အိုင်ဘီဇာကမ်းခြေရှိ မက်ဆီရဲ့ ပေါင် ၉.၅ သန်းတန် စံအိမ် ဖြိုချခံရကိန်းဆိုက်နေ

အောက်တိုဘာ ၁၄

လီယွန်နယ်မက်ဆီရဲ့ ပေါင် ၉.၅ သန်းတန် အိုင်ဘီဇာစံအိမ်မှာ ဖြိုချခံရမယ့်အရေးနှင့် ကြုံတွေ့နေရပါတယ်။

စူပါစတားဟာ ယင်းနေအိမ်ကို ပေါင် ၉.၅ သန်းဖြင့် ဝယ်ယူခဲ့တာ ဖြစ်ပြီး တရားရေးရာ ပြဿနာများ ရင်ဆိုင်နေခဲ့ရတာလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၂၂ ခုနှစ်တွင် အိုင်ဘီဇာအနောက်ပိုင်း ကမ်းခြေမှ ယင်းနေအိမ်ကို ဆွစ်ဇာလန်စီးပွားရေးလုပ်ငန်းရှင် ဖီးလစ်ပီအမွန်ထံမှ ဝယ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း အဆောက်အဦမှာ စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီ ဖြစ်နေပါတယ်။

မက်ဆီဟာ အခန်းများကို ဖြိုချပြီး စည်းမျဉ်းစည်းကမ်းများနှင့်အညီ အခြေခံအဆောက်အဦနှင့် ဂိုထောင်တို့ တည်ဆောက်ရဖို့ ရှိပါတယ်။

ယင်းနေအိမ်တွင် ၉၂ စတုရန်းမီတာရှိ ရေကူးကန် ပါဝင်သလို အဆောက်အဦမှာလည်း စတုရန်းမီတာ ၁၆၀၀၀ ကျော်ရှိပါတယ်။

နေအိမ်မှာ ဆန်ဂျိုးဆက်ဖ်ဒီဆာတာလိုင်ယာတွင် တည်ရှိတာ ဖြစ်ပြီး ယခုတိုင် လိုအပ်တဲ့ ခွင့်ပြုချက်များ မရရှိသေးပါဘူး။

မြို့တော်ကောင်စီဟာ နေအိမ်အား စည်းမျဉ်းစည်းကမ်းနဲ့အညီ ပြုပြင်တည်ဆောက်ရန် ပြောဆိုထားပြီး လိုအပ်ပါက အဆောက်အဦ အစိတ်အပိုင်းကိုပါ ဖြိုချရန် စီစဉ်ထားပါတယ်။

ဒါ့အပြင် ယင်းအဆောက်အဦမှာ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်ပြီး စိုးရိမ်ရတဲ့ နေရာတွင် တည်ရှိကာ ရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်နိုင်ခြင်း မရှိတဲ့ အဆိပ်သင့်မြေအဖြစ် သတ်မှတ်ထားတဲ့နေရာပါ။

ပြီးခဲ့တဲ့နှစ်တုန်းက သဘာဝပတ်ဝန်းကျင်လှုပ်ရှားသူများဟာ အဆောက်အဦကို ကျူးကျော်ဝင်ရောက်ပြီးနောက် အနီရောင်နှင့် အနက်ရောင်ဆေးများခြယ်ကာ ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြပါသေးတယ်။

မက်ဆီကလည်း ယင်းသဘာဝပတ်ဝန်းကျင်လှုပ်ရှားသူများအား အဆောက်အဦပြုပြင်စရိတ်အဖြစ် ပေါင် ၅၀၀၀၀ နစ်နာကြေး ပြန်လည်ရယူခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image