လူတယောက်တရားရသွားရင် သိနိုင်သလား"
လူတယောက်တရားရသွားရင် ဘယ်လိုသိနိုင်မလဲ
ဆိုပြီး တော်တော်မေးကြတယ်.......
တရားရတယ်ဆိုတာသည် ရုပ်မှာ ရတာလား....
စိတ်မှာ ရတာလား......
တရားကျင့်တာသည် ရုပ်ကကျင့်တာလား
စိတ်ကကျင့်တာလား......
ရုပ်ကျင့်ချင်ရင်တော့ ဝိတ်မ လေ့ကျင့်ခန်းကစားပေါ့.....
အချိန်တန်ရင် ကြွက်သားတွေထွက်လာမယ် ။
ဒါဆိုမြင်သာတယ်သိသာတယ်.......
တရားဆိုတာသည် စိတ်ကို ကျင့်စဉ်တွေနဲ့ ကျင့်တာဖြစ်တဲ့အတွက် စိတ်မှာ စိတ်တန်ခိုးဆိုတဲ့ ကြွက်သားတွေထွက်လာတာကြတော့ ဘယ်မြင်နိုင်ပါ့မလဲ......
ဒါကြောင့်တရားထူးရထားတဲ့သူတစ်ယောက်သည်။ ရုပ်ပိုင်းဆိုင်ရာထူးထူးခြားခြားပြောင်းလဲသွားတာ
မရှိပါဘူး......
စိတ်ပြောင်းသွားတာကိုလည်း ပုထုဇဉ်တွေမသိနိုင်ပါဘူး
အလောင်းတော်သိဒ္ဓတ္ထမင်းသားဘာကြောင့်
ဘုရားဖြစ်တာလဲ......
တောထွက်ပြီး ၆နှစ်လုံးလုံး တရားကျင့်လို့.......
မင်းသားသည် တရားကျင့်တော့ သဗ္ဗညုတရွှေဉာဏ်တော်ကိုရပြီးမှ ဘုရားဖြစ်တယ်......
ဒီတော့ ဘုရားသည် ရုပ်ပြောင်းလို့ ဖြစ်တာလား....
စိတ်ပြောင်းလို့ဖြစ်တာလား......
အဖြေက ရှင်းပါတယ်.......
ဘုရားအဖြစ်ကိုရောက်တော့ ရုပ်ခန္ဓာကတော့
သိဒ္ဓတ္ထ မင်းသားရဲ့ ရုပ်ပဲ ဘာမှပြောင်းမသွားဘူး......
နာမ်ကတော့ ဘုရားနာမ်ဖြစ်သွားပြီ.......
ဒီတော့ ဘုရားဖြစ်တော့ ပဉ္စဝဂ္ဂီငါးဦးကို ပထမဆုံးတရားဟောဖို့သွားတော့
"လာကြ ငါဘုရားဖြစ်ပြီ တရားဟောမယ်" လို့ ပြောတဲ့ အချိန်မှာ ပဉ္စဝဂ္ဂီငါးဦးက ဘာပြန်ပြောလဲဆိုတော့
" ဘုရားဖြစ်တာ မယုံပါဘူးဗျာ" ဒီလိုပြန်ပြောတယ်မို့လား.....
အဲ့ဒါဘာကြောင့်ပြောတာတုန်း.....
ဘုရားဖြစ်သွားပေမယ့် ရုပ်မှ ပြောင်းမသွားတာ သူတို့အမြင်မှာ သိဒ္ဓတ္ထမင်းသားရဲ့ ရုပ်ပဲ မြင်နေတာကိုး....
(အဲ့ဒီအချိန်ဘုရားရှင်က တန်ခိုးမပြသေးဘူး..)
တရားဦးဟောလိုက်တော့မှ ငါးဦးထဲကတစ်ဦး ပထမဆုံး သောတာပန်တည်တယ်မို့လား....
ဟောလိုက်တဲ့ တရားသည် စိတ်ကဆင်ခြင်ပြီးမှ ဟောရတယ်မို့လား.....
ဒီတော့ ဒီက ဘုရားနာမ်နဲ့ ဟောလိုက်တဲ့တရားကို ဟိုက နာမ်နဲ့ နာကြားလိုက်တော့မှ ဟာဟုတ်တယ်
သိဒ္ဓတ္ထမင်းသား ဘုရားဖြစ်သွားပြီလို့ သိနိုင်တယ်မို့လား......
တရားရတယ်ဆိုတာသည် ရုပ်ပြောင်းတာမဟုတ်ဘူး စိတ်ပြောင်းတာ တစ်ခြားသူကသိနိုင်ဖို့ အင်မတန် ခဲယဉ်းတယ်နော်.......
နောက်တစ်ခုက ဘုရားရဲ့ ယောက္ခမဖြစ်တဲ့ ဘုရင်ကြီးပဲကြည့်လေ......
ဘုရားယောက္ခမက ဘုရားကို မကြည်ဘူး.....
သူ့သမီးကို ကလေးတယောက်နဲ့ ပစ်ထားခဲ့တာကိုး..
နောက် ဘုရားဖြစ်ပြီဆိုပြီး တိုင်းပြည်ထဲပြန်လာပြီးတော့ တပြည်လုံး အုပ်အော်သောင်းတင်း ဘုရားရယ်လို့ ကိုးကွယ်ကြည်ညိုနေပေမယ့် သူ့စိတ်ထဲမှာတော့ သူ့သမက်ကို ဘုရားရယ်လို့မယုံဘူး......
"ဟိုကောင် သိဒ္ဓတ္ထလာပစေဦး ငါနဲ့တွေ့မယ်ပေါ့"
ဘာဖြစ်လို့ အဲဒီစိတ်ဖြစ်သလဲ.......
ဘုရားဆိုပြီးကြည့်လိုက်တယ် မြင်တော့ဘာမြင်လဲ....
သိဒ္ဓတ္ထမင်းသား သင်္ကန်းရုံထားတာပဲမြင်တယ်.....
ရုပ်ကြည့်တော့ သူ့သမက်ရုပ်ပဲမြင်မှာပေါ့.....
နာမ်ပြောင်းသွားတာ သူမှမသိနိုင်တာ.....
ဒီတော့ ပစ်မှားတော့တာပေါ့.........
ဘယ်လိုလုပ်လဲဆိုတော့.......
တရက် ဘုရားရှင်နဲ့တကွ ရဟန္တာကြီးတွေ ဆွမ်းခံကြွတဲ့အချိန်မှာ လမ်းကိုပိတ်ပြီး အရက်မျိုးစုံနဲ့သောက်ပွဲစားပွဲ ကျင်းပတော့တာပေါ့......
ဘုရားရှင်ကြွလာတော့လမ်းမဖယ်ပေးဘဲ မိုက်မိုက်ရိုင်းရိုင်းပြောဆိုပြီး စော်ကားတော့တာပေါ့....
သူကိုယ်တိုင်ကလည်း မူးနေတာကိုး......
ဘုရားရှင်နဲ့ ရဟန်းတွေလည်း ဆွမ်းခံမကြွတော့ဘဲ လှည့်ပြန်လာခဲ့တော့တာပေါ့.......
ဘုရားရှင်လှည့်ပြန်တော့ ရဟန်းတွေနဲ့ရောပြီး သူလျှိုထည့်ပေးလိုက်တယ်......
လမ်းရောက်တော့ ဘုရားရှင်က ညီတော်အာနန္ဒာကိုမိန့်တယ်......
"ဘုရင်ကြီး ဒီအကုသိုလ်ကြောင့် ၇ရက်ပြည့်တဲ့နေ့မြေမြိုမယ်"
ဒါကို သူလျှိုကကြားတော့ ဘုရင်ကြီးကို ပြန်ပြောတယ်........
ဘုရင်ကလည်း ဘုရားပြောတဲ့စကားကြားတော့ ဘုံ ၇ဆင့်ပေါ် တက်နေတယ်တဲ့.......
မယုံဘူးပြောပြီး စော်ကားထားပေမယ့် သူ့ရဲ့ မသိစိတ်က ကြောက်တယ်.....
ဘုရားဟောထားတဲ့စကားတွေ တစ်ခုမှ မလွဲဘဲဖြစ်ခဲ့တာလည်း သူသိထားတာကိုး.......
မယုံပေမယ့် ဥပေက္ခာမပြုရဲဘူး.......
၇ရက်ပြည့်တဲ့နေ့မှာ သူ့စီးတော်မြင်းက ထိန်းမရအောင်ဟီနေလို့ သတိလက်လွတ် ဘုံ၇ဆင့်ပေါ်က ဆင်းသွားတဲ့အချိန် အဲ့ဒီပြဿဒ်ရှေ့တည့်တည့်မှာပဲ
မြေမြိုသွားတာပဲနော်.....
ဒါကတော့ လူတိုင်းသိပြီးသား ဇာတ်ကြောင်းပါ.....
အဓိကပြောချင်တာက ဘုရားကို သူ့ယောက္ခမ ဘာကြောင့် မယုံလည်း.......
အဖြေက ရှင်းပါတယ်.....
ရုပ်မပြောင်းလို့.....
သဗ္ဗညုတရွှေဉာဏ်တော်နဲ့တကွ ပါရမီတော်အစုံစုံ တန်ခိုးတော် အစုံစုံသည် ဘယ်မှာကိန်းဝပ်လည်း.....
နာမ်ဓာတ်မှာ ကိန်းဝပ်ပါတယ်........
အင်္ဂုလိမာလ ဘုရားကို ဘာကြောင့်လိုက်သတ်သလဲ.......
သာမန်ရဟန်းတပါးလို့ပဲမြင်လို့ပေါ့......
ဘုရားရှင်က အစကတည်းက တန်ခိုးတော်နဲ့ရောင်ခြည်တော်ခြောက်သွယ်လွှင့်ပြီး ဝင်းထင်းနေရင် မသတ်ရဲဘူးသေချာတယ်.......
ရိုးရိုးရဟန်းမှတ်လို့ လိုက်သတ်တာပေါ့.......
နောက်မှ တန်ခိုးပြလိုက်တော့မှ မာန်ကျသွားတာကိုး......
(ဘုရားရှင်သည် တန်ခိုးကို လိုအပ်မှသုံးပါတယ်)
ပြောချင်တာက ဘုရားရှင်တောင်မှ ရုပ်မပြောင်းတာ
သောတာပန် ကနေ ရဟန္တာအထိ အရိယာတွေ ရုပ်ပြောင်းပါ့မလား......
နာမ်ပြောင်းသွားတာနဲ့တင် လူနတ်ဗြဟ္မာအားလုံးရဲ့ ထိပ်ဆုံးကိုရောက်ပြီး ပူဇော်အထူးကို ခံရပါတယ်......
ဒါကြောင့် လူရယ်လို့ဖြစ်တဲ့ အချိန်ခါမှာ စိတ်ပြောင်းနိုင်တဲ့ ဝိပဿနာတရားများကျင့်ကြံအားထုတ်နိုင်ကြပြီး တရားထူး တရားမြတ်များ ရရှိနိုင်ကြပါစေ....…....
#crd

image
16 w - Translate

😁

image

MCEF နှင့် YRYEA တို့ နားလည်မှုစာချွန်လွှာ ရေးထိုး

မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ်(MCEF) နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(YRYEA)တို့နားလည်မှုစာချွန်လွှာရေးထိုးပွဲအခမ်းအနားကို ဇန်နဝါရီ၂၀ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် ကျင်းပခဲ့သည်။
ယင်း အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းYRYEA ဥက္ကဋ္ဌ ဦးသူရိန်အောင်ကနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။
ယင်းနောက် နားလည်မှုစာချွန်လွှာကို မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF) မှ ဥက္ကဋ္ဌဦးရှိန်ဝင်းနှင့် အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးမှလည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းYRYEA မှ ဥက္ကဋ္ဌ သူရိန်အောင်နှင့်အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်စုဇင်ဇင်ကလည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း YRYEA နှင့်
အသင်း ၁၀ သင်း၊ ဘဏ်သုံးဘဏ်၊ကျောင်း ၁၁ ကျောင်းတို့မှ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲသို့ (MCEF)ဒုဥက္ကဋ္ဌများ ဖြစ်ကြသည့် Dr.. ဉာဏ်
သစ်လှိုင်၊ ဦးဝင်းဆွေ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ရည်ဝိုင်းဦး၊ ဗဟိုကော်မတီများဖြစ်သည့်
ဒေါ်မြသောင်းဝေ၊ ဒေါ်ရီရီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

ယခုလအတွင်း POEA မှတစ်ဆင့် EPS စနစ်ဖြင့်တောင်ကိုရီးယားသို့ အလုပ်သမား ၂၆၀ စေလွှတ်ထား

ယခုလအတွင်း EPS စနစ်ဖြင့် တောင်ကိုရီးယားသို့ အလုပ်သမား ၂၆၀ စေလွှတ်ထားကြောင်း မြန်မာသံရုံး ဆိုးလ်မှထုတ်ပြန်ချက်အရသိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီ (POEA)မှတစ်ဆင့်EPS စနစ်ဖြင့် စေလွှတ်ခဲ့သော Re-entry လုပ်သား ၁၄ ဦး ကိုရီးယားလေကြောင်းလိုင်း KE492ခရီးစဉ်ဖြင့် ဇန်နဝါရီ ၆ ရက်တွင် လည်းကောင်း၊ကုန်ထုတ်လုပ်သားသစ် ၁၁၆ ဦးသည်ထိုင်းလေကြောင်းလိုင်း TG 656 ခရီးစဉ်ဖြင့် ဇန်နဝါရီ ၇ ရက်တွင် လည်းကောင်း၊ ကုန်ထုတ်အလုပ်သမားသစ်၁၁၁ ဦး၊ စိုက်ပျိုးရေး အလုပ်သမားသစ်၁၅ ဦး၊ ဝန်ဆောင်မှုအလုပ်သမားသစ်လေးဦးတို့သည် ထိုင်းလေကြောင်းလိုင်း TG 656 နှင့် TG 658 ခရီးစဉ်များဖြင့်လည်းကောင်း၊ အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့ကြရာ စုစုပေါင်း အလုပ်သမား ၂၆၀ တို့ကို မြန်မာသံရုံး ဆိုးလ်မြို့မှ အလုပ်သမား သံအရာရှိ က ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်လုပ်ကိုင်မည့်သူများ လေဆိပ်သို့ဆိုက်ရောက်ချိန်များတွင် သံရုံးယာယီတာဝန်ခံ/
သံအမတ်ကြီး ဦးမျိုးမြင့်မောင်ကရောက်ရှိလာသော အလုပ်သမားများကို Video Call ဖြင့် ကြိုဆိုနှုတ်ဆက်စကားပြောကြားပြီးကျန်းမာရေးနှင့်လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးတို့ကို အထူးဂရုပြုကြရန်နှင့် အခက်အခဲရှိပါကသံရုံးသို့ အချိန်မရွေးဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့သည်။

image

မြန်မာ့ပြောင်းသီးနှံကို ထိုင်းနိုင်ငံသို့အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေးပြင်ဆင်

မြန်မာ့ပြောင်းသီးနှံကို လာမည့်ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရေးပြင်ဆင်လျက်ရှိကြောင်း သိရသည်။
မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံသို့အခွန်ကင်းလွတ်ခွင့်ဖြင့် ဖေဖော်ဝါရီ၁ ရက်မှ ဩဂုတ် ၃၁ ရက်အထိ တင်ပို့ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့ ပြောင်းအားတင်ပို့ရာတွင် ရန်ကုန်ဆိပ်ကမ်းမှဗန်ကောက်ဆိပ်ကမ်းများသို့လည်းကောင်း၊ ကော့သောင်း-ရနောင်းလမ်းကြောင်းမှလည်းကောင်း၊ တာချီလိတ်လမ်းကြောင်းမှလည်းကောင်း တင်ပို့နေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ်တွင် ထိုင်းနိုင်ငံသို့ပြောင်းတန်ချိန် ၁ ဒသမ ၈ သန်းခန့်တင်ပို့နိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း
ယခင်နှစ်က တန်ချိန်ပမာဏအတိုင်းတင်ပို့နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းတွင် ပြောင်းစိုက်ဧက နှစ်သန်းကျော်ရှိပြီး ပြည်တွင်းသုံးစွဲမှုအနေဖြင့် ပြောင်းတန်ချိန် တစ်သန်းခန့်ရှိပြီး နှစ်စဉ် ပြည်ပသို့ တန်ချိန်နှစ်သန်းကျော် တင်ပို့လျက်ရှိကြောင်းသိရသည်။

image

ချီဖွေမြို့အဝင်လမ်းမှာ အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးထဲကျလို့ နှစ်ယောက်သေ

ကချင်ပြည်နယ်၊ ချီဖွေမြို့ အနီး မြို့အဝင် ကားလမ်းမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲခန့်က အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးဘက် ကျသွားလို့ လူ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံတွေဆီက သိပါတယ်။
“ချီဖွေမြို့အဝင် လမ်းမှာ အိမ်စီးကားတစီး မေခမြစ် ချောက်ကမ်းပါးဘက် ကျသွားလို့ ဘုရားကျောင်းက အမှုတော်ဆောင် ဆရာတယောက် နဲ့ ၁၀ တန်းကျောင်းသား တယောက် သေဆုံးသွားပြီး ၁၀ တန်း ကျောင်းသား နောက်တယောက်က ဒဏ်ရာရသွားတယ်” လို့ ဒေသခံ အမျိုးသမီး တယောက်က ပြောပါတယ်။
Toyota Noah ကားအဖြူ ဖြစ်ပြီး ကားမောင်းသူ အမှုတော်ဆောင်ဆရာ နဲ့အတူ ကားပေါ်မှာ ၁၀ တန်း ကျောင်းသား နှစ်ယောက်ပါလာတာဖြစ်ပြီး ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက် ၅ နာရီခွဲဝန်းကျင်မှာ မေခမြစ်ကမ်းပါးဘက်ထဲ မှောက်ကျသွားတာလို့ သူက ပြောပါတယ်။
“ကားမှောက်တယ်လို့ သိရလို့ သွားကြည့်တဲ့အချိန် နှစ်ယောက်က အသက်မရှိတော့ဘူး။ တယောက်က အသက်ရှင်နေသေးတယ်။ စက်လှေနဲ့ပဲ ဆေးရုံပို့လိုက်တယ်။ အခု ချီဖွေ ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်။” လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။
ကားမောင်းတဲ့သူက နမ်ဝါရွာက ဖြစ်ပြီး ကျောင်းသား နှစ်ယောက်ကတော့ မျောမောပါရွာက ဖြစ်တယ်လို့ သိရကြောင်း သူက ပြောပြပါတယ်။
ချီဖွေမြို့ရဲ့ အရှေ့တောင်ဘက်မှာတော့ တရုတ်-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ ပန်ဝါမြို့နဲ့ ၄၀ မိုင်ခန့်ကွာဝေးပြီး မြောက်ဖက်မှာ လောခေါင်၊ ထော်ဂေါ့၊ ဆော့လော်မြို့တွေဘက် ကားလမ်းနဲ့ဆက်သွယ်ထားကာ လက်ရှိမှာတော့ KIA/KIO က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

image

မဲဆောက်မှာ ထိုင်းရဲကို သေနတ်နဲ့ပစ်ခတ်မှု မြန်မာတယောက် ဖမ်းမိထား

ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲတယောက် သေနတ်နဲ့ ပစ်ခတ်ခံရမှု ဖြစ်စဥ်မှ မြန်မာတယောက် ဖမ်းမိထားပြီး သေနတ်နဲ့ ပစ်ခတ်သူကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ ထိုင်းသတင်း ဖော်ပြချက်တွေအရ သိရပါတယ်။
အဲဒီ ပစ်ခတ်မှုဖြစ်စဉ်ဟာ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ တော့ဖောင်း အထည်ချုပ်စက်ရုံဘေးရှိ 7/11 စတိုးဆိုင်အနီးမှာ မနေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဆိုင်ကယ်စီးလာသူ နှစ်ယောက်ကို ထိုင်းရဲက စစ်ဆေးတာမှာ ‌နောက်မှာစီးလာသူက ရဲတွေကို ပစ္စတိုသေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ပြီး ထွက်ပြေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“အခင်းဖြစ်ချိန် ရဲတယောက်တော့ သေနတ်မှန်သွားတယ်။ သေနတ်နဲ့ပစ်ပြီး ဆိုင်ကယ်မောင်းပြေးလို့ ရဲတွေက လိုက်ဖမ်းတာ ဆိုင်ကယ်မောင်းတဲ့ တယောက်ကို မိတယ်။ သေနတ်နဲ့ ပစ်တဲ့တယောက်က လွတ်သွားတယ်။ ဒီနေ့တော့ ပစ်ခတ်မှုဖြစ်တဲ့ နေရာနဲ့ မီတာ ၅၀၀ လောက်အကွာမှာ သေနတ်ကို တွေ့တယ်။ သေနတ်သမားကိုတော့ မမိသေးဘူး” လို့ မဲဆောက်မြို့မှာ နေထိုင်သူတယောက်က ပြောပါတယ်။
ပစ်ခတ်မှုအတွင်း အသုံးပြုခဲ့တဲ့ သေနတ်ကို တော့ဖောင်းစက်ရုံ အနောက်ဘက်က ကြံစိုက်ခင်းထဲမှာ ရဲတွေက ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး သေနတ်သမားရဲ့ အင်္ကျီ၊ ဘောင်းဘီနဲ့ အိတ်တွေကိုလည်း တွေ့ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်း အချိန်အထိ ထိုင်း - မြန်မာနယ်စပ် နေရာတွေမှာ ထိုင်းအာဏာပိုင် အဖွဲ့အစည်းတွေက ထိုင်းနယ်ခြားစောင့်တပ်၊ ရဲမှုခင်းတပ်ဖွဲ့၊ ဒရုန်းတပ်ဖွဲ့အပြင် အနံ့ခံမှုခင်းရှာဖွေရေး ခွေးတပ်ဖွဲ့ဝင်တွေ အသုံးပြုပြီး ကျေးရွာ၊ ရပ်ကွက်၊ လမ်းမတွေနဲ့ စိုက်ခင်းနေရာတွေကို ပိုက်စိပ်တိုက် ဆက်လက် ရှာဖွေနေကြတယ်လို့ သိရပါတယ်။
လက်ရှိမှာ သေနတ်ပစ်ခတ် ထွက်ပြေးသူကို ဖမ်းဆီးရမိခြင်း သေးတဲ့အတွက် မဲဆောက်ဒေသအာဏာပိုင် အဖွဲ့အစည်းတွေက ရပ်ကွက်၊ ကျေးရွာအတွင်း နေထိုင်သူတွေအနေနဲ့ မသင်္ကာမှုတွေကို တွေ့ရှိရပါက သတင်းပေးပို့ကြဖို့ အရေးပေါ်အခြေအနေ ထုတ်ပြန် ကြေညာထားတယ်လို့ သိရပါတယ်။
“မနေ့ (ဇန်နဝါရီ ၂၀ ရက်) ညကလည်း မယ်ကုရပ်ကွက်ထဲ ရဲတွေအများကြီး ဝင်လာပြီး ရှာနေတာတွေ့တယ်။ ထိုင်းက မြန်မာတွေကတော့ နေရထိုင်ရတာ ဒုက္ခတွေရောက်တယ်။ ပြဿနာတွေက တနေ့တမျိုး မရိုးနိုင်အောင်ဘဲ” လို့ ထိုင်းရောက် မြန်မာတယောက်က ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာမှာ မြန်မာနိုင်ငံသား အသက် ၂၀ အရွယ် မင်းဇော်သူ ဆိုသူကို ဖမ်းဆီးရမိခဲ့တာလို့ သိရပြီး လွတ်မြောက်နေသူကတော့ အသက် ၂၀ အရွယ် နိုင်အောင် ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
နိုင်အောင်ဟာ လက်နက်နဲ့ ကျည်ဆန်တွေ ယူဆောင်ပြီး ထိုင်း - မြန်မာ နယ်စပ်အနီးက ကြံခင်းထဲကို ထွက်ပြေးသွားကြောင်း ဖမ်းဆီးခံရသူက ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။
မနေ့ ညနေက ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း မဲဆောက် ရဲစခန်းက တပ်ကြပ်ကြီး Seksan Kanka ဟာ ဗိုက်ကို သေနတ်ထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တာကြောင့် အရေးပေါ် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
တရားခံ နှစ်ယောက်စလုံးဟာ မဲဆောက်မြို့၊ မယ်ပရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ကာ သေနတ် အရောင်းအဝယ် ချိန်းဆိုမှုကြောင့် မယ်ကုကို လာရောက်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာတော့ တရားခံတွေနဲ့ အတူနေထိုင်တဲ့ မိသားစုတွေကို သက်ဆိုင်ရာက ခေါ်ယူ မေးမြန်းနေတယ်လို့ သိရပါတယ်။

image

ကုန်ပစ္စည်း နဲ့ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာမှာ ဆုံးရှုံးနစ်နာမှုရှိလို့ စားသုံးသူရေးရာကို တိုင်ကြားတဲ့အမှုပေါင်း ၃၀၀ နီးပါးရှိခဲ့

ပြီးခဲတဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာ စားသုံးသူတွေဘက်ကနေ နစ်နာဆုံးရှုံးမှုအတွက် ဖြေရှင်းပေးဖို့ တိုင်ကြားခဲ့တဲ့ တိုင်ကြားမှုပေါင်း ၃၀၀ နီးပါးအထိ ရှိခဲ့တယ်လို့ စားသုံးသူရေးရာဦးစီးဌာနက သိရပါတယ် ။
တိုင်ကြားမှုတွေထဲမှာ ကုန်စည်တိုင်ကြားမှု ၄၈ ခု ၊ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး တိုင်ကြားမှု ၂၃၇ ခု ရှိခဲ့ကြောင်း ၊ အဲဒီလို တိုင်ကြားလာတဲ့အထဲမှာ ရန်ကုန်တိုင်းက အများဆုံး ဖြစ်တယ်လို့ သိရပါတယ် ။
လက်ရှိမှာတော့ အဆိုပါ တိုင်ကြားမှုတွေထဲကနေ ၂၄၄ ခုကို ဖြေရှင်းပေးခဲ့ပြီး နောက်ထပ်ဖြေရှင်းဖို့ ၄၁ ခုကျန်နေသေးတယ်လို့ သိရ​ပါတယ်။
" ရန်ကုန်က တိုင်ကြားမှု ၁၆၃ ခုနဲ အများဆုံးပဲ ။ မန္တလေးကတော့ တိုင်ကြားမှုက ဒုတိယ အများဆုံးရှိပါတယ်။ ကုန်စည်ဆိုတာက ကုန်ပစ္စည်းအကုန်ပါတယ်။ ဝန်ဆောင်မှုဆိုတာလည်း အကုန်ပါတယ်။ စားသုံးသူက မကျေနပ်လို့တိုင်တဲ့အခါ သေချာစိစစ်ပြီး ဖြေရှင်းဆောင်ရွက်ပေးနေပါတယ်။ စားသုံးသူတွေအနေနဲ့ ကုန်စည် နဲ့ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲတာမှာ နစ်နာဆုံးရှုံးမှုရှိတယ်ဆိုရင် တိုင်ကြားလို့ရပါတယ်။ " လို့ တာဝန်ရှိသူ တယောက်က ပြောပါတယ် ။
ကုန်စည်နဲ့ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာမှာ နစ်နာဆုံးရှုံးမှု ကြုံရသဖြင့် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားလာတဲ့အခါ ပထမဆုံးအနေနဲ့ နှစ်ဦးနှစ်ဖက် ပြေလည်မှုရရှိအောင် ညှိနိူင်းဆောင်ရွက်ပေးခြင်း ၊ သဘောတူညီမှုမရရှိပါက သတိပေးခြင်း ၊ ပစ္စည်းပြန်လည်ပြင်ဆင်ပေးခြင်း ၊ အစားထိုးခြင်း ၊ ငွေပြန်အမ်းခြင်း စတာတွေကို လုပ်ဆောင်စေတယ်လို့ သိရပါတယ်။
" ကိုယ်က ပစ္စည်းတခု ဝယ်လိုက်တယ် ။အဲဒီပစ္စည်းက သူတို့ပြောသလို မဟုတ်ဘူး ။ လိမ်ညာရောင်းတာမျိုးတို့ ၊ အပြောနဲ့ လက်တွေ့ မညီတာမျိုးကြောင့် ကိုယ့်မှာ နစ်နာတယ်လို့ ယူဆရင် တိုင်လို့ရတယ်။ စားသုံးသူရေးရာက သေချာစိစစ်လိမ့်မယ်။ ကိုယ်ကဖြစ်စဥ်တွေတော့ ပြောပြရမယ်။ လိုအပ်တာ သူတို့မေးတာ ပြောရမှာပေါ့။ ကိုယ့်ဘက်က မှန်တယ်ဆိုရင် တိုင်ကြပါ။ မဟုတ်ရင် ခုနောက်ပိုင်း မဟုတ်မမှန် လုပ်စားတဲ့ လူတွေများလာတယ်။ " လို့ စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားခဲ့ဘူးသူ စားသုံးသူပြည်သူ တယောက်က ပြောပါတယ်။
အွန်လိုင်းရှော့ပင်းကနေ ကုန်ပစ္စည်း ဝယ်ယူပြီးနောက် စားသုံးသူအနေနဲ့ နစ်နာဆုံးရှုံးမှုရှိပါကလည်း စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားပါက ဖြစ်စဥ်မှန်ကန်ရင် ပစ္စည်းပြန်ပို့ပြီး ငွေပြန်အမ်းခြင်း ၊ ပစ္စည်းပြန်ပို့စရာမလိုပဲ ငွေပြန်အမ်းခြင်း ၊ ပစ္စည်းလဲပေးခြင်း ၊ ပြန်လည်ပြင်ဆင်ပေးခြင်း ၊ ငွေပြန်လျော်ပေးခြင်း ၊ ထပ်မံမဖြစ်ပွားရန် ခံဝန်ကတိရေးထိုးခိုင်းပြီး ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဒါကြောင့် စားသုံးသူတွေအနေနဲ့ ကုန်ပစ္စည်း တခုခုဝယ်ယူပြီးနောက် ဖြစ်စေ ၊ ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲတဲ့အခါ ဖြစ်စေ ဆုံးရှုံးနစ်နာမှုရှိခဲ့ပါက သက်ဆိုင်ရာ စားသုံးသူရေးရာဦးစီးဌာနကို သွားရောက်တိုင်ကြားနိုင်သလို Call Center ဖုန်းနံပါတ် ၀၉၇၆၅၄၈၁၅၃၅ ၊ Website Complaint System နဲ့ ဖုန်း ၊ SMS ၊ Email တွေကနေတဆင့်လည်း ဆက်သွယ်တိုင်ကြား နိုင်တယ်လို့ သိရပါတယ် ။

image

ကောလင်းနဲ့ ဝန်းသိုကြားမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း၊ ကောလင်းနဲ့ ဝန်းသိုမြို့ကြားမှာ လေကြောင်း တိုက်ခိုက်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ကစပြီး အစိုးရတပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်လာတဲ့အတွက် ဒေသတွင်း လက်နက်ကိုင် တပ်တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်ပြီး လေယာဉ်၊ ဒရုန်း အသုံးပြု တိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“အစိုးရတပ်က ဇန်နဝါရီ ၁၆ ရက်နေ့၊ မနက် ၅ နာရီလောက်က ချဥ်ပစ်ခုံကျေးရွာစျေးကို စပြီး နယ်မြေရှင်းတာလုပ်တယ်။ အဲဒီမှာ လူသေဆုံးတာတွေလည်း ဖြစ်ခဲ့တယ်။ တိုက်ပွဲက အဲဒီ နေ့ကတည်းက ပြင်းထန်နေတာ ဒီနေ့နဲ့ဆို ခြောက်ရက်ရှိပြီပေါ့။ အခုထိ လေယာဉ်တွေ ဆက်တိုက်ဆိုသလို ဝဲနေတုန်း။ လေကြောင်းရန်က ရှိနေတုန်းပဲ” လို့ စစ်ရေး သတင်းရင်းမြစ် တယောက်က ပြောပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်၊ မနက်ပိုင်းမှာလည်း ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်ရောက်လာတဲ့ အစိုးရတပ် စစ်ကြောင်းကို ဒေသတွင်း လက်နက်ကိုင်တပ်တွေက ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ ကန့်ဘလူ ‌အမြောက်တပ် ၆၀၀၆ ကနေ Mi-17 တက်လာသလို ဝန်းသိုမြို့နယ်ထဲက ခြေမြန်တပ်ရင်း (ခမရ - ၁၀၁ ၊ ၁၂၀) ကနေ ဒရုန်းတွေ တက်လာတယ်လို့ ဒေသတွင်း လက်နက်ကိုင်တပ်တွေဘက်က အသိပေး ထုတ်ပြန်ထားပါတယ်။
ဒါအပြင် ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်၊ မွန်းလွဲ ၃ နာရီ၊ မိနစ် ၅၀ ဝန်းကျင်ကလည်း ကောလင်းနယ် အရှေ့ခြမ်းမှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ထိခိုက်၊ သေဆုံးမှု အခြေအနေကိုတော့ မသိရှိရသေးဘူးလို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။
“အခုဖြစ်နေတဲ့ တိုက်ပွဲကတော့ ဒေသတွင်း လက်နက်ကိုင် တပ်တွေဘက်က အလစ်အငိုက် တိုက်ခိုက်ခံရတာတွေလည်း ရှိနေတော့ တော်တော်လေးကို အထိနာနေကြတယ်။ အသေအပျောက်များတယ်” လို့ သူက ပြောပါတယ်။
ဒါအပြင် စစ်ကူပေးနိုင်ဖို့အတွက် ဝန်းသိုအခြေစိုက် ခမရ ၁၁၁ နဲ့ ၁၂၀ ကနေ ထွက်လာတဲ့ စစ်ကြောင်းဟာလည်း မနေ့ ဇန်နဝါရီ ၂၀ ရက်ကတည်းက ကောလင်းမြို့ကို ဦးတည် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ဆိုပါတယ်။
မနေ့ ဇန်နဝါရီ ၂၀ ရက်၊ ညနေ ၄ နာရီ ၃၂ မိနစ် ဝန်းကျင်ကလည်း ကောလင်းနယ်က ဝက်စာကုန်းကျေးရွာမှာ ဒရုန်းအသုံးပြု တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် ၁၀ ယောက် သေဆုံးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေမှုတွေကြောင့် ကောလင်းနယ် အရှေ့ခြမ်းရှိ ချဥ်ပစ်ခုံ၊ တောင်မော်၊ အလယ်ခုံ၊ ပဒုမ္မာ၊ ခံသာ၊ ကျောက်တန်း၊ သစ်ဆိမ့်ကုန်း၊ ညောင်ပင်သာ၊ ဩဂ အစရှိတဲ့ ကျေးရွာတွေက ဒေသခံ သောင်းနဲ့ချီ စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

image

ကျောက်တော်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ လူ ၂၁ ယောက်သေဆုံးကာ ၃၀ လောက်ဒဏ်ရာရရှိခဲ့

ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့နယ် ၊ချောင်းတူရွာ အနီးမှာ လေကြောင်းတိုက်ခိုက်ခံရပြီး လူ ၂၁ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူ အယောက် ၃၀ လောက်ရှိခဲ့တယ်လို့ သိရပါတယ် ။
ဖြစ်စဥ်က ဇန်နဝါရီ ၂၀ ရက်နေ့ ၊ ည ၇ နာရီခွဲလောက်မှာ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူ အများအပြား ရှိခဲ့တာလို့ သိရပါတယ် ။
" သိရသလောက် သေတာအားလုံးဆိုရင် ၂၁ ယောက်ရှိတယ် ။ ဒဏ်ရာရက ၃၀ လောက်ရှိတယ်လို့ သိရတယ်။ သေဆုံးတဲ့အထဲမှာ ကလေးတွေလည်း ပါတယ်ပြောတယ်။ အချင်းချင်း ချိတ်ဆက်ပြီး သိရတာပေါ့။ စစ်သုံ့ပန်းတွေလို့ ပြောတယ် ။ AA ကလည်း အဲဒီလိုထုတ်ပြန်ထားတာ တွေ့တယ် ။ " လို့ ရခိုင်ပြည်နယ်အတွင်း စစ်ရှောင်အရေး ကူညီနေသူက ပြောပါတယ်။
ထိခိုက်ဒဏ်ရာ ရရှိသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူတွေ ပါဝင်တာကြောင့် လက်ရှိမှာ ဆေးဝါးကုသမှုတွေ ခံယူနေရတယ်လို့ သိရပါတယ် ။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး AA ကလည်း သတင်းထုတ်ပြန်ထားတာ တွေ့ရပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ စစ်သုံ့ပန်းမိသားစုဝင်တွေနဲ့ စစ်သုံ့ပန်းတချို့ ဖြစ်ကြောင်း ထုတ်ပြန်ထားပြီး သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းကိုတော့ ထပ်မံဖော်ပြပေးသွားမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါ တယ်။
အဆိုပါစစ်သုံ့ပန်းတွေနဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေဟာ မကြာမီမှာပြန်လည် လွှတ်ပေးဖို့အတွက် စီစဥ်ထားသူတွေဖြစ်တယ်လို့လည်း ထုတ်ပြန်စာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
၂၀၂၅ ခုနှစ် ၊ဒီဇင်ဘာ ၂၉ ရက်နေ့ ၊ ည၈ နာရီလောက်ကလည်း ရခိုင်ပြည်နယ် ထဲက AA ထိန်းချုပ်ဒေသ ဖြစ်တဲ့ သံတွဲမြို့နယ် ၊ငပလီမြို့ ၊ လင်းသာ ရပ်ကွက်မှာ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီး ခုနှစ်ယောက် သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၅ ယောက်လောက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဒီဇင်ဘာ ၁၁ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ် ငလုံးစုရွာမှာ လေကြောင်းတိုက်ခိုက် ခံရပြီး ရှစ်ယောက် သေဆုံးကာ ၁၀ ယောက်ထိခိုက် ဒဏ်ရာရရှိ ခဲ့တယ်လို့ သိရပါတယ် ။
ဒီဇင်ဘာ ၁၀ ရက်နေ့ ကလည်း ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ် မှာ လေကြောင်း တိုက်ခိုက် ခံရပြီး လူ ၃၃ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ ၇၆ ယောက် ရှိခဲ့တယ် လို့ သိရပါတယ်။

image