မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်သွားရောက်မည်
မြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို ၏ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ တရားဝင်ခရီးစဉ်အပြီးတွင် ဘယ်လာရုစ်နိုင်ငံသို့ တရားဝင်ခရီးစဉ်ဆက် လက်သွားရောက်မည်ဖြစ်သည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် ဘယ်လာရုစ်နိုင်ငံသမ္မတနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဘယ်လာရုစ်နိုင် ငံဝန်ကြီးချုပ်၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ၊ ဘယ်လာရုစ်အစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။
နိုင်ငံတော်သမ္မတက မြန်မာ-ဘယ်လာရုစ်နှစ်နိုင်ငံကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအ ပါအဝင် ကဏ္ဍပေါင်းစုံတွင်နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးတက်ခိုင်မာစေရေးတို့ကိုဆွေးနွေးသွားမည်ဖြစ်သည်။
ခရီးစဉ်အတွင်း၌ နိုင်ငံတော်သမ္မတသည် မင့်စ်မြို့၌ မြန်မာသံရုံးဖွင့်လှစ်ခြင်းအခမ်းအနားနှင့် မြန်မာ-ဘယ်လာရုစ်စီးပွားရေးဖိုရမ်တို့ကိုလည်းတက်ရောက်သွားမည်ဖြစ်ကာ ခရီးစဥ်အား နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင် စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက် ပါသွားမည်ဖြစ်သည်။