Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖီဖာကွန်ဂရက်သို့ အီရန် မတက်ရောက်ပေမယ့် ကမ္ဘာ့ဖလားတွင် ပါဝင်ကစားလာမည်
====================
အီရန်ဟာ ကြာသပတေးနေ့တုန်းက ကနေဒါမှာ ကျင်းပတဲ့ ဖီဖာကွန်ဂရက်သို့ မတက်ရောက်တဲ့ တစ်ခုတည်းသော နိုင်ငံ ဖြစ်ပါတယ်။
ဒါပေမယ့် ဖီဖာဥက္ကဌဂျီယန်နီအင်ဖန်တီနိုက အီရန်မှာ အမေရိကန်၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်လာမည်ဖြစ်ကြောင်း အတည်ပြုသွားပါတယ်။
အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နှင့် စစ်ဖြစ်ပွားနေမှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရေး မရေမရာ ဖြစ်နေပါတယ်။
ဒါပေမယ့် အင်ဖန်တီနိုက "အီရန်ဟာ အမေရိကန်ပြည်ထောင်စုမှာ ကစားလာပါမယ်။ အကြောင်းပြချက်က ရှင်းရှင်းလေးပါ။ ကျွန်တော်တို့ စည်းလုံးဖို့ လိုအပ်လိုပါ။ ကျွန်တော်တို့ လူတွေကို စည်းလုံးအောင် လုပ်ရမယ်"လို့ ပြောကြားသွားပါတယ်။
အီရန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌမီဒီတာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဗန်ကူးဗားတွင် ကျင်းပတဲ့ ဖီဖာကွန်ဂရက်သို့ တက်ရောက်ရန် ရောက်လာကြပေမယ့်လည်း ကနေဒါလူဝင်မှုကြီးကြပ်ရေးရဲ့ ဆက်ဆံမှုအပေါ် ဒေါသထွက်ကာ အိမ်လှည့်ပြန်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တာဟာ ကနေဒါက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်နှင့် ဆက်နွယ်နေတဲ့သူလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမှာ ဖြစ်ပြီး အီရန်က နယူးဇီလန်၊ ဘယ်လ်ဂျီယံ၊ အီဂျစ်တို့နှင့်ရင်ဆိုင်ကစားရပါမယ်။
ဒါ့အပြင် ဖီဖာဥက္ကဌအင်ဖန်တီနိုက လာမယ့်နှစ်တွင် ဥက္ကဌသက်တမ်း ကုန်ဆုံးလာချိန်တွင်လည်း နောက်ထပ် ဥက္ကဌသက်တမ်းအတွက် ဆက်လက် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်လာဦးမည်ဖြစ်ကြောင်းလည်း အတည်ပြုသွားပါတယ်။
အင်ဖန်တီနိုဟာ တောင်အမေရိက၊ အာရှ၊ အာဖရိကဘောလုံးအဖွဲ့ချုပ်များရဲ့ ထောက်ခံမှုများ ရရှိထားပြီးသူလည်း ဖြစ်ပါတယ်။
ယူနိုက်တက်အမြဲတမ်းနည်းပြရာထူးအတွက် မိုက်ကယ်ကာရစ်ကို ထိပ်ဆုံးမှ စိန်ခေါ်လာတဲ့ ဘုန်းမောက်နည်းပြအိုင်ရာအိုလာ
========================
မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်ရာသီမစတင်မီ ယူနိုက်တက်အမြဲတမ်းနည်းပြသစ်အား ခန့်အပ်လာပါတယ်။
ယူနိုက်တက်ဟာ ဇန်နဝါရီလတုန်းက အသင်းကို ၁၄ လကြာ ကိုင်တွယ်ခဲ့တဲ့ ရူဘင်အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးနောက် အမြဲတမ်းနည်းပြမရှိဘဲ ယှဉ်ပြိုင်လာတာပါ။
မိုက်ကယ်ကာရစ်က ရာသီအကုန်အထိ ယာယီနည်းပြအဖြစ် ထမ်းဆောင်နေပါတယ်။ ယူနိုက်တက်ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်းဟာ ကလပ်ကို ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်နိုင်လာပါက အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်းခံလာရဖို့ ရှိနေပါတယ်။
ဒါပေမယ့် တဖက်မှာ ယူနိုက်တက်တာဝန်ရှိသူများဟာ အမြဲတမ်းနည်းပြရာထူးအတွက် အန်ဒိုနီအိုင်ရာအိုလာကို ခန့်အပ်ရန်လည်း စိတ်ဝင်စားနေကြပါသေးတယ်။
စပိန်လူမျိုးနည်းပြဟာ ရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဘုန်းမောက်မှ ထွက်ခွာလာမယ့်သူ ဖြစ်ပါတယ်။
ယူနိုက်တက်တာဝန်ရှိသူများဟာ တောင်ပိုင်းကမ်းခြေကလပ်တွင် အိုင်ရာအိုလာရဲ့ စွမ်းဆောင်နိုင်ခဲ့မှုများအပေါ် အထင်ကြီးလေးစားနေကြကာ အမိုရမ်ကို ထုတ်ပယ်လိုက်ပြီးကတည်းက ခန့်အပ်ရန် စိတ်ဝင်စားလာခဲ့တာပါ။
ယင်းကဲ့သို့ အိုင်ရာအိုလာကို ခန့်အပ်ရေး စိတ်ဝင်စားလာမှုနှင့်အတူ တစ်ကမ္ဘာလုံးမှ ယူနိုက်တက်ပရိသတ်များဟာလည်း နည်းပြသစ်ခန့်အပ်ရေးနှင့်ပတ်သက်ပြီး အငြင်းအခုန်များ ရှိနေပါတယ်။
အသက် ၄၃ နှစ်ရှိ အိုင်ရာအိုလာဟာ ဘုန်းမောက်ကို ကိုင်တွယ်တုန်းက အသုံးစရိတ်အကန့်အသတ်ဖြင့်သာ အသုံးပြုရပေမယ့်လည်း ကစားသမားများရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ခဲ့ကာ ပထမဆုံးနှစ်ရာသီတွင် ရမှတ် ၅၀၊ ၅၆ မှတ်အသီးသီးရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီတွင်လည်း ဘုန်းမောက်ကို ဥရောပဝင်ခွင့်အတွက် တိုက်ပွဲဝင်နေပြီး စံချိန်တင်ရမှတ်ရယူနိုင်ရေး ကြိုးပမ်းနေပါတယ်။
ဒါပေမယ့် တဖက်တွင် ယူနိုက်တက်ကစားသမားများဟာ ကွင်းအတွင်း ရလဒ်ကောင်းများ ရရှိအောင် စွမ်းဆောင်ပေးနိုင်ရုံသာမက အဝတ်အစားလဲခန်းကိုလည်း တည်ငြိမ်အောင် လုပ်ဆောင်ထားနိုင်တဲ့ မိုက်ကယ်ကာရစ်အား ခန့်အပ်ရေး လူသိရှင်ကြား ပြောဆိုမှုများ ရှိနေမှုနှင့်အတူ ယူနိုက်တက်တာဝန်ရှိသူများအနေဖြင့် ရွေးချယ်ရခက်ခဲနေပါတယ်။
မိုက်ကယ်ကာရစ်ကို ခန့်အပ်လာမှုနှင့်အတူ ယူနိုက်တက်ကစားသမားများအနေဖြင့် ကစားကွက်သစ်တွင် အံ့ဝင်အောင် ကြိုးပမ်းစရာမလိုတော့တဲ့ အပြုသဘောဆောင်တဲ့ ကောင်းမွန်မှုလည်း ရှိနေပါတယ်။
ဒဏ္ဍာရီဘောလုံးသမားဘဝ အဆုံးသတ်ရန် နီးစပ်လာပြီလို့ ခရစ္စတီယာနိုရော်နယ်ဒိုဖွင့်ဟလာ
===================
ခရစ္စတီယာနိုရော်နယ်ဒိုက သူ့ရဲ့ ဒဏ္ဍာရီဘောလုံးသမားဘဝ အဆုံးသတ်ရန် နီးကပ်လာပြီ ဖြစ်ကြောင်း ဝန်ခံပြောကြားလာပါတယ်။
ဒါပေမယ့် ပေါ်တူဂီစူပါစတားက ကွင်းအတွင်း အခိုက်အတန့်တိုင်းကို ပျော်ရွှင်နေဆဲ ဖြစ်ကြောင်း ဆိုသွားပါတယ်။
အသက် ၄၁ နှစ်ရှိ ရီးရဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စူပါစတားဟောင်းဟာ ထိပ်တန်းဘောလုံးအဆင့်တွင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ ကစားပြီးနောက် ကစားသမားဘဝမှ အနားယူရန် တဖြည်းဖြည်းနီးကပ်လာပြီ ဖြစ်ပေမယ့်လည်း ဘောလုံးအပေါ် ချစ်မြတ်နိုးမှုက မြင့်မားနေတုန်းပါ။
Al-Ahli ကို အနိုင်ရရှိကာ ဆော်ဒီပရိုလိဂ်ဆွတ်ခူးရန် လက်တစ်ကမ်းအလိုသို့ ရောက်လာပြီးနောက် ခရစ္စတီယာနိုရော်နယ်ဒိုက "ဒီမျိုးဆက်အတွက်ပဲ ဆက်ကစားနေတာ မဟုတ်ပါဘူး။ ယခင်မျိုးဆက်နဲ့ နောက်လာမယ့်မျိုးဆက်အတွက်လည်း ကစားနေတာပါ။ တစ်နေ့ပြီး တစ်နေ့၊ တစ်ပွဲပြီး တစ်ပွဲ၊ တစ်နှစ်ပြီး တစ်နှစ် ပျော်နေသေးလို ကစားသမားဘဝ အဆုံးသတ်ဖို့လည်း နီးလာပါပြီ"လို့ ပြောကြားသွားပါတယ်။
ဒါ့အပြင် ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်၊ ဂျူဗင်တပ်တို့တွင် ကြီးမားတဲ့ အောင်မြင်မှုများ ရယူနိုင်ခဲ့တဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်က "ကျွန်တော့်ကစားသမားဘဝက အရမ်းကောင်းတယ်။ ပြီးတော့ ဒါကို ဆက်ထိန်းထားချင်တယ်။ အခုထိ ပျော်နေတုန်းပါ။ ဂိုးတွေ သွင်းနေတုန်း။ ဒါပေမယ့် အရေးအကြီးဆုံက အောင်နိုင်ရေးပါ။ ပြီးတော့ ကျွန်တော်တို့ ဒီလိဂ်ဖလားကို အရမ်းလိုချင်တယ်"လို့ ပြောကြားသွားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ Al-Ahli အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ဂိုးသွင်းပြီး Al-Nassr ကို အမှတ်ပေးဇယားထိပ်ဆုံးတွင် ၈ မှတ်ဖြတ်ကာ ဦးဆောင်နိုင်အောင် ကူညီထားပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာ ယခုအခါ ပရော်ဖက်ရှင်နယ်ကစားသမားဘဝ သွင်းဂိုး ၉၇၀ အထိ ရှိလာပြီ ဖြစ်ပြီး ကစားသမားဘဝ ရည်မှန်းချက်ကြီးဖြစ်တဲ့ ဂိုးတစ်ထောင်ပြည့်ရေး ဂိုး ၃၀ သာလိုပါတော့တယ်။
ပတ်စ်ပို့ပြဿနာကြောင့် အနည်းဆုံး ၁၃၃ ပွဲကို ပြန်ကစားရကိန်းဆိုက်နေတဲ့ ဥရောပထိပ်တန်းလိဂ်
====================
ဒတ်ချ်အဆင့်မြင့်တန်းလိဂ်ဟာ ပွဲ ၁၃၃ ပွဲကို ပြန်ကစားရမယ့်အရေးနှင့် ရင်ဆိုင်နေရပါတယ်။
ဒတ်ချ်ဘောလုံးလိဂ်ဟာ ပတ်စ်ပို့ပြဿနာနှင့် ကြုံနေရကာ ကြီးမားတဲ့ ပြဿနာကြုံလာတာလည်း ဖြစ်ပါတယ်။
ဟော်လန်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ စည်းမျဉ်းများနှင့် ပတ်သက်ပြီး ရှုပ်ထွေးမှုများ ဖြစ်ပြီးနောက် တုန်လှုပ်စရာအခြေအနေ ကြုံလာရတာပါ။
ဒတ်ချ်ဥပဒေအရ လူတစ်ဦးဟာ အခြားနိုင်ငံသားအဖြစ်ကို မိမိဆန္ဒအလျှောက် ခံယူလာပါက ၎င်းရဲ့ နိုင်ငံသားဖြစ်ခွင့် အလိုအလျောက် ပယ်ဖျက်ပါတယ်။
ဟော်လန်မှ ကစားသမားအမြောက်အမြားတို့ဟာ ဘိုးဘွားနှင့် နိုင်ငံအတွက် ကိုယ်စားပြု ကစားမှုနှင့်အတူ အီးယူနိုင်ငံသားအဖြစ် ဆက်လက် အသိအမှတ်ပြု ခံလာရခြင်း မရှိပါဘူး။
အထက်ပါ ပြဿနာမှာ မတ်လ ၁၅ ရက်နေ့တုန်းက အန်အေစီဘရီဒါက Go Ahead Eagles ကို ၆-၀ ဂိုးဖြင့် အရေးနိမ့်ချိန်မှာတော့ ပိုမို ကြီးကျယ်လာပါတယ်။
ဟော်လန်တွင် ပရိသတ်များသာမက ကစားသမားများ၊ အသင်းတာဝန်ရှိသူများပါ တလေးတစား နားထောင်လေ့ရှိတဲ့ “De Derde Helft” အမည်ရှိ Podcast အစီအစဉ်ကြောင့်ပါ။
ယင်းအစီအစဉ်တွင် ပွဲကို ဆန်းစစ်လေ့လာသူ ရိုဂီယာဂျာကော့ဘ်က ဘရီဒါမှာ ၆-၀ ဖြင့် အရေးနိမ့်ခဲ့ပေမယ့် ပွဲကို အနိုင်ရနိုင်ဆဲဖြစ်ကြောင်း ဆိုသွားပါတယ်။
၎င်းက Go Ahead Eagles နောက်တန်းအစွန်လူဒိန်းဂျိမ်းစ်မှာ အရည်အချင်းမပြည့်မီတဲ့ ကစားသမားလို့ ဆိုသွားပါတဘ်။
ဂျိမ်းစ်ဟာ ၂၀၂၅ ခုနှစ်မတ်လတုန်းက လက်ရွေးစင်အသင်းအဆင့်တွင် အင်ဒိုနီးရှားအတွက် ကစားရန် ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။
ဂျာကော့က "ကောင်းပါပြီ။ အန်အေစီဘရီဒါက ဒီပွဲကို အနိုင်ရနိုင်တုန်းပါ။ ခင်ဗျားက အင်ဒိုနီးရှားမျိုးနွယ် ဒတ်ချ်ကစားသမားတစ်ဦး ဆိုပါစို့။ အင်ဒိုနီးရှားအတွက် ကစားဖို့ ရွေးချယ်နိုင်တယ်။ ကစားဖို့ ပတ်စ်ပို့လည်း ရမယ်။ ဒါပေမယ့် ကစားသမားတွေနဲ့ ကလပ်တွေ မသိသေးတဲ့ ပြဿနာ ရှိနေတယ်။ အဲဒီလို ဆိုရင် ဒတ်ချ်နိုင်ငံသားဖြစ်ခွင့်ကို လက်လွှတ် ဆုံးရှုံးရတယ်။ ဒါကို အန်အေစီက တွေ့ရှိပြီး တရားစွဲလာမယ်ဆိုရင် သူတို့နဲ့ အနိုင်နဲ့ အဆုံးသတ်လာနိုင်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးကျွမ်းကျင်တဲ့ ဥပဒေကုမ္ပဏီတစ်ခုက တစ်ယောက်နဲ့ စားသောက်ခဲ့တယ်။ သူက ဒါက တကယ့် ပြဿနာကြီး ဖြစ်လာမယ်လို့ ဆိုထားတယ်"လို့ ပြောကြားသွားပါတယ်။
ဂျိမ်းစ်အပါအဝင် အနည်းဆုံးကစားသမား ၁၀ ဦးတို့ဟာ နိုင်ငံအပြောင်းအလဲ ပြုလုပ်ပြီးနောက် အလုပ်လုပ်ခွင့်ပါမစ်ရရှိရေး ပြန်လုပ်ခဲ့ရပါတယ်။
၎င်းတို့ဟာ အလုပ်လုပ်ခွင့် ပါမစ် မရရှိသေးပါက ဟော်လန်တွင် ကစားခွင့် အလုပ်လုပ်ခွင့် မရကြပါဘူး။
ယင်း Podcast အစီအစဉ်ကို ဘရီဒါအသင်းစီမံခန့်ခွဲရေးဒါရိုက်တာရမ်ကိုအိုဗာဆီယာက နားထောင်မိပြီးနောက် ဂျိမ်းစ်မှာ ကစားခွင့် အရည်အချင်းမပြည့်မီသူ ဖြစ်ကြောင်း ဟော်လန်ဘောလုံးအဖွဲ့ချုပ်ထံ အမှုဖွင့်လာပါတယ်။
ဟော်လန်ဘောလုံးအဖွဲ့ချုပ်က ဂျိမ်းစ်မှာ အရည်အချင်း မပြည့်မီသူ ဖြစ်ပေမယ့်လည်း ရလဒ်ကို မူလအတိုင်းထားကာ ပြန်ကစားရန် ဆုံးဖြတ်ခဲ့ပါတယ်။
တဖက်တွင် ဘရီဒါကလည်း ယင်းကို အယူခံဝင်ရန် စီစဉ်ထားပြီး ဘောလုံးအဖွဲ့ချုပ်မှာ စည်းမျဉ်းစည်းကမ်းကို လိုက်နာခြင်း မရှိကြောင်း ဆိုထားပါတယ်။