ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဧပြီ ၂၃ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၇၀၃ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၄၉၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၀၉၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၄၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၇၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၀၁၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၉၇၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၇၀ ကျပ်
ဝယ်ဈေး - ၄၁၇၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၅၀၁၀ ကျပ်
ဝယ်ဈေး - ၄၈၈၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၂.၄၅ ကျပ်
ဝယ်ဈေး - ၁၂၉.၀၃ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၇၈ ကျပ်
ဝယ်ဈေး - ၁၀၅၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၇ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၈၃ ကျပ်
ဝယ်ဈေး - ၂၆.၁၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၆ ကျပ်
ဝယ်ဈေး - ၄၄.၄၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၉ ကျပ်
ဝယ်ဈေး - ၂.၈၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၈၀ ကျပ်
ဝယ်ဈေး - ၅၆၃၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၆၂ ကျပ်
ဝယ်ဈေး - ၂၉၈၃ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၃၂ ကျပ်
ဝယ်ဈေး - ၃၀၅၂ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၆ ကျပ်
ဝယ်ဈေး - ၅၃၂ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၆၅ ကျပ်
ဝယ်ဈေး - ၁၁၃၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
*************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

နှစ်သင်းလုံး ဂိုးသွင်းမယ်ဆိုပြီး ၁၄ ပွဲမောင်းလောင်းရာမှ ပေါင် ၁၆၀၀၀ အထိ ရရှိသွားတဲ့ Sky Bet မှ ကစားသမား
======================

Sky Bet ပရိသတ်တစ်ဦးဟာ နှစ်သင်းလုံး ဂိုးသွင်းမယ်ဆိုပြီး ၁၄ ပွဲ မောင်းအား ပေါင် ၂.၅၀ လောင်းကြေးထပ်ပြီး ပေါင် ၁၆၀၀၀ ကျော် ပိုင်ဆိုင်သွားခဲ့ပါတယ်။
ယင်းကစားသမားဟာ ဥရောပတလွှားမှ ပွဲများကို နှစ်သင်းလုံး ဂိုးသွင်းမယ်ဆိုပြီး လောင်းကြေးထပ်ခဲ့တာလည်း ဖြစ်ပါတယ်။
သူလောင်းကြေးထပ်ထားတဲ့အတိုင်း အံ့ဩသင့်စရာကောင်းအောင် နှစ်သင်းလုံး ဂိုးသွင်းလာမှုနှင့်အတူ ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲ ပိုင်ဆိုင်သွားခဲ့ပါတယ်။
သူ လောင်းကြေးထပ်ထားတဲ့ ပွဲ ၁၄ ပွဲမှာ ၅ ပွဲက ရင်ခုန်စရာပေးခဲ့ပါတယ်။ ယင်း ၅ ပွဲမှာ လောင်းကြေးကို အဆုံးအဖြတ်ပေးတဲ့ ဂိုးတွေက မိနစ် ၇၀ မှ ၈၃ မိနစ်အကြား သွင်းယူခဲ့ကြတာပါ။
ယင်းပရိသတ် လောင်းကြေးထပ်ခဲ့တဲ့ ပွဲတွေကတော့ ပီဆာနှင့် ဂျီနိုအာ၊ ဗီလီနှင့် ကိုပင်ဟေဂင်၊ အယ်ဘာစီတီနှင့် ဟူစကာ၊ ယူနီယံစိန့်ဂယ်လွိုက်စ်နှင့် ကလပ်ဘရုဂျက်၊ ဘီဆစ်အိတ်တော့ဖ်တာနှင့် တော်ရှက်ဗ်၊ အယ်ခမာနှင့် နီမီဂျန်၊ စပို့တင်းခရစ္စတယ်နှင့် ကာဂျာမာကာ၊ ဗိုင်ဆိုခီနာနှင့် ဇာဘရိုဂျိုကာ၊ အူရန်စီနှင့် လီယာတက်၊ ကိုရူဆိုနှင့် ရာယိုကန်ဘရီယာ၊ ရက်ဒီနက်ကီ ၁၉၂၃ နှင့် ပူအာတိုနူဗို၊ ဂျူနက်စ်ဆီဒီအက်ရှ်နှင့် ဆွစ်ဖ်ဟီစပီရန်ဂီတို့ရဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။

image

ကြက်တူရွေးရုပ်ထုဖြင့် ဘိုင်ယန်စတားများ အောင်ပွဲခံမှုရဲ့ နောက်ကွယ်မှ အကြောင်းရင်း
======================

ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာခဲ့ပြီဖြစ်ပေမယ့် ဆုဖလားနှင့်တော့ အောင်ပွဲခံနိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ဘိုင်ယန်မြူးနစ်ကစားသမားများဟာ စတုဂတ်အား အနိုင်ရပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဖြစ်လာချိန်မှာ ကြက်တူရွေးရုပ်ထုဖြင့် အောင်ပွဲခံခဲ့ကြပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ တနင်္ဂနွေနေ့တုန်းက Allianz Arena တွင် စတုဂတ်အား ၄-၂ ဖြင့် အနိုင်ရရှိပြီးနောက် ၃၅ ကြိမ်မြောက် ဘွန်ဒက်စ်လီဂါချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၃-၂၄ ရာသီတွင် လေဗာကူဆင် ချန်ပီယံဖြစ်သွားပြီးနောက် ဗင်းဆင့်ကွန်ပနီလက်အောက်တွင် ဘွန်ဒက်စ်လီဂါ ချန်ပီယံ ၂ ကြိမ်ဆက် ဖြစ်လာတာလည်း ဖြစ်ပါတယ်။
ဒါပေမယ့် ဘိုင်ယန်မြူးနစ်ဟာ ရာသီနောက်ဆုံးပွဲအထိ ဘွန်ဒက်စ်လီဂါဖလားကိုင်မြှောက်ရေး စောင့်ဆိုင်းရပါမယ်။
ဘိုင်ယန်မြူးနစ်ကစားသမားများဟာ ဘွန်ဒက်စ်လီဂါဖလားမကိုင်မြှောက်နိုင်ပေမယ့်လည်း စတုဂတ်နိုင်ပွဲအပြီးမှာတော့ ကြက်တူရွေးရုပ်ထုအား ကိုင်မြှောက်အောင်ပွဲခံခဲ့ကြပါတယ်။
The Athletic က ယင်းနောက်ကွယ်မှ အကြောင်းရင်းကို ဖော်ထုတ်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီကြက်တူရွေးရုပ်ထုဇာတ်လမ်းက ဗင်းဆင့်ကွန်ပနီလက်အောက် ပထမဆုံးဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးခဲ့တဲ့ ပြီးခဲ့တဲ့ရာသီတုန်းက စတင်ခဲ့တာပါ။
ဘိုင်ယန်မြူးနစ်အသင်းသားများဟာ လေဗာကူဆင်တို့ ဖရိုင်းဘတ်နှင့် ၂ ဂိုးစီသရေကျပြီး ဘွန်ဒက်စ်လီဂါဖလားချန်ပီယံဖြစ်ရန် သေချာသွားပြီးနောက် e Kaefer Tavern မှာ သီးသန့်အခန်းယူပြီး အောင်ပွဲခံခဲ့ကြပါတယ်။
ယင်းကြက်တူရွေးရုပ်ထုမှာ မိုက်ကယ်ကီဖာပိုင် Kaefer Tavern စားသောက်ဆိုင်ပိုင် ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်မှ အမည်မသိ အသင်းသားတစ်ဦးဟာ ယင်း ကြက်တူရွေးရုပ်ထုကို ယူဆောင်လာပြီးနောက် ဘယ်တော့မှ ပြန်မပေးခဲ့ပါဘူး။ ယင်းကြက်တူရွေးရုပ်ထုမှာလည်း ဘိုင်ယန်မြူးနစ်ရဲ့ ကံကောင်းခြင်းလာဘ်ကောင်ရုပ် ဖြစ်လာပါတယ်။
ဘိုင်ယန်မြူးနစ်ကစားသမားများဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကြက်တူရွေးရုပ်ထုဖြင့် ဘွန်ဒက်စ်လီဂါဖလား ချန်ပီယံအောင်ပွဲခံရမှာ အသုံးပြုခဲ့ကြသလို အမေရိကန်သို့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်စဉ်မှာလည်း ယူဆောင်သွားခဲ့ကြပါသေးတယ်။
ယခု ဘိုင်ယန်မြူးနစ်ကစားသမားများဟာ ကြက်တူရွေးရုပ်ထုကို ကိုင်မြှောက်ပြီး အောင်ပွဲခံသလို ကြက်တူရွေးရုပ်ထု ရုပ်ပုံပါ တီရှပ်ကိုလည်း ဝတ်ဆင်ခဲ့ကြပါသေးတယ်။
ဘိုင်ယန်မြူးနစ်ဟာ ယခုရာသီ သမိုင်းဝင် ဆုဖလား ၃ လုံး ဆွတ်ခူးနိုင်ရေးအဖြစ် ဂျာမန်ပိုကယ်ဖလားနှင့် ချန်ပီယံလိဂ်တို့တွင်လည်း ဆီမီးဖိုင်နယ်သို့ တက်ရောက်ထားနိုင်ပါသေးတယ်။

image

ချန်ပီယံလိဂ်ဝင်ခွင့်မရရှိလာပါက ဥရောပဝင်ခွင့်ပိတ်ပင်မှုခံယူလာဖို့ ရှိနေတဲ့ ချဲလ်ဆီး
=====================

ချဲလ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာပါက ဥရောပဝင်ခွင့် ပိတ်ပင်မှု ခံယူလာဖို့ ရှိနေကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ်ဟာ လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ၅ နေရာရရှိထားပြီး လက်ရှိအချိန်တွင် ချဲလ်ဆီးမှာ အမှတ်ပေးဇယားအဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။
ချဲလ်ဆီးဟာ အဆင့် ၅ နေရာမှ လီဗာပူးနှင့် ရမှတ် ၇ မှတ်အထိ ကွာဟနေသလို ၁ ပွဲလည်း ပိုကစားထားပါတယ်။ ၎င်းတို့ဟာ အဆင့် ၁၄ နေရာမှ နယူးကာဆယ်နှင့်လည်း ရမှတ် ၆ မှတ်တည်းသာ ကွာဟနေမှုနှင့်အတူ နောက်ပိုင်းပွဲစဉ်များတွင် အဆင့်များစွာ ကျဆင်းလာနိုင်ပါသေးတယ်။
ယင်းကဲ့သို့ အခြေအနေကြောင့် လီယမ်ရိုဆင်နီယာရဲ့ ချဲလ်ဆီးဟာ လာမယ့်ရာသီတွင် မည်သည့် ဥရောပဝင်ခွင့်မျှ မရရှိနိုင်တဲ့ အခြေအနေမျိုးတွင်လည်း ရှိနေပါတယ်။
နောက်ဆုံး ၈ ပွဲတွင် ၇ ပွဲအထိ ရှုံးနိမ့်ထားရာမှာ နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းနိုင်ခြင်း မရှိတဲ့ ချဲလ်ဆီးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်မရရှိလာပါက ပြီးခဲ့တဲ့နှစ်များအတွင်း ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုများအတွက် ဥရောပဝင်ခွင့် ပိတ်ပင်မှုခံယူကာ ပြစ်ဒဏ်များကို ချေဖျက်လာဖို့ ရှိနေပါတယ်။
ချဲလ်ဆီးဟာ ယူရိုပါလိဂ် (သို့မဟုတ်) ကွန်ဖရင့်လိဂ် ဝင်ခွင့် ရရှိလာမှသာလျှင် ဥရောပဝင်ခွင့် ပိတ်ပင်မှုခံယူပြီး ပြစ်ဒဏ်များကို ချေဖျက်လာနိုင်ပါတယ်။
ချဲလ်ဆီးဟာ ယူအီးအက်ဖ်အေရဲ့ ဘဏ္ဍာရေးစည်းမျဉ်းများကို အကြိမ်ကြိမ်ချိုးဖောက်မှုကြောင့် စောင့်ကြည့်စာရင်းတွင် ထည့်သွင်းခြင်းခံထားရတဲ့အသင်းလည်း ဖြစ်ပါတယ်။
ယခင်တုန်းက စီးရီးအေထိပ်သီးများဖြစ်ကြတဲ့ ဂျူဗင်တပ်နှင့် အေစီမီလန်တို့ဟာလည်း ချန်ပီယံလိဂ်ဝင်ခွင့် မရရှိလာချိန်တွင် ဥရောပဝင်ခွင့် ပိတ်ပင်မှုခံယူပြီး ပြစ်ဒဏ်များကို ချေဖျက်ခဲ့ဖူးပါတယ်။
တဖက်တွင် ချဲလ်ဆီးဟာ အဆင့် ၇ နေရာမှာ ရပ်တည်နေပေမယ့်လည်း ရာသီအကုန်တွင် အဆင့် ၆ နေရာမှာ ရပ်တည်ပြီး ဗီလာကလည်း ယူရိုပါလိဂ်ချန်ပီယံဖြစ်ပြီး အဆင့် ၅ နေရာတွင် ရပ်တည်လာပါက လာမယ့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်တဲ့အခွင့်အရေး ရှိနေပါသေးတယ်။

image

လာမယ့်ရာသီတွင် ဖခင်ဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုနှင့် တွဲကစားခွင့်ရလာဖို့ ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာ
=====================

ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ Al-Nassr ဘက်က လာမယ့်ရာသီတွင် ပထမအသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခွင့်ပေးရေး စဉ်းစားလာမှုနှင့်အတူ ဖခင်ဖြစ်သူနှင့် မဝေးတော့တဲ့ကာလအတွင်းတွင် အတူကစားခွင့်ရလာဖို့ ရှိနေပါတယ်။
အသက် ၄၁ နှစ်ရှိ ခရစ္စတီယာနိုရော်နယ်ဒိုဟာ တစ်နေ့တွင် ပရော်ဖက်ရှင်နယ်အဆင့်တွင် အကြီးဆုံးသားနှင့် တွဲကစားရေး ဆန္ဒရှိနေသူ ဖြစ်ပါတယ်။
ပေါ်တူဂီလူငယ်အသင်းကစားသမားဟာ ဖခင်ဖြစ်သူ ကစားခဲ့ရာ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်၊ ယူနိုက်တက်နှင့် Al-Nassr လူငယ်အသင်းတို့တွင် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။
ယနေ့ ထွက်ပေါ်လာတဲ့သတင်းအရ Al-Nassr ဟာ လာမယ့် ၂၀၂၆-၂၇ ရာသီတွင် ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာအား ပထမအသင်းသို့ ပို့ရန် အလေးအနက်ထား စဉ်းစားနေပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဂျူနီယာဟာ ဖခင်ဖြစ်သူကဲ့သို့ပင် တောင်ပံနှစ်ဖက်တွင် ကစားနိုင်စွမ်းရှိတဲ့အပြင် အလယ်တန်းတွင်လည်း ကစားနိုင်သူ ဖြစ်ပါတယ်။
ယခုနှစ် အစောပိုင်းတုန်းက အသက် ၁၆ နှစ်ရှိ ရော်နယ်ဒိုဂျူနီယာဟာ အနာဂတ်တွင် ရီးရဲလ်မက်ဒရစ်သို့ ပြောင်းနိုင်မယ့်အချက်ဖြင့် ရီးရဲလ်မက်ဒရစ်အကယ်ဒမီသို့ ပြောင်းခဲ့ကြောင်း သတင်းထွက်ခဲ့သူလည်း ဖြစ်ပါတယ်။
အမေရိကန်ဖွား ရော်နယ်ဒိုဂျူနီယာဟာ ပြီးခဲ့တဲ့နှစ်မေလမှ စတင်ကာ ပေါ်တူဂီလူငယ်အသင်းတွင် ပထမဆုံးဦးစွာ ရွေးချယ်ခြင်းခံရပြီးနောက် ပေါ်တူဂီလူငယ်အသင်းအဆင့်ဆင့်တွင် ကစားခွင့်ရနေပါတယ်။

image

လိဂ် ၁ ချန်ပီယံဖြစ်လာတဲ့ လင်ကွန်းစီးတီး
==============

လင်ကွန်းစီးတီးဟာ ဒွန်ကက်စတာကို ဘင်ဟောက်စ်ရဲ့ အနိုင်ဂိုး ၂ ဂိုးဖြင့် သက်တောင့်သက်သာ အနိုင်ယူကာ လိဂ် ၁ ချန်ပီယံဖြစ်လာပါတယ်။
တတိယတန်းချန်ပီယံနှင့် ဘင်ဟောက်စ်တို့ဟာ ယခုရာသီမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှု ရရှိနိုင်ခဲ့တာ ဖြစ်ပြီး ၂၇ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်းလည်း ရယူထားနိုင်ပါတယ်။
လင်ကွန်းဟာ ဒွန်ကက်စတာနှင့်ပွဲတွင် ပွဲချိန်မိနစ် ၂၀ မှာ ပင်နယ်တီရခဲ့ပေမယ့် ဂျက်မွိုင်လန်ရဲ့ ကန်ချက်ကို ရော့စထရစ်က ကာကွယ်သွားလို့ နစ်နာခဲ့ရပါတယ်။
ဒွန်ကက်စတာဂိုးသမားဟာ ဆွန်နီဘရက်ဒလေရဲ့ ခေါင်းတိုက်ချက်ကိုလည်း လက်စွမ်းပြကာကွယ်ခဲ့ပေမယ့် ၄၃ မိနစ်မှာတော့ ဘင်ဟောက်စ်ရဲ့ ဂိုးကို ခွင့်ပြုလာရပါတယ်။ ဒီဂိုးကြောင့် လင်ကွန်းဟာ ၂၉ ပွဲဆက် ဂိုးသွင်းနိုင်တဲ့ မှတ်တမ်းလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၇၂ မိနစ်မှာတော့ စထရစ်နဲ့ ဟာမားတို့ရဲ့ တွဲလုံးကနေ ဟောက်စ်က ခေါင်းအပြင်းတိုက်ကာ လင်ကွန်းတို့အတွက် အနိုင်သေချာစေမယ့် ဒုတိယဂိုးကို သွင်းယူပေးခဲ့ပါတယ်။

image

အာဆင်နယ်အား အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်သကဲ့သို့ အောင်ပွဲခံခဲ့တဲ့ မန်စီးတီးစတားများကို ဂွါဒီယိုလာ ကာကွယ်လာ
===================

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာ တနင်္ဂနွေနေ့တုန်းက အာဆင်နယ်အား အနိုင်ရတဲ့ပွဲအပြီးတွင် ချန်ပီယံဖြစ်သကဲ့သို့ အလွန်အကျွံအောင်ပွဲခံခဲ့ကြတဲ့ မန်စီးတီးကစားသမားများအား ဘောလုံးဝေဖန်သမားအချို့တို့က ဝေဖန်လာပြီးနောက် ကစားသမားများအနေဖြင့် ဆန္ဒရှိသကဲ့သို့ အောင်ပွဲခံနိုင်ကြောင်း ကာကွယ်ပြောဆိုလာပါတယ်။
မန်စီးတီးကစားသမားများဟာ အီတီဟတ်နိုင်ပွဲအပြီးတွင် အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။ ယူနိုက်တက်ဂန္ထဝင်တိုက်စစ်မှူးဝိန်းရွန်းနီက မန်စီးတီးရဲ့ အောင်ပွဲခံမှုက အနည်းငယ်စောနေသေးကြောင်း ပြောကြားခဲ့သလို လီဗာပူးကစားသမားဟောင်းမာဖီကလည်း အလွန်အကျွံဖြစ်လွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။
မန်စီးတီးဟာ အီတီဟတ်တွင် ၂-၁ ဖြင့် အနိုင်ရပြီးနောက် ထိပ်ဆုံးမှ အာဆင်နယ်နှင့် ၃ မှတ်အကွာသို့ ရောက်လာခဲ့ပါတယ်။ မန်စီးတီးဟာ ယနေ့ည ဘန်လေနှင့်ပွဲတွင် အနိုင်ရရှိလာပါက ဂိုးကွာခြားချက်ဖြင့် ဇယားထိပ်ဆုံးနေရာကို ရယူလာပါမယ်။
ဂွါဒီယိုလာက "ဒီပွဲကို ကြည့်ပြီး အရာအားလုံးရှိနေတဲ့ သူတို့ကို အနိုင်ရဖို့ ကျွန်တော်တို့ ချွေးနဲ့ သွေးနဲ့ တိုက်ယူခဲ့ရတာ။ သူတို့က ထိပ်တန်းအသင်းပါ။ ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်သလို ပရီးမီးယားလိဂ်ကိုလည်း ဦးဆောင်နေသူတွေပါ။ ကျွန်တော် ကွင်းဘေးစည်းမှာ ရှိနေတုန်းက အာဆင်နယ်ကစားတာ ကြည့်ခဲ့ရတယ်။ သူတို့ အရမ်းကောင်းတယ်"လို့ ပြောကြားသွားပါတယ်။
အီတီဟတ်ပွဲစဉ် ပွဲသိမ်းခရာမှုတ်ပြီးချိန်တွင် အာဆင်နယ်ကစားသမားတို့မှာ စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ကြပြီး မန်စီးတီးကစားသမားများကတော့ အဖိုးတန် ရမှတ်သုံးမှတ် ရယူနိုင်ပြီးနောက် ပရိသတ်များနှင့် အကြီးအကျယ်အောင်ပွဲခံခဲ့ကြပါတယ်။
မန်စီးတီးဂိုးသမားဒွန်နာရမ်မာမှာ ပွဲကြည့်စင်သို့ တက်သွားခဲ့သလို ဟာလန်းမှာလည်း အင်္ကျီချွတ်ကာ ကစားဖော်များနှင့်အတူ ကွင်းပတ်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။
မီခေးလ်အာတီတာရဲ့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် ရက်ပေါင်းနှစ်ရာကျော်ရပ်တည်ခဲ့တာ ဖြစ်ပြီး မန်စီးတီးကတော့ အဖွင့်ပွဲတွင် ဝုဗ်ကို ၄-၀ ဖြင့် အနိုင်ရပြီးနောက် ဇယားထိပ်ဆုံးမှာ ၆ ရက်တည်းသာ ရပ်တည်နိုင်ခဲ့တာပါ။
မန်စီးတီး ရင်ဆိုင်ရမယ့် ဘန်လေမှာ ယခုရာသီတွင် ၄ ပွဲတည်းသာ နိုင်ပွဲ ရထားပြီး ယနေ့ညတွင် ရှုံးနိမ့်ပါက ချန်ပီယံရှစ်သို့ တန်းဆင်းရပါမယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက "သူတို့ အောင်ပွဲခံချိန်မှာ လူတွေက သူတို့ ထင်သလို ပြောကြတယ်။ သူတို့ အောင်ပွဲခံတယ်ဆိုတာ ပြိုင်ဘက်ရဲ့ တန်ဖိုးကို သိလို့ပါ။ အနိုင်မရဘူးဆိုရင် သူတို့ ဘိုင့်ဘိုင်လို့ ပြောရုံပဲ ရှိတယ်။ သူတို့ အနိုင်ရခဲ့တယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်နေတုန်းပဲ။ ဘာလို့ အောင်ပွဲမခံသင့်တာလဲ ပြောစမ်းပါဦး။ ပြိုင်ဘက်ကို လေးစားသလို ပြိုင်ဘက်ပရိသတ်ကိုလည်း လေးစားတယ်။ ကိုယ့်ကြိုက်သလိုလည်း အောင်ပွဲခံတယ်။ ရာသီအကုန်အထိ အောင်ပွဲခံဖို့ စောင့်နေရမှာလား။ သွားစမ်းပါ။ ပွဲတစ်ပွဲချင်းစီတိုင်းက ပရိသတ်တွေအတွက်ပဲ၊ ဒီအခိုက်အတန့်မှာ ပျော်နေစမ်းလို့ သူတို့ကို ပြောထားတယ်။ ဒီအခိုက်အတန့်မှာ မရှင်သန်ရဘူးလား။ အနိုင်ရမှာပဲ တစ်ကြိမ်တည်းပဲ အောင်ပွဲခံရမှာလား။ ခင်ဗျားက အနိုင်မရတိုင်း ငိုနေတာလား။ လုပ်စမ်းပါ"လို့ ပြောကြားသွားပါတယ်။

image

Birmingham Phoenix ရဲ့ ရှယ်ယာကို ဝယ်ယူရင်းနှီးမြှပ်နှံမှု ပြုလုပ်လာတဲ့ ဘယ်လင်ဂမ်
==================

အင်္ဂလန်နှင့် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားဟာ Birmingham Phoenix ခရစ်ကတ်အသင်းရဲ့ ရှယ်ယာ ၁.၂ ရာခိုင်နှုန်းကို ဝယ်ယူ ရင်းနှီးမြှပ်နှံမှု ပြုလုပ်လာပါတယ်။
အိတ်ဘတွန်အခြေစိုက် ခရစ်ကတ်ကလပ်ဟာ အမေရိကန်ရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Knighthead Capital Management ပိုင် လက်ခွဲရှစ်ရာထဲမှ တစ်ခု ဖြစ်ပါတယ်။ ဘာမင်ဂမ်ကိုလည်း ပိုင်ဆိုင်တဲ့ Knighthead Capital Management ဟာ Birmingham Phoenix ရဲ့ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပေါင်သန်း ၄၀ ဖြင့် ဝယ်ယူထားပြီး Warwickshire က ၅၁ ရာခိုင်နှုန်းကို ပိုင်ဆို်ငထားပါတယ်။
ဘယ်လင်ဂမ်ဟာ အဖွဲ့တစ်ခုစီမှ ရှယ်ယာ ၀.၆ ရာခိုင်နှုန်းကို ဝယ်ယူလာခြင်းဖြစ်ရာ Warwickshire မှာ ၅၀.၄ ရာခိုင်နှုန်းကို ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
ဘယ်လင်ဂမ်ဟာ Birmingham Phoenix ရဲ့ ရှယ်ယာကို ပေါင် ၁ သန်းနီးပါးဖြင့် ဝယ်ယူခဲ့တာပါ။
အသက် ၂၂ နှစ်ရှိ ဘယ်လင်ဂမ်ဟာ ခရစ်ကတ်ပရိသတ်တစ်ဦးဖြစ်ပြီး ငယ်စဉ်တုန်းက ဝါဆက်စ်တာရှိင်းယားမှ Hagley Cricket Club တွင် ကစားခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက အင်တာဗျူးတစ်ခုတွင် ဘယ်လင်ဂမ်က အားကစားသမားတစ်ဦးနှင့် နေရာချင်း လဲလှယ်ရမည်ဆိုပါက အင်္ဂလန်အသင်းခေါင်းဆောင်ဘင်တော့ခ်နှင့် နေရာချင်းလဲမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။
ဂန္ထဝင်နေရှင်းဖွတ်ဘောလိဂ်ဘရာဒီမှာလည်း Knighthead Capital Management တွင် ရင်းနှီးမြှပ်နှံမှု ပြုလုပ်ထားပါတယ်။

image

ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ၁၀ နှစ်အကြာမှာ လိဂ် ၁ သို့ တန်းဆင်းလာရတဲ့ လက်စတာ
=====================

လက်စတာဟာ King Power တွင် ပရီးမီးယားလိဂ်သို့ တန်းတက်ရေး ကြိုးပမ်းနေတဲ့ ဟားလ်စီးတီးနှင့် သရေကျပြီးနောက် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီး ၁၀ နှစ်အကြာမှာပဲ လိဂ် ၁ သို့ တန်းဆင်းလိုက်ရပြီ ဖြစ်ပါတယ်။
လက်စတာဟာ ၂ နှစ်ဆက် တန်းဆင်းလာရတာ ဖြစ်ပြီး ကလပ်ရဲ့ ၁၄၂ နှစ် သမိုင်းတွင် ဒုတိယအကြိမ်မြောက် တတိယတန်းသို့ တန်းဆင်းလာရတာလည်း ဖြစ်ပါတယ်။
လက်စတာဟာ လိဂ် ၁ တွင် တစ်ရာသီကြာ ကျင်လည်ပြီး ၇ နှစ်အကြာ ၂၀၁၆ ခုနှစ်တုန်းက ဘွန်ကီဒိုင်လောင်းကြေးဖွင့်ကြေး ၅၀၀၀-၁ ရှိနေတဲ့ကြားမှ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီးနောက် ၁၀ နှစ်အကြာမှာ လိဂ် ၁ သို့ တန်းဆင်းလာရတာပါ။
လက်စတာဟာ ချန်ပီယံရှစ်တွင် ဆက်လက် ရှင်သန်ရေး မျှော်လင့်ချက် လင်းလက်လာစေရေးအတွက် ဟားလ်စီးတီးကို အနိုင်ရရှိရန် လိုအပ်နေခဲ့ပေမယ့်လည်း ပထမပိုင်းမှာ မီလ်လာရဲ့ ဂိုးကြောင့် နောက်က လိုက်ကစားခဲ့ရပါတယ်။
ဒုတိယပိုင်းတွင် ၂ မိနစ်အတွင်း သွင်းယူတဲ့ ဂျိမ်းစ်ရဲ့ ပင်နယ်တီ၊ သောမတ်စ်ရဲ့ ဂိုးတွေကြောင့် လက်စတာတို့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း မက်ဘန်နီရဲ့ ဂိုးကြောင့် ၂ ဂိုးစီသရေကျသွားခဲ့ပါတယ်။
လက်စတာဟာ ယခုရာသီမှာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် ရမှတ် ၆ မှတ်အထိ လျှော့ချခံထားရတာ ဖြစ်ပြီး တကယ်လို့များ အရေးယူခြင်းမခံရဘူးဆိုရင်တောင် တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်မယ့် အခြေအနေမှာ မရှိပါဘူး။

image