ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အ ဆန်/အမှတ်(၆)အစုန် ခေတ်မီ DEMU လူစီးအမြန်ရ ထား မေ ၁ ရက်မှစ၍တိုက်ရိုက်ပြေးဆွဲမည်

ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်တွင် အမှတ်(၅)အ ဆန်/အမှတ်(၆)အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားဖြင့် မေ ၁ ရက်မှစတင်ကာ ခရီးသည်များသွားလာမှုလွယ်ကူစေရန် တိုက်ရိုက်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အမှတ်(၅)အဆန်သည် ရန်ကုန်မှ နံနက် ၆ နာရီတွင်စ တင်ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီ၊ အမှတ်(၆) အစုန်သည် မန္တလေးမှ နံနက် ၆ နာရီတွင်စတင်ထွက်ခွာပြီး ညနေ ၄ နာရီတို့၌ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်း မနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်၊ ကျောက်ဆည်ဘူတာတို့တွင်ရပ်တန့်ပြီး အထက်တန်း(၄၈,၀၀၀) ကျပ်၊ ပထမတန်း(၃၄,၀၀၀)ကျပ်တို့ကျသင့်မည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်တွင်ပြေးဆွဲပေးနေသည့် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားဖြစ်သော အမှတ်(၃၁)အဆန်သည် ရန်ကုန်မှ နံနက် ၁၀ နာရီတွင်စတင်ထွက်ခွာပြီး နေ့လည် ၃ နာရီ၊ အမှတ်(၃၂)အစုန်သည် နေပြည်တော်မှ နံနက် ၁၀ နာရီတွင်စတင်ထွက်ခွာပြီး နေ့လည် ၃ နာရီတို့၌ ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ဒိုက်ဦး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်-နေပြည်တော်-ရန်ကုန်ခရီးစဉ်၏ လေ အေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထား အမှတ်(၇)အဆန်သည် ရန်ကုန်မှ မွန်းတည့် ၁၂ နာရီခွဲတွင်စတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲ၊ အမှတ်(၈)အစုန်သည် မွန်းတည့် ၁၂ နာရီခွဲတွင် နေပြည်တော်မှစတင်ထွက်ခွာပြီး ညနေ ၅ နာရီခွဲတို့၌ဆိုက်ရောက်မည်ဖြစ်ကာ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနားဘူတာတို့၌ ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း ရထားခရီးစဥ်များတွင်စီးနင်းလိုက်ပါလိုသူများအနေဖြင့် ရထားလက်မှတ်များအား ORTP စနစ်ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ကာ မြန်မာ့မီးရထားမှ ရထားခရီးစဉ်များတိုးချဲ့ပြေးဆွဲပေးခြင်း၊ ရထားတွဲများထပ်မံချိတ် ဆက်ပြေးဆွဲခြင်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

အီရန်စစ်ပွဲနှင့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုတို့ကြောင့် ကွန်ဒုံးများ ဈေးတက်လာနိုင်ဟုဆို

အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များ ထိခိုက်ပြတ်တောက်မှုများ ဆက်လက်ဖြစ်ပွားနေပါက ဘေးကင်းလုံခြုံသော လိင်ဆက်ဆံမှုအတွက် ကုန်ကျစရိတ်များ ပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့အကြီးဆုံး ကွန်ဒုံးထုတ်လုပ်သည့်ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

Karex ကုမ္ပဏီ၏ CEO ဖြစ်သူ Goh Miah Kiat က ရိုက်တာသတင်းဌာနသို့ အင်္ဂါနေ့တွင် ပြောကြားရာ၌ အခြေအနေ မည်မျှကြာရှည်မည်ပေါ် မူတည်၍ ကွန်ဒုံးစျေးနှုန်းများကို အနည်းဆုံး ၂၀% မှ ၃၀% ထိ မြှင့်တင်ရန် ဖိအားပေးခံနေရကြောင်း ဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှစတင်ကာ စစ်ပွဲကြောင့်လည်းကောင်း၊ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့်လည်းကောင်း ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးစနစ်များ ထိခိုက်ခဲ့ပြီး ကွန်ဒုံးထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းအချို့ ပြတ်တောက်သွားခဲ့ခြင်းဖြစ်သည်။

"အခြေအနေက တကယ်ကို အကဲဆတ်ပြီး စျေးနှုန်းတွေကလည်း ကြီးနေပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ကုန်ကျစရိတ်တွေကို ဝယ်ယူသူတွေဆီ လွှဲပြောင်းပေးဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိပါဘူး" ဟု Goh က ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံအခြေစိုက် Karex ကုမ္ပဏီသည် ကွန်ဒုံးများ၊ ချောဆီများ၊ လက်အိတ်များ၊ ဆေးဘက်ဆိုင်ရာ ပိုက်များနှင့် Probe Cover များကို ထုတ်လုပ်သည်။ ထိုကုမ္ပဏီသည် ONE, Trustex, Carex နှင့် Pasante အပါအဝင် အမျိုးသားသုံး လက်တက်စ် (Latex) ကွန်ဒုံးများကို ထုတ်လုပ်ပြီး တစ်နှစ်လျှင် ကွန်ဒုံးအရေအတွက် ၅ ဘီလီယံကျော်အထိ ထုတ်လုပ်နိုင်စွမ်းရှိသည်။ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်အရ Karex သည် နိုင်ငံပေါင်း ၁၃၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

ထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုစရိတ်များ မြင့်တက်လာရုံသာမက သင်္ဘောဖြင့် တင်ပို့ရာတွင်လည်း ကြန့်ကြာမှုများရှိနေကြောင်း Goh က ရှင်းပြသည်။

"တကယ်ကို လိုအပ်နေတဲ့ ကွန်ဒုံးအမြောက်အမြားဟာ သူတို့ရောက်ရမယ့်နေရာကို မရောက်သေးဘဲ သင်္ဘောတွေပေါ်မှာ တင်ထားရဆဲ ဖြစ်နေတာကို ကျွန်တော်တို့ တွေ့နေရတယ်" ဟု ၎င်းက ဆိုသည်။

CNN သတင်းဌာနအနေဖြင့် စျေးနှုန်းမြှင့်တင်မှုများ မည်သည့်အချိန်တွင် စတင်မည်ကို သိရှိနိုင်ရန် Karex ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းထားသည်။ ထိုအတောအတွင်း Goh က ၎င်းတို့တွင် နောက်ထပ် လအနည်းငယ်စာအတွက် လုံလောက်သော လက်ကျန်များရှိသေးကြောင်း ရိုက်တာသို့ ပြောကြားထားသည်။

အီရန်စစ်ပွဲဖြစ်ပွားပြီးနောက် ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားခြင်းကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် အဓိက အာရုံစိုက်ခံခဲ့ရသည်။ စျေးနှုန်းမြင့်တက်မှုကြောင့် စားသုံးသူများ၏ သုံးစွဲမှု လျော့နည်းသွားနိုင်ခြင်းနှင့် ရေနံပြတ်လပ်မှုကြောင့် ထုတ်လုပ်မှုများ တုံ့ဆိုင်းသွားနိုင်ခြင်းတို့ကို စီးပွားရေးပညာရှင်များက စိုးရိမ်နေကြသည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း ရေနံကို အဓိကမှီခိုနေရသော အာရှနိုင်ငံများတွင် ထိုအခြေအနေကို ပိုမိုခံစားရနိုင်သည်။

သို့သော် စစ်ပွဲသည် ပလတ်စတစ်နှင့် အခြားပစ္စည်းများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ရေနံဘေးထွက်ပစ္စည်းများ ထုတ်လုပ်မှုကိုလည်း ထိခိုက်စေခဲ့သည်။ ၎င်းတို့အထဲတွင် ထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရာ၌သုံးသည့် နက်ဖ်သာ (Naphtha) နှင့် ကွန်ဒုံးထုတ်လုပ်ရာတွင် အဓိကပါဝင်ပစ္စည်းများဖြစ်သော ဆီလီကွန်ဆီ (Silicon oil) နှင့် အမိုးနီးယား (Ammonia) တို့ ပါဝင်သည်။

"ရေနံစိမ်း၊ ဒီဇယ်နဲ့ ဓာတ်ဆီအပေါ် သက်ရောက်မှုတွေကိုတော့ ခင်ဗျားတို့ အများကြီးကြားရပါလိမ့်မယ်။ ဒါပေမဲ့ ကုန်ကြမ်းတွေဖြစ်တဲ့ ဓာတုကုန်ကြမ်းတွေလည်း ပြတ်လပ်နေပါတယ်" ဟု KPMG ၏ ကမ္ဘာလုံးဆိုင်ရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဌာနအကြီးအကဲ Angie Gildea က ပြောကြားသည်။

ဥပမာအားဖြင့် အာရှတွင်အသုံးပြုသော နက်ဖ်သာ၏ ၄၁% မှာ အရှေ့အလယ်ပိုင်းမှ လာခြင်းဖြစ်ကြောင်း Gildea က ထောက်ပြသည်။ မလေးရှားကဲ့သို့သော ကုန်ချောထုတ်လုပ်သည့် နိုင်ငံများသည် ကုန်ကြမ်းများကို မရရှိနိုင်ပါက ဆုံးရှုံးမှုကို ကာမိစေရန် စျေးနှုန်းမြှင့်တင်ရမည် ဖြစ်သည်။

ကုန်ကြမ်းပြတ်လပ်မှု တစ်ခုတည်းကသာ ပြဿနာမဟုတ်ပေ။

မြန်မာနှင့် ကမ္ဘောဒီးယားအပါအဝင် အချို့နိုင်ငံများသည် စက်သုံးဆီများကို ခွဲတမ်းဖြင့် ရောင်းချခြင်းများ စတင်နေပြီဖြစ်သည်။ ဗီယက်နမ်အပါအဝင် အရှေ့တောင်အာရှရှိ ကျောင်းအချို့တွင် ကျောင်းသားများအတွက် သွားလာစရိတ် မြင့်မားလွန်းသဖြင့် အိမ်တွင်သာနေရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားရသည်။ ယင်းအခြေအနေသည် စက်ရုံအလုပ်သမားများ အလုပ်သို့လာရောက်နိုင်စွမ်းကိုပါ ထိခိုက်စေပြီး အမေရိကန်အပါအဝင် ပြည်ပသို့ တင်ပို့ရမည့် အဓိကထုတ်ကုန်များ ထုတ်လုပ်မှုကို နှောင့်နှေးသွားစေနိုင်ကြောင်း စက်မှုကဏ္ဍလေ့လာဆန်းစစ်သူများက စိုးရိမ်နေကြသည်။

image

အိမ်ထောင်စု လူဦးရေစာရင်းကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုး ထုတ်ပေးခြင်းနှင့် UID (Unique Identity) ထုတ်ပေးခြင်း ရက်(၁၀၀)စီမံချက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ဧပြီလ(၂၀)ရက်က ခန္တီးမြို့၊ ဇီးဖြူကုန်းရပ်ကွက် အခြေခံ ပညာအလယ်တန်းကျောင်းတွင်ဆောင်ရွက်ခဲ့သည်။

"အခုလိုဆောင်ရွက်ပေးတာဟာ အစိုးရသစ် ပထမရက် (၁၀၀) ကာလအတွင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာနအနေနဲ့ အသက်(၁၀)နှစ်ပြည့်ပြီးဖြစ်ပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသေးသူတွေကို ဆောင်ရွက်ပေးတာဖြစ်ပါတယ်"ဟု ခန္တီးမြို့ နယ်ဦးစီးမှူး ဦးနိုင်လင်းအောင်က ပြောသည်။

ကွင်းဆင်းဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူး ဦးစိုးထွန်းအောင်နှင့် ခန္တီးမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များကလိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

image

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်ရှိလာ

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်တွေ့ဆုံဆွေး နွေးမှုများပြုလုပ်ရန် ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၂၁ ရက်ညနေပိုင်းက အထူးလေယာဥ်ဖြင့် နေပြည်တော်လေဆိပ်သို့ရောက်ရှိလာခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန် ကြီးနှင့် တာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။

ထိုင်းနိုင်ငံ ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက်ဖူဝန်ကေ့ကဲ့ဝို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ယနေ့ ဧပြီ ၂၂ ရက်အထိခရီးစဥ်ရောက်ရှိခဲ့ကြခြင်းဖြစ်သည်။

image

ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှုကို ကြိုဆိုကြောင်း အမေရိကန်သံရုံးထုတ်ပြန်

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် ဦးဝင်းမြင့်နှင့် မရှင်ဒေဝီတို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုကြောင်း အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

ယနေ့ (ဧပြီ ၂၂) ရက်နေ့တွင် ထုတ်ပြန်ခြင်း ဖြစ်ကာ
အမေရိကန်ပြည်ထောင်စုအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ဆက်လက်တိုက်တွန်းသွားမည်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင်မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဉ်ကိုလည်း ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်ကြောင်းထုတ်ပြန်ထားသည်။

image

ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်နေ

မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်လာပြီး ပြဋ္ဌာန်းထားသည့်ဥပဒေများကိုကျူးလွန်ခဲ့သော တရုတ်နိုင်ငံသား (၅) ဦးကို တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသား (၂) ဦးအား ပြည်ဝင်ခွင့်ဗီဇာစည်းကမ်းဖေ-ာက်ဖျ-က်ခဲ့၍ ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီး ကြပ်ရေး (လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃ (၁) /၁၃ (၁) အရ ဧပြီ ၁၂ ရက်၊ တရုတ်နိုင်ငံသား (၂) ဦးအား မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်မှုဖြင့် ဧပြီ ၁၅ ရက်၊ တရုတ် (ထိုင်ဝမ်) နိုင်ငံသား (၁) ဦးအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများနှင့်ပတ်သက်၍ ဧပြီ ၁၅ ရက်တို့တွင် တရားစွဲဆိုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကရင်ပြည်နယ်၊ မြဝတီမြို့ဝန်းကျင်ရှိ ဆိုဒ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာကာ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင်ပါဝင်ခဲ့သည့် ရုရှားနိုင်ငံသား (၁) ဦးကို ထပ်မံဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီးနောက် ပြည်နှင်နိုင်ရေးအတွက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်အထိ မြဝတီမြို့နယ်အတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၁၄,၆၂၆) ဦးကို ထိန်းသိမ်းစစ်ဆေးပြီးခဲ့ပြီး ၎င်းတို့အနက် (၁၃,၄၀၅) ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လွှဲပြောင်းပေးရန်ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၁,၂၂၁) ဦးတွင် လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဌာန်းချက်များအက်ဥပဒေပုဒ်မ ၃ (၁) /၁၃ (၁) နှင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အပြစ်ပေးအရေးယူခဲ့သည့် ပြည်ပနိုင်ငံသား (၇၄၆) ဦးရှိ၍ ကျန်ရှိသည့် ပြည်ပနိုင်ငံသား (၄၇၅) ဦးတို့အား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန်အသင့်ဖြစ်နေပြီဖြစ်ကာ ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

image

ရာသီအကုန်တွင် ထွက်ခွာမယ့် အိုင်ရာအိုလာနေရာတွင် ရို့စ်ကို ခန့်အပ်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ဘုန်းမောက်
======================
ဘုန်းမောက်ဟာ ရာသီအကုန်တွင် အသင်းမှ ထွက်ခွာမယ့် အန်ဒိုနီအိုင်ရာအိုလာရဲ့ နေရာတွင် မာကိုရို့စ်အား ၃ နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့တုန်းက အသက် ၄၃ နှစ်ရှိ အိုင်ရာအိုလာမှာ စာချုပ်သစ်ချုပ်ဆိုလာမှာ မဟုတ်ဘဲ နွေရာသီတွင် Vitality Stadium မှ ထွက်ခွာမယ်လို့ ကြေညာခဲ့ပါတယ်။

ဂျာမန်လူမျိုးနည်းပြရို့စ်ဟာ အစ္စဝှစ်ချ်နည်းပြကီရန်မက်ကန်နာ၊ ဗယ်လီကာနိုနည်းပြအိုင်နီဂိုပီရက်ဇ်တို့နှင့်အတူ ဘုန်းမောက်နည်းပြရာထူးအတွက် လျာထား ၃ ဦးစာရင်းတွင် ပါဝင်ခဲ့ပါတယ်။

အသက် ၄၉ နှစ်ရှိ ရို့စ်ဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက လိုက်ဇစ်နည်းပြရာထူးမှ ထုတ်ပယ်ခြင်းခံရပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပြီး အင်္ဂလန်တွင် နည်းပြဖူးတဲ့ အတွေ့အကြုံမရှိပါဘူး။

ရို့စ်ဟာ ၂၀၁၂ ခုနှစ်တွင် လိုကိုမိုးတစ်လိုက်ဇစ်ကို ကိင်တွယ်ကာ နည်းပြဘဝစတင်ခဲ့သူ ဖြစ်ပြီး ရက်ဘူးလ်ဆဲလ်ဘတ်၊ ဒေါ့မွန်၊ မိုချင်ဂလက်ဘတ်နှင့် ရက်ဘူးလ်လိုက်ဇစ်တို့အား ကိုင်တွယ်ခဲ့ဖူးပါတယ်။

သူဟာ ရက်ဘူးလ်ဆဲလ်ဘတ်နှင့်အတူ ဩစတြီးယားဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ဆွတ်ခူးခဲ့ဖူးသလို လိုက်ဇစ်နှင့်အတူ ဂျာမန်ပိုကယ်ဖလား၊ ဂျာမန်စူပါဖလားတို့ ဆွတ်ခူးခဲ့ဖူးပါတယ်။

ဒေါ့မွန်နှင့်လည်း ဂျာမန်ပိုကယ်ဖလားဆွတ်ခူးခဲ့ဖူးတဲ့ ရို့စ်ဟာ ဖေဖော်ဝါရီလတုန်းက သောမတ်စ်ဖရန့် ထုတ်ပယ်ခံရစဉ်တုန်းက လစ်လပ်နေတဲ့ စပါးစ်နည်းပြရာထူးအတွက် ဆက်သွယ်ခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ယနေ့တွင် လိဒ်အား ဧည့်ခံကစားရပါမယ်။

image

နာပိုလီနှင့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှု ပြုလုပ်ပြီးနောက် ဘယ်လ်ဂျီယံတွင်ပင် ဆက်လက် ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းပြုလုပ်လာမယ့် လူကာကူ
=====================
ရိုမီလူလူကာကူဟာ နာပိုလီနှင့် အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဘယ်လ်ဂျီယံတွင်ပင် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်ရေး ပြန်လည်ထူထောင်ရေး ဆက်လက် ပြုလုပ်လာတော့မှာ ဖြစ်ပါတယ်။

မတ်လတုန်းက ချဲလ်ဆီး၊ ယူနိုက်တက်နှင့် အင်တာမီလန်တိုက်စစ်မှူးဟောင်းဟာ အီတလီတွင် လေ့ကျင့်ခန်းပြုလုပ်ရန် ပြောကြားမှုအား ငြင်းပယ်ကာ ဘယ်လ်ဂျီယံသို့ သွားရောက်ကာ လေ့ကျင့်ခန်းဆင်းခဲ့မှုကြောင့် အရေးယူခြင်းခံရမယ့်အရေးနှင့် ရင်ဆိုင်နေရသူ ဖြစ်ပါတယ်။

တိုက်စစ်မှူးလူကာကူဟာ တံကောက်ကြောဒဏ်ရာကြောင့် ယခုရာသီတွင် နာပိုလီအတွက် ၇ ပွဲတည်းသာ ကစားထားနိုင်သူ ဖြစ်ပြီး နောက်ဆုံးအကြိမ်ကစားခဲ့တာ မတ်လ ၆ ရက်နေ့တုန်းက တိုရီနိုအား ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် အရန်အဖြစ် ဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ်ရှိ လူကာကူဟာ ဒဏ်ရာပြန်လည် ရရှိပြီးနောက် မွေးရပ်မြေ ဘယ်လ်ဂျီယံတွင် လေ့ကျင့်ခန်းဆင်းနေကာ ကလပ်နှင့်အတူ လေ့ကျင့်ခန်းဆင်းရန် ငြင်းဆိုနေခဲ့ပါတယ်။

ဒါပေမယ့် သူဟာ နေပယ်သို့ ပြန်လာကာ အေးဂျင့်ဖီဒီရီကိုပါစတိုရယ်လို၊ နာပိုလီအားကစားဒါရိုက်တာဂျီယိုဗန်နီမန်နာတို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဘယ်လ်ဂျီယံတွင်ပင် ဆက်လက် လေ့ကျင့်ခန်းဆင်းလာနိုင်တော့မှာ ဖြစ်ပါတယ်။

လူကာကူဟာ ယင်းတွေ့ဆုံဆွေးနွေးပွဲတွင် ဒဏ်ရာအခြေအနေကိုလည်း တင်ပြခဲ့ပြီး လာမယ့်နှစ်ပတ်တွင် ပြန်လည်ကစားလာနိုင်တော့မယ်လို့ သိရပါတယ်။

image

ဘရာဇီးပါရမီရှင်ကွန်အီဒွါဒိုကွန်စီဆာအိုအား ပေါင် ၃၄ သန်းဖြင့် ကမ်းလှမ်းကာ မန်စီးတီးနှင့် အပြိုင်ကြိုးပမ်းလာတဲ့ ယူနိုက်တက်
====================
ယူနိုက်တက်ဟာ ပါးမီးရပ်စ်ပါရမီရှင်အီဒွါဒိုကွန်စီဆာအိုအား ယူရိုသန်း ၄၀ (ပေါင် ၃၄ သန်း)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေပါတယ်။ ယူနိုက်တက်ဟာ ဘရာဇီးပါရမီရှင်အား ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်းအပြင် အပိုဆုကြေးများလည်း ပေးလာဦးမှာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်ရှိ ကွန်စီဆာအိုဟာ တောင်အမေရိကဘောလုံးလောကရဲ့အလားအလာအကောင်းဆုံးပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပြီး ဥရောပထိပ်သီးကလပ်များအကြား ခေါ်ယူရေး အပြိုင်ကြိုးပမ်းနေကြပါတယ်။

ယူနိုက်တက်ဟာ ကွန်စီဆာအိုကို ခေါ်ယူရေး စောင့်ကြည့်လာခဲ့တာ ကြာမြင့်ပြီ ဖြစ်ပြီး ယခုအခါ တရားဝင်ကမ်းလှမ်းရေး လုပ်ဆောင်လာတော့မှာ ဖြစ်ပါတယ်။ ဒီလူငယ်ပါရမီရှင်ကို မန်စီးတီးနှင့် ဘာစီလိုနာတို့ကလည်း ခေါ်ယူလိုနေပြီး ဆွေးနွေးမှုများ ပြုလုပ်နေကြပြီး ဖြစ်ပါတယ်။

တဖက်တွင် ပါးမီးရပ်စ်ဘက်က ပြောင်းရွှေ့ကြေးအမြင့်ဆုံးရရှိလုနေပါတယ်။ ပါးမီးရပ်စ်ဟာ အနည်းဆုံး ယူရိုသန်း ၄၀ ရရှိလိုနေပါတယ်။

ပါးမီးရပ်စ်ဟာ နယူးကာဆယ်ဘက်က ယူရို ၂၅ သန်းအပြင် ယူရို ၁၅ သန်း အပိုဆုကြေးပေးမယ့် အချက်ဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။

ပါးမီးရပ်စ်ရဲ့ ကွန်စီဆာအိုအား ရောင်းချမှုမှာ အသင်းရဲ့အရေးပါတဲ့ ကွင်းလယ်ကစားသမားအယ်လန်အပေါ်တွင်လည်း မူတည်နေပါတယ်။

အသက် ၂၂ နှစ်ရှိ အယ်လန်ဟာ နည်းပြအဘယ်ဖာရီရာလက်အောက်တွင် ပုံမှန်ကစားခွင့် ရနေသူ ဖြစ်ပြီး နာပိုလီဘက်က ယူရို ၃၅ သန်းဖြင့် ကမ်းလှမ်းမှု ရရှိထားပြီး ဖြစ်ပါတယ်။

ပါးမီးရပ်စ်ဟာ အယ်လန်ကို ရောင်းချပြီးချိန်တွင်မှ ကွန်စီဆာအိုအား ရောင်းမရောင်း ဆုံးဖြတ်လာပါမယ်။

ယူနိုက်တက်ဘက်က ကွန်စီဆာအိုအား ခေါ်ယူရေး ကြိုးပမ်းနေပေမယ့်လည်း မန်စီးတီးနှင့် ဘာစီလိုနာတို့ကလည်း လူငယ်ပါရမီရှင်အား ခေါ်ယူရေး ရှေ့တိုးလုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်ချန်ပီယံ ပီအက်စ်ဂျီကလည်း ကွန်စီဆာအိုရဲ့ အခြေအနေအား စောင့်ကြည့်နေကာ ကြားဝင်ရောက်ရန် ချောင်းနေပါတယ်။

တဖက်တွင် ကွန်စီဆာအိုရဲ့ မိသားစုဝင်များကလည်း အင်္ဂလန်၊ ပြင်သစ်အပါအဝင် ဥရောပတလွှား ခရီးသါားကာ ပါရမီရှင်ရဲ့အနာဂတ်အား ဆုံးဖြတ်ရေး သွားရောက်လေ့လာထားပါတယ်။

ကွန်စီဆာအိုရဲ့ အေးဂျင့်အဖြစ် အန်းဒရစ်ရဲ့ ဖခင်ဒေါက်ကလပ်ဆူဆာနှင့် အက်ဒရီယာနိုရီဘိုင်ရိုတို့ ဦးဆောင်နေတဲ့ အေဂျင်စီ DSA Sports က လုပ်ဆောင်နေတာပါ။

DSA Sports ဟာ ကစားသမား ရရှိလာမယ့် အကျိုးခံစားအပြင် အားကစားဆိုင်ရာရည်မှန်းချက်အပေါ် မူတည်ပြီး အနာဂတ်ကို ဆုံးဖြတ်လာပါမယ်။

image

လည်ပင်းရိုးကျိုးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရတဲ့ ကလင်းစမန်းရဲ့သား
====================
ဂျာဂင်ကလင်းစမန်းရဲ့သားဂျိုနသန်ဟာ ပြီးခဲ့တဲ့အပတ်ပွဲစဉ်တွင် လည်ပင်ရိုးကျိုးဒဏ်ရာရရှိကာ ဆေးရုံသို့ အရေးပေါ် တက်ရောက်ခဲ့ရပါတယ်။

အသက် ၂၉ နှစ်ရှိ ဂိုးသမားဟာ အင်္ဂလန်လက်ရွေးစင်ဟောင်းအက်ရှ်လေကိုးလ်ကိုင်တွယ်နေတဲ့ စီးရီးဘီကလပ် စီဆီနာမှာ ကစားနေသူ ဖြစ်ပြီး စနေနေ့ညတုန်းက ပါလာမိုနှင့်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့တာလည်း ဖြစ်ပါတယ်။

စီဆီနာက ၂-၀ ဂိုးဖြင့် ဦးဆောင်နေတဲ့ ဒုတိယပိုင်းနာကျင်အချိန်ပိုတွင် ကလင်းစမန်းဟာ ဖီးလစ်ပိုရာနိုချီယာအား ကျော်ဖြတ်ကာ ဘောလုံးကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ရာနော့ခီယာရဲ့ ခြေထောက်က ဂိုးသမားရဲ့လည်ပင်းကို မတော်တဆ ထိသွားခဲ့ပါတယ်။

အမေရိကန်လူငယ်လက်ရွေးစင်ဂိုးသမားဟောင်းဟာ ကွင်းအတွင်း အချိန်အတန်ကြာ ဆေးကုသမှုခံယူပြီးနောက် လည်ပင်းအပတ်ဖြင့် လူနာတင်ထမ်းစင်ဖြင့် ထွက်ခွာခဲ့ရပါတယ်။

စီဆီနာက ကလင်းစမန်းမှာ စစ္စလီရှိ ဆေးရုံတွင် တက်ရောက်ခဲ့ရကြောင်း အတည်ပြုသွားပါတယ်။

ကလင်းစမန်းရဲ့ဒဏ်ရာကို စစ်ဆေးမှုအရ လည်ပင်းနှင့် ကျောရိုးအကြား ပထမဆုံးလည်ပင်းရိုးအဆစ်ကျိုးသွားခြင်း ဖြစ်ကြောင်း တွေ့ရပါတယ်။

ကလင်းစမန်းဟာ အထူးကြပ်မတ်ကုသမှုအောက်တွင် ဆက်ရှိနေရပြီး နောက်ထပ် စစ်ဆေးမှုများ ခံယူရမှာ ဖြစ်ပါတယ်။ သူဟာ အထူးစပါယ်ရှယ်ခွဲစိတ်ဆရာဝန်နှင့် ဆွေးနွေးပြီးနောက် ခွဲစိတ်ကုသမှုခံယူလာနိုင်ပါတယ်။

image