ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူဟာ ဒေါသဖြစ်လွန်းရင်လည်း ပျက်စီးတတ်သလို လောဘဖြစ်လွန်းရင်လည်း ပျက်စီးတတ်ပါတယ် ။ လူတွေရဲ့ဝေဖန်တိုက်ခိုက်မှုတွေကို ခံနေရချိန်မှာ ဒေါသဖြစ်တတ်သလို လူတွေရဲ့ချီးမွမ်းမြှောက်ပင့်မှုကို ခံနေရချိန်မှာ လောဘဖြစ်တတ်ပါတယ် ။ သည်းခံတယ်ဆိုတာဟာ ကိုယ့်ကို ဝေဖန်ကဲ့ရဲ့လို့ရှိရင်လည်း ဒေါသမဖြစ် ၊ ကိုယ့်ကိုချီးမွမ်းလို့ရှိရင်လည်း လောဘမဖြစ် ၊ အောက်ခြေမလွတ်ဘဲ အစွန်းနှစ်ဖက်လွတ်စွာ စိတ်တည်တည်ငြိမ်ငြိမ်နဲ့ နှလုံးသွင်းနေတတ်ခြင်းကို ဆိုလိုပါတယ် ။
ဘဝဆိုတာ ဝင်ငွေတိုးလိုက် ဝင်ငွေလျော့လိုက် ၊ စိတ်ချမ်းသာလိုက် စိတ်ဆင်းရဲလိုက် ၊ အောင်မြင်လိုက် ကျရှုံးလိုက် ၊ ကျန်းမာလိုက် မကျန်းမာလိုက် ၊ အဖော်ရှိလိုက် အထီးကျန်လိုက် ၊ ချီးမွမ်းခံရလိုက် ကဲ့ရဲ့ခံရလိုက် စသဖြင့် နှစ်မျိုးနှစ်ထွေ ကြုံကြိုက်ခံစားနေရတာမျိုးပါ ။ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေဟာ ခေါင်းနဲ့ပန်းလို အလှည့်အပြောင်း ဖြစ်နေပါတယ် ။ ပိုင်ဆိုင်ခြင်း ၊ ဆုံးရှုံးခြင်းတွေဟာ နေ့နဲ့ညလို တစ်လှည့်စီ ဖြစ်တည်နေပါတယ် ။
တိုးတက်ခြင်း ၊ ဆုတ်ယုတ်ခြင်းတွေဟာလည်း လှိုင်းလုံးတွေသဖွယ် ဖြစ်ပျက်နေပါတယ် ။ ဒီတော့ " တစ်ခါတစ်ရံ သည်းခံနိုင်တယ် ၊ တစ်ခါတစ်ရံ သည်းမခံနိုင်ဘူး ၊ ဒီလူကိုတော့ သည်းခံနိုင်တယ် ၊ ဟိုလူကိုတော့ သည်းမခံနိုင်ဘူး ၊ ကိုယ် ကြိုက်တဲ့သူတွေနဲ့ ကိုယ့်ကို ကြိုက်တဲ့သူတွေအပေါ်တော့ သည်းခံနိုင်တယ် ၊ ကိုယ် မကြိုက်တဲ့သူတွေ နဲ့ ကိုယ့်ကို မကြိုက်တဲ့သူတွေအပေါ်တော့ သည်းမခံနိုင်ဘူး ၊ ကိုယ့်ထက် ရာထူးအားဖြင့် ၊ ဂုဏ်စည်းစိမ်အားဖြင့် မြင့်သူကိုကျ တော့ သည်းခံနိုင်တယ် ၊ ကိုယ့်အောက် ရာထူးအားဖြင့် ဂုဏ်စည်းစိမ်အားဖြင့် နိမ့်ပါးသူကိုကျတော့ သည်းမခံနိုင်ဘူး” လို့ နှစ်ထွေနှစ်စားကွဲပြားနေမယ်ဆိုရင် စိတ်အေးချမ်းနိုင်မှာ မဟုတ်တော့ပါဘူး ။
အချိန်အခါမရွေးလည်း သည်းခံတတ်ဖို့လိုသလို ကိုယ့်ထက်မြင့်သူပဲဖြစ်ဖြစ် ၊ ကိုယ့်အောက်နိမ့်သူပဲဖြစ်ဖြစ် လူတိုင်းအပေါ်မှာ သည်းခံတတ်မှ ၊ သည်းခံနိုင်မှသာ သည်းခံခြင်းမည်မှာ ဖြစ်ပါတယ် ။ ရှင်းလင်းပြောပြဖို့ လိုအပ်တာမျိုး ရှိမယ်ဆိုရင်လည်း ချစ်ခြင်း ၊ မုန်းခြင်းကင်းစွာ မှန်မှန်ကန်ကန် ရှင်းပြတတ်ဖို့ လိုပါတယ် ။ သည်းခံခြင်းဆိုတာ ကိုယ့်အတွက် စိတ်သက်သာအေးချမ်းမှုကို ရွေးချယ်ယူတဲ့အကောင်းဆုံးနည်းလမ်းပါပဲ ။
#စိတ္တသုခ
ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ယာမဲလ် ထိုးဖောက် ပါဝင်လာ
======================
လာမိန်းယာမဲလ်ဟာ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ထိုးဖောက် ပါဝင်လာပါတယ်။
Forbes က ကြေညာလာတဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းတွင် လာမိန်းယာမဲလ်ဟာ တိုတောင်းတဲ့ ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်လာနိုင်တာလည်း ဖြစ်ပါတယ်။
လာမိန်းယာမဲလ်ဟာ မကြာသေးမီတုန်းက ချုပ်ဆိုခဲ့တဲ့ ဘာစီလိုနာနှင့် စာချုပ်သစ်အပြင် Adidas ၊ Visa ၊ Konami တို့အပါအဝင် စပွန်ဆာစာချုပ်များမှ ရရှိတဲ့ ဝင်ငွေများကြောင့် ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦးစာရင်းတွင် အဆင့် ၁၀ နေရာချိတ်လာတာလည်း ဖြစ်ပါတယ်။
အသက် ၁၈ နှစ်ရှိ လာမိန်းယာမဲလ်ဟာ ယခုနှစ်တွင် ကော်မာရှယ်ဝင်ငွေ ဒေါ်လာ ၁၀ သန်းအပြင် စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၄၃ သန်း ရရှိလာမယ်လို့ ခန့်မှန်းထားရပြီး Forbes ရဲ့ ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် အဆင့် ၁၀ ချိတ်လာတာပါ။
လာမိန်းယာမဲလ်ဟာ ၂၀၂၃-၂၄ ရာသီတွင် ဘာစီလိုနာအတွက် ပထမဆုံးပွဲ ကစားခွင့် ရရှိပြီးနောက် ယခုအခါ ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်နေသူလည်း ဖြစ်ပါတယ်။
သူဟာ မကြာသေးမီတုန်းက ဘာစီလိုနာနှင့် ၆ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့အပြင် ရော်နယ်ဒင်ဟို၊ မက်ဆီတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုလည်း လွဲပြောင်းဝတ်ဆင်ခွင့်ရခဲ့ပါတယ်။
တဖက်တွင် Forbes ရဲ့ ဝင်ငွေအကောင်းဆုံးကစားသမားစာရင်းကို ပေါ်တူဂီစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုက ဝင်ငွေ ဒေါ်လာသန်း ၂၈၀ ဖြင့် ဆက်လက် ဦးဆောင်ထားနိုင်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုဟာ မကြာသေးမီတုန်းက ပထမဆုံးဘီလျှံနာဘောလုံးသမား ဖြစ်လာခဲ့သူလည်း ဖြစ်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီက ဝင်ငွေ ဒေါ်လာသန်း ၁၃၀ ဖြင့် ဒုတိယနေရာမှာ ရပ်တည်နေပြီး ကာရမ်ဘန်ဇီးမားက ဒေါ်လာ ၁၀၄ သန်းဖြင့် တတိယနေရာမှာလည်းကောင်း၊ ကိုင်လီယန်ဘက်ပေးက ဒေါ်လာ ၉၅ သန်းဖြင့် စတုတ္ထနေရာမှာလည်းကောင်း၊ အာလင်းဟာလန်းက ဒေါ်လာသန်း ၈၀ ဖြင့် ပဥ္စမနေရာမှာလည်းကောင်း ရပ်တည်နေပါတယ်။
ဝင်ငွေအကောင်းဆုံးကစားသမား ၁၀ ဦးစာရင်းတွင် ဗီနီရှပ်စ်ဂျူနီယာ(ဒေါ်လာသန်း ၆၀)၊ မိုဟာမက်ဆာလက် (ဒေါ်လာ ၅၅ သန်း)၊ ဆာဒေယိုမာနေး (ဒေါ်လာ ၅၄ သန်း)၊ ဂျူ့ဘယ်လင်ဂမ်(ဒေါ်လာ ၄၄ သန်း)၊ လာမိန်းယာမဲလ်(ဒေါ်လာ ၄၃ သန်း)တို့လည်း ပါဝင်ခဲ့ပါတယ်။
စတန် (Stan) ဟာ မျိုးရိုးဗီဇဆိုင်ရာ နှလုံးရောဂါကို ခံစားနေရသူပါ အဲ့လိုနဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ဆေးရုံတက်ပြီး သူ့ရဲ့ နှလုံးကို ဖယ်ရှားခဲ့ရပါတယ် ဒါပေမဲ့ သူဟာ နှလုံးအသစ် အစားထိုးမထည့်ဘဲ သူ့ကျောဘက်မှာ လွယ်အိတ်နဲ့ လွယ်ထားရမယ့် စက်နှလုံး (artificial heart) ကို လက်ခံရယူခဲ့ပါတယ်
အဲဒီနောက် စတန်ဟာ သူ့ခန္ဓာကိုယ်ထဲ နှလုံးမပါဘဲ ဆေးရုံက ဆင်းသွားခဲ့ပြီး တစ်နှစ်ကျော်ကြာ ပုံမှန်ဘဝကို နေထိုင်နိုင်ခဲ့ပါတယ် ဒီကာလအတွင်း သူဟာ စက်နှလုံးကို ကျောပိုးအိတ်ထဲ ထည့်ပြီး သူငယ်ချင်းတွေနဲ့အတူ ပေါ့ပေါ့ပါးပါး အားကစားတချို့ကိုပါ ကစားနိုင်ခဲ့ပါတယ်
နောက်ဆုံးမှာတော့ ၂၀၁၆ ခုနှစ် အသက် ၂၅ နှစ်အရွယ်မှာ စတန် ဟာ လူသားနှလုံးအသစ်ကို အောင်မြင်စွာ အစားထိုးနိုင်ခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts