17 ပတ် - ဘာသာပြန်ပါ။

ဒီယွန် ဒဏ်ရာကြောင့် ၆ ပတ်ကြာ အနားယူလာရမှာ ဖြစ်လို့ ထိုးနှက်ချက် ကြုံလာရတဲ့ ဘာစီလိုနာ
====================
ဘာစီလိုနာနည်းပြဟန်ဆီဖလစ်ဟာ ပွဲကြပ်ကာလရောက်လာချိန်တွင် ကစားသမားအင်အားအပြည့်အဝ ရင်ဆိုင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

ဘာစီလိုနာဟာ အရေးပါတဲ့ ကွင်းလယ်ကစားသမားဖရန်ကီဒီယွန် ဒဏ်ရာကြောင့် ခြောက်ပတ်ကြာ အနားယူလာရမှုနှင့်အတူ သတင်းဆိုးကြုံလာရပါတယ်။

ဒတ်ချ်ကွင်းလယ်ကစားသမားဟာ လေ့ကျင့်ခန်းအစီအစဉ်တွင် သက်တောင့်သက်သာ မဖြစ်မှုကြောင့် နုတ်ထွက်လိုက်ပြီး ဆေးစစ်ဆေးမှု ခံယူချိန်မှာတော့ တံကောက်ကြောဒဏ်ရာရရှိနေကြောင်း တွေ့ရပါတယ်။

ဒီယွန်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ခြောက်ပတ်အထိ အနားယူလာရမှာလည်း ဖြစ်ပါတယ်။

ယခုကဲ့သို့ ဒီယွန် အနားယူလာရမှုနှင့်အတူ ဟန်ဆီဖလစ်အနေဖြင့် လာမယ့် လာလီဂါနှင့် ချန်ပီယံလိဂ်ပွဲစဉ်များအတွက် ကွင်းလယ်ဗျူဟာပိုင်း အပြောင်းအလဲတချို့ ပြုလုပ်လာရဦးမှာလည်း ဖြစ်ပါတယ်။

သူဟာ အက်သလက်တီကိုနှင့် ရင်ဆိုင်ရမယ့် ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အပြင် ပီအက်စ်ဂျီ (သို့မဟုတ်) နယူးကာဆယ်နှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရုံးထွက်အဆင့်ပွဲစဉ်များကိုလည်း လွဲလာပါမယ်။

ဒါ့အပြင် သူဟာ ဗီလာရီးရဲလ်၊ ဘီလ်ဘာအို၊ ဆီဗီလာ၊ ဗယ်လီကာနိုတို့နှင့် လာလီဂါပွဲစဉ်များကိုလည်း လွဲချော်လာပါမယ်။

image
17 ပတ် - ဘာသာပြန်ပါ။

အငြင်းပွားဖွယ် နိုင်ငံ အပြောင်းအလဲ ပြုလုပ်လာတဲ့ ဗြိတိန်သမိုင်းတွင် အသက်အငယ်ဆုံးစီနီယာကစားသမား
==================
ချဲလ်ဆီးအကယ်ဒမီကစားသမားနှင့် ဂလီနာဗွန်အလယ်တန်းကစားသမားခရစ်အေသာတွန်ဟာ မြောက်အိုင်ယာလန်နိုင်ငံသားအဖြစ်မှ အိုင်ယာလန်နိုင်ငံသားအဖြစ်သို့ ပြောင်းလဲလာပါတယ်။

အေသာတွန်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတုန်းက Lurgan Blues တွင် ကစားစဉ်အတွင်း အသက် ၁၃ နှစ်နှင့် ၃၂၉ ရက်ဖြင့် ပွဲကစားခွင့် ရရှိကာ ဗြိတိန်ဘောလုံးသမိုင်းတွင် အသက်အငယ်ဆုံး စီနီယာပွဲကစားခွင့် ရရှိသူအဖြစ် သမိုင်းမှတ်တိုင်စိုက်ထူခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ မြောက်အိုင်ယာလန်ယူ-၁၆ နှင့် ယူ-၁၇ တို့အတွက် ကစားဖူးသလို ၁ ဂိုးသွင်းထားပါတယ်။

အေသာတွန်ဟာ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ဂလီနာဗွန်မှ ချဲလ်ဆီးသို့ ပြောင်းရွှေ့ခဲ့ပြီး အောက်တိုဘာလတွင် ပရော်ဖက်ရှင်နယ်စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရကာ ယူ-၁၇ နှင့် ယူ-၁၈ တို့အတွက် ပုံမှန်ကစားခွင့်ရနေပါတယ်။

အသက် ၁၇ နှစ်ရှိ ကစားသမားဟာ ဂလီနာဗွန်အကယ်ဒမီသို့ အသက် ၄ နှစ်အရွယ်ကတည်းက ပြောင်းလာခဲ့သူဖြစ်ပြီး မြောက်အိုင်ယာလန်ကိုယ်စားပြုကာ ယူရို ၂၀၂၈ ပြိုင်ပွဲ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပခွင့် ရရှိရေး လူငယ်သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

သူဟာ ယခင်တုန်းက မြောက်အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ကစားရေးမှာ သူ့အိပ်မက် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပေမယ့်လည်း ယခုအခါမှာတော့ အိုင်ယာလန်နိုင်ငံသားအဖြစ် ပြောင်းလဲ ခံယူလာပြီလည်း ဖြစ်ပါတယ်။

image
17 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ပီအက်စ်ဂျီနှင့် ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်နှင့် မန်စီးတီး၊ နယူးကာဆယ်နှင့် ဘာစီလိုနာ တွေ့ဆုံ
====================
ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် မဲခွဲမှု ပြုလုပ်ရာ ချဲလ်ဆီးဟာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနှင့် ထိပ်တိုက်တွေ့ဆုံနေပြီး မန်စီးတီးမှာလည်း ပြိုင်ဘက်ဟောင်း ရီးရဲလ်မက်ဒရစ်နှင့် ရင်ဆိုင်တွေ့နေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ ပရီးမီးယားလိဂ်ကလပ် ၆ သင်းအထိ တက်ရောက်လာခဲ့ပေမယ့်လည်း အင်္ဂလိပ်အသင်းအချင်းချင်း တွေ့ဆုံမှု မရှိပါဘူး။

ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အာဆင်နယ်ကလည်း လေဗာကူဆင်နှင့် တွေ့ဆုံနေပါတယ်။

နူယူးကာဆယ်မှာ ဘာစီလိုနာနှင့်လည်းကောင်း၊ လီဗာပူးမှာ ဂါလာတာစာရေးနှင့်လည်းကောင်း၊ စပါးစ်မှာ အက်သလက်တီကိုမက်ဒရစ်နှင့်လည်းကောင်း တွေ့ဆုံနေပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်မှာ အတ္တလန္တာနှင့်လည်းကောင်း၊ ဘိုဒို/ဂလမ့်မှာ စပို့တင်းလစ္စဘွန်းနှင့်လည်းကောင်း ထိပ်တိုက်တွေ့နေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များကို မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်လည်းကောင်း ကစားပါမယ်။

နယူးကာဆယ်က ပထမအကျော့ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး ကျန်ပရီးမီးယားလိဂ်ကတော့ အဝေးကွင်းမှာ ကစားရပါမယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မေလ ၃၀ ရက်နေ့ စနေနေ့တွင် ဟန်ဂေရီနိုင်ငံ၊ ဘူဒါပတ်စ်ရှိ Puskas Arena တွင် ကစားသွားပါမယ်။

image
17 ပတ် - ဘာသာပြန်ပါ။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် လိုင်ယွန်နှင့် ဆဲလ်တာဗီဂို၊ ဗီလာနှင့် လိုင်လီ၊ ရိုးမားနှင့် ဘိုလော့ဂ်နာတို့ ထိပ်တိုက်တွေ့ဆုံနေ
===================
ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် မဲခွဲမှု ပြုလုပ်ခဲ့ရာ ဗီလာနှင့် လိုင်လီ၊ နော်တင်ဟမ်ဖောရက်စ်နှင့် မက်ဂျီလန်း၊ လိုင်ယွန်နှင့်ဆဲလ်တာဗီဂို၊ ရိုးမားနှင့် ဘိုလော့ဂ်နာတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ဗီလာမှာ ယူရိုပါလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်လာတာ ဖြစ်ပြီး နော်တင်ဟမ်ဖောရက်စ်ကတော့ ပလေးအော့ဖ်တွင် တူရကီထိပ်သီး ဖီနာဘာချီအား ကျော်ဖြတ်ကာ တက်ရောက်လာတာပါ။

ဗီလာနှင့် နော်တင်ဟမ်ဖောရက်စ်တို့ နှစ်သင်းလုံးဟာ ယခင်တုန်းက ဥရောပဖလားဆွတ်ခူးဖူးကြတဲ့အသင်းများ ဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် ယူရိုပါလိဂ်ဖလား ဆွတ်ခူးရေး ရေပန်းစားနေတဲ့အသင်းများတွင် ပါဝင်ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် အခြားပွဲစဉ်များတွင် ဘက်တစ်မှာ ပါနာသီနိုင်ကို့စ်နှင့်လည်းကောင်း၊ ပေါ်တိုမှာ စတုဂတ်နှင့်လည်းကောင်း၊ ဘရာဂါမှာ ဖီရန်ဗာရို့စ်နှင့်လည်းကောင်း၊ ဖရိုင်းဘတ်မှာ ဂျန့်နှင့် တွေ့ဆုံနေပါတယ်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် စိတ်ဝင်စားစရာအကောင်းဆုံးပွဲစဉ်အဖြစ် စီးရီးအေကလပ်များဖြစ်ကြတဲ့ ရိုးမားနှင့် ဘိုလော့ဂ်နာတို့လည်း ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်များကို မတ်လ ၁၃ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို မတ်လ ၂၀ ရက်နေ့တွင်လည်းကောင်း ကစားသွားပါမယ်။

image
17 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးနှင့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အား ဘက်ပေး လွဲချော်လာမည်ကို ရီးရဲလ်မက်ဒရစ် စိုးရိမ်နေရ
===================
ရီးရဲလ်မက်ဒရစ်ဒါရိုက်တာအီမီလီယိုဘူထရာဂူနိုက ကိုင်လီယန်ဘက်ပေးမှာ လာမယ့် မတ်လတွင် မန်စီးတီးနှင့် ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်များကို လွဲချော်လာမည်ကို စိုးရိမ်နေရကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်မဲခွဲမှု ပြုလုပ်ခဲ့ရာ နောက်ပိုင်းနှစ်များတွင် ဆုံတွေ့နေကြ မန်စီးတီးနှင့် ရင်ဆိုင်နေရပါတယ်။ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရဏ်တို့ဟာ ၂၀၁၉-၂၀ ရာသီနောက်ပိုင်းတွင် ၆ ကြိမ်ဆုံတွေ့ထားပြီး ဖြစ်ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာ အင်္ဂါနေ့တုန်းက ရီးရဲလ်မက်ဒရစ်ရဲ့ လေ့ကျင့်ခန်းအစီအစဉ်တွင် ဘယ်ဖက်ဒူးဒဏ်ရာရရှိကာ ဘင်ဖီကာနှင့် ချန်ပီယံလိဂ်ပလေးအော့ဖ်ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်ခဲ့ပါတယ်။

ပြင်သစ်စူပါစတားဟာ ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာရဲ့ တန်ပြန်တိုက်စစ်စနစ်တွင် အလွန်အရေးပါသူ ဖြစ်ပါတယ်။

လက်ရှိအချိန်တွင် ဘက်ပေးရဲ့ ဒဏ်ရာအတိမ်အနက်ကို မသိရသေးပေမယ့်လည်း ဘူထရာဂူနိုက "သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါသူ ဖြစ်လို့ မပြင်းထန်ဖို့ မျှော်လင့်နေပါတယ်။ အခု လောလောဆယ်တော့ မန်စီးတီးနဲ့ပွဲမှာ သူ ပါနိုင်မလား မသိသေးပါဘူး"လို့ ပြောကြားသွားပါတယ်။

မန်စီးတီးနှင့် နှစ်တိုင်းဆုံတွေ့နေမှုအပေါ် ဘူထရာဂူနိုက "ရာသီတိုင်း သူတို့နဲ့ ကစားရတာ ပျော်စရာပါ။ ကျုပ်အထင် ပြောရရင် ငါးရာသီဆက်တိုက်‌တွေ့တာပါ။ ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် ကောင်းကောင်း သိကြတယ်။ သူတို့မှာ ကြီးကျယ်တဲ့ အသင်းနဲ့ လူစာရင်း ရှိပါတယ်။ ဒီတော့ ဂွါဒီယိုလာအနေနဲ့ ဗျူဟာအများကြီး ရွေးနိုင်ပါတယ်။ ကျွန်တော်တို့ ပထမပွဲကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်လို့ ရလဒ်ကောင်းရထားဖို့ လိုပါတယ်။ ဒါမှသာ မန်ချက်စတာမှာ ကောင်းကောင်း ခုခံနိုင်ပါမယ်"လို့ ပြောကြားသွားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဖေဖော်ဝါရီ ၂၈ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၂၈၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၇၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၇၁၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၃၅၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၃၁၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၉၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၃၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၉၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၃၉၇၅ ကျပ်
ဝယ်ဈေး - ၃၈၇၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၄၀ ကျပ်
ဝယ်ဈေး - ၃၀၆၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၆၉၅ ကျပ်
ဝယ်ဈေး - ၄၅၈၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၁ ကျပ်
ဝယ်ဈေး - ၉၉၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၄၆ ကျပ်
ဝယ်ဈေး - ၂၅.၈၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၆၃ ကျပ်
ဝယ်ဈေး - ၄၂.၅၄ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၆၀ ကျပ်
ဝယ်ဈေး - ၅၂၂၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၂၇ ကျပ်
ဝယ်ဈေး - ၂၇၅၆ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၁၃ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၀၈ ကျပ်
ဝယ်ဈေး - ၄၉၅ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၈၂ ကျပ်
ဝယ်ဈေး - ၁၀၅၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
17 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

အတွဲတွေ ချစ်နေကြတာ‌တွေ မြင်တော့
ပြတ်စေချင်လိုက်တာ 🙂

image
17 ပတ် - ဘာသာပြန်ပါ။

နိုင်ငံခြားမှာ သန့်နေတာပဲဆိုပြီး အားကျနေတဲ့ ရွာကအဖွဲ့
နိုင်ငံခြားက မိမိ...⬇️

image

ငါ့ဘဝ😀

image