ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယခင်ဘဏ္ဍာနှစ်ထက် ရော်ဘာတန်ချိန် (၅၀၀၀) ကျော် တိုးမြှင့်တင်ပို့မည်
၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ယခင်ဘဏ္ဍာနှစ်ထက် ပြည်ပသို့ ရော်ဘာတင်ပို့မှုကို တန်ချိန် (၅၀၀၀) ကျော်အထိ တိုးမြှင့်တင်ပို့နိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းမှ သိရသ ည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် ရော်ဘာများကို တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများသို့ နှစ်စဉ် တင်ပို့လျက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန် (၃)သိန်းဝန်းကျင် တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ သန်း (၄၀၀) ကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။
ရော်ဘာတင်ပို့မှုအရ တရုတ်နိုင်ငံသို့ (၇၅) ရာခိုင်နှုန်းခန့် တင်ပို့လျက်ရှိပြီး ကျန် (၁၅) ရာခိုင်နှုန်းခန့်ကို မလေးရှား၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံများသို့ တင်ပို့နေပြီး ပြည်တွင်း၌လည်း (၁၀) ရာခိုင်နှုန်းခန့်ကို အသုံး ပြုလျက်ရှိသည်။
ထို့ပြင် အရည်အသွေးမြင့် ရော်ဘာများ ထုတ်လုပ်နိုင်ရေးနှင့် ပြည်ပတင်ပို့မှု တိုးမြှင့်နိုင်ရေးအတွက် ရော်ဘာစိုက်ပျိုးလုပ်ငန်းရှင်များအား နိုင်ငံတော်မှ ချေးငွေများ ထောက်ပံ့ပေးလျက်ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက (၁၆) သိန်းကျော်ရှိပြီး မွန် ပြည်နယ်တွင် အများဆုံး စိုက်ပျိုးထားကာ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင်လည်း အများအပြား စိုက်ပျိုးလျက်ရှိသည်။
ထို့ပြင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် စစ်ကိုင်းတိုင်းဒေသကြီးများအပြင် ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင်လည်း ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုများ ရှိနေကြောင်း သိရသည်။
MAI က ရန်ကုန်-ဒွန်မောင်းခရီးစဥ်သစ်ကို ယနေ့ မေ ၄ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်မည့် မြန်မာနိုင်ငံသားများအဆင်ပြေစေရေးအတွက် MAI က ဘန်ကောက်မြို့၏ ဒုတိယအကြီးဆုံးလေဆိပ်ဖြစ်သော ဒွန်မောင်းလေဆိပ်သို့ ယနေ့ မေ ၁ ရက်မှ မေ ၃၁ ရက်အထိ တိုးမြှင့်ပျံသန်းပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
" နွေရာသီခရီးသွားရာသီမှာ ဘန်ကောက်ကိုသွားလည်မယ့်မြန်မာနိုင်ငံသားတွေအဆင်ပြေစေဖို့အတွက် ရန်ကုန်-ဒွန်မောင်းခရီးစဉ်သစ်ကိုအထူးတိုးမြှင့်ပြေးဆွဲပေးခြင်းဖြစ်ပါတယ်"ဟု MAI ၏တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဒွန်မောင်းလေဆိပ်သည် ဘန်ကောက်မြို့လယ်နှင့် ပိုမိုနီးကပ်ပြီး မြို့တွင်းသို့သွားရောက်နိုင်သည့် Red Line ရထားလမ်း(သို့)အမြန်လမ်းများရှိ၍ သွားလာချိန်နှင့် ကားဌားခသက်သာစေသည်။
ထို့အတူ ဒွန်မောင်းလေဆိပ်သည် Low-cost လေကြောင်းလိုင်းများစွာအခြေစိုက်သည့်နေရာဖြစ်၍ အလွန်အဆင်ပြေသော ချိတ်ဆက်မှု(Transit)လေဆိပ်ဖြစ်သည်။
လယ်ယာသုံးစက်ကိရိယာများအား ရခိုင်ပြည်နယ်ဝန် ကြီးချုပ်က တောင်သူများထံလွှဲပြောင်းပေး
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဝယ်ယူထောက်ပံ့သည့် လယ်ယာသုံးစက်ကိရိယာများအား ပြည်နယ်ဝန် ကြီးချုပ်ဦးနိုင်ဦးက တောင်သူများထံသို့ ယနေ့ မေ ၄ ရက်နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် လယ် ယာလုပ်ငန်းခွင်၌ စက်စွမ်းအားပြည့်အသုံးချနိုင်ရန်လိုအပ်ကာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ လယ်ယာလုပ်သားရှားပါးမှုအခက်အခဲများကို ကျော်လွှားနိုင်မည်ဖြစ်၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ရန် ပုံငွေဖြင့် လယ်ယာသုံးစက်ကိရိယာများအား ဒေသတွင်းရှိတောင်သူများ လယ်ယာကဏ္ဍတွင် တွင်ကျယ်စွာအသုံးပြုနိုင်ရန်ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ပြည် နယ်ဝန်ကြီးချုပ်ကပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများထံသို့ လယ် ယာသုံးစက်ကိရိယာများအားလွှဲပြောင်းပေးအပ်ပြီးစက်ကိရိယာကိုင်တွယ်၊ ထိန်းသိမ်းမှု(အခြေခံ)သင် တန်းတွင်ဆုရရှိသူများအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီး လယ်ယာသုံးစက်ကိရိယာများကိုကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ယခု မေလအတွင်း အုပ်စု(၂)စုခွဲ ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီအလှည့်ကျလျှပ်စစ်ဓာတ်အားပေး
ရန်ကုန်တိုင်းအတွင်း၌ ယခု မေလအတွင်း အုပ်စု(A, ခွဲ၍ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)ထံမှ သိရသည်။
ထိုသို့ ဖြန့်ဖြူးပေးရာ၌ ရန်ကုန်တိုင်း၏ အရှေ့ပိုင်း၊ အ နောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းတို့တွင်နေထိုင်သူများအား နံနက် ၅ နာရီမှ ည ၉ နာရီအတွင်းကို အုပ် စု(A, ခွဲ၍ အချိန်(၄)နာရီစီ အလှည့်ကျစနစ်ဖြင့် လျှပ် စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် ည ၉ နာရီမှ နောက်နေ့နံနက် ၅ နာရီအတွင်းကိုမူ အလှည့်ကျစနစ်ဖြင့်မဟုတ်ဘဲ လျှပ်စစ်ဓာတ်အားကိုအပြည့်အဝဖြန့်ဖြူးပေးလျက်ရှိရာ ယင်း အချိန်တွင် စ တင်ဓာတ်အားပေးချိန်၌ တစ်ပြိုင်နက်ဝန်အားသုံးစွဲမှုများဖြစ်ပေါ်ကာ ဓာတ်အားစနစ်တည်ငြိမ်မှုအခက်အခဲများရှိသဖြင့် ဝန်အားထိန်းညှိဖြန့်ဖြူးရသဖြင့် ဓာတ် အားစတင်ရရှိချိန်အနည်းငယ်ကွာခြားမှုရှိနိုင်ကြောင်း သိရသည်။
ထို့အတူ ဓာတ်အားထုတ်လုပ်မှု၊ ဓာတ်အားသယ်ယူဖြန့်ဖြူးမှု၊ ဓာတ်အားစနစ်အခြေအနေနှင့် ရုံးဖွင့်ရက်/ရုံး ပိတ်ရက်သုံးစွဲဝန်အားအပေါ်မူတည်၍ ဓာတ်အားဖြန့်ဖြူးရရှိမှုအပြောင်းအလဲ(အတိုး/အလျော့)ရှိနိုင်ကြောင်း သိရသည်။
သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲ ယနေ့ မေ ၄ ရက်ကစတင် ဖြေဆိုသူ(၂၂၉)ဦးရှိ
မန္တလေးတိုင်း၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် G-10 နှင့် G-11 ကျောင်းတွင်းစစ်ပြင်ပဖြေစာမေးပွဲကို ယနေ့ မေ ၄ ရက်နံနက် ၉ နာရီမှစတင် ၍ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် မြန်မာစာဘာသာရပ်ကိုဖြေဆိုခဲ့ကြောင်း သိရသည်။
မြန်မာစာဘာသာရပ်အား အ.ထ.က(သပိတ်ကျင်း)တွင် ကျောင်းသား၊ ကျောင်းသူ(၉၆)ဦး၊ အ.ထ.က(၁)မိုးကုတ်တွင် ကျောင်းသား၊ ကျောင်းသူ(၂၂၉)ဦးဖြေဆိုခဲ့ကြကာ သက်ဆိုင်ရာတာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်မဆုံးရှုံးစေရေးအတွက်ရည် ရွယ်၍ မေ ၁၁ ရက်အထိကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီမြို့ရှိ ကားတာယာများထားသည့် ဂိုဒေါင်တစ် လုံးမီးလောင်
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့ မေ ၄ ရက်မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်ခန့်က ကားတာယာများထားသည့် ဂိုဒေါင်တစ်လုံးမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။
မြဝတီမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားတာယာများထားသည့် ဂိုဒေါင်တစ်လုံးတွင်မီးလောင်မှုဖြစ်ပွား၍ မြဝတီခရိုင်/မြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြဝတီအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအ သင်းဝင်များကပူးပေါင်းငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။
" ကားတာယာတွေထားတဲ့ ဂိုထောင်မီးလောင်တာပါ။ မီးလောင်တဲ့အချိန် ပေါက်ကွဲသံတစ်ချို့လည်းကြားရတယ်။ မီးအားက တာယာတွေဖြစ်တဲ့အတွက် အတော်ပြင်းတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုသို့ ငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းလွဲ ၂ နာရီတွင် မီးထိန်းနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့၏ထုတ်ပြန်ထားချက်အရ သိရသည်။
အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာ နိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ ဆွေးနွေး
အပူလှိုင်းနှင့် မိုးရာသီဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရေး မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများ တုန့်ပြန်ဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံကြက် ခြေနီအသင်း ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့်အပြည်ပြည်ဆိုင်ရာ ကြ က်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)တို့ ပူးပေါင်းကာ "Heatwave and Monsoon Season Prepa redness (Pre Disaster Meeting)" ကို Hybrid ပုံစံဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆွေးနွေးပွဲအတွင်း နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များနှင့် လာမည့်ရာသီတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကျန်း မာရေး၊ ထောက်ပံ့ပို့ ဆောင်ရေးနှင့် ဝယ်ယူဖြည့်တင်းရေးကဏ္ဍအလိုက် အသင့်ပြင်ဆင်ထားမှုများကို အလေးပေးဆွေးနွေးခဲ့ကြသည်။
ယခုအစည်းအဝေးသည် ၂၀၂၅ -၂၀၂၆ ခုနှစ်အတွင်း ကြုံ တွေ့ခဲ့ရသည့် ဘေး အန္တရာယ်တုံ့ပြန်ရေး အတွေ့အကြုံနှင့် စိန်ခေါ်မှုများကို ပြန်လည်သုံးသပ်ကာ နောက်လာမည့်ရာသီတွင် စိန်ခေါ်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲသို့ အသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်နှင့် အလုပ်အမှုဆောင်များ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီး သီးမှ ဥက္ကဋ္ဌများအပြင် ICRC၊ ဒိန်းမတ်၊ ဂျာမနီ၊ ဖင်လန်၊ နော်ဝေနှင့် ကိုရီးယားနိုင်ငံတို့မှ ကြက်ခြေနီအသင်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Thai Film Festival 2026 in Myanmar အကြိုလှုပ်ရှားမှုအဖြစ် ထိုင်းရုပ်ရှင် ၃ ကားကို J Cineplex ၌ (အခမဲ့) ပြသမည်
လာမည့် ဇွန် ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ကျင်းပမည့် Thai Film Festival 2026 in Myanmar အကြိုအစီအစဉ်အဖြစ် မြန်မာနိုင်ငံနှင့် ဆက်နွယ်မှုရှိသော ထိုင်းရုပ်ရှင် (၃) ကားကို Junction City ရှိ J Cineplex ၌ မေ ၈ ရက်မှ ၁၀ ရက်အထိ ပြသသွားမည်ဖြစ်သည်။
ပူးပေါင်းစီစဉ်မှုနှင့် ပြသမည့်ဇာတ်ကားများ
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး၏ ဦးဆောင်မှုဖြင့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI)၊ GDH 559 နှင့် J Cineplex တို့ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။ ပြသမည့် ဇာတ်ကားများမှာ GOHAN၊ The Red Envelope နှင့် Friend Zone တို့ ဖြစ်ကြသည်။
ပြသမည့်အချိန်စာရင်း
မေ ၈ ရက် (ညနေ ၅ နာရီ): GOHAN (ဖိတ်ကြားထားသူများသာ)။
မေ ၉ ရက်: Friend Zone (နံနက် ၁၀ နာရီခွဲ)၊ The Red Envelope (မွန်းလွဲ ၁ နာရီ)။
မေ ၁၀ ရက်: Friend Zone (နံနက် ၁၀ နာရီခွဲ)၊ The Red Envelope (မွန်းလွဲ ၁ နာရီ)။
လက်မှတ်ရယူနိုင်မည့် နည်းလမ်းများ
The Red Envelope နှင့် Friend Zone ဇာတ်ကားများကို အခမဲ့ ကြည့်ရှုနိုင်မည်ဖြစ်ပြီး လက်မှတ်များကို အောက်ပါအတိုင်း ရယူနိုင်သည် - ၁။Online Booking: www.thaifestivalmyanmar.com/2026/film တွင် ကြိုတင်စာရင်းသွင်းနိုင်သည်။ (ထိုင်ခုံအားလုံး၏ ၆၀ ရာခိုင်နှုန်းအထိသာ။)
၂။ Walk-in: ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းအတွက် မေ ၉ ရက်နှင့် ၁၀ ရက် နံနက် ၉ နာရီမှစတင်ကာ J Cineplex လက်မှတ်ကောင်တာတွင် ဦးသူယူစနစ်ဖြင့် အခမဲ့ ထုတ်ယူနိုင်သည်။
(မှတ်ချက် - Online Booking လုပ်ထားသူများသည် ရုပ်ရှင်မစမီ မိနစ် ၃၀ အလိုအထိ လက်မှတ်ကောင်တာ၌ Code ပြ၍ လက်မှတ်ထုတ်ယူရမည်ဖြစ်သည်။ GOHAN ဇာတ်ကားမှာ အခမဲ့ပြသခြင်း မဟုတ်ဘဲ ဖိတ်ကြားထားသူများအတွက်သာ ဖြစ်သည်။)
မန္တလေး KBZ Centerတွင် အခမဲ့ကျောက် ကပ်သွေးသန့်စင်ရန် လျှောက်လွှာများ စတင်ထုတ်ဝေ၊ လူနာ (၁၂၀) ဦးအထိ တိုးမြှင့်ကုသပေးသွားမည်
မန္တလေးမြို့ရှိ KBZ Center Mandalay တွင် ငွေကြေးခက်ခဲသည့် ကျောက်ကပ်ဝေဒနာရှင်များအတွက် အခမဲ့ကျောက် ကပ်သွေးသန့်စင်ပေးနိုင်ရန် လျှောက်လွှာများကို မေလ (၄) ရက်မှ (၆)ရက်အထိ နံနက် (၉) နာရီမှ ညနေ (၄)နာရီအတွင်း ထု တ်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားလိုသည့် လူနာများသည် လက်အကြောမွေးထားပြီး အဆိုပါလက်ဖြင့် ကျောက်ကပ်သွေးသန့်စင်မှု အ နည်း ဆုံး (၃) လနှင့်အထက် ပြုလုပ်ထားသူဖြစ်ရမည့်အပြ င် ဘီပိုးနှင့် စီပိုးကင်းစင်သူများ ဖြစ်ရမည်ဟု အသိပေးထား သည်။
လျှောက်လွှာထုတ်ယူရာတွင် လူနာကိုယ်တိုင်ဖြစ်စေ၊ လူနာ ၏ ရောဂါအခြေအနေကို သိရှိသည့် မိသားစုဝင်တစ်ဦးဦးကဖြစ်စေ လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူယူဆောင်ကာ လာရောက်ထုတ်ယူနိုင်ပြီး အဆိုပါလျှောက်လွှာများကို မေ လ (၁၈)ရက်မှ (၂၀)ရက်တို့တွင် ပြန်လည်တင်ပြရမည်ဖြစ် ကြောင်း သိရသည်။
လက်ရှိတွင် KBZ Center အနေဖြင့် ဖေဖော်ဝါရီ (၂) ရက်နေ့မှစတင်ကာ စက် (၄) လုံးဖြင့် လူနာ (၂၄) ဦးကို အပတ်စဉ် တနင်္လာမှ စနေနေ့အထိ အခမဲ့ကုသပေးလျက်ရှိရာမှ ယခုအခါ ထပ်မံရောက်ရှိလာသည့် စက် (၁၆) လုံး တပ်ဆင်ပြီး စီးပါက စက်စုစုပေါင်း (၂၀) လုံးဖြင့် တစ်ပတ်လျှင် လူနာ (၁၂၀) ဦးအထိ တိုးမြှင့်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြော င်း ဆိုသည်။
ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက KBZ Center Mandalay ၏ Call Center ဖုန်း ၀၉၉၄၁၆ ၀၀၉၉၉ သို့မဟုတ် U9 ဖုန်းများမှတဆင့် Short Code ၁၀ ၁၀ သို့ ရုံးပိတ်ရက်မဟုတ်သော နေ့ရက်များတွင် ဆက်သွ ယ်စုံစမ်းနိုင်ကြောင်း သိရသည်။