Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လှိုင်သာယာစက်မှုဇုန်နဲ့ ဆိပ်ဖြူမြို့နယ်မှာ မီးလောင်မှုတွေအပါအဝင် ရက်၂၀အတွင်း အကြိမ် ၁၀၀ နီးပါး မီးလောင်မှုဖြစ်ခဲ့
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုန်ဇုန်ရှိ ဖွဲစက်ရုံနဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်က စက်သုံးဆီဆိုင်မှာ မနေ့ ဖေဖော်ဝါရီ ၂၄ ရက်က မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပြီး တန်ဖိုး ကျပ်သိန်းပေါင်း ၁၃၀၀ နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။
လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်အပိုင်း (၅)၊ ဗညားဒလလမ်းရှိ ဖွဲစက်ရုံ ဖြစ်စဉ်မှာ မနေ့ ည ၁၀ နာရီ ၃၈ မိနစ်ဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး ည ၁၀ နာရီ ၄၇ မိနစ်ဝန်းကျင်မှာတော့ Level 1 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ မီးလောင်မှု ဖြစ်စဉ်အတွင်း ဖွဲဂိုဒေါင် တလုံး၊ သံသေတ္တာလုပ်ငန်း အဆောက်အအုံ တလုံး၊ လူနေအိမ် တလုံး၊ စုစုပေါင်း အဆောက်အအုံ သုံးလုံး မီးထဲပါသွားခဲ့ကာ ဆုံးရှုံးမှု တန်ဖိုး ခန့်မှန်းခြေ ၉၄ သိန်းကျပ်ဝန်းကျင် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် (ကွပ်ကဲ) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မီးလောင်ရတဲ့ အကြောင်းရင်းကတော့ ဖွဲအိတ်ချုပ်စက်ကို အချိန်အကြာကြီး သုံးစွဲထားတဲ့အတွက် အပူလွန်ကဲရာကနေ မီးစပြီး လောင်တာပါ။ အနီးက ဆာလာအိတ် အခွံတွေကို မီးစပြီးကူးတယ်။ အဲဒီကနေမှ တခြားနေရာတွေကိုပါ ကူးစက်လောင်ကျွမ်းကုန်တာပေါ့။ ဒီဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။
အဲဒီ မီးလောင်မှုဟာ အချိန် ၁ နာရီနီးပါး ကြာမြင့်ခဲ့တာဖြစ်ပြီး ည ၁၁ နာရီ ၁၂ မိနစ်ဝန်းကျင်မှာ မီးထိန်းနိုင်ခဲ့ကာ ည ၁၁ နာရီ ၂၂ မိနစ်ဝန်းကျင်မှာတော့ အပြီးသတ် မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါအပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူ - ကန်ဇွန်းမ လမ်းဘေး၊ ဖူးသိမ့်ဆီဆိုင်မှာလည်း မနေ့ မွန်းလွဲပိုင်း ၃ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့တာမှာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်းပေါင်း ၁၂၀၀ ဝန်းကျင်ရှိခဲ့ပြီး အမျိုးသား တယောက် ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး (ကွပ်ကဲ) မှ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“ကားနှစ်စီး ဆီဖလှယ်နေတဲ့အချိန်မှာ မီးလောင်တာပါ။ ဟိုဘက်ကားပေါ်ကနေ ဒီဘက်ကားပေါ် ဆီချနေတဲ့အချိန် မီးထလောင်တာ။ ဒဏ်ရာရတဲ့သူက မီးလောင်လို့ ဒဏ်ရာရတာ မဟုတ်ပါဘူး။ မီးထတောက်တဲ့အချိန် ကားပေါ်ကနေ ရုတ်တရက် ခုန်ချလိုက်လို့ ခြေထောက်ကျိုးသွားတာ” လို့ သူက ပြောပါတယ်။
အဲဒီ ဖြစ်စဉ်မှာ ဆီဘောက်ဆာကားတွေ အပါအဝင် ကား ငါးစီး မီးလောင်ကျွမ်းသွားခဲ့တာဖြစ်ပြီး အဆောက်အအုံ မီးကူးစက်လောင်ကျွမ်းမှုတော့ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
မနေ့ မွန်းလွဲပိုင်း ၃ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က စတင်ခဲ့တဲ့ အဲဒီ မီးလောင်မှုဟာ စုစုပေါင်း အချိန် ၃ နာရီကျော် ကြာမြင့်ခဲ့တာဖြစ်ပြီး ညနေ ၅ နာရီ၊ မိနစ် ၅၀ ဝန်းကျင် ရောက်မှသာ မီးထိန်းနိုင်ခဲ့တာဖြစ်ကာ ညနေ ၆ နာရီခွဲဝန်းကျင်မှာတော့ အပြီးသတ် ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ အခု ၂၀၂၆ ခုနှစ်၊ နှစ်စပိုင်းမှာတင် မီးလောင်မှုတွေ အများအပြား ဖြစ်ပွားလျက်ရှိတာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ လက်ရှိ ဖေဖော်ဝါရီလ ၂၀ ရက်နေ့အထိ မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၁၉၁ ကြိမ် ရှိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလက တနိုင်ငံလုံးမှာ မီးလောင်မှုအကြိမ်ရေ ၁၀၀ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူ လေးယောက်နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
အခု ဖေဖော်ဝါရီလအတွင်းမှာတော့ ပြီးခဲ့တဲ့ ၂၀ ရက်နေ့အထိ မီးလောင်မှု ၉၁ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ရှစ်ယောက်နဲ့ ဒဏ်ရာရသူ ငါးယောက် ရှိခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု တန်ဖိုး ကျပ် ၁၄၂၂ သန်း ရှိခဲ့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်ကာ ဒုတိယ အများဆုံးကတော့ မန္တလေးတိုင်းဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းတွေထဲမှာ လျှပ်စစ်ကြောင့် လောင်တဲ့မီးက ၇၄ ကြိမ်၊ ပေါ့ဆမှုကြောင့် လောင်တဲ့မီးက ၆၃ ကြိမ်ရှိခဲ့ပြီး အခုနှစ်မှာ လျှပ်စစ်ကြောင့်လောင်တဲ့ မီးလောင်မှုက ပြီးခဲ့တဲ့နှစ် ကာလ တူထက် ပိုများလာတယ်လို့ သိရပါတယ်။
မီးလောင်မှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်က ကာလတူနဲ့ နှိုင်းယှဉ်မယ် ဆိုရင်တော့ အခုနှစ်မှာ တနိုင်ငံလုံး မီးလောင်မှု အကြိမ်ရေနဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုး လျော့နည်းခဲ့တယ်လို့ သိရပါတယ်။
လိုင်စင်မရှိတဲ့ လောင်းကစားကုမ္ပဏီများ ပရီးမီးယားလိဂ်ကလပ်များကို စပွန်ဆာပေးနိုင်တော့မည်မဟုတ်
====================
ဗြိတိန်တွင် လိုင်စင်တင်ထားခြင်း မရှိတဲ့ လောင်းကစားကုမ္ပဏီများဟာ ပရီးမီးယားလိဂ်ကလပ်များအပါအဝင် အားကစားအသင်းများကို စပွန်ဆာပေးနိုင်တော့မှာ မဟုတ်ပါဘူး။
ဗြိတိန်အာဏာပိုင်များဟာ ကုမ္ပဏီများက ဥပေဒလိုက်နာခြင်းမရှိတဲ့အပြင် စားသုံးသူ ကာကွယ်ရေး ညွှန်ကြားချက်များကိုလည်း လိုက်နာလာခြင်း မရှိမှုကြောင့် ယခုကဲ့သို့ လိုင်စင်မရှိတဲ့ လောင်းကစားကုမ္ပဏီများအနေဖြင့် အားကစားအသင်းများအား စပွန်ဆာပေးမှုအား ကန့်သတ်လာတာပါ။
ဒါ့အပြင် ဗြိတိန်အာဏာပိုင်များက စားသုံးသူများရဲ့ အချက်အလက်များအား အပြည့်အဝ အကာအကွယ်ပေးနိုင်ခြင်းမှုက လောင်းကစားကုမ္ပဏီများမှာ ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်လာပါက အွန်လိုင်းလိမ်လည်မှုများကိုပါ လုပ်ဆောင်လာမည်ကို စိုးရိမ်နေမှုနှင့်အတူ ယခုကဲ့သို့ ကန့်သတ်လာတာပါ။
ဗြိတိန်ရဲ့လောင်းကစားကော်မရှင်ဟာ ကလပ်အမြောက်အမြားတို့မှာ ဗြိတိန်တွင် လိုင်စင်တင်ထားခြင်းမရှိတဲ့ TGP Europe နှင့် တွဲဖက်အလုပ်လုပ်နေမှုအတွက် သတိပေးမှု ပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ ဘုန်းမောက်၊ ဖူလ်ဟမ်၊ နယူးကာဆယ်၊ ဝုဗ်အပြင် ဘန်လေတို့အား TGP Europe က စပွန်ဆာပေးထားတာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဟာ ပြီးခဲ့တဲ့ရာသီအကုန်ကတည်းက အင်္ကျီရင်ဘတ်စပွန်ဆာများအား လောင်းကစားကုမ္ပဏီများထံမှ ရယူခြင်း မပြုလုပ်ရန် ဆုံးဖြတ်ခဲ့ကြပြီးလည်း ဖြစ်ပါတယ်။
တဖက်တွင် ဗြိတိန်လောင်းကစားကော်မရှင်က ဗြိတိန်မှ လူငယ် ၁.၄ သန်းတို့မှာ လောင်းကစားပြဿနာနှင့် ကြုံနေရကြောင်း သတိပေးထားပါတယ်။
ဒဏ်ရာရ ကစားသမားများ ကွင်းပြင်တွင် တစ်မိနစ် နေစေလိုနေတဲ့ ဖီဖာ
===================
ဒဏ်ရာကို ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားများအနေဖြင့် ကွင်းပြင်ပတွင် တစ်မိနစ် နေစေလိုတဲ့ အဆိုပြုလွှာအား ဖီဖာ ပြုလုပ်လာပါတယ်။
ဖီဖာဟာ စနေနေ့တုန်းက နိုင်ငံတကာဘောလုံးအဖွဲ့ချုပ်ဘုတ်အဖွဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွင် ပွဲအချိန်ဆုံးရှုံးမှု၊ ပွဲအရှိန်နှောင့်ယှက်မှုအား နည်းပါးလာစေရေး လုပ်ဆောင်မှုများထဲမှ တစ်ရပ်အဖြစ် အထက်ပါအဆိုအား ပြုလုပ်လာတာပါ။
လက်ရှိအချိန်တွင် ဘောလုံးပွဲများတွင် ဒဏ်ရာအား ကုသမှု ပြုလုပ်ရတဲ့ ကစားသမားများအနေဖြင့် ကွင်းပြင်ပတွင် ဘယ်လောက်နေရမယ်ဆိုတာ အချိန်အတိအကျ သတ်မှတ်ခြင်း မပြုလုပ်ရသေးပါဘူး။
လိဂ်များက ကိုယ့်သတ်မှတ်ချက်ဖြင့် ကိုယ် အသုံးပြုနေကြတာ ဖြစ်ပြီး ပရီးမီးယားလိဂ်က ၂၀၂၃-၂၄ ရာသီမှ စတင်ကာ စက္ကန့် ၃၀ စနစ်ကို အသုံးပြုနေပါတယ်။
ဖီဖာဟာ ဒီဇင်ဘာလတုန်းက ကျင်းပခဲ့တဲ့ အာရတ်ဖလားပြိုင်ပွဲတွင် ဒဏ်ရာအား ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားအား ကွင်းပြင်ပတွင် ၂ မိနစ်အထိ နေစေတဲ့ စနစ်အား စမ်းသပ်အသုံးပြုခဲ့ဖူးပါတယ်။
ဖီဖာဒိုင်အကြီးအကဲပီယာလူဂီကော်လီနာက ယင်းသို့ ဒဏ်ရာကို ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားအား ၂ မိနစ် ကွင်းပြင်ပတွင် နေစေတဲ့ စနစ်ကြောင့် ပွဲအတွင်း အချိန်ဖြုန်းတီးမှုကို လျှော့ကျလာစေသလို ပွဲအရှိန်ကိုလည်း လျှော့ကျစေခြင်း မရှိပါဘူး။
မေဂျာလိဂ်ကတော့ ကစားသမားက ကွင်းအတွင်း ၁၅ စက္ကန့် လဲနေလျှင် ဆေးအဖွဲ့ ဝင်ရောက် ဆေးကုသတဲ့ စနစ်အား အသုံးပြုနေပါတယ်။
ဖီဖာဟာ ကစားသမားများအနေဖြင့် ဒဏ်ရာရဟန်ဆောင်ပြီး ဆေးကုသမှုခံယူကာ အချိန်ဖြုန်းတီးမှု ပြုလုပ်ကာ ပွဲအရှိန်လျှော့ချမှုများ ပပျောက်ရေးအတွက် ယခုကဲ့သို့ ကွင်းပြင်ပတွင် ၁ မိနစ်နေစေတဲ့ စနစ်အား အသုံးပြုရေး ကြိုးပမ်းအားထုတ်လာတာပါ။
တဖက်တွင် ယခုကဲ့သို့ ဖီဖာဘက်က ဒဏ်ရာကို ဆေးကုသမှု ပြုလုပ်ရတဲ့ ကစားသမားအား ကွင်းပြင်ပတွင် တစ်မိနစ် နေစေတဲ့စနစ် အသုံးပြုလာမှုနှင့်အတူ ကလပ်များဘက်ကလည်း စိုးရိမ်စိတ် ဖြစ်ပွားနေပါတယ်။
ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ဟာ နောက်ခံလူဒီလက် ဒဏ်ရာကြောင့် ကွင်းပြင်ပတွင် ရှိနေစဉ် တစ်ယောက်အလျှော့ဖြင့် ကစားရချိန်တွင် ဘရန့်ဖို့ဒ်အား ထောင့်ကန်ဘောမှ တဆင့် ဂိုးပေးခဲ့ရမှုအပေါ် အကြီးအကျယ် ပေါက်ကွဲခဲ့ကြပါတယ်။
ဖီဖာက ယခုကဲ့သို့ ဆေးကုသမှု ခံယူရတဲ့ ကစားသမားအား ကွင်းပြင်ပတွင် ၁ မိနစ် နေစေမှုကြောင့် ယင်းအသင်းမှာ ဆယ်ယောက်တည်းဖြင့် ကစားလာကာ ဂိုးပေးလာရနိုင်ခြေ ရှိမှုမှာ စိုးရိမ်စရာ ဖြစ်နေပါတယ်။
သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းမှုကြောင့် ယာဉ်မောင်းခွင့်ပိတ်ပင်ခံလာရတဲ့ ယူနိုက်တက်စတား
===================
ယူနိုက်တက်စတားလီနီယိုရိုဟာ အိမ်များနှင့် ကျောင်းတစ်ကျောင်းကို တစ်နာရီလျှင် ၇၂ မိုင်နှုန်းဖြင့် မောင်းနှင်ဖြတ်သန်းမှုနှင့်အတူ ယာဉ်မောင်းခွင့် ပိတ်ပင်ခြင်းခံလာရပါတယ်။
ယူနိုက်တက်ဗဟိုနောက်ခံလူဟာ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ပေါင် ၁၇၀၀၀၀ တန်ဖိုးရှိ Porsche Cayenne GTS ဖြင့် မောင်းနှင်စဉ် လုံခြုံရေးကင်မရာက မှတ်တမ်းရယူခြင်းခံခဲ့ရတာပါ။
တရားရုံးကြားနာမှုအရ အသက် ၂၀ နှစ်ရှိ ပြင်သစ်နောက်ခံလူဟာ တစ်နာရီလျှင် ၃၀ မိုင်နှုန်းဖြင့်သာ မောင်းနှင်နိုင်တဲ့ မန်ချက်စတာရှိ ဝစ်သင်တွန်တွင် မောင်းနှင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
တရားရုံးသို့ ယိုရို ကိုယ်တိုင် တက်ရောက်ခဲ့ခြင်း မရှိပေမယ့် သူ့လုပ်ရပ်အတွက် ရှေ့နေများက ကိုယ်စား တောင်းပန်မှု ပြုလုပ်ခဲ့ပါတယ်။
ယိုရိုရဲ့ ရှေ့နေများက ပြင်သစ်နောက်ခံလူမှာ သူငယ်ချင်းတစ်ဦးအား မီးရထားဘူတာတွင် သွားကြိုရန် အလျှင်လိုနေချိန်တွင် လမ်းရှင်းနေမှုကြောင့် အလျှင်အမြန် မောင်းနှင်ခဲ့မိခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။
ယိုရိုဘက်က ယာဉ်အလျှင်အမြန်မောင်းနှင်မိကြောင်း ဝန်ခံပေမယ့်လည်း တရားရုံးက ယာဉ်မောင်းခွင့် ၆ လပိတ်ပင်မှု ပြုလုပ်လာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် ယိုရိုဟာ ဒဏ်ငွေ ၆၆၆ ပေါင် ၊ တရားစရိတ် ပေါင် ၁၂၀၊ ထပ်ဆောင်းငွေ ပေါင် ၂၆၆ တို့လည်း ပေးလာရပါတယ်။
ယူနိုက်တက်တွင် Super Sub အဖြစ် ကစားနေရမှုအပေါ် ဆက်စ်ကို တုံ့ပြန်လာ
====================
ဘင်ဂျာမင်ဆက်စ်ကိုဟာ အဲဗာတန်အား အနိုင်ရတဲ့ပွဲတွင် ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား လူစားဝင်ရောက်လာကာ သွင်းယူပြီးနောက် မိုက်ကယ်ကာရစ်လက်အောက်တွင် Super Sub အဖြစ် ကစားနေရမှုနှင့်ပတ်သက်ပြီး သူ့ခံစားချက်အား ဖွင့်ဟ ပြောကြားလာပါတယ်။
ဆက်စ်ကိုဟာ Hill Dickinson တွင် လူစားဝင်ရောက်လာပြီးနောက် ယူနိုက်တက်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးအား သွင်းယူပေးခဲ့ပါတယ်။ ယူနိုက်တက်ဟာ ယင်းနိုင်ပွဲကြောင့် အဆင့် ၅ နေရာမှ ချဲလ်ဆီးကို ၃ မှတ်ဖြတ်ကာ အဆင့် ၄ နေရာတွင် ရပ်တည်လာပါတယ်။
ဆလိုဗေးနီးယားတိုက်စစ်မှူးဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယာယီနည်းပြဒါရင်းဖလက်ချာလက်အောက်တွင် ၂ ပွဲကစားခဲ့ရာမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူဟာ ယာယီနည်းပြသစ်မိုက်ကယ်ကာရစ်လက်အောက်တွင် တစ်ပွဲမျှ ပွဲထွက်ကစားခွင့် မရပေမယ့်လည်း အရန်အဖြစ် ၅ ပွဲဝင်ရောက်ကစားရာတွင် ၃ ဂိုးသွင်းယူကာ သူ့အရည်အချင်းအား ပြသထားနိုင်ပါတယ်။
ပေါင် ၇၄ သန်းတန်တိုက်စစ်မှူးဟာ ဖူလ်ဟမ်၊ ဝက်စ်ဟမ်း၊ အဲဗာတန်တို့နှင့်ပွဲများတွင် ဂိုးသွင်းကာ ဂိုးများသွင်းယူပြီး ယူနိုက်တက်အတွက် ရမှတ်များ ရယူပေးကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေး အခြေအနေကောင်းအောင် ကူညီထားပါတယ်။
အဲဗာတန်နိုင်ပွဲအပြီးတွင် ဆက်စ်ကိုက "ကျွန်တော့်အတွက် ဘယ်လိုပဲ ကစားရပါစေ အသင်းကို ကူညီနိုင်ဖို့က အရေးအကြီးဆုံးပါ။ ၅ မိနစ်ပဲ ကစားရ ကစားရ မိနစ် ၉၀ ပဲ ကစားရ ကစားရ ပြဿနာ မရှိပါဘူး။ အရေးကြီးတာက ကိုယ်လုပ်နိုင်တာကို လုပ်ပြနိုင်ဖို့ကပဲ အရေးကြီးပါတယ်။ ကျွန်တော်က ကိုယ့်ကိုယ်ကို ယုံကြည်သလို အခြားသူတွေကိုလည်း ယုံကြည်တယ်။ ကွင်းထဲသို့ ကျွန်တော် ဝင်လာတဲ့အချိန် သူတို့ ဘာလုပ်ရမလဲ သူတို့ သိပါတယ်။ သူတို့ လုပ်ပေးသမျှကို အဆုံးသတ်ဖို့က ကျွန်တော့်ကိစ္စပါ။။ ဒီနိုင်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးတယ်။ အရမ်း ခက်ခဲတယ်။ ကျွန်တော်တို့ တိုက်ပွဲဝင်နေတယ်။ ၅၀/၅၀ တိုက်ပွဲပါ။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်တို့ အနိုင်ရယူနိုင်ခဲ့တယ်"လို့ ပြောကြားသွားပါတယ်။
မေးရိုးကျိုးသွားတဲ့အပြင် သွားများကျိုးသွားတဲ့ ဒဏ်ရာအား ပရိသတ်များကို ရူဘင်လိုတပ်ဖ်ချက်ခ် ပြသလာ
==================
ရူဘင်လိုတပ်ဖ်ချက်ခ်ဟာ မေးရိုးကျိုးသွားတဲ့အပြင် သွားချောင်းအချို့ ကျိုးသွားတဲ့ ဆိုးရွားလှတဲ့ ဒဏ်ရာအား ပရိသတ်များကို ပြသလာပါတယ်။
အသက် ၃၀ နှစ်ရှိ ချဲလ်ဆီးအလယ်တန်းကစားသမားဟောင်းဟာ တနင်္ဂနွေနေ့တုန်းက ပါးမားနှင့် ပွဲစဉ်တွင် ဂိုးသမားနှင့် မတော်တဆခေါင်းချင်းဆောင့်မိရာမှ ဆိုးဆိုးရွားရွား ဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။
အေစီမီလန်အလယ်တန်းကစားသမားက "ဆိုးဆိုးရွားရွား ထိသွားတာ။ ဒါပေမယ့် ဆိုးရွားတာကို အတိတ်မှာ ထားခဲ့လိုက်ပါပြီ။ ပြီးခဲ့တဲ့ နာရီတွေမှာ ကျွန်တော့်ကို သေသေချာချာလေး ပရော်ဖက်ရှင်နယ်ဆန်ဆန်ဂရုစိုက်ပေးခဲ့ကြတဲ့ ဆေးဖက်ဆိုင်ရာဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ်။ ချစ်ခြင်းတွေနဲ့ အားပေးခဲ့ကြတဲ့ ပရိသတ်တွေရဲ့ ရေတွက်မရအောင်များပြားတဲ့ မက်ဆေ့ချ်အတွက်လည်း ကျေးဇူးတင်ပါတယ်။ သူတို့ကို ဖတ်ပါတယ်။ ဒါတွေက ခွန်အားဖြစ်စေပါတယ်။ ကစားဖော်တွေကိုလည်း ကျေးဇူးတင်တယ်။ အသင်းကိုရော မိသားစုကိုပါ ကျေးဇူးတင်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ရူဘင်လိုတပ်ဖ်ချက်ခ်ဟာ သွားများကို ထိန်းထားတဲ့ မေးရိုးအတွင်းအရိုးအက်သွားခဲ့တာ ဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူရပါမယ်။
သူဟာ ဂိုးသမားနှင့် ထိခိုက်မိပြီးနောက် ကွင်းအတွင်း လဲကျသွားကာ ချက်ချင်းပင် ဆေးရုံသို့ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ခဲ့ရပါတယ်။
သူဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၂ လခန့်အနားယူလာရဖို့ ရှိနေပြီး ဥရုဂွေး၊ ဂျပန်တို့နှင့်ခြေစမ်းပွဲအတွက် အင်္ဂလန်ရဲ့ စခန်းသွင်းလေ့ကျင့်မှုကို လွဲချော်လာဖို့ သေချာနေပါတယ်။
လက်ရှိအနေအထားအရ ရူဘင်လိုတပ်ဖ်ချက်ခ်အနေဖြင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွင် ပါဝင်ရေး အစွမ်းကုန် တိုက်ပွဲဝင်ရမယ့် အခြေအနေမှာ ရှိနေပြီ ဖြစ်ပါတယ်။
ဧပြီလတွင် ကစားရမယ့် အာဆင်နယ်နှင့် ပရီးမီးယားလိဂ်အဆုံးအဖြတ်ပွဲအား ပွဲပယ်ခံလာကာ မန်စီးတီးစတား လွဲချော်ရနိုင်ခြေရှိနေ
====================
မန်စီးတီးဟာ ဧပြီလတွင် အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်နှင့် ရင်ဆိုင်ကစားရမယ့် ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲစဉ်တွင် အရေးပါတဲ့ ကစားသမားတစ်ဦး မပါဝင်ဘဲ ရင်ဆိုင်လာရနိုင်တဲ့ အခြေအနေ ရှိနေပါတယ်။
ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးဟာ ထိပ်ဆုံးမှ အာဆင်နယ်နှင့် ရမှတ် ၅ မှတ်ကွာဟာ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
ဒီနှစ်သင်းဟာ လာမယ့် ဧပြီလမှာ ထိပ်တိုက်တွေ့ဆုံလာမှာ ဖြစ်ပြီး ယင်းပွဲက ပရီးမီးယားလိဂ်ဖလားအတွက် အဆုံးအဖြတ်ပွဲလည်း ဖြစ်လာနိုင်ပါတယ်။
မန်စီးတီးနည်းပြဂွါဒီယိုလာက ပရီးမီးယားလိဂ်လက်ကျန်ပွဲများတွင် အလှည့်အပြောင်းများစွာ ဖြစ်လာနိုင်ခြေ ရှိနေသေးကြောင်း ဆိုထားပါတယ်။
စပိန်လူမျိုနည်းပြက "ရာသီမသိမ်းခင် အများကြီး ဖြစ်လာဦးမယ်။ ကျွန်တော်တို့ လက်ကျန်ပွဲအားလုံးကို အနိုင်မရဘူးဆိုတဲ့ ခံစားချက် ရနေတယ်။ အာဆင်နယ်ကိုတော့ မသိပါဘူး။ ဒီခံစားချက် ဘာကြောင့် ရှိနေလဲဆိုတော့ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ပွဲတွေလည်း ကစားရဖို့ ရှိနေလို့ပါ။ ခက်ခဲလာပါမယ်။ ပွဲတွေ အများကြီး အများကြီး ကစားရမယ်။ ဒဏ်ရာတွေ ကြုံလာမယ်။ အကောင်းဆုံးနည်းလမ်းက အခုအချိန် စိတ်အေးလက်အေးထားပြီး လိဒ်ပွဲ အာရုံစိုက်ဖို့ပါ။ ပြီးတော့မှ ဘာဖြစ်လာမလဲ ကြည့်မယ်။ ကျွန်တော့်တို့အဆင့် အပေါ် မူတည်တယ်။ ပိုပြီး ပိုပြီးတော့လည်း ကောင်းနေဖို့ လိုတယ်"လို့ ပြောကြားသွားပါတယ်။
တဖက်တွင် မန်စီးတီးဟာ အသင်းခေါင်းဆောင်ဘာနာဒိုဆေးလ်ဗားမှာ ၂ ပွဲပယ်ပြစ်ဒဏ်ကျခံလာနိုင်ခြေရှိနေမှုနှင့်အတူ အာဆင်နယ်နှင့်ပွဲကို လွဲချော်လာနိုင်တဲ့ အခြေအနေနှင့် ကြုံနေရပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်မှာ အဝါကတ် ၈ ကတ်ပြသခြင်းခံထားရပြီး ဖြစ်ကာ နောက်ထပ် ၂ ဝါပြသခြင်းခံလာရပါက ၂ ပွဲပယ်ပြစ်ဒဏ်ကျခံလာရပါမယ်။
ယခုရာသီတွင် မန်စီးတီးရဲ့ ပရီးမီးယားလိဂ်ပွဲတိုင်းတွင် ပါဝင်ကစားထားတဲ့ ဘာနာဒိုဆေးလ်ဗားဟာ မန်စီးတီးနှင့်အတူ ပရီးမီးယားလိဂ်ဖလား ၆ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၄ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်ဆွတ်ခူးထားကာ မန်စီးတီးရဲ့ အအောင်မြင်ဆုံးကစားသမားများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။
မန်စီးတီးဟာ ဧပြီလ ၁၈ ရက်နေ့တွင် အီတီဟတ်ကွင်းတွင် အာဆင်နယ်ကို ဧည့်ခံကစားရပါမယ်။ မန်စီးတီးဟာ အာဆင်နယ်နှင့်ပွဲမတိုင်မီ လိဒ်၊ နော်တင်ဟမ်ဖောရက်စ်၊ ဝက်စ်ဟမ်း၊ ခရစ္စတယ်ပဲလေ့စ်၊ ချဲလ်ဆီးတို့နှင့် ရင်ဆိုင်ရပါမယ်။
ဘာနာဒိုဆေးလ်ဗားအနေဖြင့် အာဆင်နယ်နှင့်ပွဲအား ပွဲပယ်ပြစ်ဒဏ်ကျခံလာရနိုင်ခြေ ရှိမှုအား အစောပိုင်းပွဲများတွင် အဝါကတ်ပြသမှုများ ခံယူကာ ရှောင်လွဲလာခွင့်လည်း ရှိနေပါတယ်။
တဖက်တွင် မန်စီးတီးနှင့် အာဆင်နယ်တို့ဟာ မတ်လ ၂၂ ရက်နေ့တွင် ခါရာဘောင်ဖလားဗိုလ်လုပွဲလည်း ကစားရန် ရှိနေပါတယ်။
ပြင်သစ်စတားဂရက်ဇ်မန်းကို ခေါ်ယူရန် မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီး ဆွေးနွေးနေ
====================
အော်လန်ဒိုစီးတီးဟာ အက်သလက်တီကိုမက်ဒရစ်ရဲ့ အလယ်တန်းတိုက်စစ်သမားအန်တိုနီဂရက်ဇ်မန်းအား ခေါ်ယူရေး ဆွေးနွေးနေကြောင်း The Athletic ရဲ့ ဖော်ပြမှုအရ သိရပါတယ်။
ပြင်သစ်အသင်းခေါင်းဆောင်ဟောင်းဟာ မေဂျာလိဂ်ကလပ်များရဲ့ စိတ်ဝင်စားခြင်းခံလာရတာ ကြာမြင့်ပြီ ဖြစ်ပြီး ဖလိုရီဒါအခြေစိုက်ကလပ်မှာ မတ်လ ၂၆ ရက်နေ့ အဓိက အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ခေါ်ယူရေး ကြိုးပမ်းနေတာပါ။
အော်လန်ဒိုစီးတီးဟာ အားကစားဒါရိုက်တာရီကာဒိုပီရီရာအား စပိန်သို့ အကြိမ်ကြိမ် စေလွှတ်ကာ ပြင်သစ်သမိုင်းတွင် အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအား ခေါ်ယူရေး ဆွေးနွေးစေထားပြီး ဖြစ်ပါတယ်။
အသက် ၃၄ နှစ်ရှိ ဂရက်ဇ်မန်းဟာ အကောင်းဆုံးကာလကို ကျော်လွန်လာပြီလို့ ယူဆခြင်းခံရပေမယ့်လည်း အက်သလက်တီကိုတွင် အရေးပါတဲ့ ကစားသမားအဖြစ် ကစားနေဆဲ ဖြစ်ကာ လာလီဂါတွင် ၆ ဂိုးသွင်းထားပါတယ်။
ဂရက်ဇ်မန်းဟာ လာမယ့်ရာသီအကုန်တွင် အက်သလက်တီကိုနှင့် စာချုပ်သက်တမ်းကုန်ဆုံးမှာ ဖြစ်ပြီး မေဂျာလိဂ်သို့ သွားရောက်ကစားရန် ဆန္ဒရှိကြောင်း လူသိရှင်ကြား ပြောဆိုထားသူလည်း ဖြစ်ပါတယ်။
အင်တာမိုင်ယာမီကလည်း ဂရက်ဇ်မန်းကို ခေါ်ယူရေး စိတ်ဝင်စားနေပေမယ့်လည်း ၎င်းတို့မှာ Designated ကစားသမား ၃ ဦးခေါ်ယူထားပြီးဖြစ်ရာ ခေါ်ယူနိုင်ဖို့ မရှိတော့ပါဘူး။