ချစ်သူနှင့် လမ်းခွဲလိုက်ပြီးနောက် ချစ်သူဟောင်းနှင့် ပြန်လည်ဆက်နွယ်လာတဲ့ ရူဘင်ဒီယာ့စ်
====================
ပေါ်တူဂီစတားရူဘင်ဒီယာ့စ်ဟာ မာယာဂျာမာနှင့် လမ်းခွဲလိုက်ပြီးနောက် ချစ်သူဟောင်း မင်းသမီးနှင့် ပြန်လည်ချိတ်ဆက်လာပါတယ်။

မန်စီးတီးနောက်ခံလူ ပါဝင်ကစားတဲ့ ပေါ်တူဂီက ချီလီအား ၂-၁ ဖြင့် အနိုင်ရတဲ့ ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲကို ချစ်သူဟောင်းဒါနီလာမယ်ချီယော်က လာရောက်ကြည့်ရှုခဲ့ပါတယ်။

ဒါ့အပြင် ၎င်းတို့နှစ်ဦးဟာ ပြီးခဲ့တဲ့လတုန်းက ပေါ်တူဂီဂီတပွဲတော်တစ်ခုတွင်လည်း အတူရှိနေခဲ့ကြပြီး အွန်လိုင်းတွင်လည်း ဆက်နွယ်မှု ရှိလာပါတယ်။

အသက် ၂၉ နှစ်ရှိ ဒါနီလာဟာ မန်စီးတီးဗဟိုနောက်ခံလူရဲ့ အင်္ကျီမဲ့ Flaunt မဂ္ဂဇင်ကာဗာဓာတ်ပုံကို အသည်းပေးခဲ့သလို ဒီယာ့စ်ကလည်း ဒါနီလာရဲ့ ဓာတ်ပုံကို Like ပေးခဲ့ပါတယ်။

ဒီယာ့စ်နှင့် ဂျာမာတို့ဟာ ၁၈ လကြာ ချစ်ကြိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီလတုန်းက လူသိရှင်ကြား လမ်းခွဲခဲ့ကြပါတယ်။

image

အန်ဆယ်လော့တီရဲ့သားလက်အောက်တွင် ကစားရန် လိုင်လီနှင့် စာချုပ်သစ်ချုပ်ဆိုလာတဲ့ အိုလီဗီယာဂျရူး
======================
အာဆင်နယ်နှင့်ပြင်သစ်စတားဟောင်းအိုလီဗီယာဂျရူးဟာ လိုင်လီနှင့် တစ်နှစ်စာချုပ်သစ်ချုပ်ဆိုလာမှုနှင့်အတူ အသက် ၄၀ နှစ်အထိ ဘောလုံးကစားလာတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဝါရင့်တိုက်စစ်မှူးဟာ လိုင်လီရဲ့ အသစ်ခန့်အပ်ထားတဲ့ အန်ဆယ်လော့တီရဲ့သားဒါဗီဒီအန်ဆယ်လော့တီရဲ့ လက်အောက်တွင် လာမဲ့ရာသီမှာ ကစားလာတော့မှာ ဖြစ်ပါတယ်။

ဂျရူးဟာ ပြီးခဲ့တဲ့ ရာသီတုန်းက လိုင်လီအတွက် ပြိုင်ပွဲအရပ်ရပ်တွင် ၄၄ ပွဲအထိ ကစားခဲ့သူ ဖြစ်ပြီး ၁၁ ဂိုးသွင်းနိုင်ခဲ့ကာ အရေးပါတဲ့သူအဖြစ် ပါဝင်ခဲ့ပါတယ်။

လိုင်လီဟာ နည်းပြသစ်အဖြစ် အသက် ၃၆ နှစ် အရွယ်ရှိ ဒါဗီဒီအန်ဆယ်လော့တီကို ခန့်အပ်ထားပါတယ်။ ဒါဗီဒီဟာ ဖခင်ဖြစ်သူ အန်ဆယ်လော့တီရဲ့ လက်အောက်တွင် ကာလရှည်ကြာ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လာခဲ့ပြီးတဲ့နောက် ပထမဆုံးနည်းပြအလုပ်အဖြစ် လိုင်လီကို ကိုင်တွယ်လာပါတယ်။

လာမယ့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အသက် ၄၀ နှစ်ပြည့်မဲ့ ဂျရူးဟာ ထိပ်တန်းအဆင့်တွင် ကစားရန် ဆန္ဒပြင်းပြနေဆဲ ဖြစ်တာနဲ့အညီ ကစားသမားဘဝမှ အနားယူရန် ဆန္ဒမရှိသေးဘဲ လိုင်လီတွင် ဆက်ကစားရန် ဆုံးဖြတ်လာတာပါ။

image

အီရန်ပရိသတ်များအတွက် လက်မှတ်ဖျက်သိမ်းခံခဲ့ရကြောင်း ဘောလုံးအဖွဲ့ချုပ် ကြေညာလာ
==================
အီရန်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ရက်အနည်းငယ်ခန့်အလိုတွင် အုပ်စုပွဲစဉ်များအတွက် အီရန်ပရိသတ်များအတွက် လက်မှတ်တည်နေရာ ဖယ်ရှားခြင်းခံခဲ့ရကြောင်း ကြေညာလာပါတယ်။

အီရန်ဟာ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန်တို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပလာမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအဖွင့်ပွဲအဖြစ် ဇွန်လ ၁၅ ရက်နေ့တွင် နယူးဇီလန်နှင့်လည်းကောင်း၊ ဇွန်လ ၂၁ ရက်နေ့တွင် ဘယ်လ်ဂျီယံနှင့်လည်းကောင်း၊ ဇွန်လ ၂၆ ရက်နေ့တွင် အီဂျစ်နှင့်လည်းကောင်း ကစားရပါမယ်.

အီရန်ဘောလုံးအဖွဲ့ချုပ်က ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းတိုင်းတို့ဟာ ပါဝင်တဲ့ပွဲစဉ်တိုင်းအတွက် လက်မှတ် ၈ ရာခိုင်နှုန်းစီ ခွဲတမ်း ရရှိပါတယ်။

ဒါပေမဲ့ အီရန်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်ခွဲတမ်း ရရှိလာခြင်း မရှိဟုဆိုကာ မမျှမတ ဆုံးဖြတ်ခံရတယ်လို့ ဆိုလာပါတယ်။

အီရန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီ ၁၀ ရက်အလိုတွင်မှ အမေရိကန်ပြည်ဝင်ခွင့် ရရှိခဲ့တာ ဖြစ်ပြီး ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်လက်ထောက်အပါအဝင် စီမံခန့်ခွဲရေးအဖွဲ့ဝင်အချို့တို့မှာမူ ပြည်ဝင်ခွင့်ဗီဇာ ရရှိလာခြင်း မရှိပါဘူး။

အီရန်ဟာ အစောပိုင်းတုန်းက အမေရိကန်တွင် အခြေစိုက်ရန် စီစဉ်ထားပေမဲ့လည်း အမေရိကန်နှင့် စစ်ဖြစ်နေမှုနှင့်အတူ မက္ကဆီကိုတွင် ပြောင်းရွှေ့အခြေစိုက်ထားပါတယ်။

တဖက်တွင် အမေရိကန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲများအတွင်းတွင် ကွင်းအတွင်းမှာ အီရန်အလံလွှင့်ခွင့် ပိတ်ပင်မှု ပြုလုပ်ထားပါတယ်။

image

ဘာယန်ဒါနှင့် အိုနာနာတို့ကို ဖယ်ရှားပြီး လိဒ်ဂိုးသမားနှင့် အစားထိုးရန် ယူနိုက်တက်ပစ်မှတ်ထားလာ
=====================
ယူနိုက်တက်ဟာ အယ်တေးဘာယန်ဒါနှင့် အိုနာနာတို့ကို နွေရာသီတွင် ထွက်ခွာစေပြီး လိဒ်ဂိုးသမားကားလ်ဒါလောအား ခေါ်ယူရန် အလေးအနက်ထား စဉ်းစားနေပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ ဝုဗ်ရဲ့ဆမ်ဂျွန်စတုန်းကိုလည်း ပစ်မှတ်ထားနေပါသေးတယ်။

ဒါလောဟာ လိဒ်အား နံပါတ်တစ်ဂိုးသမားအဖြစ် ပရီးမီးယားလိဂ်တွင် ဆက်လက် ရပ်တည်နိုင်အောင် အဓိကနေရာမှ ကူညီပေးခဲ့သူ ဖြစ်ပြီး ယခုလအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးလာမဲ့သူလည်း ဖြစ်ပါတယ်။

အသက် ၃၅ နှစ်ရှိ ဂိုးသမားမှာ ငယ်မွေးခြံပေါက်ကစားသမားစာရင်းဝင်ဖြစ်သလို ဒုတိယဦးစားပေးဂိုးသမားအဖြစ် အသုံးပြုရန် အသင့်တော်ဆုံးလို့ ယူနိုက်တက်တာဝန်ရှိသူများက ယုံကြည်နေပါတယ်။ သူ့ကို စပါးစ်ကလည်း ခေါ်ယူရေး စိတ်ဝင်စားနေပါသေးတယ်။

ဆမ်ဂျွန်စတုန်းမှာလည်း ယူနိုက်တက်အကယ်ဒမီထွက်ပင် ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှ တန်းဆင်းခဲ့ရတဲ့ ဝုဗ်တွင် အရေးပါတဲ့ဂိုးသမားအဖြစ် ကစားခဲ့သူဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကလပ်ရဲ့အနာဂတ်စီမံကိန်းတွင် ပါဝင်ခြင်း မရှိတဲ့ ဘာယန်ဒါနှင့် အိုနာနာတို့ နှစ်ဦးလုံးကို နွေရာသီတွင် ရောင်းချလာပါမယ်။

ဒါပေမဲ့ တစ်ပတ်လုပ်ခ ပေါင် ၁၂၀၀၀၀ ရရှိနေတဲ့ အိုနာနာကတော့ ယူနိုက်တက်မှ ထွက်ခွာလိုခြင်း မရှိပါဘူး။

ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နှစ်နွေတုန်းက ပေါင် ၁၈ သန်းဖြင့် ပြောင်းလာပြီးနောက် လက်စွမ်းပြကစားနေတဲ့ ဆန်နီလမ်မန်ကို ဦးစားပေးဂိုးသမားအဖြစ် ဆက်လက် အသုံးပြုလာပါမယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရစ်စတိုးတွင် အငှားဖြင့် ကစားစဉ် လက်စွမ်းပြခဲ့တဲ့ ချက်ဂိုးသမားရာဒစ်ခ်ဗီတက်ခ်ကိုလည်း အသင်းတွင် ဆက်ထိန်းထားပါမယ်။

မကြာသေးမီတုန်းက တစ်နှစ်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့တဲ့ တွမ်ဟီတန်က တတိယဦးစားပေးဂိုးသမားအဖြစ် ဆက်လက်ကစားလာပါမယ်။

တဖက်တွင် ယူနိုက်တက်ဟာ ဒါလောနှင့် ဂျွန်စတုန်းတို့အား ခေါ်ယူရန် စိတ်ဝင်စားပေမဲ့ ဒုတိယဦးစားပေးဂိုးသမားနေရာအား ခေါ်ယူရေးမှာ အဓိကပစ်မှတ်မဟုတ်ပါဘူး။ ၎င်းတို့ဟာ ဘယ်ခြမ်းတိုက်စစ်၊ ခံစစ်နှင့် ကွင်းလယ်အပြင် တိုက်စစ်တို့အား အားဖြည့်ရန် အာရုံစိုက်ထားပါတယ်။

image

မက်ဒေါနားရဲ့ ဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်လာကြတဲ့ ကိုးလ်ပါလ်မာနှင့် ဂျာအိုပီဒရို
====================
ချဲလ်ဆီးတိုက်စစ်သမားများဖြစ်ကြတဲ့ ကိုးလ်ပါလ်မာနှင့် ဂျာအိုပီဒရိုတို့ဟာ ပေါ့စတားမက်ဒေါနားရဲ့ အယ်ဘမ်သစ်အတွက် ရိုက်ကူးထားတဲ့ ပရိုမိုးရှင်းဗီဒီယိုတွင် အံ့ဩသင့်ဖွယ် ပါဝင်သရုပ်ဆောင်လာကြပါတယ်။

ပါလ်မာနှင့် ပီဒရိုတို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်နှင့် ဘရာဇီးအသင်းတို့တွင် ချန်လှပ်ခြင်းခံခဲ့ရသူများဖြစ်ကြပြီး ၎င်းတို့ဟာ Confessions II - The Film တွင် ပါဝင်သရုပ်ဆောင်ခဲ့ကြတဲ့ နာမည်ကျော်များထဲမှာ ပါဝင်ခဲ့ကြပါတယ်။

မက်ဒေါနားဟာ ၁၄ မိနစ်ရှိ ဗီဒီယိုဖိုင်ကို သောကြာနေ့တုန်းက နယူးယောက်ရှိ Tribeca Festival တွင် ပြသခဲ့ပြီးနောက် ယနေ့မှာတော့ YouTube မှာ တင်လာပါတယ်။

ယင်းဗီဒီယိုဖိုင်ရဲ့ ၆ မိနစ်မှာတော့ ပါလ်မာနှင့် ပီဒရိုတို့ဟာ ဆီးသွားနေစဉ် မက်ဒေါနားရဲ့ ချဉ်းကပ်ခြင်းခံခဲ့ရကြောင်း ရိုက်ကူးထားတာ တွေ့ရပါတယ်။

ယင်းဗီဒီယိုရဲ့ နောက်ပိုင်းတွင် ဗြိတိန်နာမည်ကျော်သရုပ်ဆောင်ဘီနီဒက်ကမ်ဘာဘစ်ချ်လည်း ပါဝင်တာတွေ့ရပါတယ်။

ပါလ်မာဟာ ဒဏ်ရာပြဿနာများရဲ့အကျိုးဆက်အဖြစ် သောမတ်စ်တူချယ်ရဲ့ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားလူစာရင်းတွင် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

ပီဒရိုမှာလည်း ချဲလ်ဆီးပထမဆုံးရာသီတွင် ပြိုင်ပွဲအရပ်ရပ် ဂိုး ၂၀ အထိ သွင်းနိုင်ခဲ့ပေမဲ့ ဘရာဇီးအသင်းမှာ ချန်လှပ်ခံခဲ့ရပါတယ်။

ဂရမ်မီ ၇ ကြိမ်ရ မက်ဒေါနားဟာ ချဲလ်ဆီးရဲ့အမျိုးသားနှင့် အမျိုးသမီးအသင်းပွဲစဉ်များကို မကြာခဏလာရောက်ကြည့်ရှုလေ့ရှိသူ ဖြစ်ပါတယ်။

သူမဟာ ပြီးခဲ့တဲ့လတုန်းက ချဲလ်ဆီးရဲ့ ၂၀၂၆-၂၇ ရာသီအိမ်ကွင်းဝတ်စုံသစ်မိတ်ဆက်ပွဲသို့လည်း တက်ခဲ့ပါသေးတယ်။

မက်ဒေါနားရဲ့ အယ်ဘမ်သစ် Confessions On A Dance Floor: Part II ကို ဇူလိုင်လ ၃ ရက်နေ့မှာ စတင် ဖြန့်ချိလာပါမယ်။

image

၁၁ နာရီကြာ အင်တာဗျူးပြုလုပ်ပြီး သက်သေအထောက်အထားအခိုင်အလုံပြသခဲ့ပေမဲ့ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာငြင်းဆိုခံခဲ့ရကြောင်း အာဖရိကရဲ့အကောင်းဆုံးဒိုင်လူကြီးဖွင့်ဟလာ
========================
ဆိုမာလီဒိုင်လူကြီးအိုမာအာတန်က အမေရိကန်ပြည်ဝင်ခွင့်ရရှိရေး လူဝင်မှုကြီးကြပ်ရေးတွင် ၁၁ နာရီကြာ အင်တာဗျူးပြုလုပ်ခံခဲ့ရပြီး မှန်ကန်တဲ့ စာရွက်စာတမ်းနှင့် ဗီဇာများ ကိုင်ဆောင်ထားပေမဲ့ အမေရိကန်ပြည်ဝင်ခွင့် ငြင်းပယ်ခြင်းခံခဲ့ရကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အာတန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီးများစာရင်းတွင် ရွေးချယ်ခြင်းခံရပြီးနောက် ကမ္ဘာ့ဖလားကြီးကြပ်ခွင့်ရလာမဲ့ ပထမဆုံးဆိုမာလီဒိုင်အဖြစ် မှတ်တမ်းဝင်နိုင်မဲ့ အခွင့်အရေး ရခဲ့ပေမဲ့လည်း မိုင်ယာမီနိုင်ငံတကာလေဆိပ်တွင် ပြည်ဝင်ခွင့် ငြင်းပယ်ခြင်းခံရပြီးနောက် ဖီဖာရဲ့ ကမ္ဘာဖ့လားဒိုင်လူကြီးစာရင်းမှ ဖယ်ရှားခြင်းခံလာခဲ့ရပါတယ်။

အမေရိကန်လူဝင်မှုကြီးကြပ်ရေးက အာတန်ကို ဘယ်လိုအကြောင်းပြချက်ကြောင့် ပြည်ဝင်ခွင့်မပေးသလဲဆိုတာ ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။ ဒါပေမဲ့ အာတန်ရဲ့ ဆိုမာလီက ဒေါ်နယ်ထရမ့်ရဲ့ ပြည်ဝင်ခွင့်ပိတ်ပင်ခြင်းခံထားရတဲ့ နိုင်ငံများထဲမှ တစ်ခု ဖြစ်နေပါတယ်။

အာတန်က "အရမ်း အရမ်းကို စိတ်ပျက်ရတယ်။ ကျွန်တော်က အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ သာမန်ဒိုင်လူကြီးတစ်ဦးသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘဝရဲ့အကြီးမားဆုံးအိပ်မက်၊ ကမ္ဘာ့ဖလားသို့ ရောက်လာပြီးမှ ပျက်ခဲ့ရတယ်"လို့ New York Times သို့‌ ပြောကြားသွားပါတယ်။

ဖီဖာကမူ ယင်းအဖြစ်အပျက်တွင် ကြားဝင်ပါဝင်နိုင်ခြင်း မရှိဘဲ အမေရိကန်ရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနအပေါ်တွင်သာ မူတည်ခဲ့ကြောင်း ဆိုထားပါတယ်။

နိုင်ရိုဘီရှိ ဆိုမာလီသံရုံးက အာတန်ကို ခရီးသွားလာရေး အဆင်ပြေချောမွေ့မှု ရှိစေရန်အတွက် သံတမန်ပတ်စ်ပို့ ထုတ်ပေးထားတဲ့ကြားမှ ယခုကဲ့သို့ ကြုံလာခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။

ဆက်လက်ပြီး အာတန်က "ကျွန်တော့်မှာ မှန်ကန်တဲ့စာရွက်စာတမ်းတွေ ရှိတယ်။ အားလုံးလည်း ရှိတယ်။ ဗီဇာလည်း ရှိတယ်"လို့ ဆိုသွားပါတယ်။

အာတန်ဟာ လူဝင်မှုကြီးကြပ်ရေးရဲ့ ၁၁ နာရီကြာ အင်တာဗျူးခံခဲ့ရသလို နာရီအတန်ကြာ ထိန်းသိမ်းခြင်းလည်း ခံခဲ့ရပြီးနောက် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်လေကြောင်းလိုင်းပေါ် တင်ခြင်းခံခဲ့ရပါတယ်။

တဖက်တွင် အာတန်အနေဖြင့် အမေရိကန်ပြည်ပတွင် နေထိုင်ကာ ကနေဒါ (သို့မဟုတ်) မက္ကဆီကိုတို့တွင် ကျင်းပတဲ့ ပွဲများကို ကြီးကြပ်ရန်လည်း မဖြစ်နိုင်ပါဘူး။

ကမ္ဘာဖ့လားပြိုင်ပွဲတွင် ကြီးကြပ်မဲ့ ဒိုင်လူကြီး ၅၂ ဦးနှင့် စည်းကြပ်ဒိုင် ၈၈ ဦးတို့ဟာ မိုင်ယာမီတွင် ပြိုင်ပွဲအတွက် လေ့ကျင့်မှုများ ပြုလုပ်နေကြပါတယ်။

ကွင်းအတွင်း တာဝန်ထမ်းဆောင်ရမဲ့ တာဝန်ရှိသူများအားလုံးဟာ လေ့ကျင့်ရေး၊ ပြင်ဆင်ရေးနှင့် လုံခြုံရေးတို့အတွက် ဖလိုရီဒါတွင် အခြေစိုက်ရပါတယ်။

ဒီဇင်ဘာတုန်းက ဒေါ်နယ်ထရမ့်က အမေရိကန်တွင် ဆိုမာလီနိုင်ငံသားတစ်ဦးမျှ အလိုမရှိကြောင်း ဆိုခဲ့ဖူးပါတယ်။

ကမ္ဘာဖ့လားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၉ ရက်နေ့အထိ ကျင်းပလာပါမယ်။

အာတန်ကဲ့သို့ပင် အီရန်အသင်းပရိသတ်များဟာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လက်မှတ်များ ဖယ်ရှားခြင်းခံခဲ့ရသလို ကွင်းအတွင်း အီရန်အလံကိုင်ဆောင်ခွင့် ပိတ်ပင်ခြင်းခံထားရပါသေးတယ်။

image

အယ်ဗာရက်ဇ်အား ပေါင်သန်း ၁၃၀ ဖြင့် ခေါ်ယူရန် ရီးရဲလ်မက်ဒရစ် ကမ်းလှမ်းမှု ပယ်ချခံရ
=====================
ရီးရဲလ်မက်ဒရစ်ဟာ တိုက်စစ်မှူးဂျူလီယန်အယ်ဗာရက်ဇ်အား ယူရိုသန်း ၁၅၀ (ပေါင်သန်း ၁၃၀)ဖြင့် ခေါ်ယူရေး ကမ်းလှမ်းခဲ့ရာ အက်သလက်တီကိုမက်ဒရစ်ရဲ့ ပယ်ချခြင်းခံခဲ့ရပါတယ်။

ရီးရဲလ်မက်ဒရစ်ဥက္ကဌဖလော်ရင်တီနိုပီရက်ဇ်ဟာ ပြီးခဲ့တဲ့အပတ်တုန်းက ရီးရဲလ်မက်ဒရစ်ဥက္ကဌအဖြစ် ဆက်လက် ရွေးချယ်ခြင်းခံရမည်ဆိုပါက ဂလက်တီကိုကစားသမားတစ်ဦးကို ယူရိုသန်း ၁၅၀ ဖြင့် ကမ်းလှမ်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာတော့ ပီရက်ဇ်ဟာ ဥက္ကဌအဖြစ် ဆက်လက် ရွေးချယ်ခြင်းခံရပြီးနောက် ကတိအတိုင်း အင်္ဂါနေ့မှာ အသက် ၂၆ နှစ်ရှိ မန်စီးတီးစတားဟောင်းအား ကမ်းလှမ်းလာပါတယ်။

ဒါပေမဲ့ အက်သလက်တီကိုက စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၄၃၀ (ယူရိုသန်း ၅၀၀)ပေးရမဲ့ အချက်အား ချုပ်ဆိုထားတဲ့ အယ်ဗာရက်ဇ်အတွက် ကမ်းလှမ်းမှုကို ပယ်ချလာပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့တဲ့ အယ်ဗာရက်ဇ်ဟာ ၂၀၂၄ ခုနှစ်တွင် မန်စီးတီးမှ အက်သလက်တီကိုသို့ ပြောင်းရွှေ့ကြေး ပေါင် ၈၁.၅ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီတုန်းက အက်သလက်တီကိုအတွက် ၄၉ ပွဲကစားခဲ့ရာမှာ ဂိုး ၂၀ သွင်းယူပြီး လာလီဂါတွင် အဆင့် ၄ နှင့် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်နိုင်အောင် ကူညီခဲ့ပါတယ်။

image

ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ရန် မော်ရင်ဟိုထွက်ခွာသွားပြီးနောက် ဘင်ဖီကာနည်းပြရာထူးအား ရယူရန် သဘောတူညီမှု ရရှိလာတဲ့ ဆေးလ်ဗား
====================
မာကိုဆေးလ်ဗားဟာ ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ရန် ဂျိုဆေးမော်ရင်ဟို ထွက်ခွာသွားပြီးနောက် လစ်လပ်နေတဲ့ ဘင်ဖီကာနည်းပြရာထူးအား ရယူရန် သဘောတူညီမှု ရရှိလာပါတယ်။

အသက် ၄၈ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြဟာ လွန်ခဲ့တဲ့တစ်ပတ်တုန်းက ငါးနှစ်ကြာ ကိုင်တွယ်လာခဲ့တဲ့ ဖူလ်ဟမ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးကာ ထွက်ခွာလာခဲ့သူ ဖြစ်ပါတယ်။

ယခုအခါ ဘင်ဖီကာက မာကိုဆေးလ်ဗားအား ၁၂ လသက်တမ်းတိုးနိုင်မဲ့အချက်ပါ ၂၀၂၈ ခုနှစ်အထိ စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိသွားပြီဖြစ်ကြောင်း ကြေညာလာပါတယ်။

ဆေးလ်ဗားဟာ ဟားလ်စီးတီး၊ ဝက်ဖို့ဒ်နှင့် အဲဗာတန်တို့ကိုလည်း ကိုင်တွယ်ဖူးသူ ဖြစ်ပြီး ဖူလ်ဟမ်မှာ သူ့ရဲ့ စတုတ္ထမြောက် အင်္ဂလိပ်ကလပ်လည်း ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အသက် ၆၃ နှစ်ရှိ နည်းပြဟောင်းမော်ရင်ဟိုအား ဘာနေဗျူးသို့ ပြန်လည်ခေါ်ဆောင်ရန် ဘင်ဖီကာအား နစ်နာကြေး ပေါင် ၁၃ သန်း (ယူရို ၁၅ သန်း)ပေးခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ဘင်ဖီကာကို ကိုင်တွယ်ခဲ့ပြီးနောက် တစ်ရာသီလုံး လိဂ်တွင် ရှုံးပွဲမရှိအောင် ဦးဆောင်ခဲ့ပေမဲ့လည်း အဆင့် ၃ ဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

သူဟာ ၂၀၁၀ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ရီးရဲလ်မက်ဒရစ်အား ကိုင်တွယ်ဖူးပြီး ပြည်တွင်းဆုဖလားအားလုံး ရယူနိုင်ခဲ့ပါတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

( ၂၀၂၆ - ဇွန် ၁၁ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၀၆၂ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၄၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၄၄၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၀၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၀၄၀,၀၀၀ ကျပ်

* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၃၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၂၀,၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၈,၉၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၈,၉၂၀,၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၃၀ ကျပ်
ဝယ်ဈေး - ၄၁၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၂၄၅ ကျပ်
ဝယ်ဈေး - ၃၁၀၅ ကျပ်

-ယူရို
ရောင်းဈေး - ၅၀၀၀ ကျပ်
ဝယ်ဈေး - ၄၈၇၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၃ ကျပ်
ဝယ်ဈေး - ၁၀၃၆ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၃၉ ကျပ်
ဝယ်ဈေး - ၆၂၁ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၉၇ ကျပ်
ဝယ်ဈေး - ၂၆.၂၈ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၄၆ ကျပ်
ဝယ်ဈေး - ၄၄.၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၃ ကျပ်
ဝယ်ဈေး - ၂.၇၆ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၉၅ ကျပ်
ဝယ်ဈေး - ၅၆၄၅ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၂၇ ကျပ်
ဝယ်ဈေး - ၂၉၄၁ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၁၂ ကျပ်
ဝယ်ဈေး - ၃၀၃၂ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၇ ကျပ်
ဝယ်ဈေး - ၅၃၇ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၇၉ ကျပ်
ဝယ်ဈေး - ၁၁၄၉ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image