ဂရင်းလန်း အရေးကြောင့် ဥရောပမဟာမိတ်တွေအပေါ် အခွန်တိုးမြှင့်ကောက်မှု ဒေါ်နယ်ထရန့် ရုပ်သိမ်း

အမေရိကန်ပြည်ထောင်စုဟာ ဂရင်းလန်းကျွန်းကိုဝယ်ယူမယ့် အစီအစဉ်ကို ဆန်ကျင်တဲ့ ဥရောပမဟာမိတ်တွေအပေါ် အခွန်ကောက်ခံမယ့် အစီအစဉ်များကို ရုပ်သိမ်းလိုက်ပြီလို့ သမ္မတ ဒေါ်နယ်ထရန့်က ပြောပါတယ်။
နေတိုးနဲ့ ဆွေးနွေးပြီးနောက် အခုလိုထုတ်ပြန်လာတာဖြစ်ပြီး ဂရင်းလန်းနဲ့ပတ်သက်ပြီး အလားအလာရှိတဲ့ သဘောတူညီချက်တခုကို ရှာဖွေနေတယ်လို့ ထရန့်က ပြောပါတယ်။ ထရန့်ဟာ နေတိုးအကြီးအကဲ မာ့ခရူတီနဲ့ တွေ့ဆုံခဲ့တာဖြစ်ပြီး ဒါဟာအလွန်အကျိုးရှိတဲ့ တွေ့ဆုံမှုလို့ ဆိုပါတယ်။
တွေ့ဆုံမှုဟာ ဂရင်းလန်းနဲ့ အာတိတ်ဒေသဆိုင်ရာ အလားအလာရှိတဲ့ သဘောတူညီချက် မူဘောင်ကို ဦးတည်စေခဲ့တယ်လို့ ထရန့်က ပြောပါတယ် ။ ဒါပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မပြောပါဘူး။
နေတိုးကလည်း အစည်းအဝေးကို အလွန်အကျိုးရှိတဲ့ အစည်းအဝေးအဖြစ် ဖော်ပြခဲ့ပြီး ထရန့်ပြောခဲ့တဲ့ မူဘောင်ဆိုင်ရာ ဆွေးနွေးမှုတွေဟာ အာတိတ်ဒေသလုံခြုံရေးကို သေချာစေဖို့အဓိကထားမယ်လို့ ဆိုပါတယ်။ ဂရင်းလန်းကို စစ်ရေးအင်အား အသုံးမပြုဘဲ ရယူရေးအတွက် ဒါးဗို့စ်မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဆွေးနွေးမှုတွေ ပြုလုပ်လိုကြောင်း ထရန့်က အစောပိုင်းမှာ ပြောပါတယ်။
"ဂရင်းလန်းနဲ့ အာတိတ်ဒေသတခုလုံးနဲ့ ပတ်သက်ပြီး အနာဂတ်သဘောတူညီချက်ရဲ့ မူဘောင်ကို ကျွန်တော်တို့ ဆွေးနွေးနေပြီး ဒီဖြေရှင်းချက်က ပြီးမြောက်သွားရင် အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံအားလုံးအတွက် အရမ်းကောင်းတဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်လာမှာပါ။" လို့ ထရန့်က ဆိုပါတယ်။
ဖြစ်နိုင်ချေရှိသော သဘောတူညီချက်ဟာ အမြဲတည်တံ့နိုင်ပြီး သတ္တုပိုင်ဆိုင်မှုအပါအဝင် စီစဉ်ထားတဲ့ Golden Dome ဒုံးကျည်ကာကွယ်ရေးစနစ် ဖြန့်ကြက်ဖို့တွေလည်း ပါဝင်နိုင်ပါတယ်။ ဂရင်းလန်းကျွန်းဟာ ပထဝီအနေထားအရ မဟာဗျူဟာမြောက်နေရာမှာ တည်ရှိပြီး အရေးပါတဲ့ သတ္တုသိုက်တွေလည်း တည်ရှိနေပါတယ်။

image

ဂျပန်ရှိ ကမ္ဘာ့အကြီးဆုံး နျူကလီးယားစက်ရုံ စတင်လည်ပတ်

၂၀၁၁ ခုနှစ် ဖူကူရှီးမား နျူကလီးယားစက်ရုံ ဘေးအန္တရာယ်ကြောင့် နိုင်ငံအတွင်းရှိ ဓာတ်ပေါင်းဖိုအားလုံးကို ပိတ်သိမ်းခဲ့ရပြီးနောက် ဂျပန်နိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး နျူကလီးယားဓာတ်အားပေးစက်ရုံကို ဇန်နဝါရီ ၂၁ ရက်မှာ ပထမဆုံးအကြိမ် ပြန်လည်စတင်လည်ပတ်နေပြီဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ဘေးကင်းရေးစိုးရိမ်မှုတွေရှိနေပေမယ့် တိုကျိုမြို့ အနောက်မြောက်ဘက်ရှိ ကာရှီဝါဇာကီ-ကာရီဝါရှိ ဓာတ်ပေါင်းဖိုအမှတ် ၆ ကို ပြန်လည်စတင်ဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ချခဲ့တာပါ။ အချက်ပေးစနစ်ချို့ယွင်းမှုကြောင့် တရက်နှောင့်နှေးခဲ့ပြီး နောက်လမှာ စီးပွားဖြစ်လည်ပတ်ဖို့ စီစဉ်ထားပါတယ်။
စွမ်းအင်တင်သွင်းမှုအပေါ် များစွာမှီခိုနေရတဲ့ ဂျပန်နိုင်ငံဟာ နျူကလီးယားစွမ်းအင်ကို အစောပိုင်းကတည်းက လက်ခံကျင့်သုံးခဲ့တဲ့ နိုင်ငံတခုဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ နိုင်ငံသမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယားဘေးအန္တရာယ်ဖြစ်တဲ့ ဖူကူရှီးမားနျူကလီးယားဓါတ်အားပေးစက်ရုံဟာ ဆူနာမီကြောင့် ပျက်စီးပြီးနောက်မှာ ဂျပန်နိုင်ငံရဲ့ နျူကလီးယား ဓာတ်ပေါင်းဖို ၅၄ ခုလုံးကို ပိတ်ပစ်ခဲ့ပါတယ်။
ကာရှီဝါဇာကီ-ကာရီဝါရှိ ခုနစ်ခုမြောက် ဓာတ်ပေါင်းဖိုကို ၂၀၃၀ ခုနှစ်အထိ ပြန်လည်လည်ပတ်နိုင်မှာမဟုတ်သလို ကျန်ငါးခုကိုလည်း ရပ်ဆိုင်းထားနိုင်ပါတယ်။ ဒါကြောင့် စက်ရုံဟာ ဓာတ်ပေါင်းဖို ခုနစ်ခုလုံး လည်ပတ်ခဲ့စဉ်ကထက် ၈ ဒဿမ ၂ ဂစ်ဂါဝပ်ထက် စွမ်းရည် အများကြီး လျော့နည်းသွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှစပြီး ဂျပန်နိုင်ငံဟာ လည်ပတ်နိုင်သော ဓာတ်ပေါင်းဖို ၃၃ ခုအနက် ၁၅ ခုကို ပြန်လည်စတင်ခဲ့သည်။ ကာရှီဝါဇာကီ-ကာရီဝါစက်ရုံဟာ Tepco ကုမ္ပဏီ ပိုင်ဆိုင်တဲ့ဓါတ်ပေါင်းဖိုတွေထဲက ပြန်လည်လည်ပတ်တဲ့ ပထမဆုံးစက်ရုံဖြစ်ပါတယ်။
ဂျပန်နိုင်ငံဟာ ၂၀၅၀ ပြည့်နှစ်မှာ ကာဗွန်ထုတ်လုပ်မှု လုံး၀ကင်းစင်တဲ့ထ ကြိုးပမ်းနေပါတယ်။ ၂၀၁၁ ခုနှစ်မတိုင်မီက နျူကလီးယားစွမ်းအင်ဟာ ဂျပန်နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အား ၃၀ ရာခိုင်နှုန်းနီးပါးရှိပြီး ၂၀၃၀ ပြည့်နှစ်မှာ ၅၀ ရာခိုင်နှုန်း အထိ ရရှိရန် စီစဉ်ထားပါတယ်။

image
16 ပတ် - ဘာသာပြန်ပါ။

မြန်မာကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံသူများ အထူးသတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်

ICJ ၌ မြန်မာနိုင်ငံကိုယ်စားပြုဖြေရှင်းနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့များကို အားပေးထောက်ခံသူများ အထူးသတိပြုလိုက်နာရမည့်အချက်များကို အသိပေးနှိုးဆော်ထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ကို အားပေးထောက်ခံသူများအနေဖြင့် ICJ တရားရုံးနှင့် တရားသူကြီးများအား ဝေဖန်ပုပ်ခတ်ခြင်း၊ ဖိအားပေးသည့်သဘောရေးသားပြောဆိုခြင်းများ လုံးဝမပြုလုပ်ကြပါရန်၊ လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများရေးသားပြောဆိုခြင်း၊ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်ခြင်းများ မပြုလုပ်ကြပါရန် အသိပေးနှိုးဆော်ထားသည်။
ထို့ပြင် တိုင်းရင်းသား အမျိုးအမည်တွင်မပါဝင်သည့်၊ တိုင်းရင်းသားအဖြစ်မသတ်မှတ်ထားသည့် လူမျိုးအမည်အားသုံးစွဲပြီး ထိုအမည်အား အမုန်းစကားများမပြုလုပ်ကြပါရန်၊ မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ သက်သေအထောက်အထားခိုင်လုံစွာဖြင့် တရားရုံးတွင်ရင်ဆိုင်ဖြေရှင်းနေကြောင်းကိုသာ ထောက်ခံရေးသားပြောဆိုကြပါရန်လည်း အသိပေးနှိုးဆော်ထားသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် နိုင်ငံတကာဥပဒေများနှင့်အညီ တရားရင်ဆိုင်ဆဲကာလဖြစ်ရာ အားပေးထောက်ခံမှုများအား လူမှုကွန်ရက်ပေါ်တွင်လည်းကောင်း၊ အဖွဲ့အစည်းများမှ မြို့/ရွာအသီးသီးတွင် ထောက်ခံပွဲများပြုလုပ်ရာတွင်လည်းကောင်း အထူးသတိပြုလိုက်နာကြပါရန် နှိုးဆော်ခဲ့ခြင်းဖြစ်သည်။

image
16 ပတ် - ဘာသာပြန်ပါ။

အဂတိလိုက်စားမှု ကျဆင်းစေရေးရန် SMS မှတဆင့် မေးမြန်းနိုင်သည့် အစီအစဉ် အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင် စတင်ဆောင်ရွက်

အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေးရန် ရည်ရွယ်၍ ဖုန်း SMS မှတဆင့် မေးမြန်းနိုင်သည့် အစီအစဉ်ကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အဂတိလိုက်စားမှု တို-က်ဖျ-က်ရေးကော်မရှင်က ယနေ့တွင် အသိပေးကြေညာထားသည်။
အဆိုပါ အစီအစဉ်ကို အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP)” ဟုအမည်ပေးထားပြီး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။
အစိုးရရုံး/ဌာနများတွင် ဝန်ဆောင်မှုရယူကြသည့် ပြည်သူများ၏ တယ်လီဖုန်းနံပါတ်များသို့ Short Code နံပါတ် "1111" အသုံးပြု၍ SMS မှ တဆင့် ဝန်ဆောင်မှုနှင့်စပ်လျဉ်းသည့် မေးခွန်းများ မေးမြန်းခြင်းဖြင့် တုံ့ပြန်မှုများရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်သည် အစိုးရဌာန/အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိ လိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် "1111" မှတဆင့် SMS ဖြင့် ပေးပို့မေးမြန်းသော မေးခွန်းများကို ပြည်သူများက အကြံပြုဖြေကြားပေးခြင်းဖြင့် အစိုးရဌာန ၊ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အဂတိလိုက်စားမှုတို-က်ဖျ-က်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း အသိပေးထားသည်။

image
16 ပတ် - ဘာသာပြန်ပါ။

ချုံချင့်မြို့ရှိ တက္ကသိုလ်များတွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများကို အခမဲ့မျက် စိစမ်းသပ်စစ်ဆေးပြီး မျက်မှန်ဝန်ဆောင်မှုပေး

ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးနှင့် Maylook မျက်စိဆေးရုံတို့ပူးပေါင်း၍ ချုံချင့်မြို့ရှိ တက္ကသိုလ်များတွင်ပညာသင်ကြားနေသည့် မြန်မာကျောင်းသား၊ ကျောင်းသူများကို အခမဲ့မျက်စိစမ်းသပ်စစ်ဆေးပြီး မျက်မှန်ဝန်ဆောင်မှုပေးခဲ့ကြောင်း သိရသည်။
ချုံချင့်မြို့ရှိ China-Singapore Maylook Eye Hospital တွင်ပြုလုပ်ခြင်းဖြစ်ရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ ကောင်စစ်ဝန်ချုပ်ဦးကျော်ဇေယျာလင်းမှ ယနေ့ ဇန်နဝါရီ ၂၁ ရက်နံနက်ပိုင်းက ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာကောင်စစ်ဝန်ချုပ်သည် China- Singapore Maylook Eye Hospital မှတာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ကျန်းမာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံနှင့် Maylook မျက်စိဆေးရုံကြား ပညာရှင်များ အပြန်အလှန်ဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image
16 ပတ် - ဘာသာပြန်ပါ။

သာကေတမြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ သာကေတမြို့နယ်၊ ရပ်ကွက်ပေါင်းစုံ ထမနဲထိုးပြိုင်ပွဲကို ယနေ့တွင် ၄/ တောင်ရပ်ကွက်၌ ကျင်းပခဲ့သည်။
အဆိုပါ ထမနဲပြိုင်ပွဲကို အသင်းပေါင်း ၁၉ သင်းမှ ယှဉ်ပြိုင်ခဲ့ပြီး ၁၀/ တောင်ရပ်ကွက်မှ ပထမဆု၊ ၂/ တောင်ရပ်ကွက်မှ ဒုတိယဆု ရရှိခဲ့သည်။

image
16 ပတ် - ဘာသာပြန်ပါ။

ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း‌ ရေအားလျှပ်စစ်စီမံ ကိန်းအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံ ကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီ၏ (၁/၂၀၂၆)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက်က ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။
ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်မှ ဧရာဝတီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အ‌ ထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး က ချင်ပြည်နယ်ဒေသခံကော်မတီဖွဲ့စည်းမှု အခြေအနေ၊ လမ်းညွှန်မှာကြားချက်များ၊ လုပ်ငန်းတာဝန်များနှင့် ကော်မတီတွင် ဖြည့်စွက်ဖွဲ့စည်းနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ဒေသခံကော်မတီအဖွဲ့ဝင်များမှ ကော်မတီ၏ လုပ်ငန်းတာဝန်များအပေါ် ရှေ့ဆက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းဆွေးနွေးတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင် ရွက်မည့် ရှေ့လုပ်ငန်းအစီအစဉ်များအတွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

image
16 ပတ် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံသား(၃၀၀)ဦးအပါအဝင် ပြည်ပနိုင်ငံသားများကို ပြည်နှင်လွှဲပြောင်း

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား(၃၀၀)ဦးအပါအဝင် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ ယနေ့ ဇန်နဝါရီ ၂၁ ရက်က ပြည်နှင်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံသား(၃၀၀)ဦး၊ အီသီယိုးပီးယားနိုင်ငံသား (၇၈)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား(၈)ဦး၊ အင်ဒိုနီးရှားနိုင်ငံသား(၉၁)ဦးတို့အား မြန်မာနိုင်ငံမှတာဝန်ရှိသူများက သက်ဆိုင်ရာနိုင်ငံတာဝန်ရှိသူများထံ ပြည်နှင်လွှဲ ပြောင်းပေးခဲ့ကြကြောင်း သိရသည်။

image
16 ပတ် - ဘာသာပြန်ပါ။

စင်ကာပူကလေယာဉ်များနှင့် တော်ပီဒိုများကိုအမေရိက ထံမှဝယ်ယူမည်

အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံ တန်ဖိုးရှိ ပီ-၈ အေ ရေကြောင်းကင်းလှည့်လေယာဉ်များ၊ တော်ပီဒိုများနှင့် ဆက်စပ်ပစ္စည်းများကို စင်ကာပူနိုင်ငံသို့ ရောင်းချရန် ခွင့်ပြုလိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့တွင် ကြေညာခဲ့သည်။
“ယခု ခွင့်ပြုလိုက်သည့် ရောင်းချမှုသည် ရန်သူများကို ဟန့်တားနိုင်စွမ်းရှိသည့် ရေတပ်သုံးပစ္စည်းများ ကို ပံ့ပိုးပေးခြင်းဖြင့် လက်ရှိနှင့် အနာဂတ်တွင် ကြုံတွေ့လာနိုင်သည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် စင်ကာပူ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိမ့်မည်ဖြစ်သည်” ဟု အမေရိကန် ကာကွယ်ရေးလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအေဂျင်စီ (ဒီအက်စ်စီအေ) က ကြေငြာချက်တစ်ခုတွင် ပြောကြားထားသည်။
၎င်းသည် “အာရှဒေသ၏ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော အင်အားစုတစ်ခုဖြစ်သည့် မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ၏ လုံခြုံရေးကို မြှင့်တင်ပေးခြင်းအားဖြင့် အမေရိကန်ပြည်ထောင်စု၏ နိုင်ငံခြားရေးမူဝါဒနှင့် အမျိုးသားလုံခြုံရေး ရည်မှန်းချက်များကို ခိုင်မာအားကောင်းစေလိမ့်မည်ဖြစ်သည်” ဟု ဒီအက်စ်စီအေ က ဆက်လက်ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် စင်ကာပူသို့ အဆိုပါ စစ်သုံးပစ္စည်းများကို ရောင်းချပေးရေးကို အတည်ပြုခဲ့ပြီး ဒီအက်စ်စီအေ သည် အမေရိကန် ကွန်ဂရက်စ်လွှတ်တော်သို့ လိုအပ်သော အမိန့်‌ေကြငြာစာကို ပေးပို့ခဲ့ကာ အဆိုပါကုန်သွယ်မှုအတွက် လွှတ်တော်၏ အတည်ပြုချက် လက်မှတ်ရေးထိုးရန် လိုအပ်နေသေးသည်။
စင်ကာပူနိုင်ငံသည် ကာကွယ်ရေးဝန်ကြီး ချန်ချွန်းစင်း၏ အမေရိကခရီးစဉ်အတွင်း ၂၀၂၅ ခုနှစ်တွင် ဘိုးရင်း ပီ-၈ အေ လေယာဉ် လေးစီး ဝယ်ယူမည့် ဆုံးဖြတ်ချက်ကို ကြေညာခဲ့ပြီး ထိုခရီးစဉ်အတွင်း သူသည် ပင်တဂွန် ၌ ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် နှင့် တွေ့ဆုံခဲ့သည်။
ရေကြောင်းကင်းလှည့်ရန် ဒီဇိုင်းထုတ်ထားသည့် အဆိုပါ လေယာဉ်များတွင် ရေငုပ်သင်္ဘော ကို ဖျက်ဆီးနိုင်သည့် စွမ်းရည်များ ကို တပ်ဆင်ထားပေသည်။ ၎င်းတွင် ပါဝင်သော အာရုံခံကိရိယာများနှင့် ရေဒါစနစ်များသည် ရေကြောင်းဆိုင်ရာ လုပ်ငန်းမျိုးစုံတွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးပါသည်။
၎င်းကို ရှာဖွေရေးနှင့် တည်နေရာရှာဖွေခြင်း လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပြီး အရပ်ဘက်သုံး ဘိုးရင်း ၇၃၇ လေယာဉ်များတွင် ပါဝင်သော အဆင့်မြင့် အီလက်ထရောနစ်စနစ်များ ကို တပ်ဆင်ထားကြောင်း သိရှိရပါသည်။

image
16 ပတ် - ဘာသာပြန်ပါ။

တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် (၃) သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံကို ၂၀၂၈ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်

မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူပြီး ရေနံစိမ်းတန်ချိန် နှစ်သန်း ချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းကိုလည်း တရုတ်စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေ
ရေနံချက်လုပ်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ထွက်ရှိလာမည့် ကာဗွန်ဒိုင်အောက်ဆိုဒ်များကို ဖမ်းယူပြီး ရေခဲခြောက် (DRY ICE) များ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါ ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်ခြင်းဖြင့် ရေခဲခြောက်တင်သွင်းနေရသည့် နိုင်ငံခြားငွေများ သက်သာသွားမည်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောသည်၊
ယမန်နေ့ က ရေနံချက်စက်ရုံ (သန်လျင်) ၌ ဆောင်ရွက်နေသည့် စီမံကိန်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီး က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
စက်ရုံသစ်တည်ဆောက်နေမှုနှင့် စက်ပစ္စည်းများရောက်ရှိတပ်ဆင်နေမှုကို ကြည့်ရှုခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အချိန်ကာလတွင်း ပြီးစီးရေးဆောင်ရွက်ကြရန်နှင့် ဘေးထွက်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်မျာထုတ်လုပ်နိုင်ရေးတို့ကို နည်းပညာအသုံးပြုဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
DRY ICE ထုတ်လုပ်နိုင်ရန် လိုအပ်သည့် စက်ကိရိယာများ တပ်ဆင်သွားမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ကပြောသည်။
ယခုစီမံကိန်းပြီးစီးပါက အပိုင်း (၂) ကို တစ်နှစ်လျှင် ရေနံစိမ်း တန်ချိန် (၃) သန်း ချက်လုပ်နိုင်သည့် ရေနံချက်စက်ရုံအဖြစ် ၂၀၂၈ ခုနှစ်တွင်း အပြီးတည်ဆောက်သွားရန် စီမံဆောင်ရွက်နေကြောင်း သိရသည်။
ထို့အတူ မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းမှ ရေနံစိမ်းရယူပြီး ရေနံစိမ်းတန်ချိန် နှစ်သန်းချက်လုပ်နိုင်သည့် သံပရာကန်ရေနံချက်စက်ရုံစီမံကိန်းကိုလည်း တရုတ်နိုင်ငံပိုင် စွမ်းအင်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းလည်း သိရသည်။

image