ဧရာဝတီအက်ဖ်စီအသင်း နောက်တန်းကစားသမား ဇွန်ယုယဦးကို ISPE FC ကာလတို အငှားစာချုပ်ဖြင့်ခေါ်ယူ

ဧရာဝတီအက်ဖ်စီအသင်း နောက်တန်းကစားသမား ဇွန်ယုယဦးကို ISPE FCအသင်းက ကာလတို အငှားစာချုပ်ဖြင့်ခေါ်ယူထားရှိကြောင်း သိရသည်။

ဇွန်ယုယဦးကို အသင်းနည်းပြ ဒေါ်စန်းစန်းသိန်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး၊ ISPE FC အမျိုးသမီးအသင်းအနေဖြင့် လာမည့် နိုဝင်ဘာ(၉)ရက်၌ အာရှအမျိုးသမီးချန်ပီယံလိဂ်ပြိုင်ပွဲအတွက် တောင်ကိုရီးယားကလပ် ဆူဝမ်အသင်းဖြင့် ယှဉ်ပြိုင်ကစားသွားကြရမည်ဖြစ်သည်။

ISPE အသင်းသည် ပြိုင်ပွဲအတွက် ပြည်တွင်းကလပ်ရှိ ကစားသမားအချို့နှင့် လက်ရွေးစင်အသင်းမှ ကစားသမားအချို့ကိုလည်း ကာလတိုစာချုပ်ဖြင့်ခေါ်ယူထားသည်။

image

စွယ်တော်မြတ်စေတီတော်(မန္တလေး)၏ ထီးတော်တင်လှူပွဲ‌ကို နိုဝင်ဘာလအတွင်း ကျင်းပသွားမည်

ငလျင်ကြောင့် ထိခိုက်ခဲ့သည့် စွယ်တော်မြတ်စေတီတော် (မန္တလေး)၏ ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ကို ပြင်ဆင်ပြီးဖြစ်သည့်အတွက် ယခုနိုဝင်ဘာလအတွင်း ထီးတော်တင်လှူပွဲ‌ကို ကျင်းပသွားမည်ဖြစ်ကြောင်း စွယ်တော်မြတ်စေတီတော် (မန္တလေး) ဂေါပကအဖွဲ့ရုံးမှ သိရသည်။

မတ်လ (၂၈) ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ရွှေထီးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့မှာ အနည်းငယ်ပျ-က်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ယခုအခါ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်ပြုပြင်မွမ်းမံမှုပြီးသည့်အတွက် နိုဝင်ဘာလအတွင်း ထီးတော်တင်လှူပွဲ‌ကို ကျင်းပသွားမည်ဖြစ်သည်ဟုဆိုသည်။

အဆိုပါ စွယ်တော်မြတ်စေတီတော်သည် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် တည်ရှိသည်။

image

အကြမ်းဖက်အဖွဲ့များမီးရှို့ဖျ-က်ဆီးခဲ့သည့် ပလူဇဝ တံတားကြမ်းခင်းအားပြန်လည်ပြင်ဆင်ပြီးဖြစ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မော်လိုက်မြို့တို့ကိုဆက်သွယ်ထားသည့် ကလေး-မော်လိုက်သွားကားလမ်းမပေါ်ရှိ ပလူဇဝတံတားကြမ်းခင်းအား အကြမ်းဖက်အဖွဲ့မှ အောက်တိုဘာ ၃၀ ရက်က မီးရှို့ဖျ-က်ဆီးခဲ့ကြကြောင်း သိရသည်။

အကြမ်းဖက်အဖွဲ့ဝင်များသည် အရှည်(၃၀၀)ပေ၊ အ ကျယ်(၁၈)ပေရှိ သံကူကွန်ကရစ်အမျိုးစား ပလူဇဝ တံတားအားမီးရှို့ဖျ-က်ဆီးခဲ့ကြသဖြင့် တံတား၏ တောင်ဘက်ခြမ်းကြမ်းခင်း(၁၀)ပေခန့် မီးလေ-ာင်ပျ-က်စီးခဲ့ရာ ဒေသခံများဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ အခက်အခဲများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များကပျ-က်စီးသွားသော ပလူဇဝ တံတားကြမ်းခင်းအားအမြန်ဆုံး ပြန်လည်ပြင်ဆင်ခဲ့ကြ၍ အောက်တိုဘာ ၃၁ ရက်တွင်ပြီးစီးခဲ့သဖြင့် ဒေသခံများနှင့် မော်တော်ယာဥ်များပုံမှန်အတိုင်း ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။

image

တိုင်ဖွန်းမုန်တိုင်း“ခန့်မေဂီ”မှပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၁၀)ခု၌ မိုးရွာသွန်းမှုများရှိလာမည်

တောင်တရုတ်ပင်လယ်ပြင်တွင်ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ခန့်မေဂီ”မှပြတ်ထွက်လာသော တိမ်တိုက်များကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၁၀)ခု၌ မိုးရွာသွန်းမှုများရှိလာမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၀ ရက်အတွင်း ရန်ကုန် တိုင်း၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တန င်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည် နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတို-က်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ်များဖြစ်ပေါ်နိုင်၍ ယင်းဒေသများရှိ ကုန်းမြင့်ဒေသအနီးနေထိုင်သူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးနေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားကြရန်လည်း မိုးဇလကအသိပေးခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့် ဆည်မြောင်းတာတမံများအနေဖြင့်လည်း လိုအပ်သည်များကိုကြိုတင်ပြင်ဆင်ထားကြရန်လည်း မိုးဇလကအသိပေးနှိုးဆော်ထားကြောင်း သိရသည်။

image

နမ္မတူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရိတ်သိမ်းနေဆဲစပါးခင်းများရေနစ်မြုပ်ပျ-က်စီး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်၌ နိုဝက်ဘာ ၁ ရက်မှ ယနေ့ နိုဝင်ဘာ ၅ ရက်အထိ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်ကာ မိုင်းရင်ကျေးရွာအုပ်စုရှိ နေအိမ်များနှင့် ရိတ်သိမ်းဆဲစပါးခင်းများအတွင်းသို့ ရေဝင်ရောက်မှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ရေဝင်ရောက်မှုများကြောင့် ရိတ်သိမ်းဆဲစပါးခင်းများနှစ်မြုပ်ကာပျ-က်စီးမှုများဖြစ်ပေါ်လျက်ရှိ၍ တာဝန်ရှိသူများက ပျ-က်စီးလယ်ဧကအရေအတွက်ကို စီစစ်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နမ္မတူမြို့တွင်း၌လည်း နမ္မတူချောင်းနှင့် နမ့်လချောင်းတို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေများမြင့်တက်လာသဖြင့် ချောင်းများအနီးရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုများဖြစ်ပေါ်နေ၍ ယင်းနေအိမ်များတွင်နေထိုင်သူများမှာ ရေဘေးလွတ်ကင်းရာသို့ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။ ဒေသခံအချို့သည် ဘေးလွတ်ရာနေရာများသို့ ခေတ်ပြောင်းရွှေ့နေရကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ္မတူချောင်းရေမြင့်တက်ကာ မိုင်းရင်ဒေသအတွင်းရှိ စပါးစိုက်ဧကအများအပြား ရေနှစ်မြုပ်ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည်။

image
13 w - Translate

ငါမသေချင်ဘူး
ဒါပေမယ့်..
ငါသေဖို့ တွေးနေရတယ်။
ဘဝဆိုတာ ဘာလဲ ငါမသိဘူး
ငါမသိတဲ့ ငါ့ဘဝအတွက်
ငါ့သမိုင်းငါလည်း ရေးနေရတယ်။
လောကကြီးအကြောင်း
ငါကိုယ်တိုင် နားမလည်ခင်မှာ
အတင်းအကြပ်နားလည်ခဲ့ရတယ်။
တစ်ခါတစ်လေ
ကိုရေမွန်ရဲ့ သီချင်းတွေ အော်ဆိုရင်း
တစ်ခါတစ်လေ တစ်ကောင်ထဲ ကြေကွဲနေရတယ်။
လူတွေပြောတဲ့ဟာသတွေကလည်း
ပျော်စရာမကောင်းတော့တဲ့အခါ
လူရွှင်တော်တွေလည်း ဘုံပျောက်ခဲ့ရတယ်။
နိုင်ငံမှာ ပျော်စရာမရှိတော့
မှိုင်တွေတွေနဲ့ ကဗျာဆရာဖြစ်ခဲ့ရ။
စာအုပ်တွေလည်း ဖတ်
ကိုယ်ပိုင် ဒိုင်ယာရီထဲ
ငါ့အကြောင်းငါချရေးရင်း
ငါဟာ ဘယ်သူဆိုတာ
မမေ့ဖိုးအရေး ကြံဖန်ရသေး။
နိုင်ငံရေးနဲ့ အချစ်ရေးကို
ရောထွေးမိတော့
ငါ့ကို ဝေဖန်သူက အများသား..၊
ခက်ပါရဲ့..ကြေကွဲစရာပဲ။
အချစ်မရှိပဲ မည်သူက ရှင်သန်နိုင်မည်လဲ။
ဘုရားသခင်အဟောကိုတော့
မလွန်ဆန်နိုင်ပါ
မေတ္တာပေးပြီးလည်း ပြန်မမျှော်လင့်ရဲပါ။
ဘဝပေးကံကြောင့်
သေချင်တာတောင် မင်းမိန့်ရှိမှ
သေခွင့်ရတော့ ငိုချင်စရာပဲ
အံ့ဩဖွယ်ရာ လူတွေက
တစ်နေ့ထပ် တစ်နေ့ ဆုတ်ယုတ်လာတော့
ငါ့ကိုယ်ငါတောင် ပြန်အော်ဂလီဆန်ရတယ်။
သစ္စာ၊ မေတ္တာတွေ မဲ့သွားတဲ့ ခေတ်ထဲ
ဖောက်ပြန်မှုတွေကြား
ကုန်းကောက်စရာ အချစ်မရှိတော့
မောင်လူအေး ရွှေရင်သွေးလေး
ဇောက်ထိုး မိုး‌မျှော်ဖြစ်ရပြန်ပြီ
ကုန်ဈေးနှုန်းက အဆမတန်
မိုးလောက်ကြီးထိ မြင့်နေမတော့
တို့လည်း ထမင်းကြမ်း ရေစိမ်
ကန်စွန်းရွက်ပြုတ်နဲ့
နှစ်ပါးသွားရပြန်တော့။
တက်သစ်စ စာရေးသူပေါက်စလေးတွေကို
ရိုက်ချပါသတဲ့ ဆိုပြီး
သတင်းထွက်လာသေး
ငါ့ကိုယ်ငါ ပြန်ငုံ့ကြည့်ရတယ်
ဪ..ငါက တက်သစ်စထဲကဟဆိုမှ
စိတ်အေးရ။
‌မေတ္တာစစ်ကို လိုချင်လွန်းပြန်တော့
ခွေးမွေး၊ ကြောင်မွေးနဲ့
ငါ့မှာ သံသရာကိုလည်လို့၊
ပျော်ပွဲ ရွှင်ပွဲတွေ သူသူကိုယ်ကိုယ်လုပ်ကြတော့
ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့
ဟိုမျှော် ဒီမျှော် ခွေးကလေးလို
လိုက်မျှော်လိုက်ရတာ
ငါတို့နေရာက မုန်တိုင်းတိုက်ပြီး
ရှင်သန်နေရတာ
သူတို့က နေရာကွက်ကြားနေသာနေတော့
ပြုံးနိုင် ပျော်နိုင်ပေါ့။ မထူးဆန်းပါဘူး။
ဒီလိုနဲ့ပဲ
သူတို့ သမိုင်းမဟုတ်တဲ့ ငါ့သမိုင်းဟာ
ပထမအပိုင်း ပြီးသွားရ။

-နော်ယာ

မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများဆွေးနွေး

မြန်မာအစိုးရနှင့် ကုလသမဂ္ဂအေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး၏အကြီးအကဲ Mr. Justin Brady တို့ ယနေ့ နိုဝင်ဘာ ၅ ရက်ကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံစဉ် အကူအညီလိုအပ်သည့် ပြည်သူများထံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးရေး၊ မြန်မာအစိုးရနှင့် ကုလသမဂ္ဂ အေဂျင်စီများကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

image

ခရီးသွားလုပ်ငန်းသည် နိုင်ငံများကိုချိတ်ဆက်ပေးပြီး မြန်မာနိုင်ငံသို့လာရောက်လည်ပတ်ရန် မြန်မာကောင်စစ်ဝန်ချုပ်ဖိတ်ခေါ်

​တရုတ်နိုင်ငံ၊ ချုံချင့်မြူနီစီပယ်မြို့တွင် ယနေ့ နိုဝင်ဘာ ၅ ရက်ကကျင်းပသော ၂၀၂၅ ချုံချင့်နိုင်ငံတကာ ခရီးသွားအေဂျင့်ကွန်ဖရင့်သို့ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းတက်ရောက်၍ အမှာစကားပြောကြားရာ၌ ခရီးသွားလုပ်ငန်း၏ အရေးပါပုံနှင့် မြန်မာ-ချုံချင့် ပူးပေါင်းဆောင်ရွက်မှုအလားအလာများကို အသားပေးပြောကြားခဲ့သည်။

​ကောင်စစ်ဝန်ချုပ်မှ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံများအတွက်အရေးကြီးကာ ခရီးသွားလုပ်ငန်းသည် နိုင်ငံများနှင့် ပြည်သူများကြားချိတ်ဆက်မှုကိုဖန်တီးပေးလျက်ရှိသည်ဟု ထောက်ပြပြော ဆိုပြီး ချုံချင့်မြို့၏ ရင်သပ်ရှုမောဖွယ်တောင်ကုန်းများ၊ မြူခိုးများနှင့် ရောင်စုံမီးအလှများဖြင့်တောက်ပနေသည့်ညမြင်ကွင်းများကို မြန်မာခရီးသွားများနှစ်သက်သည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွားအလားအလာများကို မီးမောင်းထိုးပြသည့်အနေဖြင့် ရွှေရောင်ဘုရားစေတီများ၊ သန့်ရှင်းလှပသည့် ကမ်းခြေများနှင့် ဖော်ရွေပျူငှာသည့်အပြုံးများနှင့်ပြည့်နှက်နေသော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ကမ္ဘာ့ခရီးသွားများကိုဖိတ်ခေါ်ခဲ့သည်။

" ခရီးသွားလုပ်ငန်းဟာ ခရီးသွားခြင်းတစ်ခုတည်းသာမက ချိတ်ဆက်မှု၊ နားလည်မှုနဲ့ မိတ်ဆွေဖွဲ့မှုတွေလည်း ပါဝင်နေပါတယ်။ ​မကြာသေးမီနှစ်တွေအတွင်းက မြန် မာ-ချုံချင့်ကြားပူးပေါင်းဆောင်ရွက်မှုဟာ ဆက်လက်တိုးတက်နေပါတယ်။ နှစ်ဦးနှစ်ဖက်ပိုမိုနီးကပ်တဲ့ ဆက်ဆံရေး၊ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူချင်း ဖလှယ်မှုတွေကိုမြှင့်တင်သွားပါမယ်။ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ မိတ်ဖက်ဆက်ဆံရေးအတွက် ပွင့်လင်းပြီး အလားအလာကောင်းတဲ့နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဒါ့ကြောင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေနဲ့ ခရီးသွားလာမှုနနဲ့ စီးပွားရေးလုပ်ငန်းတွေ လွယ်ကူချောမွေ့စေဖို့အတွက် ကူညီပေးဖို့အသင့်ရှိပါတယ်"ဟု ကောင်စစ်ဝန်ချုပ်က ပြောကြားခဲ့သည်။

​အဆိုပါ ကွန်ဖရင့်တွင် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်ရေးအတွက် ဗီဇာဝန်ဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲနှင့် လေ့လာရေးခရီးစဉ်များလည်း ပါဝင်သည်။

image

ပြည်မြို့ရှိ မြတ်စွယ်တော်အား ယနေ့ညတွင် စွယ်တော်တိုက်အတွင်းပြန်လည်ပင့်ဆောင်မည်

ရဟန်းရှင်လူများဖူးမြှော်ကြည်ညိုနိုင်ရန် ပဲခူးတိုင်း၊ ပြည်မြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်အား အောက်တိုဘာ ၃၁ ရက်မှစတင်၍ ဖွင့်လှစ်အပူဇော်ခံထားရှိရာမှ ယနေ့ နိုဝင်ဘာ ၆ ရက်ည ၈ နာရီတွင် စွယ်တော်တိုက်အတွင်းသို့ ပြန်လည်ပင့်ဆောင်တော်မူသွားမည်ဖြစ်သည်။

ဗုဒ္ဓမြတ်စွယ်တော်အား စွယ်တော်တိုက်သို့ပြန်လည်ပင့်ဆောင်ရာ၌ ရွေဆံတော်စေတီတော်မြတ်ကြီး ဩဝါဒါဆရာတော်ကြီးများ၏လမ်းညွှန်မှုခံယူ၍ တာဝန်ရှိသူများနှင့် ဂေါပကအဖွဲ့ဝင်များက ပင့်ဆောင်တော်မူသွားမည်ဖြစ်သည်။

image

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် UNOCHA အကြီးအကဲတို့တွေ့ဆုံ

ရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံအရေးအခင်းအကျင်းကိစ္စရပ်များဆွေးနွေး
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နှင့် ရန်ကုန်မြို့အခြေစိုက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညိနှိုင်းရေးရုံး(UNOCHA) ၏ အကြီးအကဲ Mr. Justin Brady တို့ ယမန်နေ့ က နေပြည်တော်၌ တွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံမှု၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများ၊နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပြည်တွင်းအဖွဲ့စည်းများပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးပြန်လည်ထူထောင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုပြင် ရွေးကောက်ပွဲ နှင့် ရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံရေးအခင်းအကျင်း တို့အပေါ်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

image