အရှေ့တောင်အာရှ မူလတန်းပညာသင်ယူမှုတိုင်းတာစစ်ဆေးစံ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားကို ပညာရေးဝန်ကြီးဌာန တက်ရောက်

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ယမန်နေ့က ကျင်းပသည့် အရှေ့တောင်အာရှမူလတန်း ပညာသင်ယူမှု တိုင်းတာစစ်ဆေးရေးစံ SEA- PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာ ထုတ်ပြန်ခြင်းအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် ပညာရေးသုတေသနစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခင်သီတာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်သည့် ဒေါက်တာဇော်လတ်ထွန်း၊ ဒေါက်တာအေးသီတာစိုး၊ လက်ထောက်အတွင်းဝန် ဦးအောင်သန်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က Video message ပေးပို့၍ SEA-PLM လုပ်ငန်းအစီအစဉ်သည် အာဆီယံပညာရေးမူဘောင်ထဲတွင် အရေးပါသော အစိတ်အပိုင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ ပညာရည်တန်းတူညီမျှမှု၊ တိုးတက်မှုအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် SEA-PLM 2024 ၏ ဒေသဆိုင်ရာ သုတေသနအစီရင်ခံစာကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးထုတ်ပြန်နိုင်ခဲ့ခြင်းသည် အရှေ့တောင်အာရှဒေသတွင်း ကလေးသူငယ်များ၏ ပညာရေးစနစ် တိုးတက်ကောင်းမွန်ရေးကိုမြှင့်တင်ရန် ပူးပေါင်းပါဝင်မှုတစ်ခုဖြစ်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် ဤရလဒ်များကို အထောက်အထားအခြေပြုလမ်းညွှန်ချက်အဖြစ် ပြန်လည်သုံးသပ်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားခဲ့သည်။
SEAMEO, ASEAN, SEA-PLM Secretariat, UNICEF, AKCF စသည့် နိုင်ငံတကာအဖွဲအစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် အာဆီယံနိုင်ငံအသီးသီးမှ ပညာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်အတူ ကိုယ်စားလှယ်များက အဆိုပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

image

ပွဲထွက်ကစားသမားနေရာအတွက် ယူနိုက်တက်နောက်ခံလူ ၂ ဦးအား တိုက်ပွဲဝင်ရမယ်လို့ အမိုရမ် သတိပေးလာ
=======================

ရူဘင်အမိုရမ်က လုခ်ရှောအနေဖြင့် ယူနိုက်တက်ပွဲထွက်လူစာရင်းတွင် ပါဝင်ခွင့်အတွက် ကစားဖော်လီဆန်ဒရိုမာတီနက်ဇ်နှင့် ယှဉ်ပြိုင်ရမှာ ဖြစ်ကြောင်း သတိပေးလာပါတယ်။
မာတီနက်ဇ်ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ဆယ်လကြာ အနားယူခဲ့ရပြီးနောက် တနင်္ဂနွေနေ့တုန်းက ပဲလေ့စ်အား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲရဲ့ ပွဲနှောင်းပိုင်းမှာ အရန်အဖြစ် ဝင်ရောက်ကစားခဲ့ပါတယ်။
သူဟာ ယခုရာသီ ပရီးမီးယားလိဂ်ပွဲ ၁၃ ပွဲလုံး ပွဲထွက်ကစားလာတဲ့ ရှောနေရာမှာ လူစားဝင်ရောက်ကစားခဲ့တာပါ။
အသက် ၃၀ နှစ်ရှိ ဘယ်နောက်ခံလူခ်ရှောဟာ ဧပြီလတုန်းက တံကောက်ကြောဒဏ်ရာမှ ပြန်လည်ကောင်မွန်လာပြီးနောက် ဒဏ်ရာကင်းစင်နေကာ အမိုရမ်ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ ဗဟိုနောက်တန်းခံစစ်ဘယ်ခြမ်းမှာ ကစားနေပါတယ်။
ဒါပေမယ့် မာတီနက်ဇ်မှာလည်း ဘယ်ခြမ်းဗဟိနောက်ခံလူစပါယ်ရှယ်လစ်တစ်ဦး ဖြစ်ပါတယ်။ သူဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့တုန်းက ဒူးဒဏ်ရာမရမီ အမိုရမ်ရဲ့ အားကိုးရတဲ့ ဘယ်ခြမ်းဗဟိုနောက်ခံလူအဖြစ် ကစားနေတာပါ။
အမိုရမ်က "သူတို့ တိုက်ပွဲဝင်ရမယ်။ ပြီးခဲ့တဲ့နှစ်တုန်းက အုပ်စုတစ်ခုအနေနဲ့ စကားပြောခဲ့တယ်။ ယူရိုပါလိဂ်ရဖို့ လိုတယ်။ တစ်ပတ်တစ်ပွဲသာ ကစားရရင် ဘယ်ကစားသမား ၁၁ ဦး ကစားခွင့်ရလာမလဲ သိလာရမှာ မဟုတ်ဘူး။ ကစားခွင့်မရလာရင် အံ့ဩသင့်ရမယ်။ ကစားသမား ၁၁ ဦးပဲ ကစားခွင့်ရတယ်။ ကျန်တဲ့သူတွေက တိုက်ပွဲဝင်ရမယ်။ ဒီလိုအခြေအနေ ဖြစ်နေတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ကောင်းချီးတစ်ခုပါ။ ကျွန်တော့်အလုပ်က ရွေးချယ်ရမယ့်အလုပ်ပါ။ ချီချာက ကြီးမားတဲ့ ကာရိုက်တာရှိသူပါ။ သူ တစ်နှစ်လောက် မကစားနိုင်တော့ အရမ်းအရမ်း မြန်မြန်ဆန်ဆန် ကစားချင်နေတယ်။ ဒဏ်ရာရခဲ့တော့ စီမံမှုတော့ လုပ်ရမယ်။ တစ်ဆင့်ချင်း သွားရမယ်။ ဒါပေမယ့် သူ အသင့် ဖြစ်နေတယ်။ သူကလည်း တကယ် သန်မာနေတယ်လို့ ခံစားနေရတယ်။ သူက အသင်းကို ပိုကောင်းအောင် ကူညီနိုင်မယ့် သူတစ်ဦးပါ။ အခုအချိန်မှာ လီချီရှိနေလို့ အရမ်းဝမ်းသာတယ်"လို့ ပြောကြားသွားပါတယ်။
လုခ်ရှောဟာ ပဲလေ့စ်နှင့် ပွဲစဉ်တွင် ယူနိုက်တက်အတွက် ကစားတဲ့ ၁၂ ရာသီအတွင်း ပွဲ ၃၀၀ ပြည့်ခဲ့ပါတယ်။
လုခ်ရှောဟာ ဆောက်သမ်တန်မှ ပေါင် ၃၁ သန်းဖြင့် ပြောင်းလာပြီးနောက် ဒဏ်ရာပြဿနာများနှင့် နပန်းလုံးလာခဲ့ရပေမယ့်လည်း ယခုရာသီမှာ ဒဏ်ရာကင်းစင်နေပါတယ်။
လုခ်ရှောဟာ ယခုရာသီတွင် ယူနိုက်တက်တွင် အကောင်းဆုံးကစားနေပေမယ့်လည်း အင်္ဂလန်အသင်းမှာတော့ ပြန်လည် ရွေးချယ်ခြင်းမခံရသေးပါဘူး။ သူဟာ အင်္ဂလန်ရဲ့ ယူရို ၂၀၂၄ ဗိုလ်လုပွဲတွင် နောက်ဆုံးကစားပြီးနောက် ရွေးချယ်ခြင်းမခံလာရတာလည်း ဖြစ်ပါတယ်။

image

ဒီကလန်ရိုက်နှင့် မော့စ်ကွီရာတို့ ဒဏ်ရာရရှိသွားပြီးနောက် ပွဲပြက္ခဒိန်ကို အာတီတာ ဝေဖန်လာ
=====================

မီခေးလ်အာတီတာဟာ နောက်ထပ် ဒဏ်ရာပြဿနာကြုံလာရပြီးနောက် ပရီးမီးယားလိဂ်ပွဲပြက္ခဒိန်အား ဝေဖန်လာပါတယ်။
အာဆင်နယ်က ဘရန့်ဖို့ဒ်အား အနိုင်ရတဲ့ပွဲတွင် ဒီကလန်ရိုက်မှာ ခြေသလုံးဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရသလို ခရစ္စတီယန်မော့စ်ကွီရာမှာလည်း လူစားလဲလှယ်ခဲ့ရပါတယ်။
အာဆင်နယ်ဟာ မီရီနိုနှင့်ဆာကာတို့ရဲ့ ဂိုးတွေဖြင့် ဘရန့်ဖို့ဒ်အား အနိုင်ရကာ ၁၈ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမယ့် အာတီတာဟာ ကစားသမား ၂ ဦးတို့ ဒဏ်ရာရစာရင်းတွင် ပါဝင်လာမှုနှင့်အတူ ကြီးမားတဲ့ ထိုးနှက်ချက် ကြုံလာရပါတယ်။
မော့စ်ကွီရာဟာ ဆာလီဘာနင့် ဂါဘရီရယ်တို့ ဒဏ်ရာရရှိနေမှုကြောင့် ဟန်ကာပီနှင့် ပွဲထွက်ကစားခဲ့တာ ဖြစ်ပြီး ပထမပိုင်းမပြီးခင် ဒဏ်ရာကြောင့် တမ်ဘားနှင့် လူစားလဲခဲ့ရပါတယ်။
ယင်းနောက် ဒီကလန်ရိုက်မှာ ခြေသလုံးဒဏ်ရာရရှိကာ လူစားလဲခဲ့ရပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ချန်ပီယံလိဂ်ကစားပြီးနောက် တနင်္ဂနွေနေ့တုန်းက ချဲလ်ဆီးကို အဝေးကွင်းသို့ သွားရောက် ကစားခဲ့ရပါတယ်။
ယင်းနောက် အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဘရန့်ဖို့ဒ်နှင့် ကစားခဲ့ရသလို စနေနေ့တွင် ဗီလာအား အဝေးကွင်းသို့ သွားရောက်ကာ အစောပိုင်းပွဲကစားရပါမယ်။
လက်ရှိအချိန်တွင် အာဆင်နယ်ရဲ့ ဆာလီဘာ၊ ကိုင်ဟာဗတ်ဇ်၊ ဂါဘရီရယ်၊ ထရိုဆတ်တို့ ဒဏ်ရာကြောင့် အနားယူနေရပြီး အိုဒီဂတ်၊ မာဒူကီနှင့် ယိုကီရေးစ်တို့ ပြန်လည်ကစားလာနိုင်ကြပြီ ဖြစ်ပါတယ်။
အာတီတာက "သတင်းကောင်း ဘယ်တော့မှ မဟုတ်ဘူး။ ဒီကလန်လည်း လူစားလဲရတယ်။ သူ့အခြေအနေ မသိသေးဘူး။ မနက်ဖြန်ကျမှ သိရမယ်။ သူ ဆက်ကစားနိုင်တော့ဘူး။ အခြေအနေ စောင့်ကြည့်ရဦးမယ်။ လမ်းတော့ လျှောက်နိုင်တယ်။ မကစားနိုင်တော့ဘူး။ သူ ပွဲချိန် အများကြီးကစားရတယ်။ အခု ဗုဒ္ဓဟူးနေည ကစားရတယ်။ ပြီးရင် စနေနေ့ မနက်ပိုင်းမှာ ကစားရဦးမယ်။ တကယ်လို့ သူတို့ ပြန်လည်အားပြည့်ဖို့ အချိန်အနည်းငယ်ပိုပေးပြီး ကစားသမားတွေ ကျန်းမာရေးကို ဂရုစိုက်ရင် အနည်းငယ် အသက်ရှူချောင်လာပါမယ်။ ပိုကောင်းလာပါမယ်။ ဥရောပပွဲကစားရတဲ့ အသင်းကို တစ်ရက် နားချိန်ပဲ ပိုပေးပါ။ အားလုံးလည်း အဆင်ပြေကြလိမ့်မယ်။ ဒီလိုဆို အားလုံးလည်း အကျိုးကျေးဇူးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်အပါအဝင် နိုင်ငံတကာအဆင့်မှာပါ ဘယ်တုန်းကမှ ကောင်းမွန်တဲ့ ပွဲပြက္ခဒိန် မရဘူး။ ကျွန်တော်တို့ လုပ်ဖို့ လိုတယ်။ အငြင်းအခုန် လုပ်တာ မဟုတ်ပါဘူး။ လုပ်သင့်တာ ပြောတာပါ"လို့ ပြောကြားသွားပါတယ်။

image

၂၀၂၉ အမျိုးသမီး ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဂျာမနီ ကျင်းပခွင့်ရရှိ
=====================

ဂျာမနီဟာ ၂၀၂၉ ခုနှစ် အမျိုးသမီးယူရိုပြိုင်ပွဲအား အိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိလာပါတယ်။
ဂျာမနီဟာ ပိုလန်ရဲ့ လျှောက်ထားမှု၊ ဒိန်းမတ်နှင့် ဆီဒင်တို့ ပူးတွဲလျှောက်ထားမှုတို့အား ကျော်ဖြတ်ကာ အိမ်ရှင်အဖြစ် ရွေးချယ်ခံလာရတာလည်း ဖြစ်ပါတယ်။
၂၀၂၉ ခုနှစ် အမျိုးသမီး ယူရိုပြိုင်ပွဲကို အသင်း ၁၆ သင်းဖြင့် ကျင်းပလာမှာ ဖြစ်ပြီး ဂျာမနီတလွှား ကိုလုံး၊ ဒေါ့မွန်၊ ဒူဆယ်ဒေါ့ဖ်၊ ဖရန့်ဖတ်၊ ဟန်နိုဗာ၊ လိုက်ဇစ်၊ မြူးနစ်၊ ဝုဖ်ဘတ်စတဲ့ မြို့ ၈ မြို့မှ ကွင်း ၈ ကွင်းမှာ လက်ခံကျင်းပသွားပါမယ်။
အစောပိုင်းတုန်းက ပေါ်တူဂီနှင့် အီတလီတို့လည်း အိမ်ရှင်အဖြစ် လျှောက်ထားရေး စဉ်းစားခဲ့ကြပေမယ့်လည်း နောက်ပိုင်းတွင် အမျိုးသား ယူရို ၂၀၃၂ နှင့် ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲတို့အား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပရေးကိုသာ အဓိကထား လုပ်ဆောင်ရန် နောက်ဆုတ်သွားခဲ့ကြပါတယ်။
ဂျာမနီဟာ နီယွန်တွင် ကျင်းပတဲ့ အမှုဆောင်တွေ့ဆုံဆွေးနွေးပွဲတွင် မဲ ၁၅ မဲအထိ ရရှိကာ ရွေးချယ်ခံခဲ့ရတာပါ။ ဒိန်းမတ်နှင့် ဆွီဒင်တို့က မဲ ၂ မဲရခဲ့ပြီး ပိုလန်က တစ်မဲမျှ ရရှိခဲ့ခြင်း မရှိပါဘူး။
ဂျာမနီအတွက် ယူရို ၂၀၂၉ က သုံးကြိမ်မြောက် အမျိုးသမီး ယူရိုပြိုင်ပွဲလက်ခံကျင်းပမှု ဖြစ်လာပါမယ်။ ၈ ကြိမ်ချန်ပီယံ ဂျာမနီဟာ ၁၉၈၉ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်တို့တုန်းကလည်း အိမ်ရှင်အဖြစ် ကျင်းပဖူးပါတယ်။
ယခု ၂၀၂၅ ခုနှစ် အမျိုးသမီးယူရိုပြိုင်ပွဲကို ဆွစ်ဇာလန်က အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး အင်္ဂလန်က စပိန်အား ပင်နယ်တီအဆုံးအဖြတ်တွင် အနိုင်ရရှိကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

image

အစ္စတန်ဘူလ်ဒါဘီပွဲစဉ်မှ ဂျွန်ဒူရန်ရဲ အငြင်းပွားဖွယ်အောင်ပွဲခံမှုအား ရာဇဝတ်မှုအဖြစ် တိုင်ချက်ဖွင့်လာတဲ့ ဂါလာတာစာရေး
======================

ဂါလာတာစာရေးဟာ တနင်္ဂနွေနေ့တုန်းက အစ္စတန်ဘူလ်ဒါဘီပွဲစဉ်မှ ဂျွန်ဒူရန်ရဲ့ အငြင်းပွားဖွယ် ဂိုးသွင်အောင်ပွဲခံမှုအား ရာဇဝတ်မှုအဖြစ် Anadolu Courthouse တွင် အမှုဖွင့်လှစ်လာပါတယ်။
အစ္စတန်ဘူလ်ထိပ်သီးကလပ်များဖြစ်ကြတဲ့ ဖီနာဘာချီနှင့် ဂါလာတာစာရေးတို့ဟာ တူရကီစူပါလိဂ် ပွဲစဉ် ၁၄ တွင် ၁ ဂိုးစီသရေကျခဲ့ပါတယ်။
ယင်းပွဲစဉ်တွင် ဧည့်သည် ဂါလာတာစာရေးဟာ လီရွိုင်းဆာနေးရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်ခဲ့ပြီး ဖီနာဘာချီဟာ ဒူရန်ရဲ့ အချိန်ပို ခေါင်းတိုက်ဂိုးဖြင့် ချေပဂိုးရရှိခဲ့ပါတယ်။
ဂျွန်ဒူရန်ဟာ ဂိုးသွင်းယူပြီးနောက် ကြော်ငြာဘုတ်ပြားပေါ်သို့ တက်ကာ ခန္ဒာကိုယ်အောက်ပိုင်းအား နှစ်ဖက်ဖြင့် အမူအရာလုပ်ပြ အောင်ပွဲခံခဲ့ပါတယ်။
ဂါလာတာစာရေးက အဆိုပါ အောင်ပွဲခံမှုမှာ ရန်စတဲ့ အပြုအမူ၊ မသင့်လျော်တဲ့ အပြုအမူ လို့ ဆိုသွားပြီး အရေးယူရန် တူရကီဘောလုံးအဖွဲ့ချုပ်ကို တိုင်ကြားခဲ့ပါတယ်။
ဒါပေမယ့် တူရကီဘောလုံးအဖွဲ့ချုပ်က ဂါလာတာစာရေးရဲ့ တိုင်ကြားချက်ကို ပယ်ချခဲ့ပါတယ်။
ယခုအခါ ဂါလာတာစာရေးဟာ လက်လျော့ခြင်း မရှိဘဲ ဂျွန်ဒူရန်ကို တရားရုံးတွင် တရားစွဲဆိုလာပါတယ်။
ဒူရန်ဟာ ဇန်နဝါရီလတွင် ဗီလာမှ Al Nassr သို့ ပေါင် ၇၁ သန်းဖြင့် ပြောင်းပြီးနောက် ၁၈ ပွဲတွင် ၁၂ ဂိုးအထိ သွင်းနိုင်ခဲ့ပေမယ် နွေရာသီတွင် ဖီနာဘာချီသို့ အငှားဖြင့် ပြောင်းခဲ့ပါတယ်။
သူဟာ ဖီနာဘာချီအတွက် တူရကီစူပါလိဂ်ပွဲ ၅ ပွဲကစားထားရာတွင် ၂ ဂိုးသွင်းပြီး ၂ ကြိမ် ဖန်တီးထားနိုင်ပါတယ်။

image

ဆာလက်အား ၂ ပွဲဆက် အရန်ခုံသို့ ပို့ရတဲ့အကြောင်းရင်းကို ဆလော့ ဖွင့်ဟလာ
====================

လီဗာပူးနည်းပြအန်းဆလော့ဟာ ဆန်းဒါးလန်းနှင့် တစ်ဂိုးစီသရေကျတဲ့ပွဲတွင် အသင်းရဲ့အရေးပါဆုံးကစားသမား မိုဟာမက်ဆာလက်အား ၂ ပွဲဆက်အဖြစ် အရန်ခုံသို့ ပို့ထားရမှုအပေါ် ရှင်းလင်းလာရပါတယ်။
အီဂျစ်စူပါစတားဟာ ပြီးခဲ့တဲ့အပတ် ဝက်စ်ဟမ်းအား အနိုင်ရတဲ့ပွဲတွင် အရန်ခုံမှာ ထိုင်နေခဲ့ရပြီး အရန်အဖြစ်ပင် ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ သူဟာ အန်းဆလော့လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် ပွဲတိုင်းကစားခွင့်ရထားမှု ဆုံးရှုံးခဲ့ရပါတယ်။
သူဟာ ဆန်းဒါးလန်းနှင့်ပွဲမှာလည်း အရန်ခုံမှာပင် ဆက်ထိုင်နေခဲ့ရကာ ဒုတိယပိုင်းတွင်မှ လူစားဝင်ရောက်ကစားခွင့်ရခဲ့ပါတယ်။
ဆာလက်ဟာ လီဗာပူးအတွက် ပွဲ ၄၂၀ ကစားထားရာတွင် ဂိုး ၂၅၀ သွင်းထားသူ ဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ၂၉ ဂိုးဖြင့် ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရခဲ့တဲ့ ဆာလက်ဟာ ယခုရာသီတွင် ၄ ဂိုးတည်းသာ သွင်းထားနိုင်ကာ အကောင်းဆုံးပုံစံ ဆက်တိုက်ပြသနိုင်ရေး ရုန်းကန်နေရပါတယ်။
ယခုအခါ ဆလော့က "ဒီအသင်းနဲ့ပဲ ကစားခဲ့တာပါ။ ဆက်တိုက် ဖြစ်နေမှု၊ လန်းဆန်းနေစေမှုတွေအတွင်း ဟန်ချက်ညီအောင် လုပ်ခဲ့တာပါ။ တချို့ ပွဲထွက်ကစားသမားတွေ ပွဲချိန်ပြည့် ထပ်မကစားနိုင်ပါဘူး။ ဒီတော့ အင်အားပြည့်လိုတယ်။ ၁၁ ဦးထက် ပိုပြီးတော့ လိုတယ်။ ကစားသမားတိုင်း ဝင်ကစားခွင့်ရှိစေတယ်။ မိုလည်း အဲဒီထဲက တစ်ဦးပါ။ မိုလို ကစားသမားတွေ အရန်ခုံမှာ အသင့်ရှိနေတာ ကောင်းတဲ့အချက်ပါ။ ကြာကြာစကားမပြောတာ‌တော့ ကြာပြီ(ဆာလက်နှင့်)။ ဖရန့်ဖတ်ပွဲအပြီးမှာတော့ စကားတွေ အများကြီး ပြောခဲ့တယ်။ သူကလည်း ခင်ဗျားလိုချင်သလို ထိပ်တန်းပရော်ဖက်ရှင်နယ်တစ်ဦးလိုပဲ တုံ့ပြန်တယ်။ လေ့ကျင့်တာ အရမ်းကောင်းတယ်။ ကစားဖော်တွေအတွက် ပြုသဘောဆောင်တယ်။ သူက ကစားတဲ့အချိန်မှာ အားလုံးရဲ့ စံနမူနာပါ။ အခု ပွဲမကစားရချိန်မှာ ဘယ်လို စံပြုနေရမလဲဆိုတာ ပြနေတယ်"လို့ ပြောကြားသွားပါတယ်။
မိုဟာမက်ဆာလက်ဟာ လီဗာပူးနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားတာ လအနည်းငယ်အကြာမျှသာ ရှိသေးပေမယ့်လည်း ရာသီအကုန်တွင် လမ်းခွဲလာကြမယ့် အခြေအနေမှာ ရှိနေပါတယ်။
လီဗာပူးဟာ ဆန်းဒါးလန်းနှင့် သရေကျပြီးနောက် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၁၁ မှတ်အထိ ကွာဟကာ အဆင့် ၈ နေရာမှာ ရပ်တည်နေပါတယ်။

image

စာချုပ်သစ် မချုပ်ဆိုလာပါက မာတီတာအတွက် ကမ်းလှမ်းမှုများကို ပဲလေ့စ် စဉ်းစားလာမည်
=====================

ခရစ္စတယ်ပဲလေ့စ်ဟာ အကောင်းဆုံးပုံစံ ရရှိနေတဲ့ ပြင်သစ်တိုက်စစ်မှူးဂျိန်းဖီးလစ်ပီမာတီတာအား စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိပါက နွေရာသီတွင် အခြားကလပ်များရဲ့ ကမ်းလှမ်းမှုအား စဉ်းစားပေးလာတော့မှာ ဖြစ်ပါတယ်။
ပဲလေ့စ်နှင့် မာတီတာရဲ့ အေးဂျင့်တို့ဟာ စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးနေပေမယ့်လည်း တိုးတက်မှု အနည်းငယ်သာ ရှိနေပါတယ်။
ပဲလေ့စ်ဥက္ကဌစတိဗ်ပါရစ်ရှ်နှင့် ဘုတ်အဖွဲ့ဝင်များက အိုလီဗာဂလပ်စ်နာလက်အောက်တွင် အရေးပါတဲ့ အခန်းကဏ္ဍမှ ကစားနေတဲ့ မာတီတာကို အသင်းတွင် ဆက်ထိန်းထားလိုနေကြပါတယ်။
ဒါပေမယ့် ပဲလေ့စ်ဟာ ယခုရာသီအကုန်တွင် အသင်းခေါင်းဆောင်မာ့ခ်ဂူဟီအား အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရမယ့် အဖြစ်မျိုး နောက်ထပ် မကြုံစေရေးအတွက် စာချုပ်သစ်မချုပ်ဆိုပါက နွေရာသီတွင်ပင် ရောင်းချရန် စီစဉ်ထားပါတယ်။
မာတီတာဟာ ပဲလေ့စ်နှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၇၀၀၀၀ သာ ရရှိနေကာ လုပ်ခတိုးမြှင့် ရရှိလိုနေပါတယ်။
သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ၁၇ ဂိုးသွင်းကာ ကလပ်သမိုင်းတွင် ပထမဆုံးဆုဖလားအဖြစ် အက်ဖ်အေဖလား ရရှိအောင် အဓိကနေရာမှ ကူညီခဲ့သူလည်း ဖြစ်ပါတယ်။
ပဲလေ့စ်က မာတီတာက ကလပ်ရဲ့ အရေးပါတဲ့ ကစားသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ထားပေမယ့်လည်း စာချုပ်သစ်မချုပ်ဆိုနိုင်ပါက ရောင်းချလာပါမယ်။
သူ့ကို စီးရီးအေထိပ်သီး အေစီမီလန်က ခေါ်ယူရန် စိတ်ဝင်စားနေပါတယ်။

image

စထရာဘော့ရဲ့ ပွဲပယ်ခံလာရမှုအပေါ် ချဲလ်ဆီးသို့ ရောက်လာမယ့် တိုက်စစ်မှူး တုံ့ပြန်လာ
===================

နွေရာသီတွင် ချဲလ်ဆီးသို့ ပြောင်းလာမယ့် အီမန်နူရယ်အီမီဂါဟာ စထရာဘော့အသင်းရဲ့ ပွဲပယ်ခြင်းခံထားရမှုအပေါ် တုံ့ပြန်မှု ပြုလုပ်လာပါတယ်။
နွေရာသီတွင် ချဲလ်ဆီးသို့ ၇ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့လာမယ့် ဒတ်ချ်တိုက်စစ်မှူးဟာ စနေနေ့တွင် တူးလေ့စ်အား အဝေးကွင်းသို့ သွားရောက်ကစားရမယ့်ပွဲစဉ်တွင် ပွဲပယ်ခံထားရပါတယ်။
သူဟာ နိုင်ငံတကာပွဲစဉ်များကာလအတွင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကြောင့် ကလပ်ရဲ့ ပွဲပယ်ခြင်းခံထားရတာပါ။
အီမီဂါဟာ ယင်းအင်တာဗျူးတွင် ဒဏ်ရာကြောင့် အနားယူနေရစဉ်အတွင်း စထရာဘော့ရဲ့ ယခုရာသီ ခြေစွမ်းမပြနိုင်မှုအပေါ် ဝေဖန်ထားတဲ့အပြင် စထရာဘော့သို့ မပြောင်းမီတုန်းက ကလပ်ကို ပြင်သစ်ကလပ်လို့ မယူဆဘဲ ဂျာမန်ကလပ်တစ်ခုလို့ ယူဆခဲ့ကြောင်းလည်း ဖွင့်ဟခဲ့ပါတယ်။
ဒါကြောင့်လည်း ချဲလ်ဆီးရဲ့ ညီအစ်မ ကလပ်စထရာဘော့ဟာ နယ်သာလန်အတွက် ပူပူနွေးနွေး ကစားခွင့်ရထားတဲ့ အီမီဂါအား ယခုအပတ်အကုန် လီဂူး၁ ပွဲအတွက် လူစာရင်းတွင် ချန်လှပ်ကာ အရေးယူထားကြောင်း ကြေညာထားပါတယ်။
ယခုအခါ အီမီဂါက ကလပ်ရဲ့ အရေးယူမှုကို လက်ခံကြောင်း၊ ကလပ်ကို ထိခိုက်ရန်အတွက် မရည်ရွယ်ကြောင်း ဆိုလာပါတယ်။
စက်တင်ဘာလတုန်းက ချဲလ်ဆီးသို့ ပြောင်းရန် သဘောတူညီမှု ရရှိပြီးနောက် ပရိသတ်များရဲ့ လှောင်ပြောင်ခြင်းခံခဲ့ရတဲ့ အီမီဂါက "ဒီအပတ်ပွဲကို ပွဲပယ်ဖို့ ကလပ်ရဲ့ ဆုံးဖြတ်ချက်အပေါ် လက်ခံပါတယ်၊ နားလည်လည်ပါတယ်။ ကျွန်တော့်အသက် ၂၂ နှစ်ပဲ ရှိပါသေးတယ်။ အမှားတွေ လုပ်ခဲ့တယ်။ သင်ယူရဦးမယ်ဆိုတာ သိပါတယ်။ ဒီအမှားကလည်း သင်ယူသွားပါမယ်။ ကလပ်ကို ကိုယ်စားပြုပြီး ကွင်းတွင်း ကွင်းပြင် ပိုကောင်းဖို့ လိုတယ်၊ ပိုကောင်းအောင် လုပ်ရမယ်ဆိုတာ သိပါတယ်။ ဒါက အရေးပါပါတယ်။ ဘယ်သူကိုမှ မနစ်နာစေချင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။ အသက် ၁၉ နှစ်အရွယ်မှာ ဒီကို ရောက်လာတယ်။ စထရာဘော့အတွက် အားလုံးလုပ်ပေးလာခဲ့တာပါ။ ဒီကလပ်အတွက် ကစားခွင့်ရလို့ ဂုဏ်ယူတယ်။ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခွင့်ရလို့ ဂုဏ်ယူတယ်။ ဒီမှာ အစတုန်းက မလွယ်ကူခဲ့တာ အားလံးလည်း အသိပါ။ စထရာဘော့မှ အောင်မြင်မှုရဖို့က ကျွန်တော့်အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဖြစ်လာအောင် နေ့တိုင်း ကြိုးစားခဲ့တယ်။ ပြီးခဲ့တဲ့အပတ်က ကွင်းအတွင်း ခြေချလိုက်တဲ့အချိန်မှာ စထရာဘော့ကစားသမားတစ်ဦးအနေနဲ့ အကြီးမားဆုံးခံစားချက် ရခဲ့တယ်။ ကွင်းထဲဝင်လာချိန်မှာ အားပေးမှု၊သွေးပူလေ့ကျင့်ခန်းလုပ်ချိန်မှာ ကလေးတွေရဲ့ အားပေးမှုက တကယ့်အစစ်အမှန်ခံစားရစေတယ်။ ဒီအတွက် အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။ ဥက္ကဌမာ့ခ်ကယ်လာနဲ့ အကြာကြီး စကားပြောခဲ့တယ်။ အရိုးသားပြောခဲ့ကြတာ။ သူ့အကြံဉာဏ်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒီကလပ်ကို ကျွန်တော် ဘယ်လောက် ချစ်တယ် နေ့တိုင်း ဘယ်လို အလုပ်ကြိုးစားတယ်ဆိုတာ သူ သိပါတယ်။ ကစားဖော်တွေ၊ ဝန်ထမ်းတွေ၊ နည်းပြလီယမ်ရိုဆာရီယို၊ အားကစားဒါရိုက်တာဒေးဗစ်ဝီယာနဲ့ ကလပ်မှာ ရှိတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်။ သူတို့ ကျွန်တော့်ကို နေ့တိုင်း မြင်နေရတာပါ။ ကျွန်တော် ဘယ်လိုလူလဲ ဘယ်လို အလုပ်လုပ်လဲ သူတို့ ကောင်းကောင်းသိပါတယ်။ တခါတလေ ကျွန်တော့်စကားက နားလည်မှု လွဲသွားစေပါတယ်။ အထူးသဖြင့် ကျွန်တော့်အပေါ် နားမလည်တဲ့သူမျိုးဆိုရင်ပေါ့။ ဒါပေမယ့် သေချာတာတစ်ခုက စထရာဘော့၊ အလာဆစ်၊ လာမိုင်နူ၊ ပရိသတ်တွေ၊ ကစားဖော်တွေ၊ ကလပ်တစ်ခုလုံးကို အဆုံးစွန်အထိ လေးစားတယ်ဆိုတာပါ။ စနေနေ့မှာ အသင်းနောက်ကနေ ၂၀၀ ရာခိုင်နှုန်းအားပေးနေပါမယ်"လို့ ပြောကြားသွားပါတယ်။

image

ယူနိုက်တက်အပေါ် စိတ်ပျက် ဒေါသထွက်ရကြောင်း အမိုရမ် ပြောကြားလာ
=======================

ရူဘင်အမိုရမ်က ကြာသပတေးနေ့တုန်းက အိုးထရက်ဖို့ဒ်ကွင်းတွင် ဝက်စ်ဟမ်းနှင့် တစ်ဂိုးစီသရေကျပြီးနောက် အသင်းအပေါ် စိတ်ပျက် ဒေါသထွက်ရကြောင်း ပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ ဒီယေဂိုဒါလော့ရဲ့ ဂိုးဖြင့် ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပွဲချိန် ၈၃ မိနစ်တွင် မာဂက်စ်ဆာရဲ့ ချေပဂိုးကြောင့် သရေကျဖြင့်သာ ကျေနပ်ခဲ့ရပြီး ချန်ပီယံလိဂ်ဝင်ခွင့် အဆင့် ၅ နေရာသို့ တက်လှမ်းနိုင်မယ့်အခွင့်အရေး လက်လွှတ်လိုက်ရပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့လအစမှ စတင်ကာ ၄ ပွဲမြောက် သရေကျလာခဲ့တာ ဖြစ်ပြီး ကြီးမားတဲ့ ထိုးနှက်ချက်ကြုံလာရပါတယ်။
ပွဲအပြီးတွင် ယူနိုက်တက်ပရိသတ်များဟာ နောက်ဆုံး ၅ ပွဲတွင် ၁ ပွဲတည်းသာ အနိုင်ရထားတဲ့အသင်းသားများကို လှောင်ပြောင်ခဲ့ကြပါတယ်။
အမိုရမ်က "စိတ်ပျက်ရတယ်၊ ဒေါသထွက်ရတယ်။ ဒုတိယဘောလုံးဆုံးရှုံးမှုကြောင့် ပထမဆုံးအကြိမ် ဂိုးပေးလိုက်ရတာ ဖြစ်ဖို့ များတယ်။ ပြီးတော့ မားသီးယပ်စ်(ကန်ညာ)က ပထမ သို့မဟုတ် ဒုတိယဘောလုံး ရယူပြီး အပြောင်းအလဲလုပ်ရမယ်။ သူတို့က ဖြတ်တင်ဘော သို့မဟုတ် ထောင့်ကန်ဘောရဖို့ ကြိုးစားနေမှန်းသိလို့ ဂိုးနဲ့ ဝေးဝေးမှာ ခုခံဖို့ ကြိုးစားခဲ့တယ်။ ဖြစ်သွားတယ်။ အဝေးဘောပဲ။ ကျွန်တော်တို့ ခံစစ်သမား ၃ ယောက်ရှိနေတဲ့ကြားက သူတို့ ဒုတိယဘောလုံးရသွားတယ်။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းသင့်တယ်"လို့ ပြောကြားသွားပါတယ်။
အမိုရမ်ဟာ ဝက်စ်ဟမ်းနှင့်ပွဲတွင် ကစားသမား ၅ ဦးလဲလှယ်ရာမှာ ၄ ဦးအား ခံစစ်သမား ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပထမပိုင်း ဂိုးမရှိသရေကျနေချိန်တွင် ရုန်းကန်နေရတဲ့ အေဒန်ဟဲဗင်းကို လီနီယိုရိုနှင့် လူစားလဲလှယ်ခဲ့ပါတယ်။ ဒါ့အပြင် ဘယ်နောက်ခံလူပက်ထရစ်ဒေါ်ဂူနှင့် ကွင်းလယ်ခံစစ်သမားအူဂတ်တီတို့ကိုလည်း ထည့်သွင်းခဲ့ပါတယ်။
ဝက်စ်ဟမ်းတို့ ချေပဂိုးရပြီးချိန်တွင်လည်း လီဆန်ဒရိုမာတီနက်ဇ်ကို ထည့်သွင်းခဲ့ပါတယ်။
ယူနိုက်တက်ဟာ လာမယ့်တနင်္လာနေ့တွင် ဝုဗ်ကို အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ကစားရပါမယ်။

image

၂ လကြာ နားရမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ ထရန်းအလက်ဇန္ဒားအာနိုး
=====================

အင်္ဂလန်နောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးဟာ ဘီလ်ဘာအိုအား အနိုင်ရတဲ့ပွဲစဉ်တွင် ပေါင်ကြွက်သားဒဏ်ရရှိသွားခဲ့ပြီးနောက် နှစ်လကြာ အနားယူလာရပါတော့မယ်။
ညာနောက်ခံလူဟာ ယခုရာသီတွင် ရီးရဲလ်မက်ဒရစ်အတွက် ၁၁ ပွဲတည်းသာ ကစားထားနိုင်သူ ဖြစ်ပါတယ်။ သူဟာ ဘီလ်ဘာအိုအား ၃-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပထမဆုံးလာလီဂါဖန်တီးမှု ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဒုတိယပိုင်း ၁၀ မိနစ်တွင် ပေါင်ကြွက်သားဒဏ်ရာရရှိကာ လူစားလဲလှယ်မှု ပြုလုပ်ခဲ့ရပါတယ်။
နွေရာသီတွင် လီဗာပူးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာခဲ့တဲ့ သူဟာ တံကောက်ကြောဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူထားခဲ့ရပြီးသူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုဟာ အသင်းခေါင်းဆောင်ဒါနီကာဗာဂျယ်မှာလည်း ၂၀၂၆ နှစ် အစောပိုင်းအထိ အနားယူနေရမှုနှင့်အတူ အလယ်တန်းကစားသမားဗယ်ဗာဒီကို ညာနောက်ခံလူအဖြစ် အသုံးပြုနေရပါတယ်။

image