18 ပတ် - ဘာသာပြန်ပါ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဆောက်အအုံအသစ် တည်ဆောက်နေ

မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်မည်
နေပြည်တော် ဥတ္တရသီရိမြို့နယ်၌ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ် အဆောက်အအုံအသစ် တည်ဆောက်နေကြောင်း သိရသည်။
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို သတ်မှတ်ထားသော စံချိန် စံညွှန်းများနှင့်အညီ မြေငလျင်ပြင်းအား ၈ မဂ္ဂနီကျုအထိ ခံနိုင်ရည်ရှိစေရန် အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ရန် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်း ကပြောသည်။
ယမန်နေ့ က နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး နှစ်ထပ် အဆောက်အအုံအသစ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစဉ် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။
မိုးရာသီမတိုင်မီ အုတ်မြစ်လုပ်ငန်းများကို အချိန်မီပြီးစီးရေး၊ အဆောက်အအုံတစ်ခုလုံးအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေးနှင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် လည်း ဦးအောင်ဇော်သိန်း ကပြောကြားခဲ့သည်။
အဆိုပါ အဆောက်အအုံကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေခြင်းလည်း ဖြစ်သည်။

image
18 ပတ် - ဘာသာပြန်ပါ။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ Ms. Gwyn Lewis အား လက်ခံတွေ့ဆုံ
မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား မေ ၂၈ ရက်က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ယာယီညှိနှိုင်းရေးမှူးက မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းကဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲထားပြီးဖြစ်၍ လာမည့်လွှတ်တော်အစည်းအဝေးများတွင် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
လွှတ်တော်သည် အစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူများ၏လိုအပ်ချက်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြု၍ ပြည်သူတို့၏အခက်အခဲ ပြည်သူတို့၏ဆန္ဒများကို လွှတ်တော်မှတစ်ဆင့်အစိုးရထံပေးပို့ရပြီး အစိုးရနှင့်ပြည်သူကြား ပေါင်းကူးဆောင်ရွက်ပေးရကြောင်း၊ အဆွေတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

image
18 ပတ် - ဘာသာပြန်ပါ။

မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ ဗဟိုဘက်များအကြား နားလည်မှုစာချွှန်လွှာလက်မှတ်ရေးထိုး

ငွေကြေးမူဝါဒ၊ ဘဏ်လုပ်ငန်းစနစ်များပူးပေါင်းဆောင်ရွက်မည့်အပြင် သတင်းအချက်အလက်များ ဖလှယ်ရန် သဘောတူ
မြန်မာနိုင်ငံတော် ဗဟိုဘဏ် နှင့် ဘယ်လာရုစ် သမ္မတနိုင်ငံ ဗဟိုဘဏ်တို့အကြား နားလည်မှုစာချွှန်လွှာကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါနားလည်မှုစာချွှန်လွှာကြောင့် နှစ်နိုင်ငံအကြား ငွေကြေးမူဝါဒများ၊ မေခရိုစီးပွားရေးဆိုင်ရာ မူဝါဒများ ဘဏ်လုပ်ငန်းစနစ်များနှင့် ပတ်သက်ပြီး ရင်းနှီးပွင့်လင်းစွာ သဘောထားအမြင်များ ဖလှယ်မည်ဖြစ်ကြောင်း သိရသည်။
ထိုပြင် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် သတင်းအချက်အလက်များဖလှယ်ရန်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်သွယ်ဆောင်ရွက်မည့် နှစ်နိုင်ငံ၏ ကူးသန်းရောင်းဝယ်ရေးဘဏ်များကို ကူညီထောက်ပံပေးရေးအပြင် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံပူးပေါင်းပြီး စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်းများကိုလည်း ပူးတွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရေးထိုးခြင်းကို မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဌ ‌‌ဒေါက်တာခင်နိုင်ဦးနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV တို့ ရှေ့မှောက်တွင် နှစ်ဖက်တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။

image
18 ပတ် - ဘာသာပြန်ပါ။

ငါးနှစ်ကြာ ပိတ်ထားခဲ့သည့် စက်မှု ၁ လမ်း ပြန်ဖွင့်ပြီ

ငါးနှစ်ကြာ ပိတ်ထားခဲ့သည့် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်အတွင်းရှိ ဗဟိုဘဏ်နှင့် Passport ရုံးရှေ့၊ စက်မှု (၁) လမ်းကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်သည်။
ယမန်နေ့ (မေလ ၂၈ ရက်) နေ့ နံနက် ၁၁ နာရီဝန်းကျင်မှ စတင်ကာ လမ်းပိတ်ဆို့ထားမှုများ ဖယ်ရှားပြီး ပြန်လည်ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်သည်။
ယင်းလမ်းပိုင်းကို ယခင်က လုံခြုံရေးအခြေအနေများကြောင့် ကာလအတန်ကြာ ပိတ်ထားခဲ့ခြင်းဖြစ်သည်။
ယခုအခါ လမ်းပြန်ပွင့်သွားပြီဖြစ်၍ ယခင်ကလို လမ်းလွှဲမောင်းနှင်စရာ မလိုတော့ဘဲ ပြန်လည်သွားလာနိုင်ပြီဖြစ်သည်။

image
18 ပတ် - ဘာသာပြန်ပါ။

ကမ္ဘောဒီးယား နိုင်ငံတွင် အခက်ကြုံနေသည့် မြန်မာနိုင်ငံသား (၇၅) ဦးကို ပြန်လည်ခေါ်ယူ

ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကနေ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသား (၇၅) ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပေးခဲ့ကြောင်း သိရသည်။
မြန်မာသံရုံး (ဖနောင်ပင်) သို့ ကမ္ဘောဒီးယားနိုင်ငံ နယ်စပ်ဒေသများရှိ Online scam အလုပ်ရုံများကနေ ထွက်ပြေးရောက်ရှိလာသည့် မြန်မာနိုင်ငံသားအမျိုးသား (၄၅) ဦးနှင့် အမျိုးသမီး (၃၀) ဦး တို့ကို ယမန်နေ့က ရန်ကုန်သို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲများကြုံတွေပါက မြန်မာသံရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတိုကို့ အကူညီတောင်းခံနိုင်ကြောင်းလည်း အသိပေးထားသည်။

image
18 ပတ် - ဘာသာပြန်ပါ။

အီဘိုလာရောဂါကူးစက်ပျံ့နှံ့နေမှုကြောင့် ကမ္ဘာ့ဖလားလက်မှတ်ဖိုး ပြန်အမ်းရန် ဒီမိုကရက်တစ်ကွန်ဂိုတောင်းဆိုလာ
=====================

ဒီမိုကရက်တစ်ကွန်ဂိုဟာ အီဘိုလာခရီးသွားကန့်သတ်မှုကြောင့် ပရိသတ်များမှာ အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်နိုင်ခြင်း မရှိမှုနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ်ဖိုးငွေများကို ပြန်အမ်းရန် ဖီဖာထံ တောင်းဆိုလာပါတယ်။
ကွန်ဂိုဟာ ၁၉၇၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ထားပါတယ်။
ဒါပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က မေလ ၁၆ ရက်နေ့တုန်းက အီဘိုလာရောဂါနှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်လာပြီးနောက် ကွန်ဂိုပရိသတ်များမှာ အမေရိကန်ပြည်ဝင်ခွင့် ပိတ်ပင်ခြင်းခံထားရပါတယ်။
ဗဟိုနှင့်အရှေ့အာဖရိကတို့တွင် အီဘိုလာရောဂါကူးစက်ခံထားရသူ ၉၀၀ ကျော် တွေ့ရှိထားပြီး ၂၂၃ ဦး သေဆုံးထားပြီး ဖြစ်ပါတယ်။
ယင်းသို့ ကွန်ဂိုနိုင်ငံတွင်း အီဘိုလာကူးစက်နေမှုနှင့်အတူ ကန်ရှာဆာရှိ အမေရိကန်သုံးရုံးက ဗီဇာပေးမှု ရပ်ဆိုင်းထားပါတယ်။
တဖက်တွင် အမေရိကန်က ကွန်ဂို၊ ယုဂန္ဒာ၊ တောင်ဆူဒန်တို့တွင် ၂၁ ရက်အတွင်း နေထိုင်ခဲ့တဲ့ အမေရိကန်နိုင်ငံသား မဟုတ်သူများကို ပြည်ဝင်ခွင့်ပိတ်ပင်ထားပါတယ်။
ယင်းကဲ့သို့ အခြေအနေကြောင့် ဒီမိုကရက်တစ်ကွန်ဂိုဘောလုံးအဖွဲ့ချုပ်ဟာ ကမ္ဘာ့ဖလားလက်မှတ်ဖိုးငွေများကို ပြန်အမ်းပေးရန် ဖီဖာထံသို့ တောင်းဆိုမှု ပြုလုပ်ထားပါတယ်။
ကွန်ဂိုဟာ ဇွန်လ ၁၇ ရက်နေ့တွင် ဟူစတန်မှာ ပေါ်တူဂီနှင့် အဖွင့်ပွဲကစားရမှာ ဖြစ်ပြီး ပရိသတ်များ လာရောက်ကြည့်နိုင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကွန်ဂိုဟာ အုပ်စုဒုတိယပွဲဖြစ်တဲ့ ကိုလံဘီဘာနှင့်ပွဲအား ဂွါဒီလာဂျာရာမှာ ကစားရမှာ ဖြစ်ပါတယ်။ ယင်းပွဲကို ကွန်ဂိုပရိသတ်များမှာ မက္ကဆီကိုသို့ သွားရောက်ကြည့်လာနိုင်ဖို့ ရှိပါတယ်။
ကွန်ဂိုဟာ အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဥဇဘက်ကစ္စတန်နှင့်ပွဲကို အမေရိကန်ရှိ အတ္တလန္တာတွင် ကစားရမှာ ဖြစ်ကာ ယင်းပွဲကိုလည်း ပရိသတ်များ လာကြည့်နိုင်မှာ မဟုတ်ပါဘူး။
တဖက်တွင် ကွန်ဂိုအသင်းသားများမှာ ကွန်ဂိုနိုင်ငံအတွင်း အခြေစိုက်ခြင်း မရှိုမှုနှင့်အတူ အမေရိကန်ပြည်ဝင်ခွင့်ရရှိလာပါမယ်။ ဒါ့အပြင် ကွန်ဂိုနည်းပြအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှာလည်း ကွာရန်တင်း ၂၁ ရက်ပြည့်မီစေရန်အတွက် နိုင်ငံအတွင်းမှ ထွက်ခွာထားပြီးလည်း ဖြစ်ပါတယ်။

image
18 ပတ် - ဘာသာပြန်ပါ။

အင်ဒါဆင်အား ခေါ်ယူရန် ယူနိုက်တက်အား ကျော်ဖြတ်ကာ အခြေအနေကောင်းလာတဲ့ မန်စီးတီး
===================

မန်စီးတီးဟာ ခါးသီးတဲ့ မြို့ခံပြိင်ဘက် ယူနိုက်တက်အား ကျော်ဖြတ်ကာ နော်တင်ဟမ်ဖောရက်စ်အလယ်တန်းကစားသမားအီးလီးယော့အင်ဒါဆင်အား အီတီဟတ်သို့ ခေါ်ဆောင်ရန် အခြေအနေကောင်းလာပါတယ်။
အင်ဒါဆင်ဟာ ယခုနွေရာသီတွင် City Ground မှ ထွက်ခွာမယ်လို့ ယုံကြည်ရသူ ဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်ဘက်က အင်ဒါဆင်အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး ပေးနိုင်ခြင်း မရှိမှုနှင့်အတူ မန်စီးတီးက ခေါ်ယူရေး အခြေအနေကောင်းလာတာလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ အင်ဒါဆင်ကို ခေါ်ယူရေး နော်တင်ဟမ်ဖောရက်စ်နှင့် ဆွေးနွေးနေပေမဲ့လည်း ပြောင်းရွှေ့ကြေး သဘောတူညီမှု မရသေးပါဘူး။
အင်ဒါဆင်ရဲ့ ပြောင်းရွှေ့ကြေးမှာ ၂၀၂၃ ခုနှစ်တုန်းက အာဆင်နယ်က ဒီကလန်ရိုက်စ်အတွက် ပေးခဲ့ရတဲ့ ပေါင် ၁၀၅ သန်းစံချိန်ကို ကျော်ဖြတ်လာဖို့ ရှိနေပါတယ်။
တဖက်တွင် အင်ဒါဆင်ဟာ လာမဲ့ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အတွက် ခြေစွမ်းပြကစားလာနိုင်ပါက ဖောရက်စ်အနေဖြင့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုရေး အခြေအနေကောင်းလာပါဦးမယ်။
အင်္ဂလန်ယူ-၂၁ အသင်းနှင့်အတူ ၂၀၂၅ ခုနှစ် ယူရိုယူ-၂၁ ဖလားရရှိခဲ့တဲ့ အင်ဒါဆင်ဟာ ၂၀၂၄ ခုနှစ်တွင် နယူးကာဆယ်မှ ပေါင် ၃၅ သန်းဖြင့် ပြောင်းလာပြီးနောက် ဖောရက်စ်အတွက် ၉၂ ပွဲကစားထားရာမှာ ၆ ဂိုးသွင်းထားပါတယ်။

image
18 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ဒရုန်းဖမ်းဒရုန်း၊ ဒရုန်းတား သေနတ်တို့ အသုံးပြုကာ ကာကွယ်ပေးခြင်းခံလာရမဲ့ အင်္ဂလန်အသင်း
======================

အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်တွင် အခြေစိုက်စဉ်အတွင်း ဒရုန်းဖမ်းဒရုန်း၊ ဒရုန်းတား သေနတ်တို့ကို အသုံးပြုကာ ကာကွယ်ပေးခြင်းခံလာရပါမယ်။
သောမတ်စ်တူချယ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကန်ဆက်စ်စီးတီးတွင် အခြေစိုက်လာမှာ ဖြစ်ပြီး လုံခြုံရေးပိုင်း တင်းကြပ်မှု ပြုလုပ်လာမှာ ဖြစ်သလို အသင်းကို ပြိုင်ဘက်အသင်းများက စပိုင်လုပ်မှုများကို တားဆီးလာပါမယ်။
ရဲတပ်ဖွဲ့ဝင်များဟာ ပြိုင်ဘက်အသင်းများက အင်္ဂလန်အသင်းကို အနှောက်အယှက်ပေးလာနိုင်တဲ့၊ စပိုင်လုပ်လာနိုင်တဲ့ ဒရုန်းများကို ဒရုန်းလက်နက်အသုံးပြုကာ တားဆီးလာပါမယ်။
အက်ဖ်ဘီအိုင်ကျွမ်းကျင်သူများကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် လူများဟာ ဒရုန်းကို အသုံးပြုပြီး ဘောလုံးသမားများ၊ ပြည်သူများကို ပစ်မှတ်ထားလာနိုင်သလို လေ့ကျင့်ရေးအစီအစဉ်များကို ကင်းထောက်စပိုင်လုပ်လာနိုင်ကြောင်း ဆိုထားပါတယ်။
ယခင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဆွီဒင်အသင်းဟာ ပြိုင်ဘက်တောင်ကိုရီးယားအသင်းအား ဒရုန်းအသုံးပြုကာ လေ့ကျင့်ခန်းအစီအစဉ်အား ကင်းထောက်မှုအတွက် လူသိရှင်ကြား တောင်းပန်ခဲ့ရဖူးပါတယ်။
၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ပြင်သစ်အသင်းက လေ့ကျင့်ခန်းအစီအစဉ်အား ဒရုန်းဖြင့် ကင်းထောက်ခြင်းခံခဲ့ရကြောင်း စွပ်စွဲဖူးပါတယ်။
ကန်ဆက်စ်စီးတီးမှ ရဲတပ်ဖွဲ့ဝင်များဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် မပျံသန်းရ ဇုန်သတ်မှတ်လာမှာ ဖြစ်သလို ဒရုန်းများကို ဒရုန်းဖမ်းစက်၊ ဒရုန်းတား သေနတ်တို့ကို အသုံးပြုပြီး ဒရုန်းများကို တားဆီးလာပါမယ်။

image
18 ပတ် - ဘာသာပြန်ပါ။

ဂိုးသွင်းမှတ်တမ်းကြောင့် ရှနစ်ဇယ် ၆၁ ပွဲ တည်ခင်းကျွေးမွေးခံခဲ့ရတဲ့ ဟယ်ရီကိန်း
====================

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်နှင့်အတူ ကြီးကျယ်ခမ်းနားတဲ့ ဂိုးသွင်းမှတ်တမ်း ရယူနိုင်ခဲ့ပြီးနောက် ရှနစ်ဇယ် ၆၁ ပွဲဖြင့် တည်ခင်းကျွေးမွေးခံခဲ့ရပါတယ်။
အင်္ဂလန်တိုက်စစ်မှူးဟာ ယခုရာသီတွင် ဘိုင်ယန်မြူးနစ်အတွက် ၅၁ ပွဲကစားခဲ့ရာမှာ ၆၁ ဂိုးအထိ သွင်းယူကာ ဘွန်ဒက်စ်လီဂါဖလားနှင့် ဂျာမန်ပိုကယ်ဖလားတို့ ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
အသက် ၃၂ နှစ်ရှိ စပါးစ်တိုက်စစ်မှူးဟောင်းဟာ ဒုတိယမြောက် ဘွန်ဒက်စ်လီဂါဖလား ရရှိလာခြင်းဖြစ်သလို ပထမဆုံးဂျာမန်ပိုကယ်ဖလား ရရှိခဲ့တာပါ။
ဒါပေမဲ့ သူဟာ ဂိုးတစ်ဂိုးစီသွင်းယူမှုတိုင်းအတွက် ဂျာမန်နှင့် ဩစတြီးယားရိုးရာအစားအသောက်ဖြင့် တည်ခင်းကျွေးမွေးခံခဲ့ရပါတယ်။
ဟယ်ရီကိန်းဟာ အိမ်အနီးတွင် ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်သို့ ပုံမှန် သွားရောက်စားသောက်လေ့ရှိသူ ဖြစ်ပါတယ်။
Stefan Kastner ပိုင်ရှင်ဟာ ဟယ်ရီကိန်းအား ဂိုးသွင်းယူနိုင်ရေး စိတ်ဓာတ်မြှင့်တင်ပေးတဲ့အနေဖြင့် ဂိုးတစ်ဂိုးချင်းစီတိုင်းအတွက် ရှနစ်ဇယ် ၁ ပွဲစီ တည်ခင်းကျွေးမွေးခဲ့ပါတယ်။
ဒါကြောင့်လည်း ဟယ်ရီကိန်းဟာ ယခုရာသီတွင် ၆၁ ဂိုးသွင်းနိုင်မှုနှင့်အတူ ရှနစ်ဇယ် ၆၁ ပွဲ ကျွေးမွေးခံခဲ့ရပါတယ်။
ရှနစ်ဇယ်ဟင်းလျာကို အမဲသား၊ ဝက်သား၊ ကြက်သား၊ သိုးသား၊ ကြက်ဆင်သားတို့ဖြင့် ချက်ပြုနိုင်ပြီး အသားကို ပါးပါးလှီးကာ ပေါင်မုန့်မှုန့်ဖြင့် ကပ်ကြော်ရတဲ့ ဟင်းလျာ ဖြစ်ပါတယ်။

image
18 ပတ် - ဘာသာပြန်ပါ။

စီးရီးဘီသို့ တန်းဆင်းရပြီးနောက် ခရီမိုနက်စ်မှ ဂျေမီဗာဒီ ထွက်ခွာမည်
===================

လက်စတာတိုက်စစ်မှူးဟောင်းဂျေမီဗာဒီဟာ စီးရီးဘီသို့ တန်းဆင်းရပြီးနောက် စာချုပ်သက်တမ်းကုန်ဆုံးမဲ့ ယခုနွေရာသီတွင် ခရီမိုနက်စ်မှ ထွက်ခွာလာပါမယ်။
အသက် ၃၉ နှစ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟာ စီးရီးအေကလပ်အတွက် ၂၉ ပွဲကစားခဲ့ရာတွင် ၇ ဂိုးသွင်းကာ ၃ ကြိမ် ဖန်တီးမှုပြုလုပ်နိုင်ခဲ့ပေမဲ့လည်း စီးရီးဘီသို့ တန်းမဆင်းရအောင် ကူညီနိုင်ခဲ့ခြင်း မရှိပါဘူး။
ဂျေမီဗာဒီဟာ အသက် ၃၉ နှစ်အရွယ်သို့ ရောက်နေပြီ ဖြစ်ပေမဲ့ ဘောလုံးကစားရ ပျော်ရွှင်နေဆဲ ဖြစ်ပြီး ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားလိုနေပါသေးတယ်။
သူ့ကို ပရီးမီးယားလိဂ်ကလပ်များအပြင် ဒတ်ချ်ကလပ် ဖီယင်နုတို့ကလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါတယ်။
ဗာဒီဟာ လက်စတာအတွက် ပွဲ ၅၀၀ ကစားခဲ့ရာမှာ ဂိုး ၂၀၀ သွင်းယူပေးခဲ့သူ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားနှင့် အက်ဖ်အေဖလားတို့ ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ အင်္ဂလန်အတွက် ၂၆ ပွဲကစားခဲ့ရာမှာ ၇ ဂိုးသွင်းနိုင်ခဲ့ပြီး ယူရို ၂၀၁၆ နှင့် ၂၀၁၈ ကမ္ဘာ့ဖလားတို့ ပါဝင်ကစားခဲ့ဖူးပါတယ်။

image