေအထက်လှန်ရောဂါ၊ လည်ချောင်းနာ၊ အာသီးရောင်ရောဂါ၊ သွားဖုံးကြွ သွားနာရောဂါ ရှိသူများ၊ နှလုံးလေပင့်၍ မောသူ၊ သွေးတိုးရောဂါ ရှိသူများအတွက် ဖီးကြမ်းငှက်ပျောသီးဟာ ဓာတ်စာလည်းဖြစ်၊ ဆေးလည်း ဖြစ်တယ် လို့ ဆိုကြပါတယ်။
၁။”မနက်သင်္ဘော၊ ညငှက်ပျော” လို့အဆိုရှိတာကြောင့် ငှက်ပျောသီးမီးဖုတ်ပျားရည်ဆမ်းကို ညနေဖက် အိပ်ရာမဝင်ခင်စားပေးတာ ပိုသင့်တော်ပါတယ်။
၂။ ငှက်ပျောသီးမှာ ပါဝင်တဲ့ tryptophan ဓါတ်ဟာ စ်ိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး အာရုံစူးစိုက်မှုကို ကောင်းစွာ အထောက်အကူပေးနိုင်တဲ့အတွက် နှစ်ခြိုက်စွာ အိပ်စက်စေနိုင်ပါတယ်။
၃။ ငှက်ပျောသီးမှာ ပါ၀င်တဲ့ ကယ်လိုရီဓါတ်ဟာ ပင်ပန်းမှုများကို လျှင်မြန်စွာ ပြေပျောက်စေပြီး ခွန်အားကို ပြန်လည်ပြည့်ဝစေတာကြောင့် ငှက်ပျောသီးပျားရည်ဆမ်းကို နာရီပိုင်းအတွင်း အားအင်ပြန်လည်ပြည့်ဝစေတဲ့ အစားအစာလို့ ပြောကြပါတယ်။
၄။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် ၀မ်းချုပ်သူများ ငှက်ပျောသီးမီးဖုတ်ပျားရည်ဆမ်းကို စားပေးပါက ၀မ်းကို မှန်စေပါတယ်။
၅။ မှတ်ဉာဏ်ထက်သန်စေပြီး အရိုးများကို သန်မာဖွံ့ဖြိုးစေပါတယ်။
၆။ ရိုးတွင်းချဉ်ဆီလျော့လာပြီး အရိုးအဆစ်နာကျင်သူများ ငှက်ပျောသီးနဲ့ မုန်ညှင်းဆီ ဇွန်းသေးတဇွန်း တို့၍နေ့စဉ်စားပါ
၇။ အစာအိမ်ကင်ဆာသမားများနှင့်အရိုးကင်ဆာသမားများ ငှက်ပျောသီးကို နနွင်းမှုန့်နဲနဲနဲ့ တို့စားပါ
၈။ စိတ်ဖိစီးပြီးစိတ်ညစ်မှု ဝေဒနာဖြစ်ရင် ငှက်ပျောသီး၃လုံးကိုပျားရည်နဲ့ကြော်စားပါ
၉။ ကျောက်ကပ်အားနည်းကျောက်ကပ်နာကျင်မှုအတွက် သဘာဝပိုတက်စီယံ ဖြည့်စွက်စာအဖြစ် (ဖီးကြမ်း) ငှက်ပျောသီး ကို သာစားပါ
၁၀။ အူမကြီးမြန်ဆန်စွာအလုပ်လုပ်နိူင်ရန် နှင့်အူသန့်စင်စေရန် ဖီးကြမ်းငှက်ပျောသီးမှည့်အိပျော်နေတာကိုဆားမီးလှော်/ဆားမီးဖုတ်နဲ့တို့စားပါ
၁၁။ မျက်စိမှုန်ခြင်း မျက်စိတိမ်ကပ်ခြင်းများအတွက် ငှက်ပျောသီး အသား ကို ချေပီး မျက်ကွင်းအောက်နားတဝိုက်ကို ၁၀မိနစ်ခန့်သုတ်ထားပြီးရေနွေးနွေးနဲ့ပြန်ဆေးချပါ။
၁၂။ ဝမ်းချူပ်ပြီးအပူအပုပ် ထွက်စေရန် ငှက်ပျောသီးကို ဒိန်ချဉ် ၃ဇွန်းနဲ့စားပါ
၁၃။ ပင်ပန်းနွမ်းနယ်ပြီး အင်အားမရှိဖြစ်နေပါက ငှက်ပျောသီး ကို အုန်းနို့နဲ့ပေါင်းစားပါ
၁၄။ လေးဘက်နာအဆစ်အမြစ်ကိုက်ခဲနေသူများ ငှက်ပျောသီးကို ထိပ်နဲ့ဖင် ဖြတ် အခွံကျွမ်းအောင် မီးကင် ၍ အထဲမှအသားကိုစားပါ။
၁၅။ တင်းတိပ်နဲ့အမည်းစက်များ မီးလောင် ဒဏ်ရာများမှေးမှိန်ချင်ရင် ငှက်ပျောသီးအသားနဲ့ ဒိန်ချဉ်ကိုရောမွှေ၍ ပါးပါးလူးပေးပြီးဆယ်မိနစ်မှာရေနွေးနွေးနဲ့ဆေးချပါ။
ရင်ကျပ်နေချိန် မစားရ။
နေပူပူထဲသွားလာရင်းမစားရ။
ငှက်ဖျားဖြစ်ဖူးသူများ သီးမွှေး ငှက်ပျောသီးမတည့်ပါ။
ကိုယ်ပူနေချိန် ငှက်ပျောသီး ကိုအဖန်ရည်ထွက်အောင် ပြုတ်ပီးမှစားပါ ။
ပုံမှန်ကျန်းမာနေသူများ အာဟာရဖြည့်ရန်စားလိုပါက သီးမွှေး၊ဖီးကြမ်း ၊ ဘယ်ငှက်ပျောသီးမဆို စားနိုင်ပါတယ် ။

image