ကမ္ဘာ့ဖလားဝင်ခွင့်အတွက် FIFAe Continental Championship Asia 2026 တွင် မြန်မာကိုယ်စားပြု FIFAe Mobile အသင်း ယှဉ်ပြိုင်မည်
မြန်မာကိုယ်စားပြု FIFAe Mobile အသင်းသည် FIFAe Nations League 2026 ၌ Consistency Ranking အဆင့် (၆) ရရှိခဲ့သဖြင့် FIFAe Continental Championship 2026 သို့ တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။
FIFAe Continental Championship Asia 2026 ပြိုင်ပွဲကို ဩဂုတ် ၁၉ ရက်မှ ၂၂ ရက်အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲသည် ဆော်ဒီအာရေးဗီးယားနိုင်ငံ၌ ကျင်းပမည့် FIFAe World Cup 2026 သို့ တက်ရောက်ခွင့် ရရှိရေးအတွက် အရေးကြီးသည့် အာရှဇုန် အဆုံးအဖြတ် ပြိုင်ပွဲဖြစ်သည်။
ပြိုင်ပွဲ၏ ပထမအဆင့်တွင် အာရှအုပ်စုမှ အသင်း ၈ သင်းသည် Round Robin စနစ်ဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆင့် ၁ မှ ၆ အတွင်း ရရှိသည့် အသင်းများသည် Knockout Stage သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။
Knockout Stage တွင် အုပ်စုအဆင့် ၁ နှင့် ၂ ရရှိသော အသင်းများသည် Semifinals သို့ တိုက်ရိုက် တက်ရောက်ခွင့်ရမည်ဖြစ်ကာ အဆင့် ၃ မှ ၆ ရရှိသော အသင်းများကမူ Quarterfinals မှ စတင်ယှဉ်ပြိုင်ရမည် ဖြစ်သည်။
အာရှဒေသအတွက် သတ်မှတ်ထားသည့် Qualification Slot များအရ ထိပ်ဆုံး ၃ သင်းသည် FIFAe World Cup 2026 သို့ တိုက်ရိုက် ဝင်ခွင့်ရရှိမည်ဖြစ်ပြီး စတုတ္ထနေရာရရှိသည့် အသင်းမှာ နယူးဇီလန်အသင်းနှင့် Playoff ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာကိုယ်စားပြု FIFAe Mobile အသင်းအနေဖြင့် Round Robin အဆင့်တွင် အဆင်ပြေဆုံး ရလဒ်များရရှိကာ ကမ္ဘာ့ဖလား ဝင်ခွင့်တစ်နေရာ ရရှိရေးအတွက် အကောင်းဆုံး ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။