ကသာကို စစ်ရှောင်တွေ ပြန်လည်ဝင်ရောက်လာပြီမို့ ဌာနဆိုင်ရာက စိစစ်လက်ခံနေ

စစ်ကိုင်းတိုင်း ၊ ကသာမြို့တွင်းကို အစိုးရတပ်က ထိန်းချုပ်လိုက်ပြီးနောက် အခြေအနေတည်ငြိမ်မှုရှိလာတဲ့အတွက် စစ်ရှောင်တွေ မြို့တွင်းကို ပြန်လည် ဝင်ရောက်မှု ရှိလာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်ရှိမှာ ကသာကို ရေလမ်းကြောင်းတခုတည်းက​နေ ပြန်လည်ဝင်ရောက်နိုင်သေးတာ ဖြစ်ကြောင်း ၊ ရေကြောင်းကနေ ဝင်ရောက်လာသူတွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေကို ရဲတပ်ဖွဲ့ ၊ထွေအုပ်အပါ ဌာနဆိုင်ရာတွေက ဆိပ်ကမ်းမှာ စိစစ်ပြီး စားရင်းပြုစုလက်ခံနေတယ်လို့သိရပါတယ်။

လုံခြုံရေးအရ ပုလွှေရွှေဆိပ်ကမ်း နဲ့ ကသာဆိပ်ကမ်းကနေ ဝင်လာတဲ့ပစ္စည်းတွေကို စစ်ဆေးခြင်း၊ မှတ်ပုံတင်စစ်တာမျိုးတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ် ။

" မနက်က စက်လှေတွေနဲ့ လူတွေလည်း ပြန်ဝင်လာတာရှိတယ်။ ကမ်းနားမှာ ပစ္စည်းတွေဝင်လာတာကို လက်ခံတယ်။ဖောက်စစ်တာတွေလုပ်နေတယ်။ မြို့ထဲလည်း အရင်ကထက် ပိုပြီး သွားလာမှုရှိကြတယ်။ မြို့တွင်းပစ်ခတ်မှုတော့ မရှိဘူး ။ ကျွန်တော်တောင်အခု ဆိုင်ပြန်ဖွင့်ဖို့လုပ်နေတာ။ မြို့ပြင်ဘက် နည်းနည်းလှမ်းတဲ့ဘက်မှာတော့ ပစ်နေတာမျိုးကြားရသေးတယ်။ " လို့ ကသာ ဒေသခံက ပြောပါတယ်။

ကသာမြို့ကို ဒီကနေ့မနက်ပိုင်းမှာ
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းကနေ စက်လှေ ခြောက်စီးနဲ့ စစ်ဘေးရှောင် ပြန်လည်ဝင်ရောက်လာပြီး သူခိုးရန် ကင်းရှင်းရေးအတွက်လည်း ပြည်သူတွေက ​နေအိမ်တွေမှာပြန်လည်နေထိုင်လိုကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ကုန်းလမ်းကြောင်းကိုလည်း အမြန်ဆုံးပြန်ဖွင့်ပေးဖို့လည်း. ကသာပြင်ပရောက် စစ်ရှောင်ပြည်သူတွေက တောင်းဆိုနေကြပါတယ်။

" သူခိုးတွေက ခုထိခိုးတုန်းပဲ။ ခုတခါခိုးတာက အိမ်ပိုင်ရှင်ပုံစံတွေနဲ့ ဝင်ပြီး ပစ္စည်းတွေကို သယ်ကြတာ။ တချို့လည်း အိမ်တွေမီးလောင်ကြတယ်။ ကျန်တဲ့အိမ်ကြတော့လည်း.သူခိုးကနှိပ်စက်နဲ့ဆိုတော့ အိမ်ကို ပြန်ချင်ကြတာပေါ့။ " လို့ ဒေသခံက ပြောပါတယ် ။

မိုးညှင်းမှာ ရောက်နေတဲ့စစ်ဘေးရှောင်တွေလည်းနဘား၊ကသာလမ်းမကြီးအတိုင်းဖွင့်ပေးလို့ ရရင်ဖွင့်ပေးပါလို့ စကားပါးကြတယ်။ သူတို့လည်းအတော့်ကို အဆင်‌မပြေကြလို့ပါ။ ပြောလို့ရတဲ့သူရှိရင်ပြောပေးကြပါ။ " လို့ ကသာမြို့ဒေသခံ အမျိုးသမီးတယောက် ကပြောပါတယ်။

လုံခြုံရေး တပ်ဖွဲ့ဝင်တယောက်ကတော့ လက်ရှိမှာ ထီးချိုင့် - အင်းတော် - နဘား လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့အတွက် နဘားလမ်းဆုံကို ထိန်းချုပ်နိုင်ဖို လုပ်ဆောင်နေကြောင်း မကြာခင်မှာ လမ်းပိုင်း ပြန်ဖွင့်နိုင်မယ့် အခြေအနေရှိတယ်လို့ ပြောဆိုထားပါတယ်။

ကသာမြို့ကနေ စစ်ရှောင်သွားသူ အများစုဟာ မော်လူး ၊ မိုးညှင်း ၊ မြစ်ကြီးနား ၊ ရွှေကူ ၊အင်းတော် ၊ စစ်ကိုင်း ၊ မန္တလေး ၊ ရန်ကုန် အပါအဝင် တောတောင်ထဲမှာ စစ်ဘေးရှောင်နေကြ ရတာဖြစ်ပါတယ် ။

နေရပ်စွန့်ခွာပြီး စစ်ရှောင်သွားသူတွေထဲကမှ အိမ်စောင့်ချန်ရစ်မထားနိုင်ခဲ့တဲ့ နေအိမ်တွေမှာဆိုရင် ပစ္စည်းတွေ ဖောက်ထွင်းခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။

ကသာမြို့မှာတော့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ညက စပြီး တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ၊ အဲဒီအချိန်ကတည်းက မြို့အဝင်အထွက် ပိတ်ထားပြီး ကုန်လမ်းကြောင်းလည်း ပိတ်ထားဆဲ ဖြစ်ပါတယ်။

ကသာမြို့နယ် တိုက်ပွဲအကြားမှာ လက်နက်ကြီး နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူနေအိမ်၊ သမိုင်းဝင် အဆောက်အဦ ၊ ဘုန်းကြီးကျောင်း၊ ပြည်သူ့ ဆေးရုံကြီးတွေ မီးလောင် ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

image

ဖားကန့်မြို့မှာ တိုက်ပွဲဆက်လက် ပြင်းထန်နေ

သုံးလခန့် စစ်ရေးဆိုင်ထားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့က မရှီကထောင် ဆုတောင်းကုန်းပေါ်မှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဆိုင်းတောင်နဲ့ ယူမာကျေးရွာ ဝန်းကျင် တဝိုက်မှာလည်း အနီးကပ် တိုက်ပွဲဖြစ်နေပြီး ဖားကန့်မြို့နယ်ထဲက အစိုးရတပ်ရဲ့ ဗျူဟာကုန်းကြီး တခုလုံးနီးပါးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

“KIA ဦးဆောင်တဲ့ တပ်တွေက ဖားကန့်နယ် ဥရုချောင်းနဲ့ မှော်ဝမ်းဒေသထဲက စစ်ရေး အချက်အချာကျတဲ့ နေရာတွေကို အရင်ဆုံး ထိုးစစ်‌ဆင်နေတာပါ။ ဗျူဟာကုန်း တခုလုံးနီးပါးလည်း မီးလောင်နေတာ တွေ့ရတယ်။ အနိုင်အရှုံးကတော့ မကြာခင် အဖြေပေါ်တော့မယ်ထင်တယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နေ့မှ စတင်ကာ တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဒေသခံတွေရဲ့ လုံခြုံရေးအတွက် KIA အဖွဲ့က မနေ့ ဧပြီ ၅ ရက်မှာ ညမထွက်ရအမိန့် (မာရှယ်လော) ထုတ်ပြန်ခဲ့ပြီး သွားလာခွင့်အတွက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

“ဖြစ်နိုင်ရင် ဒီအချိန်ဘယ်မှ မသွားကြတာ အကောင်းဆုံးပါပဲ။ နေရာတိုင်း ညမထွက်ကြရင် အကောင်းဆုံးပါ။ အခုတင်ကို ပစ်ခတ်သံတွေ ကြားနေရတယ်။ နမ့်မဖြစ်၊ မှော်ဆီဇာ၊ လုံးခင်းလမ်း ခရီးသွားတွေလည်း ဂရုစိုက်စေချင်တယ်” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

ဖားကန့်နယ်အတွင်းက အစိုးရတပ်ရဲ့ အရေးပါတဲ့ ရှေ့တန်းစခန်း ခြောက်ခုကို KIA ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ဧပြီ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲဆက်လက် ပြင်းထန်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

ရှေ့တန်းစခန်းတချို့ ဆုံးရှုံးခဲ့ရပြီးတဲ့နောက် အစိုးရတပ်ဟာ ဖားကန့်မြို့အတွင်းက လမ်းတချို့နဲ့ မြို့အဝင်အထွက်ကို ပိတ်ဆို့ထားသလို ဖားကန့် - လုံးခင်းလမ်းပိုင်းက လယ်ပြင်ယမ်းချက် ဂိတ်ကိုပါ မနေ့ ဧပြီ ၅ ရက်၊ မနက်ပိုင်းကစပြီး ပိတ်လိုက်တာကြောင့် ခရီးသည်တင်ကားနဲ့ ကုန်တင်ကား များစွာ ပိတ်မိနေကြတယ်လို့လည်း သိရပါတယ်။

“တိုက်ပွဲက နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန် ဖြစ်နေတာ မှန်ပေမယ့် ကျွန်တော်တို့ ဒေသခံတွေကတော့ ပြေးစရာမြေ မရှိတော့တဲ့အတွက် ဘယ်ကိုမှ မသွားကြတော့ပါဘူး။ ကိုယ့်အိမ်မှာကိုယ်နေရင်း ရင်တုန်နေရတဲ့ အခြေအနေပေါ့။ တိုက်ပွဲ မြန်မြန်ပြီးပါစေပဲ ဆုတောင်းနေရတယ်။ အခုအချိန်ည‌နေ ၄ နာရီကျော်လောက်အထိကို မရှီကထောင်ဘက်၊ ဆောင်းချိန်သင်္ချိုင်းဘက်တွေကနေ ပစ်သံ၊ ပေါက်ကွဲသံတွေ ကြားနေရတုန်းပဲ” လို့ နောက်ထပ် ဒေသခံတယောက်က ပြောပါတယ်။

လက်ရှိ ကချင်ပြည်နယ်အတွင်းမှာ ဖားကန့်မြို့အပြင် ဗန်းမော်နဲ့ ဝိုင်းမော်မြို့တို့မှာလည်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် KIA ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

image

နတ်မောက် အရှေ့ခြမ်းမှာ တိုက်ပွဲ ပြင်းထန်နေ

မကွေးတိုင်း၊ နတ်မောက်မြို့နယ် (အရှေ့ခြမ်း) မှာ အစိုးရတပ်ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။

မြို့သစ်မြို့ အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ - ၁၇) က စစ်ကြောင်းတကြောင်းအပြင် နေပြည်တော်က ထွက်လာတဲ့ စစ်ကြောင်းတွေနဲ့ ​ဒေသတွင်းလက်နက်ကိုင်တပ်​တွေ အခု ဧပြီလဆန်းပိုင်းကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ သိရပါတယ်။

“အဲဒီ စစ်ကြောင်းတွေကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ်တိုက်နေတာပါ။ နှစ်ဖက် အထိအခိုက်လည်း များတယ်။ ကြားဖြတ်တိုက်တာ ရှိပေမယ့် စစ်ကြောင်းက နတ်မောက်နယ်ထဲ မရပ်မနား ဆက်ပြီး ထိုးစစ်ဆင်နေတုန်းပဲ” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

နတ်မောက်နယ် (အရှေ့ခြမ်း) က ကျောက်မိုးနဲ့ လျော်ချောင်းကျေးရွာကြားမှာ ရှိတဲ့ တောင်တန်းပေါ်က ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ စခန်းတခုကို စီးနင်းဖို့ အစိုးရတပ်က အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ သိရပြီး ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း အဲဒီတောင်တန်းမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သူက ပြောပါတယ်။

လတ်တလော ထိုးစစ်ဆင်နေတဲ့ စစ်ကြောင်းဟာ နေပြည်တော်၊ မိတ္ထီလာ၊ တောင်တွင်းကြီး၊ ကပစ - ၁၇ နဲ့ ရွာမွန်တပ်တို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းဖြစ်ပြီး လက်နက်ကိုင်တပ်တွေရဲ့ ခုခံစစ်ကြောင့် ကျေးရွာတွေတဝိုက်မှာ လက်ရှိအချိန်အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နတ်မောက်မြို့နယ် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ နတ်မောက် အခြေစိုက် ဒေသတွင်း လက်နက်ကိုင်တပ်တွေရဲ့ ဒီကနေ့ ဧပြီ ၆ ရက်၊ ညနေပိုင်း သတင်းထုတ်ပြန်ချက်မှာ ဧပြီ ၁ ရက်၊ နေ့လယ် ၂ နာရီဝန်းကျင်က ထွက်လာတဲ့ အစိုးရစစ်ကြောင်းကို မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ် အစပ်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲကြာချိန် ၃ နာရီဝန်းကျင် ရှိခဲ့ကာ အစိုးရတပ်ဘက်က ထိခိုက်ကျဆုံး ရှိနိုင်ပေမယ့် ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်ကတော့ မစိုးရိမ်ရဒဏ်ရာ အနည်းအကျဉ်းသာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပြီး အစိုးရတပ်ဘက်ကတော့ နတ်မောက်မြို့ စစ်ရေးအခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

image

တိုင်းဒေသကြီးအဆင့် ဝန်ကြီး အမည်စာရင်းတွေကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ တင်သွင်း

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းဝင် ဝန်ကြီးတွေရဲ့ နာမည်စာရင်းကို ဒီကနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ပထမပုမှန် အစည်းအဝေး (ဆဋ္ဌမနေ့)အခမ်းအနားမှာ တင်ပြခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လှမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် အဖြစ် ဦးလှသိန်း၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဝန်ကြီးချုပ် ဒေါ်ခင်ခင်သီ တို့ကို ဦးမျိုးအောင် က အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးအဆင့် ဝန်ကြီးတွေ အဖြစ် ဗိုလ်မှူးကြီး နေလင်းစိုး လုံခြုံ​ရေးနှင့် နယ်စပ်​ရေးရာဝန်ကြီး
ဦးသိန်းဌေး စီမံကိန်း၊ စီးပွား​​ေရးနဲ့ ဘဏ္ဍာရေးဝန်ကြီး
ဦးလှကြွယ် လူမှု​ရေးရာဝန်ကြီး
ဦးကျော်မိုးသက် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး
ဦးလှမျိုး စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး
ဒေါ်သိင်္ဂီအောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး
ဦးခင်မောင်အေး စည်ပင်သာယာရေးဝန်ကြီး
ဦးစိုင်းအောင်ကြည် ရှမ်းတိုင်းရင်းသား​လူမျိုးရေးရာဝန်ကြီး

တို့ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုပြုအမည်စာရင်းတင်သွင်းထားတယ်လို့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေအဖြစ် ဦးမြင့်ဆန်း၊ ဒေါ်ခင်စန်းမြင့်၊ ဒေါ်ကြည်ကြည်စိမ်း၊ ဒေါ်ခင်သစ်ဆွေ၊ ဦးသန်းထွန်းအောင်၊ ဦးစောမျိုးမျိုး တို့ကို ဝန်ကြီးချုပ်အဖြစ်တင်မြှောက်ခံထားရတဲ့ ဦးမျိုးအောင်က မန္တလေးတိုင်းဒေသကြီးလွှတ်တော်မှာ အဆိုပြုအမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ်၊ မန္တလေး တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးတွေရဲ့ အမည်စာရင်းတွေကို မန္တလေး တိုင်းဒေသကြီးလွှတ်တော်မှာ အမည်စာရင်းတင်သွင်းမှာဖြစ်ပြီး အမည်စာရင်းတွေနဲ့ စပ်လျဥ်းပြီး လွှတ်တော်ရဲ့အတည်ပြုချက်ရယူသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

image

ပြည်ထောင်စုအဆင့် တရားရေးကဏ္ဍအကြီးအကဲတွေနဲ့ UEC ဥက္ကဌ နဲ့အဖွဲ့ဝင် အမည်စာရင်းတင်ပြမှုပြည်ထောင်စုလွတ်တော်က အတည်ပြု

ဒီကနေ့ပြုလုပ်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး စတုတ္ထနေ့မှာ သမ္မတက တင်ပြထားတဲ့ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေနဲ့ခန့်အပ်မယ့်သူတွေရဲ့ အမည်စာရင်း နဲ့ ပြည်ထောင်စုကောက်ပွဲကော်မရှင် ဥက္ကဌနဲ့အဖွဲ့ဝင်တွေ အမည်တင်သွင်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့အတည်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး ပြည်ထောင်စု ဝန်ကြီးဌာနေတွနဲ့ ပြည်ထောင်စုဝန်ကြီး ဦးရေ သတ်မှတ်ခဲ့တဲ့အပေါ် လွှတ်တော်ကိုယ်စားလှယ် သုံးဦးက ထောက်ခံ အကြံပြု ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်တွေအပေါ်၊ သမတက ပြန်လည်ရှင်းလင်းမယ့် အစီအစဥ်ကို လွှတ်တော်ဥက္ကဌဆီကိုပေးပို့ထားတဲ့အတွက် လွှတ်တော် ဥက္ကဌက ဖတ်ကြားတင်ပြခဲ့ပြီး ပြည်ထောင်စုအစိုးရဝန်ကြီးဌာန အရေအတွက် အမည်သတ်မှတ်ချက် တွေကို လွှတ်တော်ရဲ့အဆုံးအဖြတ်နဲ့ အတည်ပြုခဲ့ပါတယ်။

လွှတ်တော်က အတည်ပြုခဲ့တဲ့ ပြည်ထောင်စုဝန်ကြီးတွေကတော့
၁။ ဦးခင်မောင်ရီ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန

၂။ ဦးအောင်ကျော်ဟိုး နိုင်ငံတော်သမ္မတရုံး

၃။ ဦးတင်အောင်စန်း ပို့ဆောင်ရေး

၄။ ဦးမြထွန်းဦး ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆက်သွယ်ရေး

၅။ ဗိုလ်ချုပ်ကြီး ထွန်းအောင် ကာကွယ်ရေး

၆။ ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ ပြည်ထဲရေး

၇။ ဦးတင်မောင်ဆွေ နိုင်ငံခြားရေး

၈။ ဒေါက်တာကံဇော် ဘဏ္ဍာရေးနဲ့အခွန်

၉။ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် နယ်စပ်ရေးရာ

၁၀။ ဦးသန်းမောင် တိုင်းရင်းသားလူမျိုးများရေးရာ

၁၁။ ဒေါက်တာသီတာဦး ဥပဒေရေးရာ

၁၂။ ဒေါက်တာချောချောစိန် ပညာရေး

၁၃။ ဒေါက်တာမျိုးသိမ်းကျော် သိပ္ပံနဲ့ နည်းပညာ

၁၄။ ဒေါက်တာသက်ခိုင်ဝင်း ကျန်းမာရေး

၁၅။ ဒေါက်တာသက်သက်ဇင် အမျိုးသမီးရေးရာ

၁၆။ ဦးထိန်ဝင်း ပြန်ကြားရေး

၁၇။ ဦးတင်ဦးလွင် သာသနာရေး

၁၈။ ဦးမင်းနောင် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်​မြောင်း

၁၉။ ဦးမျိုးဇော်သိန်း သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး

၂၀။ ဦးဆန်းဦး သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး

၂၁။ ဦးကိုကိုလွင် လျှပ်စစ်နဲ့စွမ်းအင်

၂၂။ ဒေါက်တာချာလီသန်း စက်မှုနှင့် အသေးစား၊ အငယ်စား၊အလတ်စား ဖွံ့ဖြိုးတိုးတက်ရေး

၂၃။ ဦးမြင့်ကြိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန

၂၄။ ဦးခင်မောင်စိုး အလုပ်သမားဝန်ကြီး

၂၅။ ဦးထွန်းအုံ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး

၂၆။ ဦးရဲမြင့်ထွန်း အားကစားရေးရာ

၂၇။ ဒေါက်တာမောင်သင်း လူငယ်ရေးရာ

၂၈။ ဦးမျိုးသန့် ဆောက်လုပ်ရေး

၂၉။ ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ နေရာချထားရေး

၃၀။ ဦးမောင်မြင့် ဟိုတယ်ခရီးသွားနဲ့ ယဥ်ကျေးမှု

တို့ဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

(၂၀၂၆ - ဧပြီ ၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၈၀၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၈၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၇၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၄၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၈၀ ကျပ်
ဝယ်ဈေး - ၄၁၇၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၄၆ ကျပ်

-ယူရို
ရောင်းဈေး - ၄၉၄၈ ကျပ်
ဝယ်ဈေး - ၄၈၁၉ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၈၅ ကျပ်
ဝယ်ဈေး - ၁၂၇.၄၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၆ ကျပ်
ဝယ်ဈေး - ၁၀၃၉ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၂၂ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၄ ကျပ်
ဝယ်ဈေး - ၂၆.၁၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၈၉ ကျပ်
ဝယ်ဈေး - ၄၄.၇၁ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၅ ကျပ်
ဝယ်ဈေး - ၂.၇၈ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၆၉၃ ကျပ်
ဝယ်ဈေး - ၅၅၄၆ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၅၉ ကျပ်
ဝယ်ဈေး - ၂၈၈၂ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၇ ကျပ်
ဝယ်ဈေး - ၃၀၀၈ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၂ ကျပ်
ဝယ်ဈေး - ၅၂၈ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၆၇ ကျပ်
ဝယ်ဈေး - ၁၁၃၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

အစိုးရသစ်တွင် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ခု ဖြင့် ဆောင်ရွက်ရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အဆိုပြုတင်ပြထားသည့် ပြည်ထောင်စုဝန်ကြီးဌာန ၃၁ ဌာန၏ အမည်စာရင်းကို ယနေ့ (ဧပြီ ၇ ရက်) တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် သဘောတူခဲ့သည်။

ထို့အတွက်ကြောင့် ပြည်ထောင်စုအစိုးရ ဝန်ကြီး ဌာန ၃၁ ခုကို ပြည်ထာင်စုဝန်ကြီး ၃၀ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်လည်း ဖြစ်သည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုစဉ်တွင် မန္တလေးတိုင်းဒေသကြီး အချိုးကျကိုယ်စားပြု မဲဆန္ဒနယ်အမှတ် (၂) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စန်း (တစညပါတီဝင်) က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း၊ ဒလမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်မြင့် (ပြည်ခိုင်ဖြိုးပါတီဝင်) က တောင်သူလယ်သမားရေးရာဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာနတို့အဖြစ် သီးခြားစီဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း ၊ ကလောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာနန္ဒာလှမြင့် (ပြည်ခိုင်ဖြိုးပါတီဝင်) က ပြည်ထောင်စုအဆင့်တွင် စည်ပင်သာယာရေးရာဝန်ကြီးဌာနအဖြစ် ဖွဲ့စည်းပေးနိုင်ရေးနှင့်ပတ်သက်၍ လည်းကောင်း ဆွေးနွေးမှုများပြုလုပ်ခဲ့သည်။

ထိုဆွေးနွေးမှုများအတွက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းတင်ပြချက်ကို ပြည်ထောင်စုလွှတ်တော်နာယကက ထပ်ဆင့်ဖတ်ကြားရှင်းလင်းခဲ့သည်။

ဖတ်ကြားရှင်းလင်းရာ၌ တောင်သူလယ်သမားရေးရာ ဝန်ကြီးဌာန ဖွဲ့စည်းရန် တင်ပြမှုသည် တောင်သူလယ်သမားအရေးကို စိုက်/ မွေး/ ဆည်၊ သမဝါယမ/ ကျေးလက် ဝန်ကြီးတို့မှ ဆောင်ရွက်ပေးနေပြီးအဆိုပါ ဝန်ကြီးဌာန ၂ ခုမှ ဟန်ချက်ညီညီ ဆောင်ရွက်ပေးလျက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတကာ၌လည်း စိုက်/ မွေး ဝန်ကြီးဌာနမှပဲ ဆောင်ရွက်ပေးလျက်ရှိသောကြောင့် အသစ်ဖွဲ့စည်းရန် ဆောင်ရွက်မည် မဟုတ်ဟု သိရသည်။

ထို့အတူ ဟိုတယ်ခရီးနှင့် ယဉ်ကျေးမှု ပေါင်းစပ်ခြင်းအားဖြင့် ယဉ်ကျေးမှုကို ခရီးသွားလုပ်ငန်း၏ အဓိကမောင်းနှင်အားအဖြစ်အသုံးချသွားမည်ဖြစ်ကာ ထိုကဲ့သို့ ပေါင်းစပ်ဖွဲ့စည်းခြင်းဖြင့် ခရီးသွားကဏ္ဍတိုးတက်လာချိန် ယဉ်ကျေးမှုလျော့ကျခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။

ထို့အပြင် စည်ပင်သာယာရေးဝန်ကြီးဌာန ဖွဲ့စည်းရန် တင်ပြမှု၌ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော်က ဆောင်ရွက်ခွင့်ရှိပြီး ပြည်ထောင်စုအဆင့်၌ ဖွဲ့စည်းရန် မသင့်ကြောင်းလည်း ပြန်လည်ရှင်းလင်းသည်။

ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်သုံးဦး၏ သဘောထားအား ထပ်မံတောင်းခံရာ လွှတ်တော်ကိုယ်စားလှယ်သုံးဦးက နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ပြန်လည်ရှင်းလင်းချက်အပေါ်လက်ခံသဖြင့် မူလလျာထားသည့် ဝန်ကြီးဌာနများအတိုင်း ဖွဲ့စည်းရန် သဘောတူကြောင်း သဘောထားများ ပြန်လည်တင်ပြ ဆွေး နွေးခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ဝန်ကြီးဌာနများအဖြစ် ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်သမ္မတရုံး၊ အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံတော်သမ္မတရုံး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသမီးရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အားကစားရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ကို ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။

image

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများ ဧပြီလ မှ စတင်ကောက်ခံမည်

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များကို Piolt Project ကာလအတွင်း ပြည်ပတင်သွင်းယာဥ် မှတ်ပုံတင်ခများကောက်ခံခြင်းမပြုဘဲ ကနဦး မှတ်ပုံတင်လုပ်ငန်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန ) က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပရောဂျက်ကာလသည် မတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးခဲ့ပြီးဖြစ်ခြင်းကြောင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များအတွက် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို ဧပြီလ ၁ရက်မှ စတင်ကောက်ခံမည် ဖြစ်ကြောင်း ကညနမှ ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဧပြီ ၁ရက်နေ့မှ စ၍ သွင်းကုန်ကြေညာလွှာ ဖွင့်လှစ်သည့် ပြည်ပမှ CBU စနစ်ဖြင့် တင်သွင်းလာသည့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဥ်များ ကို မော်တော်ယာဥ်အမျိုးအစားနှင့်ဘက်ထရီ စွမ်းဆောင်ရည်အလိုက် မူလတန်ဖိုးဈေးနှုန်းအပေါ် ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခများကို စတင်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။

အမျိုးအစားအလိုက် ရာခိုင်နှုန်းအားဖြင့် ၃ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းထိ သတ်မှတ်ကောက်ခံမည်ဖြစ်ကြောင်းလည်း သိရသည်။

image