3 w - Translate

ကင်မရာ အဝိုင်းလား ၊ လေးထောင့်လား ကြိုက်တဲ့ပုံစံ ကိုယ်တိုင်ပြောင်းလို့ရမယ့်ဖုန်း
realme GT8 Pro တဲ့ Camera Bump Design ကို ကိုယ်တိုင် ပုံဖော်လို့ရအောင် သူတို့ဖန်တီးပေးထားတယ် Kit တွေလည်း ထပ်ထုတ်ပေးမယ်ထင်တယ်
ဖုန်းဒီဇိုင်းတွေ ဆန်းသစ်ကြတဲ့အထဲ ဒီ Idea လေးက ကွက်ကျန်ဖြစ်နေတာ Nothing ရဲ CMF ဆိုရင်က ကျောဘက် ကာဗာ တစ်ခုလုံးလဲလို့ရအောင်လုပ်ပေးထားတာပါ အခုက ကင်မရာ သီးသန့်ပဲ
ဘာပဲဖြစ်ဖြစ် ဖုန်းတွေရဲ့ identity ကလည်း Camera Bump က အသက်ဆိုတော့ အနည်းဆုံးတော့ ကိုင်ရတာပျင်းလာရင် Camera Bump လေး ကောက်ချိန်းလိုက်ရုံပဲ Refresh ဖြစ်သွားမှာပေါ့
ဒီဖုန်းမှာတော့ 200MP Camera ပါလာမယ် RICOH Camera နဲ့ ပူးပေါင်းထားမယ် လာမယ့် 21 ရက်နေ့ မိတ်ဆက်မယ်လို့ သိထားရပါတယ်

image
3 w - Translate

ကင်မရာ အဝိုင်းလား ၊ လေးထောင့်လား ကြိုက်တဲ့ပုံစံ ကိုယ်တိုင်ပြောင်းလို့ရမယ့်ဖုန်း
realme GT8 Pro တဲ့ Camera Bump Design ကို ကိုယ်တိုင် ပုံဖော်လို့ရအောင် သူတို့ဖန်တီးပေးထားတယ် Kit တွေလည်း ထပ်ထုတ်ပေးမယ်ထင်တယ်
ဖုန်းဒီဇိုင်းတွေ ဆန်းသစ်ကြတဲ့အထဲ ဒီ Idea လေးက ကွက်ကျန်ဖြစ်နေတာ Nothing ရဲ CMF ဆိုရင်က ကျောဘက် ကာဗာ တစ်ခုလုံးလဲလို့ရအောင်လုပ်ပေးထားတာပါ အခုက ကင်မရာ သီးသန့်ပဲ
ဘာပဲဖြစ်ဖြစ် ဖုန်းတွေရဲ့ identity ကလည်း Camera Bump က အသက်ဆိုတော့ အနည်းဆုံးတော့ ကိုင်ရတာပျင်းလာရင် Camera Bump လေး ကောက်ချိန်းလိုက်ရုံပဲ Refresh ဖြစ်သွားမှာပေါ့
ဒီဖုန်းမှာတော့ 200MP Camera ပါလာမယ် RICOH Camera နဲ့ ပူးပေါင်းထားမယ် လာမယ့် 21 ရက်နေ့ မိတ်ဆက်မယ်လို့ သိထားရပါတယ်

image
image
image
image

ဆရာမြသန်းတင့် ဘာသာပြန်ထားတဲ့ လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများကို ဖတ်ဖြစ်တယ် ။ မူရင်းက 𝐄𝐫𝐢𝐜𝐡 𝐒𝐞𝐠𝐚𝐥 ရဲ့ 𝐓𝐡𝐞 𝐂𝐥𝐚𝐬𝐬 ။
ဝတ္ထုက ဟားဗက်တက္ကသိုလ်နောက်ခံ ဝတ္ထု ။ ဒင်နီ ၊
ဂျေဆင် ၊ အဲလိယော့ ၊ လင်းဗရို့ ၊ ဂျော့ကဲလား ဆိုတဲ့ တက္ကသိုလ် ကျောင်းသား ၅ ယောက်ရဲ့ တက္ကသိုလ်
စရောက်ခါစအချိန်ကနေ နောင် ၂၅ နှစ် သူတို့ ကျောင်းသားတသိုက် ပြန်ဆုံကြချိန်ထိ အဖြစ်အပျက်တွေကို ဇာတ်အိမ်ဆင်ရေးထားတဲ့ပုံစံပါ ။
ဇာတ်လမ်းကျောရိုးထက် ကျွန်တော် သဘောကျမိတာကတော့ ဝါသနာ ၊ စိတ်နေစိတ်ထား မတူညီတဲ့ ကျောင်းသားငါးယောက်ရဲ့ ကျင်လည်ကျက်စားရာပတ်ဝန်းကျင်တွေကို အချိတ်အဆက်မိမိ ဇာတ်လမ်းဆင်ထားပုံပါ ။ ဥပမာ ပြောရရင် ဂီတဘက်မှာ ဝါသနာထုံတဲ့ ဒင်နီရဲ့ ဇာတ်ရုပ်ကို ပီပြင်အောင် ဖွဲ့နေတဲ့အချိန်မှာပဲ စာရေးဆရာက ကမ္ဘာကျော်တေးသွားတွေရဲ့ မြှုပ်ကွက်တွေ ၊ သာမန်လူတွေ သတိမမူမိကြတဲ့ ဂီတနဲ့ ပတ်သက်တဲ့အမြင်တွေကို တပါတည်း ရေးသွားတာမျိုး ၊ ဂျူးလူမျိုးဖြစ်တဲ့ ဂျေဆန်ရဲ့ ဇာတ်ရုပ်ကိုကြွအောင် ဖွဲ့နေချိန်မှာပဲ
အာရပ် - အစ္စရေး ပြဿနာကို တပါတည်း မီးမောင်းထိုးပြသွားတာမျိုး ၊ နိုင်ငံရေးဘာသာရပ်ကို လေ့လာနေနဲ့ ဂျော့ကဲလားရဲ့ သရုပ်ကို ခြယ်သနေတဲ့အချိန်တွင်းမှာပဲ ဗီယက်နမ်စစ်ပွဲ ၊ ဝါးတားဂိတ်အရေးခင်း ၊ ဟင်နရီကစ်ဆင်းဂျားရဲ့အခန်းကဏ္ဌ စတဲ့ အဲဒီခေတ်နိုင်ငံရေး အခင်းအကျင်းကိုပါ ချပြထားတာမျိုးတွေက ပညာသားပါပါတယ်။
တက္ကသိုလ်နောက်ခံဝတ္ထုပီပီ အချစ် ၊ အလွမ်း၊ အဆွေး လေးတွေ ပါပါတယ် ။ မှတ်သားစရာအဖြစ်သနစ်တွေလည်းအတော်များများ ပါဝင်တာမို့ အချိန်ပေးဖတ်ရကျိုးနပ်တဲ့ စာအုပ်တစ်အုပ်ပါ ။
#လွမ်းမောခဲ့ရသောတက္ကသိုလ်နွေညများ
#မြသန်းတင့်

image
3 w - Translate

နာဂိုရို (Nagoro) ဟာ ဂျပန်နိုင်ငံ ရှိကိုကု (Shikoku) ကျွန်းပေါ်က တောင်တန်းတွေကြားမှာတည်ရှိတဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နာဂိုရိုရွာဟာ အလုပ်အကိုင် အခွင့်အလမ်းတွေ အထူးသဖြင့် သစ်လုပ်ငန်း နဲ့ ဆည်တည်ဆောက်မှုတွေ ကြောင့် စည်ကားခဲ့ဖူးပေမဲ့ လူငယ်တွေ မြို့ပြသို့ ရွှေ့ပြောင်းသွားခဲ့တဲ့အတွက် ရွာလူဦးရေဟာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပါတယ်
လက်ရှိမှာတော့ ရွာထဲမှာ အသက်ရှင်နေထိုင်သူ ဦးရေဟာ ၂၇ ဦးသာရှိပြီး သူတို့အားလုံးဟာ သက်ကြီးရွယ်အိုတွေ ဖြစ်ကြပါတယ် ကလေးသူငယ် ဒါမှမဟုတ် ကျောင်းသားဆိုလို့တစ်ဦးတစ်ယောက်မှ မရှိတော့ပါဘူး
ဒီလိုနဲ့ ၂၀၀၂ ခုနှစ်မှာ အသက် ၇၀ ကျော် အရွယ် အယာနိုစူကီမီ (Ayano Tsukimi) ဆိုတဲ့ အဘွားအိုတစ်ဦးဟာ သူမရဲ့အိမ်နီးနားက လယ်ကွင်းထဲကို ကျီးကန်းတွေ မလာအောင် ရည်ရွယ်ပြီး အရုပ်တွေ ဖန်တီးခဲ့ရာကနေ ဒီထူးခြားတဲ့ နည်းလမ်းကို စတင်ခဲ့တာပါ
ဒီလိုနဲ့ စူကီမီဟာ ရွာကနေ ရွှေ့ပြောင်းသွားသူတွေနဲ့ ေxသဆုံးသွားသူတွေရဲ့ နေရာမှာ အစားထိုးဖို့အတွက် အရုပ်တွေကို စတင်ဖန်တီးဖို့အကြံရခဲ့ပါတယ် အခုဆိုရင် ရွာတစ်ဝိုက်မှာ လူ့ခန္ဓာကိုယ်အရွယ်အစားနဲ့ တူညီတဲ့ အရုပ်ပေါင်း ၂၇၀ ကျော်ရှိပါတယ် အရုပ်တွေဟာ ရွာသားဟောင်းတွေရဲ့ ပုံတူပုံစံကိုပြုလုပ်ထားပြီး နေ့စဉ်ဘဝ နေရာတွေ ဥပမာ- ဘတ်စ်ကားမှတ်တိုင်၊ ကျောင်း၊ စိုက်ခင်း၊ စားပွဲဝိုင်း၊ လမ်းမတွေ မှာ ထားရှိထားပါတယ်
အရင်က ပိတ်သိမ်းသွားခဲ့တဲ့ စာသင်ကျောင်းဆောင်တွေထဲမှာလည်း ကျောင်းသား၊ ဆရာ၊ ဆရာမ အရုပ်တွေကို စုစည်းထားရှိထားပါတယ် ဒီထူးခြားတဲ့ ပုံရိပ်တွေ ကြောင့် နာဂိုရိုရွာဟာ ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး "အရုပ်ရွာ" (Doll Village) လို့ နာမည်ကြီးလာခဲ့ပါတယ်
#fblifestyle #knowledge #ဗဟုသုတ #facts #whatthefacts

image
3 w - Translate

That Christmas (2024)

နှစ်ကုန်မှာ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို မကြာသေးခင်ကမှထွက်ရှိထားတဲ့ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်။

ဒီဇာတ်ကားလေးကတော့ IMDb 6.8/10ရရှိထားပြီး ပေါ့ပေါ့ပါးပါးနဲ့အေးအေးဆေးဆေးကြည့်လိုကောင်းတဲ့ကားလေးတစ်ကားပါပဲ။

အညွှန်းပြောရရင်တော့ ခရစ်စမတ်အကြိုနေ့မှာ လူတိုင်းဟာ ကိုယ့်အစီအစဉ် နဲ့ ကိုယ် ပျော်ရွှင်ဖွယ်ရာပွဲတွေလုပ်ဖို စီစဉ်နေကြတဲ့အချိန် မထင်မှတ်ထားတဲ့ ရာသီဥတုကြောင့်

နှင်းမုန်တိုင်း၂ခါ တိုက်ပြီး လူတိုင်းလိုလိုရဲ့အစီအစဉ်တွေပျက်သွားပြီး အားလုံးစိတ်ညစ်ကုန်ကြ‌ပါတယ် ။

😍ကြည့်ရန်နှိပ်ပါ👇

t.me/animemovie1005/317

🎬 Main channel 🔗

t.me/addlist/43SAvNGGjGExNWVl

image

"ဓာတုဗေဒ ဗိသုကာများ"
အခုနှစ် ၂၀၂၅ ခုနှစ်အတွက် ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကိုတော့ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်နိုင်ငံတို့မှ ပညာရှင်သုံးဦးဖြစ်ကြတဲ့ Susumu Kitagawa၊ Richard Robson နဲ့ Omar M. Yaghi တို့ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
ဒီဆုကို သူတို့ရဲ့ Metal–Organic Frameworks (MOFs) လို့ခေါ်တဲ့ မော်လီကျူး တည်ဆောက်မှု့ပုံစံအသစ်တစ်ခုကို ဖော်ထုတ်ရာမှာ အရေးပါတဲ့ ရှာဖွေတွေ့ရှိမှုတွေကြောင့် ချီးမြှင့်ခဲ့တာပါ။
ဒီနေရာမှာ သူတို့ ဘာကြောင့် ဒီဆုကိုရခဲ့လဲ? ဘယ်လို ရခဲ့တာလဲဆိုတာကို နည်းနည်းလောက် အကြမ်းဖျဉ်း ရှင်းပြပေးသွားပါမယ်။
MOFs ဆိုတာ ဘာလဲ?
MOFs တွေဆိုတာက သတ္တုအိုင်းယွန်းတွေ (Metal Ions) နဲ့ အော်ဂဲနစ်မော်လီကျူးတွေ (Organic Linkers) ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ အပေါက်တွေ အများကြီးပါဝင်တဲ့ ၃-ဖက်မြင် ဇယားကွက်ပုံစံ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။
ဒီပစ္စည်းတွေရဲ့ အံ့ဩစရာကောင်းတာကတော့ ပမာဏအားဖြင့် သေးငယ်ပေမယ့်၊ အတွင်းထဲမှာ မျက်နှာပြင်ဧရိယာ အလွန်ကြီးမားတဲ့ အခေါင်းပေါက်ကြီးတွေ ကို ဓာတုဗေဒ တည်ဆောက်မှုပုံစံတွေမပျက်စီးပဲထိမ်းထားနိုင်တာပါ ။ ဒီလို ကြီးမားတဲ့ နေရာလွတ်တွေရှိနိုင်တာကြောင့် MOFs တွေကို အသုံးပြုပြီးဓာတ်ငွေ့တွေနဲ့ ဓာတုပစ္စည်းတွေကို အများအပြား ထိန်းသိမ်း သိုလှောင်၊ ဒါမှမဟုတ် စစ်ထုတ်နိုင်ပါတယ်။
ဒီ MOFs နည်းပညာ တိုးတက်လာဖို့အတွက် ပညာရှင်သုံးဦးရဲ့ လုပ်ဆောင်ချက်တွေဟာ တစ်ဦးနဲ့တစ်ဦး ဆက်စပ်ပြီး ဆင့်ကဲတိုးတက်လာခဲ့တာဖြစ်ပါတယ်။
ဒီစိတ်ကူးဟာ ၁၉၈၉ ခုနှစ်မှာ Richard Robson ကနေစတင်ပါတယ်။တွင်းထွက်စိန်ရဲ့ သဘာဝဖွဲ့စည်းထားတဲ့ ပုံစံကို နမူနာယူပြီးသူရဲ့ကိုယ်ပိုင် မော်လီကျူးတည်ဆောက်မှုပုံစံအသစ်ကို စမ်းသပ်ကြည့်တဲ့အခါ အရင်တုန်းက မတွေ့ဖူးသေးတဲ့ မော်လိီကျူးတည်ဆောက်မှုပုံစံဖြစ်နေခဲ့ပါတယ်။
သူဟာ သတ္တုအိုင်းယွန်းတွေကို သုံးပြီး အပေါက်တွေပါတဲ့ ပုံဆောင်ခဲတစ်ခုကို ဖန်တီးနိုင်ခဲ့ပေမယ့် သူ့ရဲ့ အစောပိုင်း မော်လီကျူးတည်ဆောက်ပုံတွေက တည်ငြိမ်မှု မရှိပဲနဲ့ အလွယ်တကူပျက်စီးနေခဲ့ပါတယ်။
ဒီကနေ ဂျပန်လူမျိုး Susumu Kitagawa ဟာ Robson ရဲ့ အလုပ်ကို ဆက်ပြီး ၁၉၉၀ ပြည့်လွန်နှစ်များမှာ MOFs ရဲ့ အပေါက်တွေထဲကို ဓာတ်ငွေ့တွေ ဝင်ထွက်နိုင်တယ် ဆိုတာကို လက်တွေ့ပြသနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဒီပုံဆောင်ခဲတွေဟာ လိုအပ်သလို ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့ ပြောင်းလွယ်ပြင်လွယ် (flexibility) လည်း ရှိတယ်ဆိုတာကိုပါ တွေ့ရှိခဲ့ပါတယ်။
သူတို့နှစ်ဦးရဲ့ တွေ့ရှိချက်တွေအပေါ်မှာ အခြေခံပြီး ၁၉၉၉ခုနှစ်မှာ Omar M. Yaghi ကတော့ ဒီနယ်ပယ်ကို အရှိန်အဟုန်မြှင့်တင်ပေးခဲ့ပါတယ်။ သူဟာ MOFs တွေကို အလွန်တည်ငြိမ်တဲ့ ပုံစံနဲ့ တည်ဆောက်နိုင်တဲ့ နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါ့အပြင် လိုအပ်တဲ့ လုပ်ဆောင်ချက် (ဥပမာ- ရေကို စုပ်ယူခြင်း) ရရှိဖို့အတွက် ဒီဖွဲ့စည်းပုံကို စိတ်ကြိုက်ပြင်ဆင်နိုင်တယ် ဆိုတာကိုပါ ပြသနိုင်ခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်ကြောင့် MOFs တွေကို ဓာတ်ခွဲခန်းထဲကနေ လက်တွေ့ကမ္ဘာမှာပါ အသုံးပြုနိုင်ဖို့ အားထုတ်နိုင်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ သူ တီထွင်နိုင်ခဲ့တဲ့ MOF -5 အလေးချိန်ဂရမ်အနည်းငယ်ဟာ ဘောလုံးကွင်းတစ်ကွင်းစာရှိတဲ့ ဧရိယာကိုကောင်းကောင်း​ ထိန်းထားလို့ရပါတယ်။(နားမလည်ရင်တော့ ရေမြုပ်တုံးနဲ့ သဘောအနည်းငယ်တူပါတယ်။)
လက်တွေ့ကမ္ဘာမှာ ဘယ်လို အသုံးဝင်သလဲ?
ဒီပညာရှင်သုံးဦးရဲ့ MOFs တီထွင်မှုကြောင့် ယနေ့ခေတ် လူသားတွေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးသော ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အခြေခံအကျဆုံး နည်းပညာတွေ ပေါ်ထွက်လာတာပဲဖြစ်ပါတယ်။
ရေရှားပါးတဲ့ဒေသတွေက ခြောက်သွေ့တဲ့ သဲကန္တာရလေထဲကနေ ရေငွေ့ကို MOFs သုံးပြီး စုပ်ယူထုတ်ယူနိုင်အောင်၊စက်ရုံတွေကနေ ထွက်လာတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် (CO₂) ကို ထိရောက်စွာ ဖမ်းယူသိုလှောင်နိုင်တာ ၊ဟိုက်ဒရိုဂျင်လိုမျိုး ဓာတ်ငွေ့တွေကို လုံခြုံစွာနဲ့ ပမာဏများများ သိုလှောင်နိုင်အောင်စီမံနိုင်တာ စတဲ့ နေရာတော်တော်များများမှာဒီ ကွန်ပေါင်းတွေကို အသုံးချနိုင်ပါတယ်။
ခြောက်သွေ့တဲ့ လေထဲမှာ ရှိတဲ့ ရေငွေ့ (Vapor) မော်လီကျူးတွေကို ဆွဲဆောင်ပြီး MOF အပေါက်တွေထဲမှာ ထိန်းသိမ်းထားပါတယ်။ ပြီးမှ အပူနည်းနည်းပေးလိုက်ရင် အဲဒီရေငွေ့တွေက သန့်စင်တဲ့ ရေအရည် (Liquid Water) အဖြစ် ပြန်ထွက်လာတာမို့ သောက်ရေထုတ်လုပ်နိုင်ပါတယ်။သဘာဝပတ်ဝန်းကျင်အတွက် အကျိူးရှိစေမယ့် Carbon capture လို့ခေါ်တဲ့ များပြားလာနေတဲ့ CO2 ဓါတ်ငွေ့တွေကိုလည်း သူ့ကိုသုံးပြီးတော့ဖမ်းယူထားနိုင်ပါတယ်။
ဒီလိုမျိုး စိတ်ကူးတစ်ခုကို စတင်ဖော်ထုတ်၊ အလုပ်လုပ်ပုံကို သက်သေပြပြီး၊ နောက်ဆုံးမှာ လက်တွေ့ကျကျ အသုံးချနိုင်အောင် တည်ငြိမ်တဲ့ ပုံစံအထိ ဆင့်ကဲတိုးတက်အောင် ပူးပေါင်းပါဝင်ခဲ့တဲ့အတွက် ပညာရှင်သုံးဦးစလုံးကို ၂၀၂၅ ခုနှစ်ရဲ့ ဓာတုဗေဒ နိုဘယ်ဆုကို ဂုဏ်ပြုချီးမြှင့်ခဲ့တာပဲ ဖြစ်ပါတယ်။
Richard Robson အကြံရပြီးစတင်ဖော်ထုတ်တီထွင်ဖို့ကြိုးစားခဲ့တဲ့ ၁၉၇၄ ခုနှစ်ကနေစတွက်ရင်တော့ နှစ်ပေါင်း ၅၀ ခန့်ကြာတော့မှ ဒီဆုကို ရရှိကြတာဖြစ်ပါတယ်။
~MASES / Soe Pyae Htat

image

စိတ်ညစ်နေရရင် အချစ်မဟုတ်သေးဘူး။

အမြဲပျော်ရွှင်နေရမယ်လို မဆိုလိုပေမဲ့
အမြဲစိတ်ညစ်နေရရင်တော့
တကယ်အချစ်မဟုတ်သေးဘူး။

ကိုယ်ကတော့
ကိုယ့်ကိုအမြဲမပျော်ရွှင်စေရင်တောင်
စိတ်ညစ်အောင်မလုပ်တဲ့လူမျိုးကိုပဲ ချစ်မှာ။

တနည်းပြောရရင် ကိုယ့်ကို
စိတ်အေးချမ်းသာရှိနေစေမဲ့လူမျိုးပေါ့ ။

image
3 w - Translate

"ကြိုးစားနေတဲ့ " အချိန်မှာ သည်းခံပါ။
"ကျရူံးနေတဲ့ " အချိန်မှာ ရဲရင့်ပါ။
"အောင်မြင်နေတဲ့ " အချိန်မှာ တည်ငြိမ်ပါ။

သင်ကြိုးစားနေတာလား....

ဒါဆို သည်းခံလိုက်ပါ။
ကြိုးစားနေတဲ့သူတွေကို တိုက်ခိုက်နေတဲ့
မကောင်းဆိုးဝါးဆိုတာ နေရာတိုင်းမှာ ရှိကြတယ်။

ထိုသူတွေနဲ့ ယှဉ်ပြီး မတိုက်ခိုက်ပါနဲ့
ကိုယ်သွားမယ့် လမ်းကြောင်းတွေ
လွဲသွားတတ်ပါတယ်။

မကောင်းတဲ့ သူတွေက မကောင်းတဲ့
လမ်းကြောင်းအတိုင်း ဆက်သွားပါလိမ့်မယ်။

ဒါသင်သွားမယ့် လမ်းကြောင်းက အမိူက်တွေပါ
အမိူက်ကောက်ရမှာ သင့်အလုပ်မဟုတ်ဘူး။

သည်းခံခြင်းသည် အောင်မြင်ခြင်းရဲ့ နိဒါန်းပါ
သင့် အခက်ခဲတွေကို အလှဆုံး
အပြုံးနဲ့ ရင်ဆိုင်ပြီး ဆက်ကြိုးစားပါ။
အောင်မြင်မှုက ကြိုးစားနေသူတွေအတွက်
လက်တကမ်းမှာပါ။

လောကဓံကို ရင်ဆိုင်နေရတဲ့ လူသားခြင်း
စာနာစိတ်နဲ့ အကောင်းမြင်ပေးပါ။

နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်။
စိတ်ထားကောင်းကောင်းထားပြီး သည်းခံရင်း ကြိုးစားပါ။

သင် ကျရူံးနေလား...

ဒါဆို ရဲရင့်ပြလိုက်စမ်းပါ.....
လှောင်ပြောင်ရယ်မော တိုက်ခိုက်နေတဲ့
အတုအယောင်တွေ ကြားထဲမှာ
ခြင်္သေ့ တစ်ကောင်အသွင်နဲ့
ရဲရင့်ပြလိုက်စမ်းပါ။

လူဆိုတာ ကိုယ်ထက်သာ
မနာလိုကြတာ သဘာဝပါ။
သူတိုထက် ညံ့ခဲ့ရင်တော့
ကဲ့ရဲ့ ပြီပေါ့။

ဒါပေမယ့် သူတိုထက် အဆပေါင်းများစွာ
သာတဲ့သူတွေကိုတော့ အားကျ အတုယူတက်ကြတယ်။
ဒီသဘာဝလည်း သင်နားလည်ထားပါ။

နေပူပြီးရင် နေရိပ်လာတဲ့ အချိန်ရှိသလို
မုန်းတိုင်းပြီးလည်း လေပြေလာစမြဲပါ။
ဒါဆို သေချာတယ်။

ကျရူံးချိန်တွေ ပြီးရင် ....
မလွဲမသွေလာမှာ အောင်မြင်မှုပါ။
ဒီအောင်မြင်မှုကို သင့်ရဲ့ ရဲရင့်တဲ့
အပြုံးတစ်ပွင့်နဲ့ ကြိုဆိုရမှာပါ။

"ဆင်" ဖမ်းဖိုသွားတဲ့ လူတစ်ယောက်က
လမ်းမှာ ဟောင်နေတဲ့ "ခွေး" တွေကို ခဲနဲ့ပစ်နေရင်
"ဆင်" ရဖိုအချိန် နှောက်နှေးသွားပါလိမ့်မယ်။

ဒါကြောင့် သင့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို
အောင်မြင်မှုအတွက်ပဲ အချိန်ကုန်ခံပါ။

အရည်အသွေး နိမ့်တဲ့သူတွေကြောင့် ခေါင်းကိုက်မခံနဲ့။

သင့်ရဲ့ ကျရူံးမှုတွေကို ရဲရင့်မှုတွေနဲ့ စိန်ခေါ်ပါ။
ဒါဆို စိန်ခေါ်မှုတွေများတဲ့ လောကကြီးကို
သင် ကောင်းကောင်း ရင်ဆိုင်သွားနိုင်မှာပါ။

သင် အောင်မြင်နေပြီလား...

ဒါဆို တည်ငြိမ်နေလိုက်ပါ။
လုံလောက်တဲ့ ရင်ကျက်မှုရှိတဲ့ လူတိုင်းက
ကိစ္စတိုင်းကို ထည့်တွက်မနေတော့ပါဘူး။

ပညာရှိတော်တော်များများကလည်း
ငြိမ်သက်နေတတ်ပါတယ်။

စိန်နဲ့တူတဲ့ သဇင်ပန်းပေါ့ နေရာတိုင်းမှာ
မတွေ့ရတော့ပါဘူး။

ပြည့်နေတဲ့ အိုးထဲက ဘောင်ဘင်
မခတ်တော့သလို တည်ငြိမ်သွားကြပါတယ်။

သင့်ရဲ့ အောင်မြင်မှုကို အစစ်အမှန် ဂုဏ်ယူသူရှိမယ်။
အတုအယောင်တွေနဲ့ ကဲ့ရဲ့သူလည်းရှိမယ်။
ဒါတွေကို သင့်အနေနဲ့ ဂရုစိုက်စရာ မလိုပါဘူး။

"လမင်း" ကို ခွေး ဟောင်တာ သဘာဝပါပဲ
အရာရာကို ဥပက္ခာပြုထားပါ။

ဒီအချိန်မှာ အရေးကြီးဆုံးက
အောင်မြင်မှုကို ထိန်းသိမ်းနိုင်ဖိုပဲ

မောက်မာပြီး အောက်ခြေမလွတ်ဖိုလည်း
သိပ်ကိုအရေးကြီးတယ်။
မောက်မာပြီး အောက်ခြေလွတ်သူတွေက
အထိနာတက်ကြပါတယ်။
ဘယ်အရာမှ မတည်မြဲပါဘူး။

"လ" သာဖိုအတွက် နေ ဝင်ပေးရသလို
"နေ" သာဖိုအတွက် လ ပျောက်ကွယ်ပေးရတဲ့
အချိန်တွေလည်း ရှိတယ်ဆိုတာ မမေ့နဲ့။

နွေး မိုး ဆောင်း ပြောင်းလဲနေသလို
အရာရာလည်း အမြဲပြောင်းလဲ နေဦးမှာပါ။

ဒီကမ္ဘာမှာ ဘယ်တော့မှ မပြောင်းလဲတဲ့ အရာတစ်ခုပဲ
ရှိတယ် ဒါက "ပြောင်းလဲခြင်းတရားပါ"။

ခေတ်မကောင်းရင် ရူးချင်ယောင်သာ
ဆောင်နေလိုက်ပါ။

ဒါကြောင့် ဘာမှမတည်မြဲတဲ့ လောကကြီးမှာ
ဟန်ဆောက်မှု အရောင်တွေနဲ့ မရှင်သန်ပါနဲ့။

ဖြူစင်မှု စိတ်ထားကောင်းမွန်မှု
တည်ငြိမ်ရင်း ရှင်သန်ကြည့်ပါ။

ရေဗွတ်ပမာ ပျောက်သွားမယ့် အရာတွေပေါ်မှာ
မောက်မာပြီး အောက်ခြေလွတ်တဲ့
စိတ်တွေနဲ့ မသာယာမိစေနဲ့။
တစ်ဘဝစာလုံး အထိနာသွားတတ်တယ်။

ဒါကြောင့် သင့်ရဲ့ အောင်မြင်မှုကို
တန်ဖိုးရှိရှိ ထိန်းသိမ်းတတ်ပါစေ။

ဒီကမ္ဘာကြီး လည်နေတယ်ဆိုတာ ....
သင်ဘယ်တော့မှ မမေ့ပါနဲ့။

ဂေါ်ရင်ဂျီကျွန်း

image

ဂေါ်ရင်ဂျီကျွန်း

image