ဘက်ပေးရဲ့ မော်ရင်ဟို (သို့မဟုတ်) ဂျူလီယာရောဘတ်ပို့စ်အား Like ပေးမှုက ပြဿနာမရှိကြောင်း အာဘီလိုအာ ပြောကြားလာ
======================
ကိုင်လီယန်ဘက်ပေးရဲ့ ဆိုရှယ်မီဒီယာတွင် Like ပေးမှုက လာမယ့် ရီးရဲလ်မက်ဒရစ်နည်းပြဘယ်သူဖြစ်လာမလဲဆိုတာနှင့်ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်လာနေစေပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယခုရာသီတွင် ပြိုင်ပွဲအရပ်ရပ်မှ ထွက်ခွာထားရသလို လာလီဂါတွင်လည်း ထိပ်ဆုံးမှ ဘာစီလိုနာနှင့် ရမှတ် ၉ မှတ်အထိ ကွာဟနေမှုနှင့်အတူ ဆုဖလားလက်မဲ့ရာသီတစ်ခုနှင့် ကြုံလာရဖို့ ရှိနေပါတယ်။

တဖက်တွင် အယ်ဗာရိုအာဘီလိုအာမှာလည်း လာမယ့်ရာသီအထိ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် ဆက်ရှိ/မရှိ မရေမရာ ဖြစ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးအတွက် လျာထားမှုများ ပြုလုပ်နေပြီး ယင်းအထဲတွင် လက်ရှိ ဘင်ဖီကာကို ကိုင်တွယ်နေတဲ့ နည်းပြဟောင်းဟိုဆေးမော်ရင်ဟိုလည်း အပါအဝင် ဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ရီးရဲလ်မက်ဒရစ်ကို ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ဖူးပြီး စံချိန်တင် ရမှတ် ၁၀၀ ဖြင့် လာလီဂါဖလား ဆွတ်ခူးခဲ့သလို ကိုပါဒယ်ရေးနှင့် စပိန်စူပါဖလားတို့လည်း ရရှိခဲ့ပါတယ်။

ကိုင်လီယန်ဘက်ပေးဟာ ဆိုရှယ်မီဒီယာတွင် မော်ရင်ဟိုနှင့်ပတ်သက်တဲ့ ပို့စ်ကို Like ပေးလာမှုနှင့်အတူ ပရိသတ်များအကြား ပြောစရာ ဖြစ်လာတာပါ။

ယင်းပို့စ်မှာ မော်ရင်ဟိုရဲ့ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်စဉ်တုန်းက အနိုင်ရာခိုင်နှုန်းနှင့် ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်အပေါ် ရိုက်ခတ်မှုအား ဖော်ပြထားတာပါ။

ယင်းနှင့်ပတ်သက်ပြီး မေးမြန်းလာချိန်မှာတော့ အာဘီလိုအာက "ဒါမျိုးတွေနဲ့ပတ်သက်ပြီး မစဉ်းစားပါဘူး။ သူ မော်ရင်ဟိုကိုပဲ ဖြစ်ဖြစ် ဂျူလီယာရောဘတ်ကိုပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် Like ပေးပေး ကျွန်တော့်အပေါ် အနှောင့်အယှက်မဖြစ်ပါဘူး"လို့ ပြောကြားသွားပါတယ်။

အမေရိကန်မင်းသမီးကြီး ဂျူလီယာရောဘတ်အမည်ကို နည်းပြတစ်ဦးက ပထမဆုံးအကြိမ် ပြောဆိုလာတာတော့ မဟုတ်ပါဘူး။

၂၀၂၃ ခုနှစ်တုန်းကလည်း မန်စီးတီးနည်းပြဂွါဒီယိုလာက အနာဂတ်နှင့်ပတ်သက်ပြီး မေးမြန်းလာချိန်မှာ လာမယ့်ပွဲကိုသာ အာရုံစိုက်ကြောင်း ဂျူလီယာရောဘတ်အမည်ကို ထည့်သွင်းပြောဆိုခဲ့ဖူးပါတယ်။

ဆက်လက်ပြီး အာဘီလိုအာက "ကျွန်တော့်တာဝန်က ပွဲတိုင်းအနိုင်ရဖို့ပါ။ ကစားသမားတွေဆီက ကျွ်နတော်တောင်းဆိုတာလည်း ဒီအရာပါပဲ။ ကျွန်တော်တို့ ပရော်ဖက်ရှင်နယ်တွေ ဖြစ်ကြတယ်။ ဒီအမှတ်တံဆိပ်ကို လေးစားရမယ်။ ကျွန်တော့်တာဝန်က ရီးရဲလ်မက်ဒရစ်ကစားသမားတွေကို စိတ်အားထက်သန်လာအောင် လုပ်ဖို့ မဟုတ်ပါဘူး။ သူတို့ကိုယ်တိုင် အမြင့်ဆုံးမှာ ထားထားပြီးသားပါ။ ကျွန်တော့်အလုပ်က သူတို့ ကွင်းထဲမှာ ကြုံလာရမယ့်အရာတွေအတွက် ပြင်ဆင်ပေးဖို့ ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ သောကြာနေ့တွင် ဘက်တစ်ကို ရင်ဆိုင်ရမှာ ဖြစ်ပြီး ယင်းပွဲအပြီးတွင် အက်စ်ပန်ညို၊ ဘာစီလိုနာတို့ကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ကာ အဝေးကွင်း ၃ ပွဲဆက် ကစားရပါမယ်။

image

ရာသီအကုန်အထိ အနားယူရမှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားအမီ လာမိန်းယာမဲလ် ကြံ့ခိုင်မှုပြည့်ဝလာဖွယ်ရှိနေ
=====================
စပိန်တိုက်စစ်သမားလာမိန်းယာမဲလ်ဟာ ဒဏ်ရာကြောင့် ဘာစီလိုနာရဲ့ လက်ကျန်ရာသီပွဲစဉ်အားလုံးကို လွဲချော်လာမှာ ဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားအမီ ကြံ့ခိုင်မှုပြည့်ဝလာဖွယ် ရှိနေကြောင်း သိရပါတယ်။

အသက် ၁၈ နှစ်အရွယ်ရှိ လာမိန်းယာမဲလ်ဟာ ဗုဒ္ဓဟူးနေ့တုန်းက ဆဲလ်တာဗီဂိုအား ၁-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ပင်နယ်တီမှ တဆင့် အနိုင်ဂိုးကန်သွင်းစဉ် ဘယ်ဖက်တံကောက်ကြောဒဏ်ရာရရှိသွားခဲ့တာလည်း ဖြစ်ပါတယ်။

သူဟာ ပင်နယ်တီကန်သွင်းပြီးနောက် ချက်ချင်းပင် အရန်ခုံသို့ အချက်ပြပြီးနောက် ကွင်းအတွင်း နာကျင်စွာ လဲကျသွားခဲ့ပါတယ်။

သူဟာ ဆေးဘက်ဆိုင်ရာအဖွဲ့ဝင်များရဲ့အကူအညီဖြင့် ကွင်းပြင်သို့ ထွက်ခွာခဲ့ပြီးနောက် ဥမင်လှိုဏ်ခေါင်းသို့ ဆင်းသွားခဲ့ပါတယ်။

ယခုအခါ ဘာစီလိုနာက လာမိန်းယာမဲလ်ရဲ့ဒဏ်ရာကို စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရာသီလက်ကျန်ပွဲစဉ်များကို လွဲချော်လာတော့မှာ ဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာဖ့လားပြိုင်ပွဲအမီ ကြံ့ခိုင်လာမယ်လို့ မျှော်လင့်ရကြောင်း ကြေညာသွားပါတယ်။

ဘာစီလိုနာဟာ ဒုတိယနေရာမှ ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၉ မှတ်အထိ ဖြတ်ကာ လာလီဂါကို ဦးဆောင်ထားနိုင်ပါတယ်။

စပိန်ဟာ ကမ္ဘာ့ဖလားအုပ်စုတွင်းတွင် ကိတ်ဗာဒီ၊ ဆော်ဒီ၊ ဥရုဂွေးတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

image

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်နေရာမှာ အီတလီကို အစားထိုးရန် ဖီဖာ အစီအစဉ်မရှိ
====================
ဖီဖာဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အထူးသံတမန်က အဆိုပြုမှု ပြုလုပ်လာပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်ရဲ့နေရာမှာ အီတလီနှင့် အစားထိုးရန် မရှိပါဘူး။

အီရန်ဟာ အမေရိကန်၊ အစ္စရေးတို့နှင့် စစ်မက်ဖြစ်ပွားနေမှုနှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရေး မရေမရာ ဖြစ်နေပါတယ်။

အမေရိကန်အထူးသံတမန်ပါအိုလိုဇမ်ပိုလ်လီက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အီရန်ရဲ့နေရာမှာ အီတလီနှင့် အစားထိုးရန် ဒေါ်နယ်ထရမ့်နှင့် ဖီဖာဥက္ကဌအင်ဖာတီနိုတို့အား အကြံပြုထားကြောင်း ဆိုထားပါတယ်။

ဖီဖာဘက်က ဇမ်ပိုလ်လီရဲ့အကြံပြုချက်နှင့်ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေမယ့် ပြီးခဲ့တဲအ့ပတ်တုန်းက အင်ဖန်တီနိုက အီရန်အသင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ရန် သေချာကြောင်း ဆိုထားပါတယ်။

တဖက်တွင် Financial Times က ဇမ်ပိုလ်လီမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှာ ပုပ်ရဟန်းမင်းကြီးအား ဝေဖန်မှုအတွက် အီတလီနှင့် အဆင်မပြေဖြစ်နေမှုအား ဖြေလျှော့နိုင်ရန်အတွက် ယင်းသို့ အဆိုပြုလာခြင်း ဖြစ်ကြောင်း ဖော်ပြသွားပါတယ်။

ကမ္ဘာ့ဖလား ၄ ကြိမ်ချန်ပီယံ အီတလီဟာ ပြီးခဲ့တဲ့လတုန်းက ကမ္ဘာ့ဖလားပလေးအော့ဖ်ဗိုလ်လုပွဲတွင် ဘော့စနီးယားကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားသုံးကြိမ်ဆက် ခြေစစ်ပွဲကျခဲ့ပါတယ်။

အီရန်ဟာ ဇွန်လ ၁၅ နှင့် ၂၁ ရက်နေ့တို့တွင် အယ်လ်အေမှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံတို့နှင့်လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် ဆက်တယ်မှာ အီဂျစ်နှင့်လည်းကောင်း ကစားရပါမယ်။

တဖက်တွင် ဗုဒ္ဓဟူးနေ့တုန်းက အီရန်အစိုးရအာဏာပိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် လိုအပ်တဲ့ ပြင်ဆင်မှု အားလုံးကို ပြုလုပ်ထားကြောင်း Al Jazeera ကို ဆိုထားပါတယ်။

image

ဘဏ္ဍာရေးအခြေအနေကြောင့် ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့ ပစ်မှတ်ထားနေတဲ့ လီယိုကို ရောင်းချရန် အေစီမီလန်တံခါးဖွင့်ပေးလာ
===================
အေစီမီလန်ဟာ ယူနိုက်တက်၊ လီဗာပူး၊ မန်စီးတီးနှင့် ရီးရဲလ်မက်ဒရစ်တို့ရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ပေါ်တူဂီတောင်ပံကစားသမားရာဖေးလ်လီယိုအားနွေရာသီတွင် ရောင်းချရန် တံခါးဖွင့်ပေးလာပါတယ်။

လီယိုဟာ ဥရောပရဲ့အကောင်းဆုံးတောင်ပံကစားသမားများထဲမှ တစ်ဦးဖြစ်ပြီး နွေရာသီတွင် ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပေါ်တူဂီတိုက်စစ်တွင် အရေးပါတဲ့အခန်းကဏ္ဍမှ ကစားလာမယ့်သူလည်း ဖြစ်ပါတယ်။

သူဟာ ယခုရာသီတွင် အေစီမီလန်အတွက် စီးရီးအေဂိုး ၁၀ ဂိုးအထိ သွင်းထားပေမယ့်လည်း အေစီမီလန်မှာ ချန်ပီယံဖလားကို ခါးသီးတဲ့ပြိုင်ဘက် အင်တာထံ လက်လွှတ်လာရဖို့ ရှိနေပါတယ်။

အေစီမီလန်ဟာ အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက်ညီစေရန်နှင့် ဘဏ္ဍာရေးလမ်းညှန်ချက်များနှင့် ကိုက်ညီစေရန်အတွက် အသင်းရှိ စတားကစားသမားများကို ရောင်းချရန် တံခါးဖွင့်ပေးထားပါတယ်။ ဒါကြောင့်လည်း ရာဖေးလ်လီယိုမှာ နွေရာသီတွင် အေစီမီလန်မှ ထွက်ခွာလာနိုင်ပါတယ်။

အသက် ၂၆ နှစ်ရှိ လီယိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်များတွင် ဝေဖန်မှုများနှင့် ရင်ဆိုင်နေခဲ့ရပေမယ့်လည်း နည်းပြအယ်လီဂရီနှင့် ပြဿနာတစုံတရာ မရှိပါဘူး။

ဒါပေမယ့် အေစီမီလန်ဟာ ရာဖေးလ်လီယိုမှာ ၂ နှစ်စာချုပ်သက်တမ်းသာ ကျန်တော့တဲ့အပြင် ဈေးကွက်တွင်လည်း တောင်းဆိုမှု မြင့်မားတဲ့ ကစားသမားဖြစ်နေမှုနှင့်အတူ အသင်းကို အင်အားဖြည့်တင်းရေး ရောင်းချလာတော့မှာ ဖြစ်ပါတယ်။

ရာဖေးလ်လီယိုကို ပရီးမီးယားလိဂ်ထိပ်သီး ၃ သင်းအပြင် ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေပါတယ်။

ယင်းကလပ်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ရာဖေးလ်လီယိုရဲ့အပြောင်းအရွှေ့အား အပြီးသတ်လိုနေပါတယ်။ ရာဖေးလ်လီယိုသာ ကမ္ဘာ့ဖလားတွင် ပိုမိုခြေစွမ်းပြလာပါက ပြောင်းရွှေ့ကြေးမြင့်မားလာနိုင်မှုနှင့်အတူ စောစောစီးစီး အပြောင်းအရွှေ့အပြီးသတ်လိုနေကြတာပါ။

ယူနိုက်တက်ယာယီနည်းပြမိုက်ကယ်ကာရစ်က လာမယ့် ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိလာပါက ဘဏ္ဍာရေးတောင့်တင်းလာမှုနှင့်အတူ တောင်ပံကစားသမားတစ်ဦး ခေါ်ယူလိုကြောင်း ဖွင့်ဟထားပါတယ်။

လီဗာပူးမှာလည်း နွေရာသီတွင် ထွက်ခွာမယ့် ဆာလက်နေရာတွင် အစားထိုးရန် တောင်ပံတိုက်စစ်သမားတစ်ဦး ရှာဖွေနေပါတယ်။

ရာဖေးလ်လီယိုဟာ တောင်ပံနှစ်ဖက်တွင်သာမက တိုက်စစ်မှူးအဖြစ်လည်း ကစားထားနိုင်သူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၉ ခုနှစ်တွင် လိုင်လီမှ ပေါင်သန်း ၃၀ ဖြင့် ပြောင်းလာပြီးနောက် အေစီမီလန်အတွက် ဂိုး ၈၀ သွင်းယူထားပါတယ်။

အေစီမီလန်ဟာ ရာဖေးလ်လီယိုကို ပေါင်သန်း ၆၀ ရရှိလာပါက ရောင်းချလာဖို့ ရှိနေပါတယ်။

image

ဘိုင်ယန်မြူးနစ်အား ဆုဖလား ၄ လုံးလမ်းကြောင်းပေါ်တွင် ဆက်ရှိနေအောင် ဂိုးသွင်းပေးပြီးနောက် Ballon d'Or ဆုအတွက် အခြေအနေပိုကောင်းလာတဲ့ ဟယ်ရီကိန်း
====================
ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်ကို ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ကာ ဆုဖလား ၄ လုံး လမ်းကြောင်းပေါ်တွင် ဆက်ရှိနေစေအောင် ကူညီနိုင်ခဲ့ပြီးနောက် Ballon d'Or ဆုအတွက် အခြေအနေပိုကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာ ဗုဒ္ဓဟူးနေ့ညတုန်းက လေဗာကူဆင်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲတွင် ယခုရာသီ ၅၂ ဂိုးမြောက်ဂိုးအား သွင်းပေးကာ ဘိုင်ယန်မြူးနစ်ဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲသို့ ပို့ဆောင်ပေးလာပါတယ်။

အသက် ၃၂ နှစ်ရှိ ကိန်းဟာ ပွဲချိန် ၂၂ မိနစ်တွင် ဘိုင်ယန်ရဲ့အဖွင့်ဂိုးကို သွင်းခဲ့တာ ဖြစ်ပြီး အနိုင်သေချာစေမယ့် ဒုတိယဂိုးကို လူးဝစ်ဒီယာ့ဇ်က သွင်းယူခဲ့တာပါ။

ဂျာမန်စူပါဖလားနှင့် ဘွန်ဒက်စ်လီဂါဖလား ဆွတ်ခူးထားပြီးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့လည်း တက်ရောက်ထားပြီး ပီအက်စ်ဂျီနှင့် ရင်ဆိုင်ကစားရပါမယ်။

ယခုကဲ့သို့ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲသို့ တက်ရောက်လာမှုနှင့်အတူ ဟယ်ရီကိန်းအတွက် Ballon d'Or ဆုဖလားဆွတ်ခူးနိုင်ရေး အိပ်မက်ကတည်းက တဖြည်းဖြည်းအကောင်အထည်ပေါ်နေပါတယ်။

သူဟာ ဘွန်ဒက်စ်လီဂါတွင် ၃၂ ဂိုးသွင်းကာ ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပြီး ဒုတိယနေရာမှ စတုဂတ်တိုက်စစ်မှူးဒီနစ်အန်ဒေ့ဗ်ထက် ၁၄ ဂိုးပိုသွင်းထားပါတယ်။

ဟယ်ရီကိန်းဟာ လာမယ့် နွေရာသီတွင် အင်္ဂလန်နှင့်အတူ ၁၉၆၆ နောက်ပိုင်း ပထမဆုံးကမ္ဘာ့ဖလားဆွတ်ခူးလာနိုင်မည်ဆိုပါက ဆုဖလား ၅ လုံးအထိပါ ဆွ့တ်ခူးလာနိုင်ပါမယ်။

ဘိုင်ယန်မြူးနစ်ဟာ ဂျာမန်ပိုကယ်ဖလားဗိုလ်လုပွဲတွင် ယနေ့ည စတုဂတ်နှင့် ဖရိုင်းဘတ်ပွဲစဉ်မှ အနိုင်ရတဲ့အသင်းနှင့် ရင်ဆိုင်ကစားရမည်ဖြစ်ရာ ချန်ပီယံဖြစ်ရေး ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။

ဟယ်ရီကိန်းဟာ ဘိုင်ယန်မြူးနစ်အတွက် ပွဲ ၁၄၀ တွင် ၁၃၇ ဂိုးအထိ သွင်းထားနိုင်သူ ဖြစ်ပြီး ပြည်တွင်းဖလား ၃ လုံးအပြင် ချန်ပီယံလိဂ်ဖလားလည်း ရယူလာနိုင်မည်ဆိုပါက Ballon d'Or ဆုကို ဆွတ်ခူးရေး အခြေအနေအကောင်းဆုံးကစားသမား ဖြစ်လာမှာ သေချာနေပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဧပြီ ၂၅ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၇၁၁ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၇,၁၀၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၆၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၆၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၂၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၂၄၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၁၀,၅၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၅၂၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၁၀,၁၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၁၀,၁၂၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၁၀ ကျပ်
ဝယ်ဈေး - ၄၂၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၅၀ ကျပ်
ဝယ်ဈေး - ၄၉၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၈၆ ကျပ်
ဝယ်ဈေး - ၁၀၅၈ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၇.၀၃ ကျပ်
ဝယ်ဈေး - ၂၆.၃၂ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၇၂ ကျပ်
ဝယ်ဈေး - ၄၄.၅၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၂ ကျပ်
ဝယ်ဈေး - ၂.၈၄ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၈၃၀ ကျပ်
ဝယ်ဈေး - ၅၆၈၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၈၁ ကျပ်
ဝယ်ဈေး - ၃၀၀၁ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၅၂ ကျပ်
ဝယ်ဈေး - ၃၀၇၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၀ ကျပ်
ဝယ်ဈေး - ၅၃၆ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၇၃ ကျပ်
ဝယ်ဈေး - ၁၁၄၃ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
**************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image

image

သတင်း အေဂျင်စီဖြစ်တဲ့ Chin World ၊ မျက်မှောက်ခေတ် နဲ့ Khonuthung Media တို့ကို လိုင်စင်ပိတ်သိမ်း

ပြည်တွင်း သတင်းအေဂျင်စီ သုံးခုဖြစ်တဲ့ Chin World ၊ မျက်မှောက်ခေတ် နဲ့ Khonuthung Media တို့ကို လိုင်စင်ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဧပြီ ၂၂ ရက်မှာ အသိပေးလာ ပါတယ်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေတဲ့ အကြောင်းအရာကို ရေးသားလွှင့်တင်ဖော်ပြခဲ့တဲ့အတွက် သတင်းအေဂျင်စီလုပ်ငန်းကို ဧပြီလ ၉ ရက်နေ့ကစပြီး ပိတ်သိမ်းလိုက်တာ ဖြစ် တယ်လို့ ဆိုပါတယ်။

ခုလို သတင်းဌာနတချို့ကို ထပ်မံပိတ်သိမ်းတဲ့ အပေါ် ဝါရင့် သတင်းစာဆရာတယောက်ကတော့

"ဒီလိုလိုင်စင်ပိတ်သိမ်းတာတွေ ထပ်ထွက်လာမယ်လို့ မမျှော်လင့်ကြဘူး ။သူတို့အစိုးရက လွှတ်တော်လည်းရှိလာပြီ၊ .?အရပ်သားအုပ်ချုပ်ရေးလိုမျိုး ဆန္ဒရှိတယ်ဆိုရင် ဒီလိုဟာမျိုးတွေမလုပ်သင့်ဘူး။မီဒီယာကို ဖြေလျှော့မယ်လို့ တချို့မျှော်လင့်တဲ့အချိန်မှာ ဒီဟာက မီဒီယာကို လိုင်စင်ပိတ်သိမ်းတာ သတင်းလွတ်လပ်ခွင့်ကို ထပ်ပြီးကန့်သတ်တဲ့လုပ်ရပ်မျိုးမို့လို့ သတင်းမီဒီယာလောကအတွက်တော့ မကောင်းဘူး ။ ဒီမီဒီယာတွေက ပြည်တွင်းမှာ လုပ်နေတာ ဟုတ်ချင်မှဟုတ်မယ်။ နယ်စပ်မှာလုပ်နေတာမျိုး တခြား အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်နေတာ ဖြစ်ချင်ဖြစ်မယ် ။ သို့သော်လည်း လိုင်စင်ပိတ်သိမ်းတယ်ဆိုတာက မီဒီယာအပေါ်ကန့်သတ်မှုတွေဒီမီဒီယာတွေမှာ လုပ်နေတဲ့ သတင်းသမားတွေအပေါ်မှာ ဖမ်းဆီးအရေးယူမှုကိုလုပ်နေဆဲပဲဆိုတာကို ပြလိုက်သလိုမျိုးပေါ့ ။ "လို့ မှတ်ချက်ပြု ပြောပါတယ် ။

သတင်း ထုတ်လုပ်ခွင့်လိုင်စင်ပိတ်သိမ်းခံခဲ့ရတဲ့ အေဂျင်စီတွေရဲ့တာဝန်ရှိသူတွေကတော့ Chin World သတင်း အေဂျင်စီက ဆလိုင်းရန်လင်းမာန် ၊ ဦးဂျေမှိန်းထန်းစန်းငါက Khonumthung Media နဲ့ ဦးမင်းထက်အောင်က မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့ ဖြစ်တယ်လို့ သိရပါတယ် ။

အရင်ကလည်း DVB၊ မဇ္ဈိမ၊ Myanmar Now၊ ခေတ်သစ် ၊ 7day ၊ မဲခေါင် အပါအဝင် သတင်းဌာန ၁၀ ခုထက်မနည်းကို လိုင်စင်ပိတ်သိမ်းခဲ့သလို စာပေတိုက်လေးခုနဲ့ ပုံနှိပ်တိုက်နှစ်ခုလည်း လိုင်စင်ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။

လိုင်စင်ပိတ်သိမ်းခံရတဲ့ သတင်းအေဂျင်စီတွေအနေနဲ့ မီဒီယာအမျိုးအစားတခုခုကို အသုံးပြုပြီး ဖြစ်စေ၊ နည်းပညာ တရပ်ရပ်ကို အသုံးပြုပြီး ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြတာမျိုးမပြုလုပ်ဖို့လည်း သတိပေး ပြောဆိုထားပါတယ်။

ဒါပေမယ့်လည်း မြေပြင်အခြေအနေမှာတော့ ပိတ်သိမ်းခံရတဲ့ သတင်းဌာနအများစုဟာ ခုချိန်ထိ သတင်းတွေကို ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။

လုပ်ငန်းလိုင်စင် ပိတ်သိမ်းခံထားရတဲ့ သတင်းဌာန အများစုဟာ နယ်စပ်ဒေသ နဲ့ လက်နက်ကိုင်စိုးမိုးနယ်မြေတွေ ၊ အိမ်နီးချင်းနိုင်ငံတွေမှာ ရုံးဖွင့်လုပ်ကိုင်နေကြတာများတယ်လို့ သိရပါတယ်။

image

ငွေထုတ်ရခက်တာကြောင့် ​ရွှေ​ဆိုင်တွေက ​ငွေသားနဲ့သာ ​ရောင်း​ပေးသူများလာ

ဘဏ်တွေကနေ ငွေထုတ်ရ ခက်ခဲတာကြောင့် လက်ရှိ ရွှေဈေးကွက်အတွင်း ဘဏ်အကောင့်နဲ့ ရွှေရောင်းဝယ်မှု နည်းပါးပြီး ​ငွေသားနဲ့ဝယ်သူကိုသာ ဦးစား​ပေး​ရောင်းနေရတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

“ဘဏ်တွေက ငွေထုတ်ရခက်တော့ အခုနောက်ပိုင်း ဘဏ်အကောင့်နဲ့ ရောင်းတာက နည်းသွားတယ်။ တချို့လည်းရောင်းတယ်၊ တချို့လည်း မရောင်းကြဘူး။ ဘဏ်တွေမှာ ငွေသွားထုတ်ရင်လည်း တဘဏ်နဲ့တဘဏ် မတူဘူး၊ တရက်နဲ့ တရက် မတူဘူးပေါ့။ ကိုယ်လိုသလောက်တော့ မ‌ရကြဘူး။ အဲဒါကြောင့် ဘဏ်အကောင့်နဲ့ဆို တချို့တွေက မရောင်းကြတော့ဘူး။ အရောင်းအဝယ်ကတော့ အဝယ်လိုက်နေတယ်ဆိုတာ မဟုတ်ပါဘူး။ အရောင်းအဝယ် ပါးပါတယ်” လို့ ရွှေလုပ်ငန်းရှင် တယောက်က ပြောပါတယ်။

လက်ရှိမှာ ဘဏ်အများစုဟာ ဘဏ်ထဲမှာရှိတဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး ငွေထုတ်ပေးနေတာဖြစ်ကာ တရက်ကို ကျပ် သိန်း ၄၀ ကနေ ၅၀ အထိ ထုတ်ပေးတာရှိသလို တချို့ရက်တွေမှာတော့ ကျပ် သိန်း ၄၀၀ ကနေ ၅၀၀ အထိ ထုတ်ပေးတာရှိတယ်လို့ သူက ပြောပါတယ်။

ဒါအပြင် အခု ဧပြီလကုန်မှာ ကျပ် နှစ်သောင်းတန်တွေ ထွက်လာနိုင်တယ်ဆိုတဲ့ ​ကောလာဟလသတင်းတွေလည်း ထွက်ပေါ်နေပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့ ရွှေဈေးကွက်အပေါ် ရိုက်ခတ်မှု မရှိဘူးလို့ သူက ပြောပါတယ်။

“အဲဒီ သတင်းတွေကတော့ မကြာမကြာ ထွက်တာပါပဲ။ ပြီးခဲ့တဲ့လကလည်း ထွက်တယ်၊ ဒီလလည်း ထွက်ပြန်ပြီ။ မကြာမကြာ ထွက်နေတော့ ရိုးနေပါပြီ။ ဈေးကွက်ကို ဘာမှ ထိခိုက်မှုမဖြစ်ပါဘူး” လို့ သူက ပြောပါတယ်။

လက်ရှိ ရွှေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေတဲ့အပြင် ရွှေဈေး အတက်အကျလည်း ငြိမ်နေပြီး အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၁၀၀ နဲ့ ၁၁၀ ကြားမှာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

“ရွှေအရောင်းအဝယ်တွေက လူတွေကလည်း စီးပွားရေး သိပ်မကောင်းကြတော့ အရောင်းအဝယ်တွေ သိပ်မဖြစ်ပါဘူး။ ဘဏ်မှာ ငွေသွင်း၊ ငွေထုတ်ရတွေလည်း ခက်နေတာဆိုတော့။ ဒါပေမယ့် ဘယ်လောက် ထုတ်ပေးမယ်ဆိုပြီး သတ်မှတ်ချက်တော့ မရှိဘူး။ နေ့တိုင်းလည်း ငွေထုတ်ပေးတယ်။ ဘဏ်မှာ ငွေရှိရင်ရှိသလို၊ များရင် များသလို၊ နည်းရင် နည်းသလို ထုတ်ပေးပါတယ်” လို့ သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်နောက်ပိုင်း ဘဏ်တွေကနေ ငွေထုတ်ယူမှု ခက်ခဲတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတာကြောင့် စပါယ်ရှယ် ဘဏ်အကောင့်တွေ ဖွင့်ပါက နေ့တိုင်း ငွေထုတ်ယူနိုင်တဲ့ စနစ်ကို ဘဏ်တွေက ပြောင်းလဲခဲ့ပေမယ့် လက်ရှိမှာ အဲဒီအကောင့်တွေကပါ ငွေထုတ်ယူမှု ခက်ခဲလာတာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ဘဏ်တွေမှာ ငွေထုတ်ယူမှု ကန့်သတ်လိုက်တာဟာ ဒေါ်လာ၊ ရွှေ အစရှိတဲ့နေရာတွေကို ငွေကြေးတွေ မရောက်ရှိစေဖို့ ‌ထိန်းကျောင်းနေတာ ဖြစ်တယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌက ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့က ကုန်သည်များနှင့် စက်မှုလက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှာ ပြုလုပ်တဲ့ အသိပညာမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန်ဒေါ်လာဈေးဟာ တဒေါ်လာ ပြင်ပပေါက်စျေး အရောင်း ၄၂၇၀ ကျပ်ဝန်းကျင်၊ အဝယ် ‌၄၁၇၀ ကျပ်ဝန်းကျင်မှာ ရှိနေတာ တွေ့ရပြီး ကမ္ဘာ့ရွှေဈေးကတော့ တအောင်စ ဒေါ်လာ ၄၇၀၁ ဝန်းကျင်မှာ ရောက်ရှိနေပါတယ်။

image