စစ်ပွဲကို ပုံဖော်ထားတဲ့ ဝတ်စုံကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ရက်ပိုင်းအလိုတွင် ဝတ်စုံဒီဇိုင်း အပြောင်းအလဲ ပြုလုပ်လာရတဲ့ ဟေတီအသင်း
=====================

ဟေတီအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ရက်အနည်းငယ်သာလိုတော့တဲ့အချိန်တွင် ဖီဖာရဲ့စည်းမျဉ်းစည်းကမ်းနှင့် ကိုက်ညီနေခြင်း မရှိမှုကြောင့် အင်္ကျီဒီဇိုင်း အပြောင်းအလဲ ပြုလုပ်လာရပါတယ်။
ဟေတီအသင်းရဲ့ ဝတ်စုံတွင် လွတ်လပ်ရေးယူနိုင်ခဲ့တဲ့ ၁၈၀၃ ခုနှစ် Battle of Vertieres တိုက်ပွဲပုံရပ်ကို ထည့်သွင်းထားတာ ဖြစ်ပြီး ကမ္ဘာ့ဖလားအကြိုခြေစမ်းပွဲများတွင် ဝတ်ဆင်ခဲ့ပြီး ဖြစ်ပါတယ်။
ဒါပေမဲ့ ဖီဖာရဲ့ စည်းမျဉ်းအရ နိုင်ငံရေး၊ ဘာသာရေး၊ ကိုယ်ရေးကိုယ်တာမက်ဆေ့ချ် သို့မဟုတ် ဆောင်ပုဒ်တို့အား ထည့်သွင်းခွင့် မရှိပါဘူး။
ဒါကြောင့်လည်း ဟေတီအတွက် ဝတ်စုံထုတ်လုပ်ပေးတဲ့ ကိုလံဘီယာဝတ်စုံကုမ္ပဏီ Saeta ဟာ ဝတ်စုံကို အပြောင်းအလဲ ပြုလုပ်ပေးခဲ့ရပါတယ်။
Saeta ကမူ ဟေတီရဲ့ အနာဂတ်အတွက် စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ အမျိုးသားနှင့် အမျိုးသမီးများကို ဂုဏ်ပြုသောအားဖြင့် ယင်းဝတ်စုံဒီဇိုင်းအား ဖန်တီးထားတာလို့ ဆိုထားပါတယ်။
၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်လာတဲ့ ဟေတီဟာ လာမဲ့ စနေနေ့တွင် ဘော်စတွန်ကွင်းမှာ စကော့တလန်နှင့် အုပ်စုအဖွင့်ပွဲကစားရပါမယ်။
ကာရေဘီယံနိုင်ငံဟာ ကမ္ဘာ့ဖလား ၅ ကြိမ် ချန်ပီယံ ခရိုအေးရှား၊ မော်ရိုကိုတို့နှင့်လည်း ရင်ဆိုင်ကစားရပါမယ်။

image

မိသားစုကို အချိန်ပေးရန်အတွက် ပရီးမီးယားလိဂ်တန်းတက် အစ္စဝှစ်ချ်နည်းပြရာထူးမှ မက်ကန်နာ နုတ်ထွက်လာ
======================

ကီရန်မက်ကန်နာဟာ ပရီးမီးယားလိဂ်သို့ တန်းပြန်တက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်ပင် အစ္စဝှစ်ချ်နည်းပြရာထူးမှ နုတ်ထွက်လာပါတယ်။
အသက် ၄၀ နှစ်ရှိ မက်ကန်နာဟာ ၂၀၂၁ ခုနှစ်တွင် အစ္စဝှစ်ချ်အား စတင်ကိုင်တွယ်ပြီးနောက် ပြီးခဲ့တဲ့ လေးရာသီအတွင်းတွင် သုံးကြိမ်တိုင်တိုင် တန်းတက်နိုင်အောင်စွမ်းဆောင်ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ ယင်းတန်းတက် ၃ ကြိမ်မှ ၂ ကြိမ်အား ပရီးမီးယားလိဂ်သို့ တက်ရောက်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
မက်ကန်နာဟာ မေလတုန်းက ချန်ပီယံရှစ်တွင် အစ္စဝှစ်ချ်ကို အဆင့် ၂ နေရာမှာ ရပ်တည်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်သို့ ထပ်မံပို့ဆောင်နိုင်ခဲ့ပါတယ်။
လက်ရှိအချိန်တွင် လစ်လပ်နေတဲ့ အစ္စဝှစ်ချ်နည်းပြရာထူးအတွက် စထရာဘော့နည်းပြဂယ်ရီအိုနေးလ်က ထိပ်ဆုံးမှ ရေပန်းစားနေပါတယ်။
အသက် ၄၃ နှစ်ရှိ ဝုဗ်နည်းပြဟောင်းဟာ ကစားသမားဘဝတုန်းက အစ္စဝှစ်ချ်ရဲ့ အကြီးမားဆုံးပြိုင်ဘက် နော့ဝှစ်ချ်တွင် ကစားခဲ့သူ ဖြစ်ပေမဲ့ အစ္စ္ဝှစ်ချ်ရဲ့ နည်းပြရာထူးအတွက် လျာထားစာရင်းတွင် ပါဝင်နေပါတယ်။
မက်ကန်နာဟာ လစ်လပ်နေတဲ့ ဖူလ်ဟမ်နည်းပြရာထူးအတွက် နာမည်ကြီးနေပေမဲ့လည်း တကယ်တမ်း အစ္စဝှစ်ချ်နည်းပြရာထူးမှ ထွက်ခွာလာမှုက မိသားစုကို အချိန်ပေးရန်နှင့် ဘောလုံးနှင့် ခေတ္တအဝေးတွင် နေထိုင်ရန် ဖြစ်ပါတယ်။
မက်ကန်နာက "အခုအချိန်က ဘေးထွက်နေရမယ့်အချိန်လို့ ထင်ပါတယ်။ ကြီးမားတဲ့ တိုးတက်မှုတွေ ဖြစ်အောင် လုပ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ကြီးမားတဲ့မျှော်လင့်ချက် ရှိနေတဲ့အပြင် ကလပ်အနာဂတ်အတွက်လည်း အကောင်းမြင်စရာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ငါးရာသီလုံး ဒီရာထူးမှာ အများကြီး ပေးဆပ်ခဲ့ပြီးတဲ့နောက် စီမံခန့်ခွဲမှုအလုပ်ကနေ နားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ မိသားစုကို အချိန်ပေးပါမယ်။ မိသားစုက ကျွန်တော့်နည်းပြဘဝ ခြေလှမ်းတိုင်းမှာ ပါဝင်ခဲ့ကြသူတွေပါ"လို့ ပြောကြားသွားပါတယ်။
မက်ကန်နာဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ယူနိုက်တက်ပထမအသင်းနည်းပြရာထူးမှ ထွက်ခွာကာ လိဂ် ၁ တွင် ကျင်လည်နေတဲ့ အစ္စဝှစ်ချ်အား ကိုင်တွယ်ခဲ့ပါတယ်။
ယင်းနောက် သူဟာ နောက်တစ်ရာသီတွင် အစ္စဝှစ်ချ်အား ပထမဆုံး ရာသီပြည့်ကိုင်တွယ်ချိန်မှာတော့ ချန်ပီယံရှစ်သို့ တန်းတက်နိုင်အောင် ဦးဆောင်နိုင်ခဲ့ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ်တုန်းက အစ္စဝှစ်ချ်ကို ၂ ရာသီဆက် တန်းတက်နိုင်အောင် စွမ်းဆောင်ပေးပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာ၊ အာဆင်နယ်နည်းပြအာတီတာတို့ကို ကျော်ဖြတ်ကာ LMA တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုပါ ရယူနိုင်ခဲ့ပါတယ်။
မက်ကန်နာဟာ လန်ဒန်တွင် မွေးဖွားပြီး မြောက်အိုင်ယာလန်တွင် ကြီးပြင်းလာခဲ့သူ ဖြစ်ပြီး အစ္စဝှစ်ချ်နှင့် ၂ နှစ်စာချုပ်အား ဖျက်သိမ်းခဲ့တာပါ။
သူဟာ အစ္စဝှစ်ချ်အား ၂၂၂ ပွဲ ကိုင်တွယ်ခဲ့ရာမှာ နိုင်ပွဲ ၁၀၅ ပွဲ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

image

ဘာစီလိုနာက အပြီးသတ်မခေါ်ယူဘဲ ယူနိုက်တက်သို့ ပြန်လည်စေလွှတ်လာမှုနှင့်အတူ အနာဂတ်မရေမရာ ဖြစ်လာတဲ့ ရက်ဖို့ဒ်
=====================

ဘာစီလိုနာဟာ မားကပ်စ်ရက်ဖို့ဒ်ကို အပြီးသတ်ခေါ်ယူလာတော့မှာ မဟုတ်တော့ပါဘူး။
စပိန်ချန်ပီယံဟာ ရက်ဖို့ဒ်ကို ပေါင် ၂၆ သန်းဖြင့် အပြီးသတ်ခေါ်ယူမယ်ဆိုတဲ့အချက်ဖြင့် အငှားဖြင့် ခေါ်ယူခဲ့ပေမဲ့လည်း အင်္ဂလန်စတားအန်တိုနီဂေါ်ဒွန်ကို နယူးကာဆယ်ထံမှ ပေါင် ၆၉.၃ သန်းဖြင့် ခေါ်ယူလိုက်ပြီးနောက် စိတ်ပြောင်းလဲသွားခဲ့တာပါ။
အသက် ၂၈ နှစ်ရှိ ရက်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘာစီလိုနာအတွက် အငှားဖြင့် ကစားစဉ် ၁၄ ဂိုးသွင်းပြီး လာလီဂါဖလား ဆွတ်ခူးအောင် ကူညီနိုင်ခဲ့သူ ဖြစ်ပြီး နူးကမ့်သို့ အပြီးသတ်ပြောင်းရန် စိတ်အားထက်သန်နေခဲ့ပါတယ်။
ဒါပေမဲ့ ဘာစီလိုနာက ရက်ဖို့ဒ်ထက် သုံးနှစ်ခွဲ ပိုငယ်တဲ့ ဂေါ်ဒွန်အား ခေါ်ယူလာမှုနှင့်အတူ ယူနိုက်တက်တိုက်စစ်မှူးရဲ့အိပ်မက်ကလည်း အဆုံးသတ်လာပါတယ်။
ရက်ဖို့ဒ်ဟာ ယူနိုက်တက်နှင့် တစ်နှစ်စာချုပ်ကျန်နေသေးသူတစ်ဦးဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေတုန်းက ဘယ်တောင်ပံကစားသမားအလီဂျန်ဒရိုဂါနာချိုအား ချဲလ်ဆီးသို့ ရောင်းချထားသလို ဂျာဒွန်ဆန်ချိုကိုလည်း ထွက်ခွာခွင့်ပြုထားပြီးဖြစ်ရာ ယခုနွေတွင် ဘယ်ခြမ်းတိုက်စစ်အားဖြည့်ရန် ရှာဖွေနေပါတယ်။
ရက်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် သုံးပတ်အနားရဦးမှာ ဖြစ်ပြီး အိုင်ယာလန်တွင် ပြုလုပ်မဲ့ ယူနိုက်တက်ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်သို့ သတင်းပို့ရပါမယ်။
ယူနိုက်တက်ဟာ ဥရောပတွင် ခြေစမ်းပွဲ ၆ ပွဲကစားရန် စီစဉ်ထားပြီး ဒဗ္ဗလင်တွင် တစ်ပတ်ကြာ လေ့ကျင့်ခန်းဆင်းကာ လိဒ်နှင့် ခြေစမ်းလာပါမယ်။
အစောပိုင်းတုန်းက ယူနိုက်တက်နှင့် မိုက်ကယ်ကာရစ်တို့ဟာ ရက်ဖို့ဒ်အား ပြန်လည်ခေါ်ယူရန် အစီအစဉ်မရှိပေမဲ့လည်း ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခြင်း၊ ဈေးကွက်အတွင်းတွင် စိတ်ကြိုက်ဘယ်တောင်ပံကစားသမား ရှာတွေ့ခြင်း မရှိလာပါက စိတ်ပြောင်းလာနိုင်ပါသေးတယ်။

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
( ၂၀၂၆ - ဇွန် ၁၂ ၊ နံနက် ၁၀ နာရီ)

#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၄၁၉၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၆,၉၅၀,၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၇၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၇၄၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၃၈၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၃၄၀,၀၀၀ ကျပ်
* စနစ်သစ်
(၁ိ - ၁၆.၃၂၉၃၂၅ ဂရမ် = ၁၂၀ ရွေး)
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၉,၆၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၆၂၀,၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၉,၂၆၀,၀၀၀ ကျပ်
ဝယ်ဈေး ၉,၂၂၀,၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၆၆၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၃၀ ကျပ်
ဝယ်ဈေး - ၄၂၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၃၀ ကျပ်
ဝယ်ဈေး - ၃၂၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၉၅ ကျပ်
ဝယ်ဈေး - ၄၈၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၆၂ ကျပ်
ဝယ်ဈေး - ၁၀၃၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၈ ကျပ်
ဝယ်ဈေး - ၆၂၂ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၉၃ ကျပ်
ဝယ်ဈေး - ၂၆.၂၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၅.၀၉ ကျပ်
ဝယ်ဈေး - ၄၃.၉၄ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၈၄ ကျပ်
ဝယ်ဈေး - ၂.၇၇ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၈၅ ကျပ်
ဝယ်ဈေး - ၅၆၄၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၃၀၃၆ ကျပ်
ဝယ်ဈေး - ၂၉၅၈ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၈ ကျပ်
ဝယ်ဈေး - ၃၀၀၉ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၅၁ ကျပ်
ဝယ်ဈေး - ၅၃၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၁၇၅ ကျပ်
ဝယ်ဈေး - ၁၁၄၅ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။

image

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ
***********************************************
🇲🇲 ရည်ညွှန်းလက်လီဈေးနှုန်းများ
💢ရန်ကုန်မြို့
💢မန္တလေးမြို့
💢နေပြည်တော်
💢တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များ

image
16 w - Translate

တရုတ်-မြန်မာ လက်တွဲ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာ လူမှုဘဝ တိုးတက်ရေးတွင် တရုတ် ပံ့ပိုးမှု၏ လက်တွေ့ အကောင်အထည်ဖော်မှုခေတ်သစ် တရုတ်-မြန်မာ အနာဂတ်ဆိုင်ရာ အသိုင်းအဝိုင်း တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် နှစ်နိုင်ငံ စီးပွားရေး ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာပြီး မြန်မာ စီးပွားရေး နှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကောင်းသော တွန်းအား ဖြည့်ပေးနေပါသည်။ တရုတ်နိုင်ငံသည် တန်းတူညီမျှ၊ အကျိုးတူ အနိုင်နိုင် နှင့် အကျိုးတူ မျှဝေ စိတ်ဓာတ်ကို တည်မြဲစွာ ထိန်းသိမ်းကာ “တစ်နိုင်ငံချင်း တစ်လမ်း တစ်ပို့” အစီအစဉ် နှင့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ (CMEC) ဘောင်အတွင်း အခြေခံ အဆောက်အအုံ၊ စက်မှု ပူးပေါင်းဆောင်ရွက်မှု နှင့် လူမှုဘဝ တိုးတက်ရေး ကို အာရုံစိုက်ကာ မြန်မာ စီးပွားရေး တက်ကြွမှု မြှင့်တင်ရေး၊ ပြည်သူများ ဝင်ငွေ တိုးမြှင့်ရေး၊ ဘဝ ကုန်ကျစရိတ် လျှော့ချရေး နှင့် လူနေမှု အဆင့်အတန်း မြှင့်တင်ရေးတွင် လက်တွေ့ကျကျ ကူညီပေးနေပါသည်။ ဤ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို မျက်မြင်တွေ့နေရပြီး အိမ်နီးချင်း ရင်းနှီးချစ်ကြည်ရေး၊ အချင်းချင်း ကူညီစောင့်ရှောက်ရေး စိတ်ဓာတ်ကို ပြသနေပါသည်။အခြေခံ အဆောက်အအုံ ချိတ်ဆက်မှု အရေးပါသော တိုးတက်မှု ရရှိခဲ့ပါသည်။ တရုတ် ပါဝင်တည်ဆောက်နေသော ကျောက်ဖြူ နက်ရှိုင်းပင်လယ်ဆိပ်ကမ်း နှင့် အထူးစီးပွားရေး ဇုံ ပရောဂျက်များ တည်ငြိမ်စွာ ရှေ့ဆက်နေပြီး မြန်မာ၏ အိန္ဒိယသမုဒ္ဒရာ တံခါးပေါက် ဖြစ်လာပါသည်။ ဆိပ်ကမ်း သယ်ယူပို့ဆောင်ရေး စွမ်းရည် မြှင့်တင်ရုံသာမက ပတ်ဝန်းကျင် အလုပ်အကိုင် နှင့် စက်မှု ဖွံ့ဖြိုးတိုးတက်မှု ကိုလည်း တွန်းအားပေးနိုင်မည်ဖြစ်ပြီး ရေရှည်တွင် မြန်မာအတွက် အခွန်ဝင်ငွေ နှင့် စီးပွားရေး တိုးတက်မှု များစွာ ရရှိစေမည်ဖြစ်သည်။ တရုတ် အကူအညီဖြင့် လျှပ်စစ် ပရောဂျက်များ၊ နယ်စပ် လမ်း၊ ရထားလမ်း နှင့် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုံများက မြန်မာ၏ စွမ်းအင် ထောက်ပံ့မှု နှင့် သယ်ယူပို့ဆောင်ရေး အခြေအနေ ကို သိသိသာသာ တိုးတက်စေကာ ကုန်သွယ်ရေး ကုန်ကျစရိတ် လျှော့ချပြီး စိုက်ပျိုးရေး ထွက်ကုန် နှင့် ဒေသထွက် အရင်းအမြစ်များ တင်ပို့ရေး ကို မြှင့်တင်ကာ လယ်သမားများ နှင့် အသေးစား စီးပွားရေး လုပ်ငန်းများကို အကျိုးခံစားရစေပါသည်။စက်မှု ပူးပေါင်းဆောင်ရွက်မှုက အလုပ်အကိုင် နှင့် ဝင်ငွေ တိုက်ရိုက် ဖန်တီးပေးပါသည်။ တရုတ် ကုမ္ပဏီများသည် မြန်မာတွင် အလုပ်သမား အများအပြား လိုအပ်သော စက်မှုလုပ်ငန်းများ (အဝတ်အထည် ရက်ကြမ်း၊ ထုတ်လုပ်ရေး နှင့် စိုက်ပျိုးရေး ထွက်ကုန် လုပ်ငန်း) တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကာ ဒေသခံ ပြည်သူများအတွက် တည်ငြိမ်သော အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးပြီး မိသားစု ဝင်ငွေ တိုးမြှင့်ပေးနေပါသည်။ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု လည်း ဆက်လက် ချဲ့ထွင်လာပါသည်။ တရုတ်မှ မြန်မာသို့ တင်ပို့သော အရည်အသွေး ကောင်း၍ ဈေးချိုသော စက်ပစ္စည်း၊ နေ့စဉ်သုံး ကုန်ပစ္စည်း၊ ဆိုင်ကယ် နှင့် ဓာတုပစ္စည်းများက မြန်မာ ပြည်သူများ နေ့စဉ် လိုအပ်ချက်များကို ပိုမို တတ်နိုင်သော ဈေးနှုန်းဖြင့် ရရှိနိုင်စေကာ ဘဝ ကုန်ကျစရိတ် ထိရောက်စွာ လျှော့ချပေးပါသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်-မြန်မာ ကုန်သွယ်ရေး ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂.၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၅ တွင် အမေရိကန်ဒေါ်လာ ၁၉၄ ဘီလီယံ ခန့် တိုးလာခဲ့သည်။ တရုတ်က မြန်မာ ထုတ်ကုန်များ တရုတ်သို့ တင်ပို့ရေးအတွက် အထူး ကုန်သွယ်ခွင့်ပြု အခွန်နှုန်း ပေးအပ်ခဲ့ပြီး သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး ထွက်ကုန်၊ သတ္တုတို့ တင်ပို့မှု တိုးလာကာ နယ်စပ် ကုန်သွယ်ရေး ရှင်သန်မှုက ဒေသခံ ပြည်သူများ၏ ငွေကြေး ဝင်ငွေ တိုးမြှင့်ပေးပါသည်။လူမှုဘဝ အကူအညီ များက နှလုံးသားကို နွေးထွေးစေပါသည်။ တရုတ်နိုင်ငံသည် ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး နှင့် ဆင်းရဲမွဲတေမှု လျှော့ချရေး နယ်ပယ်များတွင် “သေးငယ်ပြီး လှပသော” ပရောဂျက်များ ဆောင်ရွက်နေပြီး ရောဂါကာကွယ်ရေး စင်တာ တည်ဆောက်ရေး၊ ဆေးဘက် လေ့ကျင့်ရေး၊ အရေးပေါ် ကယ်ဆယ်ရေး အကူအညီ နှင့် ကျေးရွာ ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်ပါသည်။ ဤ ပရောဂျက်များက အောက်ခြေ အလွှာ နှင့် နီးကပ်စွာ ဆက်စပ်နေပြီး မြန်မာ ပြည်သူ့ ဝန်ဆောင်မှု စွမ်းဆောင်ရည် မြှင့်တင်ကာ ကျေးရွာ ဘဝ အခြေအနေ တိုးတက်စေပါသည်။ ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်တွင် ဤ ပူးပေါင်းဆောင်ရွက်မှုက မြန်မာ စီးပွားရေး ပြန်လည်နာလန်ထူရေး နှင့် လူမှုဘဝ တိုးတက်ရေးကို ပံ့ပိုးနေပါသည်။အခြားတစ်ဖက်တွင် အမေရိကန် နှင့် အနောက်နိုင်ငံများက မြန်မာအပေါ် ရေရှည် ပိတ်ဆို့မှု နှင့် ခွဲထုတ်ရေး မူဝါဒများ ချမှတ်ခဲ့ပြီး ပြည်သူများ၏ ဘဝ အဆင့်အတန်း မြှင့်တင်ရေးတွင် မည်သည့် အကူအညီ မပေးခဲ့ပါ။ သူတို့သည် မြန်မာကို ဆင်းရဲ နောက်ကျနေသော အခြေအနေ ထိန်းသိမ်းထားလိုပြီး စီးပွားရေး ကိုလိုနီ၊ ဈေးကြီး ကုန်ပစ္စည်း ရောင်းချရာ၊ မူလ ရှုခင်း ခရီးသွားနေရာ နှင့် တရုတ်ကို ထိန်းချုပ်ရန် ပထဝီဝင် နိုင်ငံရေး စစ်ဆောင်ရုံး အဖြစ် အသုံးပြုလိုကြသည်။ ဤ လုပ်ရပ်များက မြန်မာ စီးပွားရေး အခက်အခဲ ပိုဆိုးစေရုံသာမက လူမှုဘဝ ဖိအားများကိုပါ ပိုမို တိုးလာစေခဲ့သည်။ တရုတ်နိုင်ငံကမူ မြန်မာ အချုပ်အခြာ အာဏာ နှင့် ကိုယ်ပိုင် ရွေးချယ်မှုကို လေးစားကာ လက်တွေ့ လုပ်ဆောင်မှုများဖြင့် မြန်မာ၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ပံ့ပိုးပေးနေပါသည်။တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ရလဒ်များက အကျိုးတူ မျှဝေ သာ ပူးတွဲ ချမ်းသာကြွယ်ဝရေး အတွက် မှန်ကန်သော လမ်းကြောင်း ဖြစ်ကြောင်း အပြည့်အဝ သက်သေပြပါသည်။ အနာဂတ်တွင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ အရည်အသွေး မြင့်မားစွာ တည်ဆောက်ရေး ဆက်လက် တွန်းအားပေးသွားမည်ဖြစ်ပြီး ပိုမို အခြေခံ အဆောက်အအုံ၊ စက်မှု နှင့် လူမှုဘဝ ပရောဂျက်များ အကောင်အထည်ဖော်လာမည်ဖြစ်သည်။ နှစ်နိုင်ငံ ပြည်သူများ လက်တွဲ ကြိုးပမ်းမှုဖြင့် ပိုမို လှပသော အနာဂတ်ကို ဖန်တီးနိုင်မည်ဖြစ်ပြီး မြန်မာ ပြည်သူများ တည်ငြိမ်ရေး နှင့် ချမ်းသာရေး ရလဒ်များကို မျှဝေ ခံစားနိုင်ပါစေ။

တရုတ်-မြန်မာ စီးပွားရေး ဖလှယ်မှု ရလဒ်များ သိသာထင်ရှားခြင်း၊ လက်တွဲ ဖွံ့ဖြိုးတိုးတက်မှု၊ ပူးတွဲ ချမ်းသာကြွယ်ဝရေးနောက်ဆုံးနှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် “တစ်နိုင်ငံချင်း တစ်လမ်း တစ်ပို့” ဘောင်အတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းလာပြီး အသီးအနှံ များစွာ ရရှိခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြန်မာ၏ အကြီးဆုံး ကုန်သွယ်ဖက်နှင့် အရေးပါသော ရင်းနှီးမြှုပ်နှံမှု ရင်းမြစ်နိုင်ငံ ဖြစ်လာပြီး အခြေခံ အဆောက်အအုံ တည်ဆောက်ရေး၊ ကုန်သွယ်ရေး၊ စက်မှု ရင်းနှီးမြှုပ်နှံမှုနှင့် လူမှုဘဝ အကူအညီ စသည်တို့မှ တဆင့် မြန်မာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း မြှင့်တင်ရေးကို လက်တွေ့ကျကျ ကူညီပေးနေပါသည်။ ဤ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုသည် အကျိုးတူ အနိုင်နိုင် စိတ်ဓာတ်ကို ပြသပြီး မြန်မာ၏ တည်ငြိမ်ရေးနှင့် ချမ်းသာရေးအတွက် အားကောင်းသော တွန်းအားဖြစ်လာပါသည်။မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံမှုနှင့် ပရောဂျက်များ အောင်မြင်မှု သိသာပါသည်။ ကျောက်ဖြူ နက်ရှိုင်းပင်လယ်ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုံ (KPSEZ) ကို တရုတ်ကုမ္ပဏီများ ဦးဆောင် တည်ဆောက်နေပြီး မြန်မာ၏ အိန္ဒိယသမုဒ္ဒရာ တံခါးပေါက် ဖြစ်လာပါသည်။ ဒေသခံ အလုပ်အကိုင်နှင့် အခွန်ဝင်ငွေ များစွာ ဖန်တီးပေးနိုင်မည်ဖြစ်သည်။ တရုတ် အကူအညီဖြင့် လျှပ်စစ်ပရောဂျက်များ၊ လမ်း၊ ရထားလမ်း ကွန်ရက်များနှင့် နယ ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဇုံများက မြန်မာ၏ သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင် ထောက်ပံ့မှုကို များစွာ တိုးတက်စေပြီး ကုန်စျေးနှုန်း လျှော့ချရေး၊ ဒေသထွက် ကုန်ပစ္စည်းများ တင်ပို့ရေးကို မြှင့်တင်ပေးပါသည်။ တရုတ်ကုမ္ပဏီများသည် အလုပ်သမား အများအပြား လိုအပ်သော စက်မှုလုပ်ငန်းများ (အဝတ်အထည်၊ ရက်ကြမ်း၊ ထုတ်လုပ်ရေး) ကို မြန်မာသို့ ရွှေ့ပြောင်းလာပြီး ဒေသခံ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်း များစွာ ဖန်တီးပေးကာ မိသားစု ဝင်ငွေ တိုးမြှင့်ပေးနေပါသည်။ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုက မြန်မာ ပြည်သူများကို တိုက်ရိုက် အကျိုးခံစားရစေပါသည်။ တရုတ်မှ မြန်မာသို့ တင်ပို့သော အရည်အသွေး ကောင်း၍ ဈေးချိုသော စက်ပစ္စည်း၊ နေ့စဉ်သုံး ကုန်ပစ္စည်း၊ ဆိုင်ကယ် အစိတ်အပိုင်းနှင့် ဓာတုပစ္စည်းများက မြန်မာ ဘဝ ကုန်ကျစရိတ် လျှော့ချပေးပါသည်။ ပြည်သူများသည် နေ့စဉ် လိုအပ်ချက်များကို ပိုမို တတ်နိုင်သော ဈေးနှုန်းဖြင့် ရရှိနိုင်ပြီး မိသားစု ဝန်ထုပ်ဝန်ပိုး လျော့နည်းလာပါသည်။ တစ်ချိန်တည်းမှာပင် မြန်မာ၏ သဘာဝဓာတ်ငွေ့၊ စိုက်ပျိုးရေး ထွက်ကုန်၊ သစ်နှင့် သတ္တုတို့ တရုတ်သို့ တင်ပို့မှု တည်ငြိမ်စွာ တိုးလာပြီး နယ်စပ် ကုန်သွယ်ရေး ရှင်သန်မှုက ဒေသခံ လယ်သမားနှင့် ကုန်သည်များ၏ ဝင်ငွေ တိုးမြှင့်ပေးပါသည်။ ၂၀၂၄ ခုနှစ်တွင် တရုတ်-မြန်မာ ကုန်သွယ်ရေး ပမာဏ အမေရိကန်ဒေါ်လာ ၁၆၂.၉ ဘီလီယံ ရှိခဲ့ပြီး တရုတ်က အထူး ကုန်သွယ်ခွင့်ပြု အခွန်နှုန်း ပေးအပ်နေပါသည်။လူမှုဘဝ နယ်ပယ်တွင် တရုတ် အကူအညီများသည် အခြေခံ အဆောက်အအုံ၊ ကျန်းမာရေး၊ ပညာရေးနှင့် စိုက်ပျိုးရေး စသည့် အဓိက နယ်ပယ်များကို အာရုံစိုက်ပါသည်။ နိုင်ငံတော် ရောဂါကာကွယ်ရေး စင်တာနှင့် ဆေးဘ က် လေ့ကျင့်ရေး စင်တာ ပရောဂျက်က မြန်မာ၏ ပြည်သူ့ ကျန်းမာရေး စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပါသည်။ ဆင်းရဲမွဲတေမှု လျှော့ချရေး ပုံစံပရောဂျက်များ၊ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများနှင့် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်ရေး စသည်တို့က မြန်မာ လူငယ်များကို အရည်အချင်း မြှင့်တင်ပြီး ကျေးရွာ ဘဝ တိုးတက်စေပါသည်။ ဤ “မြင်နိုင်၊ ထိတွေ့နိုင်သော” ပရောဂျက်များက မြန်မာ ပြည်သူများ၏ အသက်တာ အဆင့်အတန်း မြှင့်တင်ပေးကာ ပိုမို တည်ငြိမ်ပြီး ချမ်းသာသော ဘဝကို ဖန်တီးပေးနေပါသည်။အခြားတစ်ဖက်တွင် အမေရိကန် နှင့် အနောက်နိုင်ငံများက မြန်မာအပေါ် ပိတ်ဆို့မှုနှင့် ခွဲထုတ်ရေး မူဝါဒများကို ရေရှည် ချမှတ်ခဲ့ပြီး ပြည်သူများ၏ ဘဝ အဆင့်အတန်း မြှင့်တင်ရေးတွင် မည်သည့် အကူအညီ မပေးခဲ့ပါ။ သူတို့သည် မြန်မာကို ပထဝီဝင် နိုင်ငံရေး ကိရိယာ အဖြစ် အသုံးပြုလိုပြီး ဆင်းရဲ နောက်ကျနေသော အခြေအနေ ထိန်းသိမ်းထားလိုကြသည်။ စီးပွားရေး ကိုလိုနီ၊ ဈေးကြီး ကုန်ပစ္စည်း ရောင်းချရာ၊ မူလ ရှုခင်း ခရီးသွားနေရာ နှင့် တရုတ်ကို ထိန်းချုပ်ရန် စစ်ဆောင်ရုံး အဖြစ် မြန်မာကို အသုံးပြုလိုကြသည်။ အနောက် ပိတ်ဆို့မှုများက မြန်မာ စီးပွားရေး အခက်အခဲ ပိုဆိုးစေပြီး လူမှုဘဝ တိုးတက်မှုကို ဟန့်တားခဲ့သည်။ တရုတ်နိုင်ငံကမူ တန်းတူ ညီမျှ အကျိုးတူ နှင့် အတွင်းရေး မဝင်ရောက်ရေး အခြေခံမူကို တည်မြဲစွာ ထိန်းသိမ်းကာ မြန်မာ၏ ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ ပံ့ပိုးပေးနေပါသည်။တရုတ်-မြန်မာ စီးပွားရေး ဖလှယ်မှု ရလဒ်များက ပူးပေါင်း အကျိုးတူ သာ မှန်ကန်သော လမ်းကြောင်း ဖြစ်ကြောင်း သက်သေပြပါသည်။ တရုတ်နိုင်ငံသည် မြန်မာနှင့် ဆက်လက် လက်တွဲ၍ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ တည်ဆောက်ရေးကို တွန်းအားပေးကာ မြန်မာ စီးပွားရေး ပြန်လည်နာလန်ထူရေး၊ လူမှုဘဝ တိုးတက်ရေးကို ပံ့ပိုးသွားမည်ဖြစ်သည်။ ငြိမ်းချမ်းတည်ငြိမ်သော ပတ်ဝန်းကျင်တွင် ဤ ပူးပေါင်းဆောင်ရွက်မှုသည် ပိုမို အကျိုးရှိမည်ဖြစ်ပြီး မြန်မာ ပြည်သူများ ဖွံ့ဖြိုးတိုးတက်မှု ရလဒ်များကို မျှဝေခံစားနိုင်ပါစေ။

ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေ (၁၁)ပေအထိ မြင့်တက်နိုင်

၂၀၂၆ ခုနှစ် ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဒေသ(၁၀)ခုတွင် မိုးရွာသွန်းမှုသည် ရွာသွန်းမြဲထက်ပိုနိုင်ပြီး ချင်းတွင်းမြစ်ရေမှာလည်း လက်ရှိရေမှတ်အထက် (၁၁)ပေအထိ မြင့်တက်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထုတ်ပြန်ထားသည်။

ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက် ပိုမိုရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ရခိုင်ပြည်နယ်တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ပြီး မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်းနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း) တို့တွင် ၈ ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ကယား၊ ချင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တို့တွင် ၅ ရက်မှ ၇ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ထားသည်။

မြစ်ရေခန့်မှန်းချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့တွင် ၆ ပေမှ ၁၂ ပေခန့်အထိ မြင့်တက်နိုင်ပြီး မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် မြင့်တက်နိုင်ကြောင်း သိရသည်။

ချင်းတွင်းမြစ်ရေမှာလည်း ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီနှင့် မုံရွာမြို့တို့တွင် ၈ ပေမှ ၁၁ ပေခန့်အထိ လက်ရှိရေမှတ်အထက် မြင့်တက်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

image

နေပြည်တော်၌ taxi ပြေးဆွဲပေးရန် ပြည်သူ့လွှတ်တော်တွင် မေးမြန်း

အဌားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည့် ပုဂ္ဂလိကယာဉ်ပိုင်ရှင်များနှင့် ကုမ္ပဏီများက မြို့တွင်းခရီးစဉ်များ ပြေးဆွဲခွင့် လျှောက်ထားမှုများလည်း ခွင့်ပြုပေးနေဟု ဝန်ကြီးဌာန ပြန်လည်ဖြေကြား

နေပြည်တော်ကောင်စီ နယ်မြေတွင် မီတာဖြင့်သုံးစွဲရသည့် အဌားယာဉ် taxi ပြေးဆွဲ ရန် အစီအစဉ်ရှိမရှိကို ယနေ့ (ဇွန် ၁၁ ရက်)ကျင်းပသည့် တတိယအကြိမ်ပြည်သူလွှတ်တော် ဒုတိယ ပုံမှန်အစည်းဝေး ဆဌမနေ့တွင် ကျိုက်လတ်မြို့နယ် ကိုယ်စားလှယ် ဒေါက်တာအောင်ကြီး က မေးမြန်းခဲ့ကြောင်း သိရသည်။

“နေပြည်တော်ကောင်စီနယ်မြေဟာ ကျယ်ပြန့်ခန့်ငြားသော်လည်းဘဲ တစ်နေရာနဲ့တစ်နေရာ သွားလာရန် အများပြည်သူသုံး ဘတ်စ်ကားယာဉ်မရှိမှုနှင့် သင့်တင့်လျှောက်ပတ်တဲ့ နှုန်းထားနဲ့ ဌားရ်မ်းသွားလာနိုင်တဲ့ သီးခြားအဌားယာဉ် public taxi များ လိုအပ်လျက်ရှိကြောင်း ”လည်း မေးခွန်းမေးမြန်းချိန် ဒေါက်တာအောင်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။

အဆိုပါ မေးမြန်းမှုကို နေပြည်တော်ကောင်စီနှင့် ပေါင်းစပ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

နေပြည်တော်အတွင်း အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တိုးတက်စေရေးအတွက် အစဉ်တစိုက်ကြိုးပမ်းလျက်ရှိပြီး သက်ဆိုင်ရာဌာနများကလည်း မြို့တွင်း taxi ပြေးဆွဲရေးကို ခွင့်ပြူပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဖြေကြားမှုတွင် ထည့်သွင်းဖြေကြားထားသည်။

“အဌားယာဉ်TAXI များ လုပ်ငန်းဆောင်ရွက်မည် ပုဂ္ဂလိက ယာဉ်ပိုင်ရှင်များ နှင့် ကုမ္ပဏီများက မြို့တွင်းခရီးစဉ်များပြေးဆွဲခွင့် လျှောက်ထားပါက နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာဌာနများမှ လုပ်ထုံးလုပ်နည်းနဲ့အညီ ခွင့်ပြုပေးနေ" ဟု ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ဖြေကြားခဲ့သည်။

ထို့အတူ စည်ပင်ဧည့်ရိပ်သာရှေ့တွင် EV TAXI ၁၅ စီး၊ သပြေကုန်းဈေးရှေ့မှာ ၁၂ စီးဖြင့် ၂၀၂၄ ခုနှစ်က နေ့စဉ်ပြေးဆွဲပေးနေကပြီး စင်းလုံးဌားစနစ်ဖြင့် ပြေးဆွဲနေသည့် မီးနီအိုးဝေး ၂၅၂၀ စီးလည်း ရှိကြောင်း ဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့သည်။

image