3 w - Translate

⬛ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဓားထောက်လုယက်သူနှစ်ဦးဟုယူဆရသူများကိုဖမ်းဆီးမိ
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ဝန်ထမ်းအမျိုးသမီးတစ်ဦးအား ဆိုင်ကယ်တား ၍ ဓားထောက်လုယက်ခဲ့သူနှစ်ဦးအားဖမ်းဆီးမိထားကြောင်း ယနေ့ (အောက်တိုဘာ ၁၆ ရက်)ထုတ်နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
လုယက်ခံရသူမှာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၈)မှ အသက်(၄၀) အရွယ်ရှိဝန်ထမ်းအမျိုးသမီးတစ်ဦးဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာ ၁၀ ရက်၊ ညနေ ၅ နာရီတွင် အဆိုပါရုံးမှ၎င်း‌၏နေအိမ်ရှိရာသို့ မန္တလေးလမ်းအတိုင်း ဆိုင်ကယ်ဖြင့်တစ်ဦးတည်းပြန်လာစဉ် ပုဗ္ဗသီရိမြို့နယ်၊ ကံလှကျေးရွာအနီး၊ ရာဇသင်္ဂဟအိမ်ရာ(၁)အနောက် အရောက်၌ အမည်မသိအမျိုးသားနှစ်ဦးမှ ဝန်ထမ်းအမျိုးသမီးဆိုင်ကယ်အရှေ့မှပိတ်ရပ်တားဆီးကာ ဓားဖြင့်ထောက်၍ လုယက်ခဲ့ခြင်းဖြစ်သည်။
လုယက်သူများသည် အမျိုးသမီးထံမှ SAMSUANG Note 10 Plus အမျိုးအစားလက်ကိုင်ဖုန်းတစ်လုံး၊ ပလက်တီနမ်ဆွဲကြိုးတစ်ကုံး၊ ကျပ်တစ်သိန်းခွဲခန့်၊ ဝန်ထမ်းကတ်များနှင့် ATM ကတ်များထည့်ထား သည့် လက်ကိုင်အိတ်တစ်လုံးတို့အား လုယက်သွားခဲ့ကြောင်းသိရသည်။
ယင်းလုယက်မှုနှင့်ပတ်သက်ပြီး အောက်တိုဘာ ၁၄ ရက်၊ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းအနီးလမ်းမပေါ်၌ လုယက်သူများဟုယူဆရသည့် ပျဉ်းမနားမြို့နယ်၊ ရန်အောင်(၂) ရပ်ကွက်တွင် နေထိုင်သူ ကောင်းစံဌေး (ခ) မြတ်သူအောင်နှင့် ကိုကိုထွန်း (ခ) မဲလုံးတို့ကို ကျူးလွန်စဉ် အသုံးပြုခဲ့သည့် ဆိုင်ကယ်တစ်စီးအပြင် လုယက်ယူဆောင်ခဲ့သည့် SAMSUANG Note 10 Plus လက်ကိုင်ဖုန်းတစ်လုံး၊ ငွေစက္ကူရောရာ ကျပ်တစ်သိန်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးအား ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်ပြစ်မှုများရှိ၊မရှိ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း၊ သိမ်းဆည်းရန်ကျန် သက်သေခံ ပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန
#ပြည်တွင်းသတင်း

image
3 w - Translate

⬛ရွှေ့ပြောင်းလုပ်သားများအား အသိအမှတ်ပြုကတ်ထုတ်ပေးမည့် အစီအစဉ် ထိုင်းအစိုးရရွှေ့ဆိုင်း
ထိုင်းနိုင်ငံအတွင်း တရားမဝင် ရောက်ရှိနေထိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင် နေထိုင်လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်)ပြုလုပ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက ယမန်နေ့ (အောက်တိုဘာ ၁၆ရက်)တွင် ထုတ်ပြန်သည်။
ထိလွယ်ရှလွယ်ဖြစ်နေသည့် လက်ရှိနယ်စပ်အခြေအနေများကြောင့် အလုပ်သမားပြဿနာကို ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းနိုင်ရေးအတွက် တရားမဝင်ရွှေ့ပြောင်းလုပ်သမားများအား မှတ်ပုံတင် ပြုလုပ်ပေးမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း မည်သည့် ကာလအထိ ရွှေ့ဆိုင်းလိုက်သည်ကို ဖော်ပြမထားပေ။
ထိုင်းအစိုးရသည် တရားမဝင်ရွှေ့ပြောင်းလုပ်သားများမှတ်ပုံတင်ခြင်း (ပန်းရောင်ကတ်ထုတ်ပေးခြင်း) လုပ်ငန်းစဉ်ကို အောက်တိုဘာ ၁၅ ရက်တွင် စတင်မည်ဟု ကြေညာထားပြီး အွန်လိုင်းမှတစ်ဆင့် အမည်စာရင်းပေးသွင်းနိုင်ရေးကိုပါ ပြင်ဆင်ခဲ့သော်လည်း ရုတ်တရက် ပြန်လည်ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်သည်။
နိုင်ငံခြားသားများ တရားမဝင်အနေအထားဖြင့် အလုပ်လုပ်ကိုင်ခွင့်ရရေးအတွက် ဆက်လက်နေထိုင်ခွင့်ပြုရေးသည် အထူးကိစ္စရပ်အဖြစ် အထောက်အကူပြုဥပဒေများ ပြဌာန်းရန်လိုအပ်ကြောင်း ထိုင်းအစိုးရအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ချက်ကဆိုသည်။
ယခုကဲ့သို့ ပန်းရောင်းကတ်ထုတ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ခြင်းကြောင့် အခြားအာဆီယံနိုင်ငံအချို့မှ နိုင်ငံသားများအပါအဝင် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများအတွက်လည်း ထိခိုက်မှုများ ရှိလာကြောင်း ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားအရေးဆောင်ရွက်နေသူများကပြောသည်။
ပန်းရောင်ကတ်အသစ်ထုတ်ပေးမည်ဟ ထိုင်းအစိုးရက ကြိုတင်ကြေညာထားခြင်းကြောင့် ပွဲစားများထံ အခကြေးငွေပေးကာ စောင့်ဆိုင်းနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားအများအပြား အခက်ကြုံရနိုင်ကြောင်း မြန်မာလုပ်သားများအရေးဆောင်ရွက်နေသည့် MHAC မဟာမိတ်အဖွဲ့ထံမှသိရသည်။
ပန်းရောင်ကတ်ထုတ်ပေးမည့် အစီအစဉ်ကို ရွှေ့ဆိုင်းကြောင်း ထိုင်းအစိုးရက ကြေညာသည့် ယမန်နေ့မှာပင် စာမွတ်စာခွန်ခရိုင် မဟာချိုင်နယ်မြေရှိ လူနေတိုက်တန်းလျားတစ်ခု၌ တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား ၁၃၁ဦးကို ထိုင်းရဲတပ်ဖွဲ့နှင့် လဝကဌာနတို့က လာရောက်ဖမ်းဆီးသွားကြောင်းလည်း သိရသည်။
“ထိုင်းလူမျိုးအရာရှိတစ်ဦးက ထိုင်းရဲတွေ၊ထိုင်းလဝကတွေလည်း မဖမ်းချင်ဘူးတဲ့၊ဒီလူတွေအကြွေးတွေနဲ့ တက်လာကြတာသိတယ်တဲ့။ သနားတယ်တဲ့။ ဒါပေမဲ့ သူတို့လူတင်ထားတဲ့ မြန်မာပွဲစားအချင်းချင်း အဝေမတည့်မနာလိုဖြစ်ပြီး ပွဲစားတစ်ဦးက နေရာအတိအကျနဲ့ထိုင်းလဝကမှာတိုင်လို့ မဖြစ်မနေဝင် ဖမ်းရတာတဲ့ ကျွန်တော့်ကိုသေချာရှင်းပြတယ်”ဟု ထိုင်းရောက်မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။
အဆိုပါ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ပန်းရောင်ကတ်လုပ်ခအပါအဝင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့အရောက် ပွဲစားခအဖြစ် တစ်ဦးလျှင် ကျပ်သိန်းရှစ်ဆယ်အထိ ပေးသွင်းကာ ရောက်ရှိနေသူများဖြစ်ကြောင်း သိရသည်။
“ဒီမနက်ပဲ လူးသစ်ဘတ်(ပန်းရောင်ကတ်)မရိုက်ဖြစ်ကြောင်းထုတ်ပြန်တယ်။ ဒီညနေ လူသစ်ဘတ်ရိုက်ဖို့ စောင့်နေတဲ့လူသစ်တွေကို ဝင်ဖမ်းတယ်” ဟု ၎င်းကယမန်နေ့ညနေပိုင်းတွင်ပြောသည်။
ထိုင်းအစိုးရသည် ၎င်းတို့နိုင်ငံအတွင်းဖမ်းမိသည့် တရားမဝင် ဝင်ရောက်လာသူများကို သက်ဆိုင်ရာ နိုင်ငံဆီ ပြန်လည်ပို့ဆောင်ခြင်းများပြုလုပ်လေ့ရှိပြီး ထိုင်းနိုင်ငံအတွင်း နည်းအမျိုးမျိုးဖြင့် ဝင်ရောက် အလုပ်လုပ်ကိုင်ရန်ကြိုးပမ်းသည့် မြန်မာနိုင်ငံသားရာချီ လစဉ်ဖမ်းဆီးခံနေရသည်။
သတင်း - စံတော်ချိန်ဒစ်ဂျစ်တယ်
ဓာတ်ပုံ- ထိုင်းအလုပ်သမား၀န်ကြီးဌာန
#ပြည်တွင်းသတင်း

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ပါကစ္စတန်နှင့် အာဖဂန်တို့ ၄၈ နာရီကြာ အပစ်ရပ်
ကဘူးလ်နှင့် ကန်ဒါဟာတို့ကို ပါကစ္စတန်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေစဉ်တွင် ပါကစ္စတန်နှင့် အာဖဂန်တို့အကြား ယာယီအပစ်အခတ်ရပ်စဲရန် သဘောတူလိုက် ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၅ ရက်တွင် ပြောသည်။
၄၈ နာရီကြာ အပစ်အခတ်ရပ်စဲရေးသည် အောက်တိုဘာ ၁၅ ရက်မွန်းလွဲ ၁ နာရီတွင် စတင်အသက် ဝင်မည်ဖြစ်ကြောင်း ပါကစ္စတန်ကပြောသည်။ပါကစ္စတန်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၁၂ ဦး သေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိသူက အစောပိုင်းတွင် ပြောသည်။
လွန်ခဲ့သည့် သီတင်းပတ်က အာဖဂန်နစ္စတန်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားပြီးကတည်းက နှစ်နိုင်ငံ ဆက်ဆံရေး ယိုယွင်းလာခဲ့သည်။ အာဖဂန်နယ်စပ်ရှိ စစ်သွေးကြွများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ ကြောင်း ပါကစ္စတန်ကထုတ်ဖော်ပြောဆိုထားသော်လည်း အာဖဂန်ကမူ စစ်သွေးကြွများမရှိဟုဆိုသည်။
ထို့နောက် ကဘူးလ်နှင့်ကန်ဒါဟာတွင် ပေါက်ကွဲမှုများ ဖြစ်ပွားပြီးနောက်တင်းမာမှုများ ပိုမိုမြင့်တက် ခဲ့သည်။ အပစ်ရပ်ကာလအတွင်း ရှုပ်ထွေးသည့်ပြဿနာကို အပြုသဘောဆောင်ဖြေရှင်းရန် စိတ်ရင်း မှန်ဖြင့် ကြိုးပမ်းသွားမည်ဟုပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
အာဖဂန်တပ်ဖွဲ့များအနေဖြင့် ပြည်ပကျူးကျော်တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိမချင်း အပစ်အခတ်ရပ်စဲ ရေးကို လေးစားလိုက်နာရန် ညွှန်ကြားထားကြောင်းတာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူက ထုတ်ဖော် ပြောကြားထားသည်။
ကိုးကား-ဘီဘီစီ

image

#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
⬛ဩဇာအကြီးဆုံးနိုင်ငံကူးလက်မှတ်အဖြစ် စင်ကာပူနိုင်ငံကူးလက်မှတ်ရပ်တည်နေဆဲဖြစ်
အမေရိကန်ပြည်ထောင်စု၏နိုင်ငံကူးလက်မှတ်သည် နှစ်ပေါင်း ၂၀အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်၁၀ခုစာရင်းမှ ဖယ်ထုတ်ခံခဲ့ရကြောင်း အောက်တိုဘာ ၁၅ ရက်သတင်းများတွင် ရေးသားတင်ပြထားသည်။
ဗြိတိန်အခြေစိုက် ဟင်နလေနိုင်ငံတကာ အတိုင်ပင်ခံအုပ်စုကထုတ်ပြန်ခဲ့သော ဟင်နလေနိုင်ငံကူး လက်မှတ် အညွှန်းကိန်း(၂၀၂၅)တွင်အမေရိကန်နိုင်ငံကူးလက်မှတ်မှာမလေးရှား နိုင်ငံကူးလက်မှတ်နှင့် အတူ အဆင့် (၁၂) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
အမေရိကန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအနေဖြင့်ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၂၂၇ခုအနက် ၁၈၀ သို့ ဗီဇာမဲ့ဝင်ရောက်ခွင့်ရှိသည်။
ဟင်နလေနိုင်ငံကူးလက်မှတ်အညွှန်းကိန်း(၂၀၂၅)တွင် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်နေသော နိုင်ငံကူးလက်မှတ်မှာ စင်ကာပူနိုင်ငံကူးလက်မှတ်ဖြစ်ပြီး ယင်းနိုင်ငံကူးလက်မှတ်ဖြင့် ကမ္ဘာ့နိုင်ငံနှင့်ဒေသပေါင်း ၁၉၃ခုဆီသို့ ဗီဇာမဲ့ဝင်ရောက်ခွင့်ရှိသည်။
ဒုတိယဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်မှာ နိုင်ငံနှင့်ဒေသ ၁၉၀သို့ ဗီဇာမဲ့ဝင်ရောက်နိုင်သော တောင်ကိုရီးယား နိုင်ငံကူးလက်မှတ်ဖြစ်ပြီးဂျပန်နိုင်ငံကူးလက်မှတ်မှာ ဗီဇာမဲ့ဝင်ရောက်နိုင်သော နိုင်ငံနှင့်ဒေသ၁၈၉ခုဖြင့် တတိယဩဇာအကြီးဆုံးနိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်လျက်ရှိသည်။
အမေရိကန် နိုင်ငံကူးလက်မှတ်သည် ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ဩဇာအကြီးဆုံး နိုင်ငံကူးလက်မှတ်အဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဩဇာအရှိန်အဝါ တဖြည်းဖြည်းကျဆင်းခဲ့သည်။
ကိုးကား-ရိုက်တာ

image

ငိုရတာ ပင်ပန်းတာပေါ့
ငါသိတယ်
ငိုလို့မရတော့တာ ပိုပင်ပန်းတဲ့အကြောင်း
မင်းကိုပြောပြချင်ပါသေးတယ်

အေးခဲမာကြော နေပေမယ့်
ပျော်ဖြစ်ဖို့ နေရောင် ကိုစောင့်နေတဲ့
ရေခဲကျောက်ဆောင်လို
ငါ .......

- Moriarty

ဘင်္ဂလားပင်လယ်အော်အခြေအနေ
====================
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့ မြန်မာစံတော်ချိန် ၀၉:၃၀ နာရီအချိန် ထုတ်ပြန်ချက်
--------------------------------------------------------------------------
ယနေ့မြန်မာစံတော်ချိန် ၀၈:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတွင် ၂၄-၁၀-၂၀၂၅ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခု ဖြစ်ပေါ် နိုင်သည်ဟု ခန့်မှန်းရပါသည်။

အင်္ဂလန်အသင်းအတွက် ၉ပွဲဆက်တိုက် ပေးဂိုးမပေးရအောင် စွမ်းဆောင်ပေးထားသည့် ဂိုးသမား ပစ်ဖတ်ဒ်

Credit Photo
#sbdsports

image

ပြည်တွင်းရွှေဈေး ကျပ် ၈၇ သိန်းအထိ ရောက်ရှိလာ

အောက်တိုဘာ ၁၇

ကမ္ဘာ့ရွှေဈေး ဆက်တိုက် မြင့်တက်နေမှုနဲ့အတူ လက်ရှိမှာ ပြည်တွင်း ရွှေဈေးဟာလည်း ကျပ် ၈၇ သိန်းဝန်းကျင်အထိ ရောက်ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေ‌ဈေးဟာ တအောင်စ ဒေါ်လာ ၄၂၀၀ ကျော်အထိ ရောက်ရှိနေတာဖြစ်ပြီး တပတ်အတွင်း တအောင်စ ဒေါ်လာ ၂၂၀ နီးပါး မြင့်တက်လာတာကို တွေ့ရပါတယ်။

ပြည်တွင်း ရွှေဈေးကတော့ လက်ရှိမှာ အခေါက်ရွှေ တကျပ်သား ၈၇ သိန်းဝန်းကျင်ကို ရောက်ရှိနေတာဖြစ်ပြီး တပတ်အတွင်း ကျပ် ငါးသိန်းကျော် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ရွှေလုပ်ငန်းရှင် တယောက်က “၈၇ ဖြစ်တယ် ဆိုတော့လည်း အန္တရာယ်လည်း ရှိတယ်ပေါ့။ ဖမ်းတယ်၊ စီးတယ်၊ ခေါ်စစ်ဆေးမယ် ဆိုတဲ့ သတင်းတွေလည်း တောက်လျှောက် ထွက်နေတော့လေ၊ အခြေအနေတွေကတော့ သိပ်မကောင်းဘူးပေါ့” လို့ ပြောပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးဟာ ခန့်မှန်းရ အလွန်ခက်နေပြီး ရံဖန်ရံခါ ပြန်လည် ထိုးကျတတ်တာမျိုးလည်း ရှိနိုင်သလို တောက်လျှောက် တက်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

ဒါအပြင် လက်ရှိမှာ အမေရိကန် ဒေါ်လာဈေးဟာလည်း ၄၀၀၀ စွန်းစွန်းလေးမှာ ငြိမ်သက်နေတယ်လို့ ပြောလို့ ရပေမယ့် ဈေးအနည်းငယ် ပြန်မာလာနေတယ်လို့ သူက ပြောပါတယ်။

“ဒီအချိန်မှာ ဒေါ်လာဈေးသာ ပြန်ထောင်တက်လာမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေးက မှန်းလို့ မရအောင်အထိ ဖြစ်သွားနိုင်တယ်။ လက်ရှိ ဒေါ်လာဈေး ငြိမ်နေတယ် ဆိုတာကတော့ သွင်းကုန်တွေ ကန့်သတ်ထားတာကြောင့်လည်း ပါမယ်။ ဟိုတလောက လုံးဝ ပိတ်လိုက်တုန်းကဆို ၄၀၀၀ အောက်တောင် ရောက်သွားသေးတယ်လေ။ အခုတော့ အကန့်အသတ်နဲ့ နည်းနည်းပါးပါး ပြန်ဖွင့်ပေးတော့ ၄၀၀၀ နည်းနည်းလေး ပြန်စွန်းလာတယ်။ အဲဒီလို ထိန်းချုပ်ထားတော့လည်း ငြိမ်နေတာပေါ့” လို့ သူက ပြောပါတယ်။

လက်ရှိ ပြည်တွင်းရွှေဈေး မြင့်တက်နေတာဟာ ကမ္ဘာ့ရွှေဈေးကြောင့်သာ ဖြစ်ပြီး ဒီအချိန် အမေရိကန်ဒေါ်လာဈေး ၅၀၀၀ ၊ ၆၀၀၀ အထိ ဈေးမာလာမယ် ဆိုရင်တော့ ပြည်တွင်းရွှေဈေး သိန်း ၁၀၀ အထက်ကို ရောက်ရှိသွားနိုင်တယ်လို့ သူက ပြောပါတယ်။

ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူတွေကတော့ လက်ရှိမှာ ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းဖို့ ဆိုတာဟာ ဒေါ်လာဈေးလောက် မရိုးရှင်းဘဲ မြန်မာနိုင်ငံအတွင်းမှာ ကမ္ဘာ့ရွှေဈေးကို ဆွဲချနိုင်သူ မရှိသေးဘူးလို့ ပြောပါတယ်။

“မြန်မာပြည်မှာ တချို့တွေက ရွှေဈေး ပြန်ကျမယ်လို့ ခန့်မှန်းကြတယ်။ မနှစ်က ၈၀ ကျော်အထိတက်ပြီး ၆၅ လောက်အထိ ပြန်ကျတာကို အမှတ်တရ ဖြစ်နေကြတယ်။ သူတို့ သတိမထားမိတာက ခုချိန် ပြည်တွင်းရွှေဈေး တက်တာက ဒေါ်လာနဲ့ လုံးဝ မဆိုင်ဘူး။ ကမ္ဘာ့ရွှေကြောင့် တက်နေတာ။ လက်ရှိ ကမ္ဘာ့အရေး မငြိမ်သေးတာတွေကြောင့် ရေရှည်မှာလည်း အတက်ဘက်ကို တက်သွားနိုင်ခြေ ရှိနေတယ်။ အဲဒီတော့ ဒီအချိန်မှာ ရောင်းတာထက် ဝယ်တာကို ပိုပြီး ဦးစားပေး လုပ်သင့်တယ်” လို့ ရွှေဈေးကွက် လေ့လာ စောင့်ကြည့်သူ တယောက်က ပြောပါတယ်။

ရွှေလုပ်ငန်းရှင် အများစုကတော့ လက်ရှိ ရွှေဈေးနှုန်း ဆက်တိုက်ဆိုသလို မြင့်တက်နေတာတွေကြောင့် အဖမ်းအစီးတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကြိုတင် တိမ်းရှောင်နေကြတဲ့ သူတွေလည်း ရှိနေပြီး ဈေးကွက်အတွင်းမှာလည်း အရောင်းအဝယ် အခြေအနေတွေက မရှိသလောက် နည်းပါးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

“အခုက ခေါ်ယူမေးမြန်းမယ် ဆိုတဲ့ သတင်းတွေတော့ ထွက်နေတယ်။ ခေါ်ခံရတာတော့ မရှိသေးဘူး။ ဟိုးအရင်တုန်းက မေးမြန်းခံနေရတယ် ဆိုတဲ့ သူတွေလည်း အခုအချိန်အထိ နှစ်ပတ်တခါ လက်မှတ် သွားထိုးနေရတုန်းပဲ။ သူတို့တွေလည်း ခုထိ မလွတ်သေးဘူး။ သူတို့ကို လွန်ခဲ့တဲ့ တနှစ်‌လောက်တောင် ရှိပြီလားမသိပါဘူး၊ နှစ်လ၊ သုံးလလောက် ခေါ်ထားပြီး စစ်ဆေးတယ်လေ။ အဲဒီလို စစ်ဆေးပြီး ပြန်လွှတ်လိုက်တဲ့ အချိန်ကစပြီး နှစ်ပတ်တခါ ရုံးမှာ လက်မှတ် လာထိုးခိုင်းထားတာ အခုထိပဲ။ ခံဝန်ကတိ သဘောမျိုးလို့ပဲ ပြောရမှာပေါ့” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိ ပြင်ပ ရွှေဈေးကွက်အတွင်း ကမ္ဘာ့ဈေးနဲ့အတူ ရွှေဈေးနှုန်းတွေ ပြောင်းလဲ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေအသင်း (YGEA) ရဲ့ ရည်ညွှန်းဈေးကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့ကနေ ဒီကနေ့ အောက်တိုဘာ ၁၆ ရက်အထိ ကျပ် ငါးဆယ့်ကိုးသိန်း ကိုးသောင်းဝန်းကျင်မှာ မပြောင်းမလဲ ရှိနေဆဲ ဖြစ်ပါတယ်။

Photo - CJ

Credit - Voice of Myanmar News Agency

#centralnewsnaypyitaw

image

သီပေါကို နလအတပ်ဖွဲ့ ပြန်လည် ဝင်ရောက်လာ

အောက်တိုဘာလ ၁၇

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းက နလအ တပ်ဖွဲ့ ပြန်လည် ဝင်ရောက်လာပြီ ဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"စစ်တပ် သီပေါ မြို့ထဲ ဝင်ပြီ။ ည ၈ နာရီဝန်းကျင်လောက်က စစ်တပ် ဝင်လာတာ သေချာတယ်ဆိုတာ သိရတာ" လို့ သီပေါ မြို့ခံ တယောက်က ပြောပါတယ်။

ညနေပိုင်း ၃ နာရီခွဲ ဝန်းကျင်ခန့်မှာ ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး၊ စိုက်ပျိုးရေးရုံး၊ ထောင်ကြီး‌ေတွကို Mask တပ်ထားတဲ့ အရပ်ဝတ်လူ လေးယောက် မီးလိုက်ရှို့တာမြင်ရပြီး‌ေနာက် နာရီဝက်ခန့် မီးလောင်ကာ မိုးရွာလို့ မီးပြန်ငြိမ်းသွားခဲ့တယ်လို့ သူက ပြောပါတယ်။

ဟိုတယ်သီပေါမှာတော့ လက်နက်ကြီး ကျည်ထိမှန်တယ်လို့ ယူဆရကာ ည ၈ နာရီ ဝန်းကျင်ထိ မီးလောင်နေတာတွေ့ရတယ်လို့ သူက ပြောပါတယ်။

နလအနဲ့ နီးစပ်သူ တယာက်ကတော့ ကျောက်မဲမြို့ကို သိမ်းယူပြီး ၁၆ ရက်အကြာမှာ သီပေါမြို့ကို ရရှိကြောင်း ဆိုရှယ်မီဒီယာမှာ ရေးသားထားပါတယ်။

သီပေါမြို့ကနေ TNLA တပ်ဖွဲ့တွေ သီပေါ - မိုးတေ - နမ္မတူ လမ်းအတိုင်း အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီကျော်ခန့်က ဆုတ်ခွာသွားကြောင်း တပ်ထောက်ခံ သူတယောက်ကလည်း လူမှုကွန်ယက်မှာ ရေသားထားပါတယ်။

သီပေါမြို့အဝင်နနဲ့ ဖာဖိတ်ကျေးရွာအနီး အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လယ် ၁၁ နာရီကျော်ခန့်ကစ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး သီပေါမြို့တွင်းရှိ ယခင်စစ်ကောင်စီ ရုံးအချို့ မီးလောင်ကျွမ်းကာ ညနေပိုင်းထိ လက်နက်သံများ ဆက်ကြားရကြောင်း၊ မီးလောင်မှုကြောင့် ပျက်စီးမှုအတိအကျ မသိရသေးကြောင်း SSPP ဘက်က သတင်းထုတ်ထားပါတယ်။

နလအ စစ်ကြောင်းတွေသီပေါမြို့နဲ့ အနီးတဝိုက်ကို ပြန်လည်သိမ်းပိုက်ရရှိဖို့ ဆောင်ရွက်နေချိန် အောက်တိုဘာလ ၁၆ ရက်နေ့ ညနေပိုင်းမှာ သီပေါမြို့အဝင် Toll Gate ကို ရောက်ရှိချိန် မြို့တွင်း မီးခိုးလုံးတွေတွေ့ရှိ တာကြောင့် မြို့တွင်းထဲ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သတင်းနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ထားပါတယ်။

သီပေါမြို့အတွင်းရှိ ဌာနဆိုင်ရာအဆောက်အအုံ‌ေတွ ဖြစ်တဲ့ အကျဉ်းဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံး၊ သီပေါဟိုတယ်အပါအဝင် အခြားဌာနဆိုင်ရာအဆောက်အအုံတွေနဲ့ နေအိမ်တွေကို TNLA၊ DPLA ၊ PDF အဖွဲ့တွေက မီးရှို့ထွက်ပြေးသွားကြောင်း သိရှိရတယ် လို့လည်း ဖော်ပြထားပါတယ်။

နလအစစ်ကြောင်းတွေက အခြားအဆောက်အအုံတွေ မီးကူး စက်မှုမရှိစေရေး၊ မီးငြှိမ်းသတ်နိုင်ရေးနဲ့ လိုအပ်တဲ့ နယ်မြေလုံခြုံရေး ဆက်လုပ်နေကြောင်းလည်း ဖော်ပြထားပါတယ်။

TNLA ထိန်းချုပိထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက် နေ့မှာ နလအ တပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချိုမြို့ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၆ ရက်နေ့က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Photo Crd ဒေသခံ

Credit - Voice of Myanmar

#သတင်းဟင်းလေးအိုးကြီး

image

ကိုယ့်အခြေအနေ ကိုယ်သိရမယ်
~~~~~~~~~~~~~~~~~~~~~
#ကိုယ်ခံစားရတာ သူသိပါ့မလားလို့ တွေးမနေနဲ့။ သေချာတယ်မသိဘူး။ စိတ်လည်းမဝင်စားဘူး။ လူဆိုတဲ့ သတ္တဝါက ကိုယ့်အရေးပဲ ကိုယ်စိတ်ဝင်စားတတ်တယ်။ သူများအရေး စိတ်ဝင်စားတယ်ဆိုရင်လည်း ကိုယ့်အရေးနဲ့ ဆက်စပ်နေလို့ပဲ။ သိတယ်ဆိုဦးတော့ ကိုယ်ခံစားတာ သူခံစားရတာ မဟုတ်တဲ့အတွက် ဒီလောက်ကြီး နားလည်နိုင်မှာ မဟုတ်ဘူး။ ထပ်တူခံစားပေးနိုင်မှာ မဟုတ်ဘူး။
#ဒီတော့ ကိုယ့်ဝေဒနာ ကိုယ်အဖြေရှာဖို့ပဲရှိတယ်။ ကိုယ့်ခံစားချက် ကိုယ်ပဲချေဖျက်ရမယ်။ ကိုယ့်ဝေဒနာအတွက် သူ့ကိုထည့်တွက်နေရင် ခံစားချက်ကမလျော့ဘဲ ထပ်တိုးနေတတ်တယ်။ မျှော်လင့်နေမိတာကိုက ကိုယ့်အမှားပဲလေ။ ဝေဒနာထပ်တိုးတယ်ဆိုတာလည်း အဲဒီမျှော်လင့်စိတ်ကြောင့်ပဲ။ ဒီစိတ်ကို လျှော့ချလိုက်တာနဲ့ ကိုယ့်ခံစားချက်က အလိုလိုသက်သာသွားတော့တယ်။ လက်တွေ့လျှော့နိုင်အောင်တော့ ကြိုးစားရမှာပေါ့။
#ဆိုလိုတာက ကိုယ့်ပြဿနာ ကိုယ်ဖြေရှင်းတတ်ဖို့ပါပဲ။ ကိုယ့်ခံစားချက်ကို ကိုယ်ကိုယ်တိုင်ပဲ လျှော့ချကြည့်ဖို့ပါပဲ။ "ငါ့ကိုပစ်ထားတယ်"ဆိုတဲ့ အဲဒီအတွေးကိုက ကိုယ့်စိတ်ကိုလေးစေတာ၊ ခံစားစေတာဖြစ်တဲ့အတွက် အဲဒီစိတ်အတွေးကို အရင်ဘေးဖယ်ကြည့်ဖို့ပါပဲ။ "ဘယ်သူမှမရှိလည်း ဖြစ်တယ်"ဆိုတဲ့ စိတ်ဓာတ်ခွန်အား တိုးပွားအောင်ကြိုးစားကြည့်ဖို့ပါပဲ။ ဘဝခရီးသာ အတူလျှောက်လို့ရပေမယ့် သံသရာခရီကတော့ ကိုယ့်လမ်းကိုယ်လျှောက်ရမှာ မဟုတ်လား။
#တအားကြီး မတွေးနဲ့ တအားကြီးလေးနေလိမ့်မယ်။
#အများကြီးမမျှော်နဲ့ အများကြီးချော်နေလိမ့်မယ်။
#အကြာကြီးမခံစားနဲ့ ဘဝခရီးအမှန်သွားရဦးမယ်လေ။
မေတ္တာဖြင့်
#မနာပ_ဒါယီ_ကိုရီးယားဆရာတော်_အရှင်ဝိစိတ္တ