ဆာလာက အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမား ဖြစ်နေဆဲပဲလို့ ဗန်ဒိုက် ပြောကြား

လီဗာပူးလ်အသင်းခေါင်းဆောင် ဗန်ဒိုက်က အီဂျစ်တိုက်စစ်ကစားသမား ဆာလာဟာ အသင်းအတွက် အလွန်အရေးပါတဲ့ကစားသမား ဖြစ်နေဆဲပဲလို့ ပြောကြားခဲ့ပါတယ်။
အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ ဆာလာဟာ ဒီရာသီမှာ ဂိုးသွင်းနှုန်းကျဆင်းခဲ့သလို၊ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း နည်းပြ အာနယ်ဆလော့နဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့တာကြောင့် အသင်းနဲ့ လမ်းခွဲလုနီးပါး ဖြစ်ခဲ့ပါတယ်။
ဆာလာက လီဗာပူးလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပေမဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ လမ်းခွဲနိုင်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက ပြန်လာပြီးနောက်မှာတော့ လီဗာပူးလ်အသင်းအတွက် ပွဲတိုင်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရနေပြီး (၂)ဂိုးသွင်းယူကာ ဖန်တီးမှု(၄)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရပါတယ်။
ဒါ့အပြင် ဆန်းဒါးလန်းနဲ့ပွဲမှာ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးဖန်တီးမှု (၉၂)ကြိမ်ရှိသွားခဲ့တာကြောင့် လီဗာပူးလ်ကစားသမားတွေထဲမှာ ပရီးမီးယားလိဂ်ဂိုးဖန်တီးမှုအများဆုံးအဖြစ် စံချိန်တင်ထားတဲ့ ဂျရတ်ကို လိုက်မီသွားခဲ့ကြောင်း သိရပါတယ်။
ဒါကြောင့် ဗန်ဒိုက်က ''မို(ဆာလာ)က ခေါင်းဆောင်တစ်ယောက်အဖြစ် ရှိိနေဆဲဖြစ်ပြီး အသင်းအတွက် အလွန်အရေးပါသူဖြစ်နေတုန်းပါပဲ။ သူက အသင်းကို ဂိုးတွေထက် ပိုတဲ့အရာတွေ အမြဲပေးနေတာပါ။ သူ အသင်းမှာ ဆက်ရှိဖို့ ကျွန်တော် အမြဲတမ်းဆန္ဒရှိပါတယ်။ ကျွန်တော် ပြောနိုင်တာကတော့ သူက ကျွန်တော်တို့အတွက် ဘာမှ ပြောင်းလဲမသွားဘူးဆိုတာပါပဲ'' လို့ ပြောကြားခဲ့ပါတယ်။

image

ဘယ်လ်ဂျီယံဆယ်ကျော်သက် ဂျက်ဆီဘီဆီဝူကို ခေါ်ယူဖို့ ဘာစီလိုနာအသင်း အနီးကပ်စောင့်ကြည့်နေကြောင်း အေးဂျင့်ဖြစ်သူ အတည်ပြု

ဘာစီလိုနာအသင်းဟာ ကလပ်ဘရုဂေးအသင်းက ဘယ်လ်ဂျီယံဆယ်ကျော်သက် တောင်ပံကစားသမား ဂျက်ဆီဘီဆီဝူကို ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေကြောင်း သူ့ရဲ့ အေးဂျင့်ဖြစ်သူက ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အသက်(၁၈)နှစ်ပြည့်ခဲ့တဲ့ ဘီဆီဝူဟာ ဘယ်လ်ဂျီယံမှာ မွေးဖွားပြီး ဘယ်လ်ဂျီယံယူ-၁၇ အသင်းအတွက် ကစားခဲ့ပေမဲ့ ဂါနာလူမျိုးဖြစ်ကြောင်း သိရပါတယ်။
ကလပ်ဘရုဂေးအကယ်ဒမီအသင်းမှာ ခြေစွမ်းပြနေတဲ့ ဘီဆီဝူကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းများစွာ ရှိတဲ့အနက် ဘာစီလိုနာအသင်းက တရားဝင်ဆက်သွယ်မှုပြုလုပ်လာကြောင်းလည်း သူ့ရဲ့ အေးဂျင့် မိုဘင်ဒီမာသီက ပြောကြားခဲ့ပါတယ်။
''ဘာစီလိုနာက ဂျက်ဆီကို အနီးကပ်စောင့်ကြည့်နေတယ်ဆိုတာ အမှန်ပါပဲ။ သူ့အခြေအနေကို စောင့်ကြည့်နေတဲ့ အသင်းတွေထဲက တစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်စီမံခန့်ခွဲပြီး တစ်ဆင့်ချင်းလျှောက်လှမ်းသွားမှာပါ'' လို့ မာသီက ပြောကြားခဲ့ပါတယ်။
ဘီဆီဝူရဲ့ ကစားပုံကို ယမားလ်နဲ့ နှိုင်းယှဉ်ချီးကျူးမှုတွေ ရှိနေပြီး တောက်ပလာနိုင်တဲ့ ဆယ်ကျော်သက်တစ်ဦးအဖြစ် ထင်ကြေးပေးနေကြပါတယ်။

image

ဗီရိုနီကာနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ရှီရာကိုဟင် ဆို

ONE Friday Fights 143 ပြိုင်ပွဲမှာ ဗီရိုနီကာနဲ့ ထိုးသတ်ရမယ့်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်က လေ့ကျင့်မှုပြုလုပ်နေရင်း ပြောကြားခဲ့ပါတယ်။
အသက် (၂၅) နှစ်ရှိ အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်ဟာ မြန်မာ့ရိုးရာလက်ဝှေ့သမား ကျော်စွာဝင်း သွားရောက်လေ့ကျင့်နေတဲ့ ထိုင်းနိုင်ငံက နာမည်ကျော် Fairtex Training Center မှာ အသင်းသားအဖြစ် နေထိုင်လေ့ကျင့်နေသူဖြစ်ပါတယ်။
ရှီရာကိုဟင်က"အဆင်သင့်ပါပဲ။ Let's Go ဗီရိုရေ ..." ဆိုပြီး ပြောကြားလိုက်တာ​ဖြစ်ပါတယ်။
ရှီရာကိုဟင်က မြန်မာဖိုက်တာများနဲ့ မြန်မာ ပရိသတ်များကိုလည်း လေးစားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါသေးတယ်။
အစ္စရေးအမျိုးသမီးဖိုက်တာ ရှီရာကိုဟင်ဟာ ONE Championship မှာ သုံးပွဲထိုးသတ်ထားပြီး သုံးပွဲစလုံးကို အနိုင်ရရှိထားသူဖြစ်ပါတယ်။
ရှီရာကိုဟင် အနိုင်ရရှိထားတဲ့ သုံးပွဲမှာ တစ်ပွဲကို အလဲထိုး၊ နှစ်ပွဲကို အမှတ်နဲ့ အနိုင်ရရှိထားခြင်းဖြစ်ပါတယ်။
ရှီရာကိုဟင်ဟာ ဗီရိုနီကာ အမှတ်နဲ့ ရှုံးနိမ့်ထားတဲ့ ချီလီနိုင်ငံသူ ဖရန်ဆစ်ကာဗီရာကို အမှတ်နဲ့ အနိုင်ရရှိထားပါတယ်။
ရှီရာကိုဟင်ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ကစ်ဘောင်ဆင်ကို ထိုးသတ်ခဲ့သူဖြစ်ပြီး ပွဲပေါင်း (၅၀) ထက်မနည်း ထိုးသတ်ထားကြောင်း သိရပါတယ်။

image

ရှမ်းယူနိုက်တက်နဲ့ပွဲမှာ လူသစ်ကစားသမားတွေ ထုတ်သုံးမယ်လို့ ရန်ကုန်အသင်းနည်းပြချုပ် ဆို

ရန်ကုန်ယူနိုက်တက်အသင်း နည်းပြချုပ် ဖြစ်သူ ဂျပန်နိုင်ငံသား ယုကီတက်ဆူရိုက သူ့ရဲ့အသင်းမှာ ဒဏ်ရာရကစားသမား အများအပြားရှိနေတာကြောင့် လာမယ့်ရှမ်းယူနိုက်တက်အသင်းနဲ့ ကစားရမယ့်ပွဲမှာ လူသစ်ကစားသမားတွေကို ထုတ်သုံးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားပါတယ်။
ယုကီတက်ဆူရိုက"လက်ရှိရနေတဲ့ အသင်းရဲ့ ပုံစံကောင်းကို ဆက်ပြီးထိန်းသွားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ အသင်းမှာ ကစားသမား ဆယ်ယောက်လောက်ပဲ ကောင်းကောင်းကစားနိုင်ပါတယ်။ ရှေ့လာမယ့်ပွဲ(ရှမ်းယူနိုက်တက်) မှာ အသင်းက အမာခံကစားသမားတွေ ပါဝင်နိုင်မှာ မဟုတ်တဲ့အတွက် လူသစ်ကစားသမားတွေကို အသုံးပြုသွားရမှာပါ။ ဒါပေမဲ့ အသင်းရဲ့ စိတ်ဓာတ်ပိုင်းရော အာရုံစူးစိုက်မှုပိုင်းကိုပါ ပိုကောင်းလာအောင် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ အသင်းကို အမြဲဝန်းရံအား ပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ပရိသတ်တွေကြောင့်သာ ကျွန်တော်တို့ နိုင်ပွဲတွေ ဖော်ဆောင်နိုင်နေတာပါ။ လာမယ့်ပွဲကိုလည်း ပရိသတ်တွေ လာရောက်ဝန်းရံအားပေးဖို့ ဖိတ်ခေါ်ချင်ပါတယ်" ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။
ရန်ကုန်ယူနိုက်တက်အသင်းဟာ လာမယ့်ဖေဖော်ဝါရီ ၂၀ ရက်၊ နေ့လယ် ၃ နာရီခွဲမှာ ယခုရာသီ MNL အမှတ်ပေးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၈) အဖြစ် အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ YUSC ကွင်းမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနဲ့ ယှဉ် ပြိုင်ကစားရမှာဖြစ်ပါတယ်။
ဒီပွဲက နှစ်သင်းစလုံးအတွက် ဒီရာသီ ချန်ပီယံဆုအ တွက် အလွန်အရေးပါနေပြီး အနိုင်ရရှိမယ့်အသင်းက ဗိုလ်စွဲဖို့ အခွင့်အရေးအသာရနိုင်မှာ ဖြစ်ပါတယ်။

image

FA Cup ပဉ္စမအဆင့်ပွဲစဉ်များ ရေးဆွဲပြီးနောက် အာဆင်နယ်အသင်းပဲ ရေပန်းအစားဆုံးဖြစ်နေ

FA Cup ပဉ္စမအဆင့်ပွဲစဉ်များ ရေးဆွဲပြီးနောက် အအောင်မြင်ဆုံး အာဆင်နယ်အသင်းပဲ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး ဆက်ဖြစ်နေခဲ့ပါတယ်။
William Hill ရဲ့အလေးချက်မှာ အာဆင်နယ်အသင်းက ၁၁း၄ လေးနဲ့ ထိပ်ဆုံးမှာ ရှိခဲ့ပြီး မန်စီးတီးက ရး၂ လေး၊ လီဗာပူးလ်က ၉း၂ လေး၊ ချယ်လ်ဆီးက ၁၁း၂ လေး၊ နယူးကာဆယ်က ၁၀း၁ လေးနဲ့ အသီးသီးရပ်တည်နေပါတယ်။
အာဆင်နယ်အသင်းဟာ ပဉ္စမအဆင့်မှာ League One ကလပ် မန်းစ်ဖီးလ်နဲ့သာ ရင်ဆိုင်ကစားရဖို့
ရှိပါတယ်။
နယူးကာဆယ်-မန်စီးတီး ပွဲအပြင် ဝုလ်ဗ်-လီဗာပူးလ်၊ ဝက်စ်ဟမ်း-ဘရန့်ဖို့ဒ်စတဲ့ ပရီးမီးယားလိဂ်ကလပ်အချင်းချင်းတွေ့ဆုံမှု သုံးပွဲ ပါဝင်ခဲ့ပါတယ်။
ချယ်လ်ဆီးအပါအဝင် ဖူလ်ဟမ်၊ ဆန်းဒါးလန်း၊
လိဒ်စ်စတဲ့ ပရီးမီးယားလိဂ်ကလပ်တွေကတော့ အောက်တန်းအသင်းတွေနဲ့သာ ကစားရမှာ
ဖြစ်ပါတယ်။
ပဉ္စမအဆင့်ပွဲစဉ်တွေကို မတ်လ ၇ ရက်နဲ့ ၈ ရက် ရက်သတ္တပတ်မှာ ကစားမှာဖြစ်ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဖေဖော်ဝါရီ ၁၇ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၉၆၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၃၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၇၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၃၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၁၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၉၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၁၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၅၅ ကျပ်
ဝယ်ဈေး - ၃၈၅၅ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၆၅ ကျပ်
ဝယ်ဈေး - ၃၀၈၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၃၀ ကျပ်
ဝယ်ဈေး - ၄၆၁၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၄ ကျပ်
ဝယ်ဈေး - ၉၉၉ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၈ ကျပ်
ဝယ်ဈေး - ၂၅.၄၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၄.၀၃ ကျပ်
ဝယ်ဈေး - ၄၂.၉၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၇ ကျပ်
ဝယ်ဈေး - ၂.၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၄၄၀ ကျပ်
ဝယ်ဈေး - ၅၃၀၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၅ ကျပ်
ဝယ်ဈေး - ၂၇၅၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၀ ကျပ်
ဝယ်ဈေး - ၂၈၅၆ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၁ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၈၈ ကျပ်
ဝယ်ဈေး - ၁၀၆၁ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image
19 w - Translate

Technical solutions now play an important role in companies, educational institutions and various institutions. For the most part, it is the technical equipment that directly affects the indicators of training, the productivity of meetings and meetings, and process management. That is why it is very important to pay great attention to technical equipment when equipping auditoriums, meeting rooms and conference rooms. Itec, a well-known company engaged in the integration of audiovisual and multimedia solutions, will help in this matter.

An integrated approach to the project
Buyers call Itec that they want to get a turnkey service. Here you buy not only technical equipment, but a well-thought-out solution optimized for the room. The company's specialists carry out all the work, from design to warranty service.

Equipment of any room
The presented company will be able to offer the equipment of any premises in general: conference halls, meeting rooms, assembly halls, meeting rooms, classrooms. Increased attention is paid to comfort, and in addition, to the reliability of technical equipment. The management system is designed to be as convenient and simple as possible so that the company's employees can work with ease.

Reliable solutions
The projects use modern multimedia and audiovisual technologies from proven and reliable brands. You can view the list of manufacturers with whom the company is working today on the https://i-tec.ru/ itec website, then make sure that this equipment is really of high quality and will last a long time.

Results
More than 17 years of work in the domestic market gives the company's craftsmen the opportunity to offer excellent quality equipment. Also, the preferences of the buyer are always taken into account and, if necessary, specialists will form a special, individual project that will suit you perfectly.

So, why you should choose Itec:
• Participation in tenders;
• Comfortable prices;
• Proven technologies;
• Many years of experience;
• Work throughout Russia.

Itec develops projects that meet all the wishes of the client. Note that the masters advise the buyer in detail, providing him with a truly optimal solution. You will be able to apply with any task in essence: well-established work, qualification and experience of specialists and a huge range of equipment - all this makes it possible to bring to life any ideas of the client.

19 w - Translate

Global Polyvinylidene Fluoride Film Market Set for Robust Growth Through 2033

Polyvinylidene fluoride (PVDF) films are widely used in electronics, chemical processing, and energy storage applications, driving substantial demand across multiple industries. The market was valued at USD 1.9 billion in 2022 and is projected to reach USD 3.4 billion by 2033, growing at a CAGR of 6.2% over the forecast period.

Read More -> https://marketintelo.com/repor....t/polyvinylidene-flu