မော်လမြိုင်-ရန်ကုန်သွားကားလမ်းတွင် ခရီးသည်တင်ကားမီးလေ-ာင်ခဲ့မှု ဘီးလင်းမြို့နယ်တွင်ဖြစ်ပွား

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ မော်လမြိုင်-ရန်ကုန်သွားကားလမ်းပေါ်၌ ယနေ့ ဧပြီ ၂၉ ရက်မွန်းတည့် ၁၂ နာရီ ၄၀ မိနစ်ခန့်က ခရီးသည်တင်ကားမီးလေ-ာင်မှုဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့ထံမှ သိရသည်။
ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ မော်လမြိုင်-ရန်ကုန်သွား ပြည်ထောင်စုကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၆၆/၅ နှင့် ၆၆/၆ ကြားတွင် ခရီးသည်တင်ကား (၁) စီး မီးလေ-ာင်မှုဖြစ်ပွားရာ ဘီးလင်းမြို့နယ် မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များကငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၁ နာရီတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

image

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀) ခန့် မီးဘေးသင့်ခဲ့ရသော ဖျာပုံမြို့နယ်မှ မီးလေ-ာင်မှု

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်တွင် ယနေ့ ဧပြီ ၂၉ ရက်နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်ဆယ်ချီပျ-က်စီးဆုံးရှုံးပြီး လူဦးရေ (၃၅၀) ခန့် မီးဘေးသင့်ခဲ့ရသော မီးလေ-ာင်မှုဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ ချောင်းဝကျေးရွာရှိ နေအိမ်တစ်လုံးတွင် မီးဖိုခန်းမီးဖို၏ မီးကြွင်းမီးကျန်မှနေအိမ်ထံရံကို မီးကူးစက်ပြီးမီးစတင်လေ-ာင်ကျွမ်းခဲ့ရာ ဖျာပုံခရိုင်မီးသ-တ်စခန်း၊ ကျုံကဒွန်းနယ်မြေမီးသ-တ်စခန်းတို့မှ တပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ငြှိမ်းသ-တ်ခဲ့ကြ သဖြင့် နံနက် ၃ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
မီးလေ-ာင်မှုကြောင့် နေအိမ် (၇၀) လုံးခန့် ပျ-က်စီးဆုံးရှုံးခဲ့ကာ မီးဘေးသင့်အိမ်ထောင်စုများမှ မိသားစုဝင် (၃၄၇) ဦးအား ချောင်းဝကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံ၌ ယာယီမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ကူညီပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် မီးစတင်လေ-ာင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား မီးပေါ့ဆစွာအသုံးပြုမှုဖြင့် သက်ဆိုင်ရာရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

image

မန္တလေးတိုင်းအတွင်း မတော်တဆမှုများနှင့် လေပြင်းတိုက်ခတ်မှုများဖြစ်ပွါး

ယနေ့ ဧပြီလ ၂၉ ရက်တွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်အချို့၌ မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များ ဆက်တိုက်ဖြစ်ပေါ်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက ပူးပေါင်းကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ချမ်းအေးသာစံနှင့် အောင်မြေသာစံမြို့နယ်အတွင်း ဖြစ်စဉ်များ
ယနေ့ ညနေ ၅ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်း (၈၁ လမ်းနှင့် ၈၂ လမ်းကြား) ရှိ အထည်ဆိုင်တစ်ဆိုင်၏ ဆိုင်းဘုတ်ပြိုကျမှု ဖြစ်ပွားခဲ့သည်။ အလားတူ ညနေ ၅ နာရီခွဲခန့်ကလည်း အောင်မြေသာစံမြို့နယ်၊ ၁၅ လမ်းထောင့်ရှိ ဆောက်လက်စ ၆ ထပ်တိုက်မှ ဝါးငြမ်းများပြိုကျကာ 33KVA ဓာတ်အားလိုင်းပေါ်သို့ ပိမိနေသဖြင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ဖယ်ရှားရှင်းလင်းပေးခဲ့ရသည်။
ထို့ပြင် ည ၆ နာရီကျော်တွင် အောင်မြေသာစံမြို့နယ်၊ ၈၃ လမ်းအတွင်း၌ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ရာ အချိန်မီ ရှင်းလင်းနိုင်ခဲ့သည်။
ကျောက်ဆည်နှင့် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဖြစ်စဉ်များ
မော်တော်ယာဉ်မတော်တဆမှုအနေဖြင့် ညနေ ၄ နာရီခွဲခန့်တွင် ကျောက်ဆည်မြို့ရှောင်လမ်း၌ အချိုရည်များ တင်ဆောင်လာသည့် တွဲကားတစ်စီး နောက်တွဲယာဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသည်။ အခြားတစ်ဖက်တွင်လည်း ယမန်နေ့က လေပြင်းတိုက်ခတ်မှုဒဏ် ခံခဲ့ရသည့် ကျောက်ပန်းတောင်းမြို့နယ်ရှိ ရပ်ကွက်များ၌ လဲကျနေသော သစ်ပင်များကို ယနေ့ နံနက်ပိုင်းမှစတင်ကာ သက်ဆိုင်ရာအဖွဲ့များက ဆက်လက်ဖယ်ရှား ရှင်းလင်းပေးခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် အဆိုပါ မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ် ဖြစ်စဉ်များအားလုံးတွင် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

image

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်း၌ ခေတ်မီ DEMU လေအေးပေးစက်ပါ အမြန်ရထားသစ်များ မေလ ၁ ရက်မှ စတင်ပြေးဆွဲမည်

ရန်ကုန်-မန္တလေး-ရန်ကုန် ရထားခရီးစဉ်ကို အသုံးပြုနေကြသည့် ခရီးသွားပြည်သူများ အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ခေတ်မီ DEMU (Diesel Electric Multiple Unit) လူစီးအမြန်ရထားသစ်များကို လာမည့် မေလ ၁ ရက်နေ့ မှစတင်ကာ တိုက်ရိုက်တိုးမြှင့်ပြေးဆွဲပေးတော့မည် ဖြစ်သည်။
အဆိုပါ ရထားခရီးစဉ်သစ်တွင် အမှတ် (၅) အဆန်နှင့် အမှတ် (၆) အစုန် ရထားများဖြင့် ပြေးဆွဲသွားမည်ဖြစ်ပြီး ခေတ်မီလေအေးပေးစက်များ ပါဝင်သောကြောင့် ခရီးသည်များအတွက် သက်သောင့်သက်သာရှိလှသည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ရထားထွက်ခွာ/ဆိုက်ရောက်မည့် အချိန်များမှာ
အမှတ် (၅) အဆန် (ရန်ကုန် - မန္တလေး): ရန်ကုန်မှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး မန္တလေးသို့ ညနေ ၄ နာရီတွင် ဆိုက်ရောက်မည်။ (ခရီးစဉ်ကြာမြင့်ချိန် - ၁၀ နာရီ)
အမှတ် (၆) အစုန် (မန္တလေး - ရန်ကုန်): မန္တလေးမှ နံနက် ၆ နာရီတွင် ထွက်ခွာပြီး ရန်ကုန်သို့ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ဆိုက်ရောက်မည်။ (ခရီးစဉ်ကြာမြင့်ချိန် - ၁၀ နာရီ ၁၀ မိနစ်)
ရပ်နားမည့် ဘူတာများနှင့် လက်မှတ်စျေးနှုန်းများ
ရန်ကုန်နှင့် မန္တလေးကြား ခရီးစဉ်တစ်လျှောက်တွင် တိုးကြောင်ကလေး၊ ပဲခူး၊ ညောင်လေးပင်၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ ရမည်းသင်း၊ သာစည်နှင့် ကျောက်ဆည် ဘူတာတို့၌ ရပ်နားပေးသွားမည် ဖြစ်သည်။
လက်မှတ်စျေးနှုန်းများကိုလည်း အောက်ပါအတိုင်း သတ်မှတ်ထားရှိပါသည် -
အထက်တန်း (Upper Class): ၄၈,၀၀၀ ကျပ်
ပထမတန်း (First Class): ၃၄,၀၀၀ ကျပ်
ယခုပြေးဆွဲမည့် DEMU ရထားသစ်များသည် ခေတ်မီနည်းပညာသုံး ရထားများဖြစ်သည့်အတွက် ခရီးစဉ်ကြာမြင့်ချိန်ကို လျှော့ချပေးနိုင်သည့်အပြင် ခရီးသွားပြည်သူများအတွက် ဘေးကင်းလုံခြုံပြီး ဝန်ဆောင်မှုအသစ်များဖြင့် ကျေနပ်မှုရရှိစေမည့် ခရီးစဉ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့်ရသည်။

image

"သံမဏိလူသား" ရော့ထန်ကို အလဲထိုးကာ တာခဲရု ချန်ပီယံခါးပတ် သိမ်းပိုက်၊ ရော့ထန်၏ ခံနိုင်ရည်ပိုင်း ကျဆင်းမှုအပေါ် ဝေဖန်မှုများထွက်ပေါ်

ကမ္ဘာ့ဖလိုင်းဝိတ် ကစ်ဘောက်ဆင်လောက၏ အထူးအဆန်းဆုံး ရလဒ်တစ်ခုအဖြစ် ဂျပန်ဖိုက်တာ တာခဲရု (Takeru Segawa) သည် နာမည်ကျော် ထိုင်းဖိုက်တာ ရော့ထန် (Rodtang Jitmuangnon) ကို အလဲထိုး (KO) ဖြင့် အနိုင်ယူကာ ချန်ပီယံခါးပတ်ကို သိမ်းပိုက်လိုက်ပြီ ဖြစ်သည်။
ပွဲစတင်သည့် ပထမအချီမှာပင် တာခဲရု၏ ပြင်းထန်ပြီး တိကျလှသည့် ပါဝါလက်သီးများကြောင့် "သံမဏိလူသား" ဟု အမည်ကျော်သည့် ရော့ထန်တစ်ယောက် (၂) ကြိမ်တိုင်တိုင် ဒူးထောက်ကာ အမှတ်ပေး (KD) ခဲ့ရသည်။ ရော့ထန်သည် ၎င်း၏ ထုံးစံအတိုင်း ပြင်းထန်သည့် တိုက်စစ်များဖြင့် ပြန်လည်တုံ့ပြန်ခဲ့သော်လည်း တာခဲရုက အပြုံးမပျက် တောင့်ခံနိုင်ခဲ့သည့်အပြင် နည်းစနစ်ကျကျဖြင့် ပြန်လည်ဖိအားပေးနိုင်ခဲ့သည်။
အကြိတ်အနယ်ရှိလှသည့် ပွဲစဉ်၏ (၅) ချီမြောက်တွင်မူ တာခဲရု၏ အပြတ်အသတ် ဖိအားပေးမှုအောက်တွင် ရော့ထန်တစ်ယောက် အလဲထိုးခံခဲ့ရပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။ ယခုပွဲတွင် တာခဲရု၏ ခံနိုင်ရည်နှင့် နည်းစနစ်ပိုင်း တိုးတက်မှုများမှာ သိသိသာသာ ထင်ရှားခဲ့သော်လည်း ရော့ထန်၏ ဘက်တွင်မူ လေ့ကျင့်မှု ပေါ့လျော့ခြင်းနှင့်အတူ ခံနိုင်ရည်ပိုင်း သိသိသာသာ ကျဆင်းနေသည်ကို အားကစားဝေဖန်သူများက ထောက်ပြနေကြသည်။
ဤရှုံးနိမ့်မှုသည် ရော့ထန်အတွက် သင်ခန်းစာတစ်ခု ဖြစ်လာနိုင်သလို၊ တာခဲရုအတွက်မူ ၎င်း၏ ကစားသမားဘဝတွင် အတောက်ပဆုံးသော အောင်မြင်မှုမှတ်တိုင်တစ်ခုအဖြစ် သမိုင်းတွင်ကျန်ရစ်တော့မည် ဖြစ်သည်။

image

မူဆယ်မြို့၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုနှင့် ဆက်စပ်သူ ၁၄ ဦးနှင့် တရားမဝင် တရုတ်နိုင်ငံသား ၂၆ ဦးတို့ကို ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်းများလုပ်ကိုင်ပြီး တိမ်းရှောင်နေသူများနှင့် နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် ပြည်ပနိုင်ငံသားများကို ယနေ့ ဧပြီလ ၂၉ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့် တစ်ကမ္ဘာလုံးကို အန္တရာယ်ဖြစ်စေနိုင်သည့် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် အွန်လိုင်းလိမ်လည်မှုများလုပ်ကိုင်ပြီး ပုန်းခိုနေသည့် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၂ ဦး (စုစုပေါင်း ၁၄ ဦး) ကို ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးမှုအတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုသည့် ဖုန်း ၂၄ လုံး၊ All in One ကွန်ပျူတာ ၁၉ လုံး၊ TP Link နှင့် Wifi စက်များအပါအဝင် ဆက်စပ်ပစ္စည်းများကိုပါ သက်သေခံအဖြစ် သိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ညနေ ၄ နာရီခွဲခန့်တွင်လည်း မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်အတွင်းရှိ အခြားနေအိမ်တစ်လုံးကို ထပ်မံစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် တရုတ်နိုင်ငံသား ၂၆ ဦးကို ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့သည်။
နယ်စပ်ဒေသ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အရေးပါသည့် ကျားဖြန့်ပြသနာ နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နောက်ကွယ်မှ ပါဝင်ပတ်သက်နေသူများကိုလည်း ဆက်လက်စိစစ် ဖော်ထုတ်သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် ဖမ်းဆီးရမိသည့် ပြည်ပနိုင်ငံသားများကို ဥပဒေနှင့်အညီ စစ်ဆေးပြီးပါက သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခြင်းများကိုလည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image

လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် များကို သိန်း ၂၀၀ ကျော် ပေးအပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တနိုင်းတပ်နယ်သို့ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာသည့် KIA နှင့် KPDF အဖွဲ့ဝင် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းနှင့် ဆုကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ ဧပြီလ ၂၉ ရက်တွင် ကျင်းပခဲ့သည်။
အဆိုပါ အလင်းဝင်လာသူများမှာ KIA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ဖြစ်ကြသည်။ ၎င်းတို့သည် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာရာတွင် မိမိတို့နှင့်အတူ ပါရှိလာသည့် လက်နက်ခဲယမ်းများကို တပ်နယ်တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ကြသည်။
အပ်နှံခဲ့သည့် လက်နက်ခဲယမ်းများမှာ -
Ko ပါရီသေနတ် (၁) လက်
KA-25 ဗုံးပစ်လောင်ချာတွဲ သေနတ် (၁) လက်
K-25 သေနတ် (၁) လက်
လက်ပစ်ဗုံး (၄) လုံး
ကျည် (၆၀၀) တောင့်နှင့် ကျည်အိမ်မျိုးစုံ (၉) ခု
ကျည်ကာအင်္ကျီ၊ စကားပြောစက်နှင့် အခြားဆက်စပ်ပစ္စည်းများ ဖြစ်သည်။
ယင်းနောက် တာဝန်ရှိသူများက လက်နက်ခဲယမ်းများအတွက် သတ်မှတ်ထားသည့် ဆုကြေးငွေများနှင့် ထောက်ပံ့ငွေစုစုပေါင်း ကျပ် (၂၀၉) သိန်းအပြင် ထောက်ပံ့ပစ္စည်းများကိုပါ ပေးအပ်ခဲ့သည်။ အလင်းဝင်လာသူများအား လိုအပ်သည့် ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီးနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းအပ်နှံပေးခဲ့သည်။
ဤကဲ့သို့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခြင်းသည် မိသားစုနှင့် ပြန်လည်ဆုံစည်းနိုင်ရုံသာမက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် ကောင်းမွန်သော ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါသည်။

image

နေပြည်တော်၌ လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီး၊ မီးပြတ်တောက်မှုကြောင့် မြို့နယ်အချို့တွင် ရေပေးဝေချိန် နောက်ကျနိုင်

နေပြည်တော်ရှိ မြို့နယ်အချို့၌ ယမန်နေ့ ဧပြီလ ၂၈ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး လက်ရှိတွင် မီးပြန်လည်ရရှိရေးနှင့် ရေပေးဝေမှု အဆင်ပြေစေရေးအတွက် သက်ဆိုင်ရာဌာနများက အပူတပြင်း ဆောင်ရွက်လျက်ရှိသည်။
လျှပ်စစ်ဓာတ်အား ပြုပြင်ဆောင်ရွက်မှု အခြေအနေ
ယမန်နေ့ ညနေ ၄ နာရီခွဲခန့်က တိုက်ခတ်ခဲ့သော လေပြင်းကြောင့် သစ်ပင်သစ်ကိုင်းများ လဲကျကာ ဓာတ်အားလိုင်းများပေါ် ဖိမိခြင်း၊ ဓာတ်ကြိုးပြတ်ခြင်းနှင့် ဓာတ်တိုင်ကျိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့ရှိ အိမ်ရာများ၊ အဆောင်များနှင့် ရပ်ကွက်၊ ကျေးရွာများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရသည်။
မြို့နယ်လျှပ်စစ်ဝန်ထမ်းများ၏ ဝိုင်းဝန်းပြုပြင်မှုကြောင့် နေရာအချို့တွင် မီးပြန်လည်ရရှိနေပြီဖြစ်သော်လည်း ကျန်ရှိနေသေးသည့် နေရာများကိုလည်း အမြန်ဆုံး ဓာတ်အားပြန်လည်ပို့လွှတ်နိုင်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။
ရေပေးဝေမှု နောက်ကျနိုင်သည့် နေရာများ
လျှပ်စစ်မီး ပြတ်တောက်နေမှုကြောင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အောက်ရှိ ရေတင်စနစ်များ ရပ်ဆိုင်းနေသဖြင့် အောက်ပါဒေသများတွင် ရေပေးဝေချိန် နောက်ကျနိုင်ကြောင်း သိရသည် ။
ရန်အောင်မြင်ရေသန့်စင်စက်ရုံမှတစ်ဆင့်: ပိတောက်အိမ်ရာ၊ မြို့မဈေး၊ သဇင် (၁၊ ၂၊ ၃၊ ၄၊ ၇) အဆောင်များ၊ အဆင့်မြင့်ဈေး၊ MICC (I)၊ သပြေ (၁၊ ၂၊ ၃၊ ၄) နှင့် သဇင် (၅၊ ၆) အဆောင်များ
ရေသန့်စင်စက်ရုံ အမှတ် (၂) မှတစ်ဆင့်: ဓနသိဒ္ဓိ၊ ဗလသိဒ္ဓိ၊ ဉာဏသိဒ္ဓိ၊ သုခသိဒ္ဓိ၊ ဝဏ္ဏသိဒ္ဓိ ရပ်ကွက်များ၊ ပညာရေးဝန်ထမ်းအိမ်ရာ၊ Naypyitaw State Academy၊ အားကစားကျေးရွာ၊ ရွှေနံ့သာရပ်ကွက်နှင့် သုခဝတီအိမ်ရာ
နေပြည်တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် လျှပ်စစ်မီး ပြန်လည်ရရှိသည်နှင့်တစ်ပြိုင်နက် ရေပေးဝေမှုလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်ရန် ပြင်ဆင်ထားကြောင်းနှင့် ရေပေးဝေချိန် နောက်ကျနိုင်မှုအပေါ် ပြည်သူများ သိရှိနားလည်ပေးနိုင်ပါရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားပါသည်။

image

Instagram ပို့စ်တစ်ခုတွင် ထရမ့်၏အသက်ကို ခြိမ်းခြောက်မှုဖြင့် FBI ညွှန်ကြားရေးမှူးဟောင်း တရားစွဲဆိုခံရ

အမေရိကန်သမ္မတကို ပွင့်ပွင့်လင်းလင်း ဝေဖန်လေ့ရှိသူ FBI ညွှန်ကြားရေးမှူးဟောင်း ဂျိမ်းစ်ကိုမေး (James Comey) သည် ဒေါ်နယ်ထရမ့်၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့မှုဖြင့် စွဲချက်တင်ခံရကြောင်း၊ ယခင်က သူ့အပေါ် စွဲဆိုထားသည့် အမှုတစ်ခု ပယ်ချခံရပြီး ၅ လအကြာ အင်္ဂါနေ့တွင် တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အိမ်ဖြူတော် သတင်းထောက်များအသင်းက ကြီးမှူးကျင်းပသည့် ဝါရှင်တန်ညစာစားပွဲတစ်ခုတွင် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းသည်ဟု စွပ်စွဲခံရသူ သေနတ်သမားတစ်ဦး အဖမ်းခံရပြီး ၃ ရက်အကြာတွင် ကိုမေးအပေါ် ယခုကဲ့သို့ စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။
အသက် ၆၅ နှစ်အရွယ်ရှိ ကိုမေးသည် ပြီးခဲ့သည့်နှစ် မေလအတွင်းက Instagram တွင် ခရုခွံလေးများဖြင့် “86 47”ဟု ပုံဖော်ထားသည့် ဓာတ်ပုံတစ်ပုံကို တင်ခဲ့ရာမှ မြောက်ကာရိုလိုင်းနားပြည်နယ်တရားရုံစ ၏ စွဲချက်တင်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုစဉ်က Fox News နှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က “86” ဆိုသည်မှာ သတ်ဖြတ်ခြင်း (kill) ဟု အဓိပ္ပာယ်ရသည့် အသုံးအနှုန်းဖြစ်ပြီး “47” မှာ သူသည် အမေရိကန်၏ ၄၇ ဦးမြောက် သမ္မတဖြစ်လာမည့်အပေါ် ရည်ညွှန်းခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့သည်။
“အဲဒါ ဘာကိုဆိုလိုတယ်ဆိုတာ သူ အတိအကျသိတယ်၊ အဲဒါက လုပ်ကြံသတ်ဖြတ်ဖို့ကို ဆိုလိုတာပဲ” ဟု ထရမ့်က ပြောကြားခဲ့သည်။
ကိုမေးကမူ အဆိုပါစွဲချက်များကို ဂရုမစိုက်ဘဲ ပယ်ချခဲ့ပြီး တရားရင်ဆိုင်သွားမည်ဟု ကတိပြုခဲ့သည်။
“ကဲ... အခုတော့ လွန်ခဲ့တဲ့ တစ်နှစ်က မြောက်ကာရိုလိုင်းနား ကမ်းခြေမှာ ရိုက်ထားတဲ့ ခရုခွံပုံလေးနဲ့ ပတ်သက်ပြီး သူတို့ တစ်ခါ ပြန်လာကြပြန်ပြီပေါ့၊ ဒါက ဒီမှာတင် ရပ်သွားမှာ မဟုတ်ပါဘူး” ဟု ကိုမေးက လူမှုကွန်ရက်ပေါ်တွင် တင်ခဲ့သည့် ဗီဒီယိုထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။
“ကျွန်တော် အပြစ်မရှိသေးဘူး၊ ကျွန်တော် မကြောက်သေးဘူး၊ လွတ်လပ်တဲ့ ဖက်ဒရယ်တရားစီရင်ရေးစနစ်ကိုလည်း ကျွန်တော် ယုံကြည်နေဆဲပဲ၊ ဒါကြောင့် ဘာဆက်ဖြစ်မလဲ ကြည့်ကြတာပေါ့”
ခရုခွံပုံစံဖြင့် ဖော်ပြထားသော “86 47” ရည်ညွှန်းချက်သည် “အမေရိကန်ပြည်ထောင်စု သမ္မတကို ထိခိုက်နာကျင်စေရန် ရည်ရွယ်သည့် ပြင်းထန်သော ဖော်ပြချက်” ဖြစ်သည်ဟု အဆိုပါစွဲချက်တွင် ဆိုထားသည်။
ရှေ့နေချုပ်ဖြစ်သူ တော့ဒ် ဘလန့်ချ်ကလည်း ကိုမေးသည် “အမေရိကန်သမ္မတ၏ အသက်ကို နုတ်ယူရန်နှင့် ကိုယ်ခန္ဓာ ထိခိုက်နာကျင်စေရန် ရည်ရွယ်ချက်ရှိရှိ ခြိမ်းခြောက်မှု” တစ်ခုအပါအဝင် ပြည်နယ်အချင်းချင်း ခြိမ်းခြောက်မှုပြုလုပ်ခြင်းဖြင့် စွဲချက်တင်ခံထားရကြောင်း ပြောကြားခဲ့သည်။
စွဲချက်တစ်ခုစီအတွက် အမြင့်ဆုံးပြစ်ဒဏ်မှာ ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်သည်။
“ဘယ်သူ့အသက်ကိုပဲဖြစ်ဖြစ် ခြိမ်းခြောက်တာဟာ အန္တရာယ်ရှိသလို ရာဇဝတ်မှုလည်း မြောက်နိုင်တယ်လို့ ပြောရင် တရားမျှတမယ် ထင်ပါတယ်၊ အမေရိကန်သမ္မတရဲ့ အသက်ကို ခြိမ်းခြောက်တာကိုတော့ တရားရေးဌာနက ဘယ်တော့မှ သည်းခံမှာ မဟုတ်ပါဘူး” ဟု ဘလန့်ချ်က ဆိုသည်။
ကိုမေးသည် ထိုစဉ်က Instagram ပို့စ်အတွက် တောင်းပန်ခဲ့ပြီး “ဒီဂဏန်းတွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်ပြီး တချို့လူတွေက တွေးတောကြလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့မိပါဘူး” ဟု ပြောကြားခဲ့သည်။
“အဲဒါမျိုး ဘယ်တုန်းကမှ စိတ်ထဲမရှိခဲ့ပေမဲ့ ကျွန်တော်က ဘယ်လို အကြမ်းဖက်မှုကိုမဆို ဆန့်ကျင်တဲ့သူဖြစ်လို့ အဲဒီပို့စ်ကို ဖြုတ်ချလိုက်ပါတယ်” ဟု ကိုမေးက ဆိုခဲ့သည်။
ကိုမေးသည် ပြီးခဲ့သည့် စက်တင်ဘာလကလည်း လွှတ်တော်တွင် မမှန်မကန် ထွက်ဆိုမှုနှင့် လွှတ်တော်လုပ်ငန်းစဉ်များကို နှောင့်ယှက်မှုတို့ဖြင့် စွဲချက်တင်ခံခဲ့ရသေးရာ၊ ယင်းသည် ရီပတ်ဘလီကန်သမ္မတက ၎င်း၏ နိုင်ငံရေးအတိုက်အခံအပေါ် လက်စားချေမှုအဖြစ် လူအများက ရှုမြင်ခဲ့ကြသည်။
ထရမ့်ကို ဝေဖန်သူ နောက်တစ်ဦးဖြစ်သည့် အမျိုးသားလုံခြုံရေး အကြံပေးဟောင်း ဂျွန် ဘော်လ်တန် (John Bolton) မှာလည်း လျှို့ဝှက်အချက်အလက်များကို ဖြန့်ဝေခြင်းနှင့် သိမ်းဆည်းထားခြင်းတို့ဖြင့် စွဲချက်တင်ခံထားရသည်။

image

အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

နိုင်ငံတော်သမ္မတရုံးသည် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား/သူ ၁၅၀၈ ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ယနေ့ ဧပြီ ၃၀ ရက်တွင် အမိန့်အမှတ် ၅၁/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။
ယင်းလွတ်ငြိမ်းခွင့်ကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် ပြန်လည်ပါဝင်နိုင်စေရန် ရည်ရွယ်၍ ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ နိုင်ငံတော်သမ္မတသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုပြစ်ဒဏ်မှ ကျန်ရှိသည့်ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်” ဟူသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အဆိုပါ လွတ်ငြိမ်းခွင့်ရရှိသူများသည် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ ဖြစ်ကြောင်း သိရသည်။

image