17 ပတ် - ဘာသာပြန်ပါ။

မော်လမြိုင်မှာ အိမ်မီးလောင်ပြီး အသက်ကြီးပိုင်း အဖေနဲ့အမေ သေဆုံးကာ သမီးဖြစ်သူဒဏ်ရာရ

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ဈေးကြိုနယ်မြေ၊ TTCကျောင်းလမ်း ၊ အာဟာရမူကထဆိုင်ဘေးရှိ နေအိမ်မှာ ဒီကနေ့ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားပြီး နှစ်ယောက်သေဆုံးကာ အမျိုးသမီးတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်က ဒီ မတ် ၂ ရက်နေ့ ၊ မနက်အစောပိုင်း ၂ နာရီ ခွဲလောက်မှာ မီးလောင်ခဲ့တာဖြစ်ပြီး မီးလောင်မှုမှာသေဆုံးသူတွေက အသက်ကြီးပိုင်းအရွယ် အဖေနဲ့အမေတို့ ဖြစ်ပြီး ဒဏ်ရာရသူကတော့ အသက် ၂၈ နှစ်အရွယ် သမီးဖြစ်တယ်လို့ သိရပါတယ်။

" အဘိုးနဲ့အဘွားက အခန်းတခန်း အိပ်တာ ။ သူတို့ သမီးက သပ်သပ်အိပ်တာ ။ အဲဒါညက ၁ နာရီကျော်လောက်မှာ အဘိုးက ရေနွေးအိုးထတည်တာကိုတော့ သမီးကကြားလိုက်တယ်ပြောတယ်။ ပြီးတော့ အဘိုးကလည်း ရေနွေးအိုးတည်ပြီး မေ့ပြီးပြန်အိပ်ပျော်သွားတယ်ထင်ပါတယ်။ ရေနွေးအိုးက အပူလွန်ကဲပြီး အောက်က ကွိုင်ကိုလောင်ပြီး အခန်းထဲက အဝတ်အစား၊ မွေ့ယာတွေ၊ ခြင်ထောင်တွေ ကို ကူးပြီး အဘိုးနဲ့အဘွားပါ မီးလောင်ဆုံးသွားတာပါ။ အဘိုးနဲ့အဘွားအခန်းထဲမှာက ဒယ်နီအိုး ၊ပေါင်းအိုး ၊ ရေနွေးအိုးတွေထားပေးထားတယ်သိရတယ်။ အဘိုးနဲ့အဘွားက အသက်လဲ ကြီးနေပါပြီး ၇၀ ကျော်တွေလို့သိရတယ်။ " လို့ မော်လမြိုင်မြို့နယ်မီးသတ်ဦးစီးမှူးက ပြောပါတယ်။

လက်ရှိမှာ မီးလောင်မှုအတွင်းသေဆုံးခဲ့တဲ့ အဖေ၊ အမေ ရုပ်အလောင်း နဲ့ ထိခိုက်ဒဏ်ရာရရှိသူ သမီးဖြစ်သူတို့ကို မော်လမြိုင် ဆေးရုံကြီးကို ပို့ဆောင်ထားကြောင်း ၊ သမီးဖြစ်သူမှာ ညာဘက်လက်နဲ့ ကျောပြင်ဘက်ခြမ်းမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

မီးလောင်မှုကိုတော့ စခန်းတွေမှ မီးငြိမ်းသတ်ယာဉ် နဲ့ ရေသယ်ယာဉ်တွေနဲ့အတူ ဘိုဘိုဝင်းRescueအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၊ ရာမညအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တို့က. ပူးပေါင်းဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြတာ ဖြစ်ကြောင်း ၊ မနက် ၂ နာရီ ၅၈ မိနစ်မှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့ ၊ မနက် ၁၂ နာရီလောက်ကလည်း မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံးပေါ်ရွာမှာ
မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၆၀ လောက် မီးလောင် ပြာကျ ပျက်စီးမှု ရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ ညကလည်း မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ဒိုဘီချောင်ဝင်းအတွင်းမှာလည်း မီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူနေအိမ် လေးလုံး မီးလောင် ဆုံးရှုံးခဲ့ပါတယ်။

image
17 ပတ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီလထဲမှာ ရဲ ၊ အုပ်ချုပ်ရေးအဖွဲ့ ၊ ပညာရေးဝန်ထမ်း ၊ ပြည်သူ အပါ ၂၂ ယောက်ထက်မနည်း အသတ်ခံခဲ့ရ

မကွေးတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ် ငါးခုကမြို့နယ်အချို့မှာ ဖေဖော်ဝါရီလအတွင်းက အစိုးရဝန်ထမ်း နဲ့ပြည်သူ ၂၂ ယောက်ထက်မနည်းကို အစိုးရတပ်သတင်းပေးဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသတွင်းလက်နက်ကိုင် အဖွဲ့တွေက သတ်ဖြတ်မှုရှိခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ၊တနင်္သာရီတိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲရှိ မြို့နယ်အချို့မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင် ၊ ပြည်သူ့စစ် ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၊ပညာရေးဝန်ထမ်း ၊ အရပ်သားပြည်သူတွေ အသတ်ခံခဲ့ရတာ ဖြစ်ကြောင်း မကွေးတိုင်းက အသတ်ခံရမှု ပိုများတယ်လို့ သိရပါတယ်။

ဖြစ်စဥ်တွေက ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာဆိုရင်
မကွေးမြို့နယ်၊ စည်ပင်ကျေးရွာနေ ဦးလှမြင့်ဦး၊ ဦးလှရွှေဦး၊ ဦးအေးလွင်၊ ဒေါ်မိုးမိုး၊ ဦးထွန်းမြင့်တို့ငါးယောက်ကို လက်နက်ကိုင်အဖွဲ့က ကျေးရွာအတွင်း ဝင်ရောက်ပြီး သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာက တနင်္သာရီတိုင်း ၊ ထားဝယ်မြို့နယ်က ဦးအောင်နိုင်ဝင်းနဲ့ ဇနီးဖြစ်သူ ဒေါ်သီသီမာတို့ဟာ ဦးသန့်ဇင်စိုးနဲ့အတူ သုံးဘီးဆိုင်ကယ်စီးလာစဥ် လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။

မကွေးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒေသခံက " ရွာထဲကို ဆိုင်ကယ်တွေနဲ့ လာပြီး ပစ်သွားတာပဲ။.ဘယ်သူမှ ထွက်မကြည့်ရဲသလို မသွားရဲကြဘူး။သေနတ်သံတွေကြားတော့ ဘယ်ထွက်ရဲမလဲ ။ ပြီးမှသာ သတ်သွားတာသိကြရတာ ။ ပြီးတော့ ရဲတွေရောက်လာတယ် ။စစ်ဆေးတာတွေလုပ်ပြီး အလောင်းတွေ သယ်သွားတယ်။ " လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်ကလည်း မကွေးတိုင်း ၊ ကံမမြို့နယ်၊ ဘန့်ပြင်ကျေးရွာက ဦးခင်မောင်လွင်ဆိုသူကို ဆိုင်ကယ်နဲ့ ရွာပြန်လာချိန်လမ်းမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ပြီး ၂၁ ရက်နေ့ ကလည်း တောင်တွင်းကြီးမြို့နယ် ၊ ထန်းတောကြီးရွာက ရာအိမ်မှူး ဦးဆန်းဝင်းကို နေအိမ်အထိလာရောက်ပြီး ပစ်ခတ်သတ်ဖြတ်မှုရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း မကွေးတိုင်း၊ မင်းဘူးမြို့နယ် ၊ ကျွန်းပြားရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာဦးမြင့်ဌေးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခဲ့သလို တောင်တွင်းကြီးမြို့နယ် ၊ငှက်ပျောတောရွာ ရာအိမ်မှူး.ဦးကျော်စိုးကိုလည်း သေနတ်နဲ့ပစ်သတ်သွားတယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီ ၉ ရက်နေ့မှာ တောင်တွင်းကြီး မြို့နယ် ၊စည်သာကျေးရွာက ဦးကျော်စန်းကိုလည်း သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်​နေ့ကလည်း စလင်းမြို့နယ်၊ ဘိုကုန်းကျေးရွာအနီးရှိ ငရုတ်စိုက်ခင်းအတွင်း အလုပ်လုပ်နေတဲ့ ဦးသန်းလွင် ဆိုသူ အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်တောင်းပိုင်းက ရွာငံမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၁၇ ရက်နဲ့ ၂၁ ရက်နေ့က ပွေးနဖားကျေးရွာက ဒေါ်ချိုမာထွေး ပစ်ခတ်ခံရပြီးသေဆုံးခဲ့ကာ ဦးဆန်းဦးဆိုသူမှာ ဒဏ်ရာရရှိခဲ့ကြောင်း ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ အုပ်တွင်းကျေးရွာက ဦးအောင်ကျန်ဆိုသူကို နေအိမ်ထိလာရောက်ပြီး သတ်ဖြတ်ခဲ့ပြီး မြင်းကျဒိုးကျေးရွာက ပြည်သူ့စစ်အဖွဲ့ဝင် ဦးစည်သူအောင်ကိုမှာ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ် ။

ပဲခူးတိုင်းထဲ မှာလည်း ဖေဖော်ဝါရီ ၁၁ရက်နေ့က ပေါက်ခေါင်းမြို့နယ်မှာ မင်္ဂလာဆောင်အတွင်း ဝင်ရောက်ပစ်ခတ်ခဲ့လို့ အမျိုးသားနှစ်ယောက် သေဆုံးကာ.တယောက်ထိခိုက်ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နဲ့ ၆ ရက်ကလည်း ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်ကို နေအိမ်အထိ ဝင်ရောက်သတ်ဖြတ်သွားသလို ရေတာရှည် မြို့နယ်ထဲက အမျိုးသားတယောက် ပစ်သတ်ခံရပြီး နှစ်ယောက်ကိုလည်းဖမ်းဆီးသွားမှု ရှိခဲ့တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ဘီးလင်းမြို့နယ်၊ တောင်စွန်း - ဘီးလင်း ကားလမ်းမပေါ် သံ တံတားဘေးနားရှိ စားသောက်ဆိုင်မှာ ထိုင်နေတဲ့ တောင်စွန်းကျေးရွာအုပ်စုရှိ တောင်စွန်းရဲစခန်းက တောင်စွန်းနယ်ထိန်း ဒုတပ်ကြပ်ဇော်မင်းထွန်း သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

image
17 ပတ် - ဘာသာပြန်ပါ။

ပရီးမီးယားလိဂ်တွင် လုပ်ခအများဆုံးအသုံးပြုတဲ့အသင်းအဖြစ် ရပ်တည်နေပေမယ့် ဝင်ငွေအကောင်းဆုံးအသင်းအဖြစ်ပါ ရပ်တည်လာတဲ့ လီဗာပူး
=================
လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးဟာ ပရီးမီးယားလိဂ်တွင် လုပ်ခအသုံးစရိတ်အများဆုံးအသုံးပြုတဲ့ကလပ်အဖြစ် ရပ်တည်နေပါတယ်။

အန်းဆလော့ရဲ့ လီဗာပူးဟာ စံချိန်တင်ဝင်ငွေ ပေါင်သန်း ၇၀၀ အထိ ရရှိလာသလို လုပ်ခအသုံးစရိတ်ကလည်း ပေါင် ၄၂၈ သန်းအထိ မြင့်မားနေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာ ၂၀၂၅ ခုနှစ်‌ မေလ ၃၁ ရက်နေ့အထိ တစ်နှစ်တာ ဘဏ္ဍာရေးရှင်းတမ်းအား ထုတ်ပြန်ကြေညာလာခဲ့တာပါ။

လီဗာပူးဟာ ယမန်တစ်နှစ်တုန်းကထက် လုပ်ခ အသုံးစရိတ် ပေါင် ၄၂ သန်း မြင့်တက်လာကာ ပေါင် ၄၂၈ သန်းအထိ မြင့်မားလာပါတယ်။ လီဗာပူးဟ ၂၀၂၄-၂၅ ရာသီတုန်းက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မှုနှင့်အတူ အပိုဆုကြေးအမြောက်အမြားပေးရမှုကြောင့် ယခုကဲ့သို့ လုပ်ခအသုံးစရိတ်မြင့်တက်လာတာပါ။

ဒါပေမယ့် လီဗာပူးဟာ ယမန်တစ်နှစ်တုန်းကထက် ဝင်ငွေ ပေါင် ၈၉ သန်းအထိ မြင့်မားလာကာ ပေါင် ၇၀၃ သန်းအထိ ရရှိလာပြီး ကလပ်သမိုင်းတွင် စံချိန်သစ်အဖြစ် ပေါင်သန်း ၇၀၀ အထက် ရရှိလာခဲ့တာပါ။

လီဗာပူးဟာ စံချိန်တင်ဝင်ငွေ ရရှိလာခဲ့ပေမယ့်လည်း အခွန်မဆောင်မီ အမြတ်ငွေ ပေါင် ၁၅.၂ သန်း(အခွန်ဆောင်ပြီး အမြတ် ပေါင် ၈ သန်း)တည်းသာ ရရှိခဲ့ပါတယ်။

လီဗာပူးဟာ ယူရိုပါလိဂ်သာ ကစားခဲ့ရတဲ့ ယမန်တစ်နှစ်တုန်းက အခွန်မဆောင်မီ ပေါင် ၅၇ သန်းအရှုံးပေါ်ခဲ့ရာမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာချိန်တွင် အမြတ်ငွေ ရရှိလာတာပါ။

လီဗာပူးဟာ တစ်နှစ်တာလုံးအတွက် စုစုပေါင်း ကုန်ကျစရိတ် ပေါင် ၆၅၇ သန်း ရှိခဲ့ပါတယ်။

လီဗာပူးဟာ လုပ်ခ ပေါင် ၄၂၈ သန်းဖြင့် ပရီးမီးယားလိဂ်တွင် လုပ်ခအသုံးစရိတ်အများဆုံးအသင်းအဖြစ် ရပ်တည်နေပြီး ၎င်းတို့နောက်တွင် မန်စီးတီး (ပေါင် ၄၀၈ သန်း)၊ အာဆင်နယ် (ပေါင် ၃၃၈ သန်း)၊ ယူနိုက်တက် (ပေါင် ၃၁၃သန်း)ဖြင့် ရပ်တည်နေကြပါတယ်။

ဒါ့အပြင် လီဗာပူးရဲ့ ဝန်ထမ်းအသုံးစရိတ်မှာလည်း ၂၀၁၆-၁၇ နောက်ပိုင်း နှစ်ဆကျော်အထိ မြင့်တက်လာကာ ပေါင် ၂၀၈ သန်းအထိ ရှိလာပါတယ်။

လီဗာပူးဟာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည် ရရှိလာမှုနှင့်အတူ မီဒီယာဝင်ငွေ ပေါင်သန်း ၆၀ တိုးမြှင့်လာကာပေါင် ၂၆၄ သန်းအထိ ရရှိလာပါတယ်။

ကွင်းဝင်ကြေးဝင်ငွေမှာလည်း ပေါင် ၁၄ သန်း မြင့်တက်ကာ ၁၁၆ သန်းအထိ ရရှိလာပါတယ်။

လီဗာပူးဟာ တေလာဆွစ်ဖ်နှင့် ပန့်ခ်တို့ရဲ့ ရှိုးပွဲများအား အန်ဖီးလ်ကွင်းတွင် လက်ခံကျင်းပမှုနှင့်အတူ ကော်မာရှယ်ဝင်ငွေ ပေါင် ၁၅ သန်းအထိ တိုးမြှင့်လာကာ ပေါင် ၃၂၃ သန်းအထိ ရရှိလာပါတယ်။

လီဗာပူးရဲ့ စုစုပေါင်း ကြေ့းမြီမှာ ပေါင် ၂၈၆ သန်း ရှိပြီး ဘဏ်များကို ပေးရမယ့် ကြွေးမြီက ပေါင် ၆၉ သန်း ရှိပါတယ်။

image
17 ပတ် - ဘာသာပြန်ပါ။

လူသိနည်းတဲ့ စည်းမျဉ်းကြောင့် မိခင်ကလပ် လေဗာကူဆင်နှင့်ပွဲတွင် အာဆင်နယ်အတွက် ကစားနိုင်မယ့် ဟန်ကာပီ
=====================
အာဆင်နယ်ဟာ နောက်ခံလူပီရိုဟန်ကာပီအား မိခင်ကလပ်လေဗာကူဆင်နှင့် ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်များတွင် အသုံးပြုလာပါမယ်။

အီကွေဒေါလက်ရွေးစင်ကစားသမားဟာ စက်တင်ဘာလတုန်းက လေဗာကူဆင်မှ နွေရာသီတွင် ပေါင် ၄၅ သန်းဖြင့် အပြီးသတ်ပြောင်းရွှေ့နိုင်မယ့်အချက်ဖြင့် တစ်ရာသီအငှားဖြင့် အာဆင်နယ်သို့ ရောက်လာခဲ့တာပါ။

အသက် ၂၄ နှစ်ရှိ ကစားသမားဟာ အာဆင်နယ်အတွက် ယခုရာသီတွင် ၂၄ ပွဲအထိ ကစားခွင့်ရထားကာ အရေးပါတဲ့သူအဖြစ် ကစားခွင့်ရနေသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်စည်းမျဉ်းအရ အငှားဖြင့် လာရောက်ကစားနေတဲ့ ကစားသမားမှာ မိခင်ကလပ်နှင့်ပွဲတွင် ကစားခွင့် မရှိပါဘူး။ ဒါပေမယ့် ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းမှာတော့ ယင်းသို့ မဟုတ်ပါဘူး။

ယူအီးအက်ဖ်အေရဲ့ စည်းမျဉ်းတွင် မည်သည့်ကလပ်ကမျှ ပြိုင်ဘက်အသင်းရဲ့ ကစားသမားရွေးချယ်မှုအပေါ်တွင် လွှမ်းမိုးချယ်လှယ်ခွင့် မရှိပါဘူး။

မိခင်ကလပ်က အငှားချထားတဲ့ ကစားသမားကို အသုံးပြု/အသုံးမပြုအား ချယ်လှယ်ခွင့် မရှိပါဘူး။

ဒါကြောင့်လည်း အာဆင်နယ်အနေဖြင့် မတ်လတွင် ကစားမယ့် လေဗာကူဆင်နှင့်ပွဲတွင် ဟန်ကာပီအား အသုံးပြုလာနိုင်ပါမယ်။

ယခုရာသီတွင် နီကိုလပ်စ်ဂျက်ဆင်မှာ မိခင်ကလပ် ချဲလ်ဆီးနှင့်ပွဲတွင် ဘိုင်ယန်မြူးနစ်အတွက် ကစားခဲ့သလို ကိုလိုမူအာနီမှာလည်း မိခင်ကလပ် ပီအက်စ်ဂျီနှင့်ပွဲတွင် စပါးစ်အတွက် ၂ ဂိုးသွင်းခဲ့ပါသေးတယ်။

မာကိုအဆန်စီယိုမှာလည်း ပြီးခဲ့တဲ့ရာသီတုန်းက ဗီလာအတွက် ကစားစဉ် မိခင်ကလပ် ပီအက်စ်ဂျီနှင့်ပွဲမှာ ပါဝင်ကစားခဲ့ပါသေးတယ်။

ကော်တင်ဟိုမှာလည်း ဘိုင်ယန်မြူးနစ်သို့ အငှားဖြင့် သွားရောက်ကစားစဉ် ဂိုးမသွင်းခဲ့ပေမယ့် မိခင်ကလပ် ဘာစီလိုနာအား ချန်ပီယံလိဂ်မှ ထွက်ခွာရအောင် လုပ်ပြခဲ့ဖူးပါတယ်။

ယခု ခရစ္စတီယာနိုရော်နယ်ဒိုနှင့် Al-Nassr တွင် တွဲကစားနေတဲ့ ကင်စလေကိုးမန်းမှာလည်း ထိုစဉ်တုန်းက မိခင်ကလပ် ဂျူဗင်တပ်အား ဘိုင်ယန်မြူးနစ်တို့ အနိုင်ရအောင် ကူညီခဲ့ဖူးပါတယ်။

image
17 ပတ် - ဘာသာပြန်ပါ။

မက်ဂွိုင်းယားကဲ့သို့ ကစားသမားမှာ တန်ဖိုးဖြတ်လို့ မရကြောင်း မိုက်ကယ်ကာရစ် ပြောကြားလာ
===================
မိုက်ကယ်ကာရစ်က ဟယ်ရီမက်ဂွိုင်းယားကဲ့သို့ ကစားသမားမျိုးမှာ တန်ဖိုးဖြတ်လို့ ရတဲ့ ကစားသမားမျိုး မဟုတ်ကြောင်း ပြောကြားလာပါတယ်။

ဒါပေမယ့် ယူနိုက်တက်ယာယီနည်းပြက နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးလာမယ့် မက်ဂွိုင်းယားထံမှ အများကြီး ထွက်ပေါ်လာရန် မျှော်လင့်ကြောင်းလည်း ပြောကြားသွားပါတယ်။

ဗဟိုနောက်ခံလူဟာ မိုက်ကယ်ကာရစ်လက်ထက် ၆ ပွဲဆက် ရှုံးပွဲမရှိမှတ်တမ်း ရရှိအောင် အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ အဲဗာတန်အား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် အဆုံးအဖြတ်ကစားသမားကဲ့သို့ ခံစစ်တွင် ခြေစွမ်းပြခဲ့သူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကာရစ်ဟာ မက်ဂွိုင်းယားရဲ့ အနာဂတ်နှင့်ပတ်သက်ပြီး တစုံတရာ မှတ်ချက် မပေးခဲ့ပေမယ့် တန်ဖိုးဖြတ်လို့မရတဲ့ ကစားသမားဖြစ်ကြောင်း ဆိုလာပါတယ်။

အသက် ၄၄ နှစ်ရှိကာရစ်က "အသင်းတစ်သင်း ဟန်ချက်ညီဖို့ ဆိုရင် အလားအလာရှိပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လူငယ်တွေ လိုချင်တယ်။ ဒါပေမယ့် အထွပ်အထိပ်မှာ ရှိတဲ့ကစားသမားတွေရဲ့ အလယ်မှာ သော့ချက်တစ်ခု လိုအပ်တယ်။ ပြီးတော့ အတွေ့အကြုံကလည်း အရမ်းအရေးကြီးတယ်။ တန်ဖိုးဖြတ်ဖို့ ခက်ပါတယ်။ မက်ဂွိုင်းယားမှာ ဒီကလပ်မှာ အရမ်းကို များပြားတဲ့ အတွေ့အကြုံတွေ ရှိတယ်။ အတွေ့အကြုံရင့်တဲ့ နောက်တစ်ဦးဖြစ်တဲ့ ကက်စ်မီရိုကလည်း ထွက်တော့မယ်။ ဒီတော့ ဒီအခြေအနေကို ကျွန်တော်တို့ နားလည်ဖို့ လိုအပ်တယ်"လို့ ပြောကြားသွားပါတယ်။

အသက် ၃၂ နှစ်ရှိ မက်ဂွိုင်းယားဟာ ယခင်နည်းပြရူဘင်အမိုရမ်လက်ထက်တုန်းကလည်း အရေးပါတဲ့ ကစားသမားဖြစ်ခဲ့သလို ကာရစ်လက်ထက်တွင်လည်း ထိပ်ဆုံးမှ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

မက်ဂွိုင်းယားမှာ ကစားသမားဘဝ အကောင်းဆုံးပုံစံ ရနေသလားလို့ မေးမြန်းလာချိန်တွင် ကာရစ်က "ဒီနဲ့ပတ်သက်ပြီး ပြောရမယ်ဆိုရင် ငယ်တုန်း ရွယ်တုန်းကတော့ လန်းဆန်းနေတယ်၊ အကြောက်အလန့်မရှိဘူး။ ဒါပေမယ့် တက်လိုက်ကျလိုက် ဖြစ်တယ်။ နောက်ပိုင်းအချိန်တွေမှာတော့ အတွေ့အကြုံက ပိုကောင်းတဲ့ ကစားသမား ဖြစ်လာစေပါတယ်။ အခု မက်ဂွိုင်းယားရဲ့ နောက်ပိုင်းခြေစွမ်းကို မြင်နေရတာပါ။ ဒါကြောင့်လည်း အတွေ့အကြုံက အရမ်းအရေးကြီးတယ်လို့ ဆိုလိုတာပါ။ ကျုပ် အသက် ၃၁ နှစ်၊ ၃၂ နှစ်တုန်းက အကောင်းဆုံးနှစ်တွေ ပိုင်ဆိုင်တုန်းကလည်း ကြံ့ခိုင်မှုပိုင်းအတွက် လုပ်ဖို့ အကောင်းဆုံးအနေအထားမှာ ရှိခဲ့တယ်။ ဒါပေမယ့် ဖြစ်လာမယ့်အရာတွေအတွက် အတွေ့အကြုံကို အသုံးချတယ်"လို့ ပြောကြားသွားပါတယ်။

မက်ဂွိုင်းယားမှာ ယူနိုက်တက်နှင့် ၅ လစာချုပ်သက်တမ်းသာ ကျန်တော့ပေမယ့် အနာဂတ်မှာ မရေမရာ ဖြစ်နေတုန်း ဖြစ်ပါတယ်။

image
17 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းလင်ဂတ်ကို ခေါ်ယူရန် ကိုရင်သီယန် ဆွေးနွေးနေ
==================
ယူနိုက်တက်အလယ်တန်းကစားသမားဟောင်းဂျက်စီလင်ဂတ်ဟာ ဘရာဇီးကလပ် ကိုရင်သီယန်သို့ ၁၂ လစာချုပ်ဖြင့် ပြောင်းရွှေ့ရေး ဆွေးနွေးမှုများ ပြုလုပ်နေပါတယ်။

အင်္ဂလန်အလယ်တန်းကစားသမားဟောင်းဟာ ဒီဇင်ဘာလတုန်းက တောင်ကိုရီးယားကလပ် အက်ဖ်စီဆိုးလ်မှ ထွက်ခွာလာပြီးနောက် ကလပ်လက်မဲ့ ဖြစ်နေသူ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်ရှိ ကစားသမားဟာ ဥရောပတလွှားကလပ်များနှင့် အမေရိကန်မေဂျာလိဂ်ကလပ်များရဲ့ ကမ်းလှမ်းမှု ရရှိထားပေမယ့်လည်း ကိုရင်သီယန်သို့ ပြောင်းရေးဆွေးနွေးမှုက တိုးတက်နေပါတယ်။

လင်ဂတ်ဟာ ယူနိုက်တက်အကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး ၈ နှစ်တာကာလအတွင်းတွင် ၂၃၂ ပွဲကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။

သူဟာ အင်္ဂလန်အသင်းအတွက် ၃၂ ပွဲကစားခွင့်ရခဲ့ကာ ၂၀၁၈ ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်ရောက် အင်္ဂလန်အသင်းတွင် ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဘရာဇီးအမှတ်ပေးဖလားကို ၇ ကြိမ်ဆွတ်ခူးထားတဲ့ ကိုရင်သီယန်ဟာ ယခုရာသီ ရာသီအစ ၄ ပွဲတွင် ၇ မှတ်ရထားကာ အမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။

လင်ဂတ်ဟာ ကိုရင်သီယန်သို့ ပြောင်းရွှေ့ကစားပါက ယူနိုက်တက်ကစားဖော်ဟောင်းမမ်ဖစ်ဒီပေးနှင့် ပြန်လည်တွဲကစားခွင့် ရရှိလာပါမယ်။

image
17 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ပြိုင်ဘက် ချဲလ်ဆီး၊ လီဗာပူးနှင့် အပေါင်းပါတို့အား ပီအက်စ်ဂျီနည်းပြလူးဝစ်အန်းနရစ် အပြင်းအထန် သတိပေးလာ
=================
လူးဝစ်အန်းနရစ်က ချန်ပီယံလိဂ် ၁၆ သင်းရောက် အသင်းများမှာ ပီအက်စ်ဂျီကို ကြောက်လန့်လျက်ရှိပြီး မိမိအသင်းမှာ ချန်ပီယံလိဂ်ဖလား ၂ ကြိမ်ဆက် ရရှိရန် ကြိုးပမ်းနေကြောင်း ပြောကြားလာပါတယ်။

လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်တွင် ချဲလ်ဆီးနှင့် ရင်ဆိုင်နေပြီး အနိုင်ရရှိပါက ဂါလာတာစာရေးနှင့် လီဗာပူးပွဲစဉ်မှ အသင်းနှင့် ကွာတားဖိုင်နယ်တွင် ရင်ဆိုင်ရမယ်။

ပြီးလျှင် ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်တွင် ရီးရဲလ်မက်ဒရစ် (သို့မဟုတ်) မန်စီးတီး (သို့မဟုတ်) ဘိုင်ယန်မြူးနစ် (သို့မဟုတ်) အတ္တလန္တာနှင့် ရင်ဆိုင်ရပါမယ်။

ဒါပေမယ့် လူးဝစ်အန်းနရစ်က "ပြီးခဲ့တဲ့နှစ်တုန်းက အမြင်နဲ့ ကွဲသွားပြီ။ ပြီးခဲ့တဲ့နှစ်တုန်းက ဘယ်သူကမှ ကျွန်တော်တို့ ရမယ်လို့ မထင်ထားကြဘူး။ ဒီကနေ့ လူတိုင်းက ကျွန်တော်တို့ ဒီပြိုင်ပွဲမှာ အနိုင်ရနိုင်တယ်လို့ သိထားကြတယ်။ ဒီတော့ ကျွန်တော်တို့အနေနဲ့ စွမ်းဆောင်ရည် ပိုကောင်းအောင် လုပ်ရမယ်။ ဒီအပေါ်ဘဲ အာရုံစိုက်ရမယ်။ ဒါပေမယ့် အပြုသဘောဆောင်တာ မြင်နေရတယ်။ ကွဲပြားတဲ့ အခြေအနေကို မြင်နေရတယ်"လို့ ဆိုသွားပါတယ်။

ဆက်လက်ပြီး အန်းနရစ်က ပီအက်စ်ဂျီမှာ ချန်ပီယံလိဂ်ဖလား ရလိုပါက အနိုင်ယူရမယ့် အသင်းတစ်သင်း ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် အသင်းရဲ့ စိတ်ဓာတ်ပိုင်းမှာလည်း ချန်ပီယံဆုကာကွယ်ရေးအတွက် အလွန်အရေးပါတဲ့သော့ချက်ဖြစ်ကြောင်းလည်း ဆိုသွားပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - မတ် ၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၅၃၆၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၁,၄၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၁,၃၆၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၁,၀၀၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၉၆၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၁,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၁,၂၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၈၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၈၄၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၅၇ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၀၀၅ ကျပ်
ဝယ်ဈေး - ၃၉၀၅ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၆၀ ကျပ်
ဝယ်ဈေး - ၃၀၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၂၈.၂၁ ကျပ်
ဝယ်ဈေး - ၁၂၅ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၂၄ ကျပ်
ဝယ်ဈေး - ၉၉၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၈၃ ကျပ်
ဝယ်ဈေး - ၅၆၈ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၆၂ ကျပ်
ဝယ်ဈေး - ၂၄.၉၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၃.၉ ကျပ်
ဝယ်ဈေး - ၄၂.၈ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၇၆ ကျပ်
ဝယ်ဈေး - ၂.၆၉ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၃၈၀ ကျပ်
ဝယ်ဈေး - ၅၂၄၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၂ ကျပ်
ဝယ်ဈေး - ၂၇၇၁ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၃၂ ကျပ်
ဝယ်ဈေး - ၂၈၅၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၄၉၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၀၉၀ ကျပ်
ဝယ်ဈေး - ၁၀၆၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image
17 ပတ် - ဘာသာပြန်ပါ။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
******************************************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image