တရုတ်ထိပ်တန်းAIပညာရှင်များပြည်ပသွားကခွင့်ပြုချက်ယူရမည်

တရုတ်နိုင်ငံသည် ဉာဏ်ရည်တုနယ်ပယ်တွင် ထိပ်တန်းကျွမ်းကျင်သူများအတွက် ကန့်သတ်ချက်အသစ်များ ချမှတ်လိုက်ပြီဖြစ်သည်။ ပုဂ္ဂလိကကုမ္ပဏီများရှိ မဟာဗျူဟာအရ အရေးပါသော AI စီမံချက်များအတွက် ဝန်ထမ်းများသည် ပြည်ပခရီးမထွက်မီ အာဏာပိုင်များထံမှ တရားဝင်ခွင့်ပြုချက်ရယူရန် လိုအပ်လာပြီဖြစ်သည်ဟု ဘလွန်းဘာဂ်ကပြောသည်။
အလီဘာဘာ နှင့် DeepSeek ကဲ့သို့သော ကုမ္ပဏီများမှ အထူးကျွမ်းကျင်သူများသည်ဤကန့်သတ်ချက်တွင် အကျုံးဝင်သည်။ ပေကျင်းသည် ဒေတာပေါက်ကြားမှု၊ နည်းပညာခိုးယူမှုနှင့် နိုင်ငံခြားကုမ္ပဏီများမှ ဝန်ထမ်းများကို ခိုးယူမှုတို့ကြောင့် အရေးယူဆောင်ရွက်ရမှုများကို တရားမျှတ မှန်ကန်ကြောင်း ပြောကြားခဲ့သည်။
စင်စစ်မူ ယခုတားမြစ်ချက်သည် အသစ်မဟုတ်ပါ။ မတ်လ ၂၀၂၅ က တရုတ်အာဏာပိုင်များသည် ဉာဏ်ရည်တု AI ကုမ္ပဏီများ၏အကြီးအကဲများကို အမေရိကန်သို့ခရီးသွားခြင်းမှရှောင်ကြဉ်ရန်အကြံပြုခဲ့ဘူးသည်။ လက်ရှိစည်းမျဉ်းများသည် ဤအကြံပြုချက်များအတိုင်း ဖြစ်သည်။
တရုတ်နိုင်ငံသည် ၎င်း၏ ဉာဏ်ရည်တု AI လုပ်ငန်းကို ပြင်ပသြဇာလွှမ်းမိုးမှုမှ အဆက်မပြတ်ခွဲထုတ်ကာ နိုင်ငံခြားနည်းပညာအပေါ် မှီခိုအားထားမှုကို လျှော့ချခဲ့သည်။ လေ့လာဆန်းစစ်ရေးကုမ္ပဏီ IDC ၏အဆိုအရ တရုတ်ချစ်ပ်ထုတ်လုပ်သူများသည် ပြည်တွင်း ဉာဏ်ရည်တု AI ဈေးကွက်၏ ရှယ်ယာ ၄၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။ ထို့အပြင် ဇူကာဘတ်၏ ကုမ္ပဏီကို တရုတ် ဉာဏ်ရည်တု AI startup Manus AI ကို မရယူစေရန် အာဏာပိုင်များက ပိတ်ဆို့ခဲ့သည်။
ဉာဏ်ရည်တု AI နယ်ပယ်တွင် အမေရိကနှင့် တရုတ်တို့ကြား နည်းပညာဆိုင်ရာ ထိပ်တိုက်ရင်ဆိုင်မှုများသည် နှစ်အတော်ကြာ ဖြစ်ပွားနေခဲ့သည်။ အမေရိကဘက်မှ ချစ်ပ်များနှင့် ဆော့ဖ်ဝဲလ်များ တင်ပို့မှုကို ကန့်သတ်လိုက်သည်။

image

ရန်ကုန်ဆေးရုံကြီး၏ (၄)ခုမြောက် လူနာစောင့်နားနေဆောင်သစ် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ လာရောက်ပြသသည့် လူ နာများနှင့်အတူလိုက်ပါလာသော လူနာစောင့်များစိတ်ချမ်းသာစွာညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်(၃)ဆောင်ကို ဆောက်လုပ်ပေးထားသည်။
ထို့ပြင် ယနေ့ မေ ၂၇ ရက်မှစတင်ကာအသုံးပြုနိုင်မည့် (၄)ခုမြောက်ဖြစ်သော လူနာစောင့်များညအိပ်နားနေနိုင်ရန်အတွက် လူနာစောင့်နားနေဆောင်သစ်(၁)ခုကိုလည်း ထပ်မံဆောက်လုပ်ပေးခဲ့သည်။

image

နီပေါဝန်ကြီးချုပ်နှင့် မြန်မာသံအမတ်ကြီးတွေ့ဆုံ

မြန်မာ-နီပေါ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုများ ဆွေးနွေး
နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် မေ ၂၆ ရက်တွင် နီပေါနိုင်ငံဝန်ကြီးချုပ် Right Honourable Mr. Balendra Shah အား နီပေါနိုင်ငံဝန်ကြီးချုပ်ရုံး၌ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လတ်တလောဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးများအပေါ် အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးကိုလည်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများကိုယ်စား Right Honourable Mr. Balendra Shah အား နီပေါနိုင်ငံဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေမှုအတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း မြန်မာသံအမတ်ကြီးက ပြောကြားခဲ့သည်။

image

ကျွန်းလှမြို့နယ်တွင် မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက် ပျိုးမည်

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ မိုးစပါးဧက(၃၃,၀၀၀)ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။
မိုးစပါးစိုက်ပျိုးရန် (၃၃,၂၇၅)ဧကလျာထားပြီး စိုက် ပျိုးရာ၌ ဘောင်ပျိုးစနစ်၊ ရိုးရိုးပျိုးထောင်စနစ်၊ မျိုးစေ့တို-က်ရို-က်ချစနစ်တို့ဖြင့် ဒေသရာသီဥတုနှင့် ကိုက်ညီသော ဧရာမင်း၊ မနောသုခ၊ ဆင်းသုခ၊ ရွှေသွယ်ရင်၊ ချမ်းမြေ့မေ၊ အောင်နိုင်တိုးစပါးမျိုးများစိုက်ပျိုးကြောင်း သိရသည်။
မိုးစပါးစိုက်တောင်သူများအား မြို့နယ်စိုက်ပျိုးရေးဦး စီးဌာနမှ မျိုးကောင်းမျိုးသန့်ရရှိရေးဆောင်ရွက်ပေးခြင်း၊ စိုက်နည်းစနစ်မှန်ကန်ရေးပညာပေးခြင်း၊ သဘာဝမြေဩဇာနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးနည်းများကို အသိပညာပေးခြင်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။

image

မြန်မာ-တရုတ်မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာများလက်မှတ်ရေးထိုးမည်

မြန်မာ-တရုတ်မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာများလက်မှတ်ရေးထိုးရန် ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးထိန်လင်းနှင့် တရုတ်နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပြန် ကြားရေးဌာန၏ ဒု-အကြီးအကဲနှင့် အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားအုပ်ချုပ်မှုဆိုင်ရာဝန်ကြီး မစ္စ ချောင်ရှုမင်း တို့ဆွေးနွေးခဲ့ကြသည်။
၎င်းတို့နှစ်ဦးသည် မေ ၂၇ ရက်က နေပြည်တော်၌တွေ့ ဆုံ၍ နှစ်နိုင်ငံမီဒီယာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊ ယဉ်ကျေးမှုဖလှယ်နိုင်ရေးနှင့် ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်နိုင်ရေး၊ မှတ်တမ်းရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ပူးပေါင်းရိုက်ကူးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် လူငယ်နှင့် နည်းပညာဆိုင်ရာကဏ္ဍ ပူးပေါင်းတီ ထွင်ဖန်တီးမှုများဖလှယ်ရေး၊ မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု သဘောတူစာချွန်လွှာများလက်မှတ်ရေး ထိုးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မစ္စ ချောင်ရှုမင်းသည် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မြန်မာ-တရုတ်နှစ်နိုင်ငံ မီဒီယာပူးပေါင်းဆောင် ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့် ပျော်ရွှင်လေ့လာတ ရုတ်စာသင်ခန်းစာအသံသွင်းနေမှု၊ Vitual Studio တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးတေးသီချင်းရိုက်ကူးမှု၊ News Channel Studio တွင် သတင်းထုတ်လွှင့်မှု၊ Audiotorium ခန်းမတွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအဖြစ် ရှမ်းပဲပုပ်သီချင်းအား မြန်မာ-တရုတ်နှစ်ဘာသာဖြင့် သီဆိုလေ့ကျင့်နေမှု၊ စိန်ရတုပြတိုက်တို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။

image

တီးတိန်မြို့သို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပ စ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဆက်လက်ပို့ဆောင်

ချင်းပြည်နယ်၊ တီးတိန်မြို့အား တပ်မတော်ကအပြည့်အဝပြန်လည်ထိန်းချုပ်သိမ်းပိုက်ခဲ့ပြီးနောက် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုစဥ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်အစိုးရက ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် လူသုံးကုန်ပ စ္စည်းများကို ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများအား မန္တလေးတိုင်းမှတစ်ဆင့်ပို့ စစ်ကိုင်းတိုင်း၊ ကလေးမြို့သို့ပို့ဆောင်ပေးခဲ့ပြီး ယင်းမှတစ်ဆင့် တီးတိန်မြို့သို့မော်တော်ယာဥ်များဖြင့် ဆက်လက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူသုံးကုန်ပစ္စည်းများတင်ဆောင်လာသောမော်တော်ယာဉ်များ တီးတိန်မြို့သို့ရောက်ရှိချိန်၌ ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများကလက်ခံရယူခဲ့ကြကြောင်း သိရသည်။
ယင်း ကုန်ပစ္စည်းများအား ဒေသခံများလက်ဝယ်အရောက်ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကာ တွန်းဇံမြို့သို့လည်း ကုန်ပစ္စည်းများကို ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

image

နေပြည်တော် ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း အမျိုးသား(၁)ဦးရေနစ်‌ေ-သဆုံး

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ငလိုက်ဆည်ရေလွှတ်ရေမြောင်းအတွင်း အမျိုးသား(၁)ဦးရေနစ်‌ေ-သဆုံးခဲ့မှု မေ ၂၇ ရက်နေ့လည် ၁ နာရီခွဲခန့်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ ဆည်ကန်အရှေ့ရွာအနောက်ဘက်ရှိ ငလိုက်ဆည်ရေလွှတ်ရေ မြောင်းအတွင်း အမျိုးသား(၁)ဦးရေနစ်နေသဖြင့် တောင်ညို(ယာယီ)နယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရှာဖွေကယ်ဆယ်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရှာဖွေကယ်ဆယ်ခဲ့ကြသော်လည်း ရေနစ်နေသူအား ‌ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ရသဖြင့် ရုပ်အလေ-ာင်းအား သဟပုညကာရီပရဟိတအသင်းက နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

image

ကလေးအလုပ်သမား ညှဉ်းပန်းနှိပ်စက်မှုဖြင့် မြန်မာဂိုဏ်းတစ်ဂိုဏ်းကို ထိုင်းရဲ ဖမ်းဆီး

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအား ဘန်ကောက်မြို့တစ်ဝိုက်တွင် ကုန်ပစ္စည်းများ အဓမ္မရောင်းချခိုင်းခြင်း၊ အရောင်းတားဂက်မပြည့်မီပါက ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ကြောင့် ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့သည်။
အဆိုပါကလေးငယ်ကို လက်မောင်းကျိုးဒဏ်ရာဖြင့် ကယ်ဆယ်နိုင်ခဲ့ပြီးနောက် ဘန်ကောက်မြို့၊ ဆွန်လွမ်(Suan Luang) ခရိုင်ရှိ နေအိမ်တစ်လုံးတွင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ကို ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်ရေးဌာနမှ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ရဲချုပ် ရဲဗိုလ်ချုပ် ဆယမ်ဘွန်ဆွန် (Pol Lt Gen Sayam Boonsom) က ပြောကြားခဲ့သည်။
အဆိုပါ နေအိမ်တွင် ရဲတပ်ဖွဲ့က အခြားကလေးငယ် ၅ ဦးကိုလည်း ထပ်မံကယ်ဆယ်နိုင်ခဲ့သည်။
ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သံသယရှိသူများသည် အဆိုပါ ကလေးငယ်များအား မြို့တော်တစ်ဝိုက်ရှိ စားသောက်ဆိုင်များနှင့် ဝန်ဆောင်မှုလုပ်ငန်းနေရာများတွင် နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ ပန်းနှင့် မုန့်များ အဓမ္မရောင်းချခိုင်းကာ ခေါင်းပုံဖြတ်ခဲ့ကြသည်။
အကယ်၍ ကလေးငယ်များ အရောင်းတားဂက်မပြည့်ပါက သံသယရှိသူများက ၎င်းတို့ကို ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
ခံရသူ ကလေးငယ်များသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစု အုပ်စုများမှ ဖြစ်ကြောင်းလည်း ရဲတပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။

image

အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းရန်ဆွေးနွေး

မန္တလေးတိုင်းဒေသကြီးတွင် အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဖိုရမ်ဖွင့်ပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
မိုဘိုင်းအော်ပရေတာ၊တာဝါကုမ္ပဏီများ၊ ဖိုက်ဘာကုမ္ပဏီများ၊ ISP ကုမ္ပဏီများမှတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးအတွင်း ဆက်သွယ်ရေးကွန်ရက်လိုင်းများ ကောင်းမွန်မှုရှိစေရန်၊အမြင်မတင့်တယ်သည့် ဖိုက်ဘာကြိုးများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ရှင်းလင်းဆောင်ရွက်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဖိုရမ်ကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊တိုင်းဒေသကြီး လျှပ်စစ်၊စွမ်းအင်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်မိုးသက်နှင့် အတွင်းရေးမှူး ဦးကျော်စွာထွန်း၊ ဆက်သွယ်ရေးဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲတာဝန်ခံနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဆက်သွယ်ရေးနှင့် ဒီဂျစ်တယ်နည်းပညာကဏ္ဍမှ ပညာရှင်များ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများ၏ သားသမီး ၁၀၀၀ ကို လူမှုဖူလုံရေးအဖွဲ့က ကွင်းဆင်းဆေးကုသမှုပေး

လှည်းကူးမြို့နယ် လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမားများ၏ သားသမီး ၁၀၀၀ အား ဖွင့်လှစ်သင်ကြားပေးနေသော ယဉ်ကျေးလိမ္မာသင်တန်း၌ ရွေ့လျားဆေးကုသရေးအဖွဲ့ဖြင့် ယမန်နေ့ က လူမှုဖူလုံရေးအဖွဲ့က ကွင်းဆင်းဆေးကုသမှုပေး ခဲ့ကြောင်း သိရသည်။
ရွေ့လျားဆေးကုသရေးအဖွဲ့မှ အထူးကုဆရာဝန်ကြီး သုံးဦး၊ လက်ထောက်ဆရာဝန် ခုနစ်ဦးအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၂၅ ဦးတို့ဖြင့် ကုသမှုပေးခဲ့ခြင်းဖြစ်သည်။
လူမှုဖူလုံရေး အကျုံးဝင်အာမခံအလုပ်သမားများနှင့် ၎င်းတို့၏သားသမီးများအား ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်း၊ နောက်ဆက်တွဲရောဂါများဖြစ်ပွားမှု နည်းပါးစေရန် လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ အမူအကျင့်များ အသိပေးပြောကြားခြင်းနှင့် ဆေးဝါးများ ထောက်ပံ့ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး နှင့် အဖွဲ့ သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

image