ချောင်းသာသစ်တောကြိုးဝိုင်းအတွင်း သားအမိ (၂) ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ မသင်္ကာသူအမျိုးသား (၂)ဦးကို ဖမ်းဆီးစစ်ဆေးနေ

ချောင်းသာမြို့၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာ၊ ငှက်ပျောခင်းစု၊ ချောင်းသာ သစ်တောကြိုးဝိုင်း၊ အောင်ကောင်းချောင်းဖျား(ဒေသအခေါ်)၊ ယမနေစိုက်ခင်း၊ အကွက် အမှတ်(၄)အစပ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦး ဒ_ဏ်ရာများဖြင့် သေဆုံးနေကြောင်းသိရသည်။
အဆိုပါသတင်းအရ ချောင်းသာနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူး ရဲအုပ် မျိုးကိုကိုဦးဆောင်သောအဖွဲ့သည် ကံကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်အေး၊ ရာအိမ်မှူး ဦးကျော်မင်း၊ ဦးသန့်ဇော်လင်းတို့ ပါဝင်သောအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်တဲပေါ်တွင် အမျိုးသမီး(၁)ဦးနှင့် ကလေးငယ်(၁)ဦးမှာ လဲကျသေဆုံးနေကြောင်း သိရသည်။
ထို့ပြင် သေဆုံးသူအမျိုးသမီး၏ သားအကြီး အောင်မြင့်ကျော်မှာ လည်ပင်းပြတ်ရှဒဏ်ရာ (၁)ချက်ဖြင့်အသက်မသေပဲကျန်ရှိနေရာ ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်​ဆေးကုသရန်စီမံပေးခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်အား ဆက်လက်စုံစမ်းခဲ့ရာ သေဆုံးသူအမျိုးသမီးမှာ ဇာဇာ(၂၇)နှစ်၊ (ဘ)ဦး တင်ဦးလွင်၊ ကျဘမ်း၊ အောင်ကောင်းချောင်းဖျား၊ ဆိပ်ကြီးကျေးရွာ၊ ကံကြီး ကျေးရွာအုပ်စု၊ ချောင်းသာမြို့နှင့် သေဆုံးသူကလေးငယ်မှာ အောင်ထက်ကို၊ (၁)နှစ်၊ (ဘ)ဦးမောင်ချို၊ မှီခို၊ အောင်ကောင်းချောင်းဖျား၊ ဆိပ်ကြီးကျေးရွာ၊ ကံကြီးကျေးရွာ အုပ်စု၊ ချောင်းသာမြို့၊ ဒဏ်ရာရရှိသူ ကလေးငယ်မှာ အောင်မြင့်ကျော်၊ (၃)နှစ်၊ (ဘ)ဦးမောင်ချို၊ မှီခို၊ အောင်ကောင်းချောင်းဖျား၊ ဆိပ်ကြီးကျေးရွာ၊ ကံကြီးကျေးရွာ အုပ်စု၊ ချောင်းသာမြို့နေသူအား ရဲဆေးစာဖြင့် ချောင်းသာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ကြောင်းနှင့် သေဆုံးရသည့် အကြောင်းအရင်းဖြစ်စဥ်အား ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်၍ ကံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးမှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ချောင်းသာနယ်မြေစခန်းတွင် (ပ)၇/၂၀၂၆၊ ရာကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ်ဆေးခဲ့ကြောင်းသိရသည်။
အဆိုပါအမှုမှတရားခံအား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်စုံစမ်း ဖော်ထုတ်ခဲ့ရာ အမှုဖြင့် မသင်္ကာသူနှစ်ဦးအား ဖမ်းမိထားကြောင်း သိရသည်။
၄င်းတို့မှာ ဦးနိုင်ဝင်းဌေး(ခ)နှုတ်ခမ်းမွှေး၊ အသက် ၃၇နှစ်၊ (ဘ)ဦးပုံတုံ၊ ၁၄/ငဆန(နိုင်)၀၁၁၂၅၈၊ ဗမာ/ဗုဒ္ဓ၊ ကျဘမ်း၊ ဆိပ်ကြီး ကျေးရွာ၊ ကံကြီးကျေးရွာအုပ်စု၊ ချောင်းသာမြို့နေသူနှင့် ငြိမ်းချမ်းဦး၊ (၃၂)နှစ်၊(ဘ) ဦးမောင်ချို၊ဗမာ/ဗုဒ္ဓ၊ ကျဘမ်း ဆိပ်ကြီး ကျေးရွာ၊ ချောင်းသာမြို့နေသူတို့(၂)ဦးအား မေလ ၃ ရက်နေ့တွင် ဖမ်းဆီး၍ အသေးစိတ် စုံစမ်းစစ်ဆေးရန်အတွက် ချုပ်ရီမန်ရယူရန် စီစဥ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

image
15 ပတ် - ဘာသာပြန်ပါ။

အမြန်လမ်းတွင် ကားပျက်၍ ဆင်းပြင်သော ယာဉ်နောက် လိုက် ကား‌လေအိတ်ပေါက် ပိမိ၍ အသက်ဆုံး

မန္တလေးမြို့မှ ပြန်လည်မောင်းနှင်လာသော မြတ်မန္တလာထွ န်းခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ်(၃၄၃/၄-၅)ကြားအရောက်တွင် နောက်ယာဘီးပေါက်‌သော‌ကြောင့် ယာဥ်‌နောက်လို က်မှ ကားအောက်သို့ဝင်၍ စပါယ်ယာဘီးလဲလှယ်နေချိန်တွင် ‌ကား‌လေအိတ်ပေါက်ကာမျက်နှာ‌ပေါ်သို့ ပိမိပြီး ပေါက် ပြဲချိုင့်ဝင်ဒဏ်ရာ(သတိမရ/စိုးရိမ်ရဒဏ်ရာများ)ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် တံတားဦးပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ပြင်ပ လူနာဌာနသို့ အရောက်တွင် လူနာမှာ အသက်ဆုံးရှုံးသွားကြောင်း သိရသည်။
ထို့အတွက် အမြန်လမ်းပေါ်တွင် မောင်းနှင်စဥ်စက်ချို့ယွင်း သွားသောယာဥ်များအားလုံးအနေဖြင့် အမြန်လမ်း ပေါ်တွင်လုံးဝ(လုံးဝ)ရပ်တန့်ပြုပြင်ခြင်းမပြုရဘဲလမ်းဘေး မြေသားပေါ်သို့မဖြစ်မနေရွှေ့ ပြောင်းရန်နှင့် ယာဥ်ကိုတတ်ကျွမ်းနားလည်သည့် လေ့ကျင့်ထားသူ/ ဝပ်ရှော့ဆရာများဖြင့်သာပြုပြင်ရန် အထူးသတိ ပေးအပ်သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

image
15 ပတ် - ဘာသာပြန်ပါ။

မှတ်ပုံတင်၊ သန်းခေါင်စာရင်းများအတွက် စာရွက်စာတမ်းအတုများထုတ်ပေးသူများကိုအမှုဖွင့်တရားစွဲဆိုထား

လဝက မှဝန်ဆောင်မှုပေးနေသည့် သန်းခေါင်စာရင်း၊ နိုင်၊ ဧည့်၊ ပြုကတ်ပြားများကို Online တွင်ကြော်ငြာ၍ စာရွက်စာတမ်းအတုများထုတ်ပေးလျက်ရှိသူများကို အမှုဖွင့်တရားစွဲဆိုထားသည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကအသိပေးခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသက်(၁၈)နှစ်ပြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင်မရှိသေးသူများ၊ အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား ဥပဒေနှင့်အညီ မှတ်ပုံတင်ထုတ်ပေးခြင်းနှင့် e-ID စနစ်ဖြင့် UID ကောက်ယူခြင်းတို့ကို "လမင်း"စီမံချက်ဖြင့်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ပေးရာ၌ မှတ်ပုံတင်၊ သန်းခေါင်စာရင်းလာရောက်ပြုလုပ်သူများအား သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့လာရောက်ချိန်တွင် ရုံးများအဝင်ရှိဧည့် ကြိုကောင်တာ၌ လဝကဝန်ထမ်းများက စိစစ်စာရင်းသွင်းပြီးနောက် အခက်အခဲရှိသူများကိုအတူလိုက်ပါ၍ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သို့ရာတွင် လာရောက်ပြုလုပ်သူအချို့သည် ရုံးလုပ်ငန်းများဆောင်ရွက်တတ်ခြင်းမရှိ၍ ပွဲစားများဖြင့်ဆောင် ရွက်ရာ မလိုလားအပ်သည့်ပြဿနာများ၊ စာရွက်စာတမ်းအတုများကိုရရှိခဲ့သဖြင့် ပွဲစားများ၊ အကောင့်အတုများဖြင့် လုံးဝဆက်သွယ်ဆောင်ရွက်ခြင်းမပြုရန်နှင့် သက်ဆိုင်ရာ လဝကမြို့နယ်ရုံးများသို့ ကာယကံရှင်ကိုယ်တိုင်လာရောက်ဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။
ထို့ပြင် ကာယကံရှင်ကိုယ်တိုင်လာရောက်ပြုလုပ်ချိန်၌ အထောက်အထားပြည့်စုံပါက လုပ်ငန်းဆောင်ရွက်မှုအားနေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိကာ အထောက်အထားအချက်အလက်မပြည့်စုံပါက လိုအပ်သည့်အ ထောက်အထားများကို သက်ဆိုင်ရာ လဝကမြို့နယ်ရုံးအချင်းချင်းချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပြီး လိုအပ်သောအချက်အလက်နှင့် စာရွက်စာတမ်းများကိုလည်း ဗီနိုင်းများချိတ်ဆွဲခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဖြင့်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။
ထို့ပြင် လဝက လုပ်ငန်းစဥ်များနှင့်ပတ်သက်၍သိရှိလိုသည်များ၊ လုပ်ငန်းအဆင်မပြေမှုများနှင့် အခက်အခဲတစ်စုံတစ်ရာရှိပါက ဖော်ပြထားသည့် ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

image
15 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးရန်ကုန်မြို့သို့ရောက်ရှိလာ

အိန္ဒိယရေတပ် အရာရှိ၊ စစ်သည်(၅၂၇)ဦးပါသည့် အိန္ဒိယရေတပ်မှစစ်ရေယာဉ်(၂)စီးသည် မြန်မာနိုင်ငံတော်သို့ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ မေ ၄ ရက်ညနေပိုင်းက ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အိန္ဒိယရေတပ်မှစစ်ရေယာဉ် INS Satpura(F-48)နှင့် INS Sunayna(P-57)တို့သည် ရန်ကုန်မြို့ရှိသီလဝါဆိပ် ကမ်း MITT တံတားသို့ဆိုက်ကပ်ခဲ့ရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ စစ်ရေယာဉ်များသည် မေ ၆ ရက်အထိ(၃) ရက်ကြာနေထိုင်၍ ရန်ကုန်မြို့ရှိအထင်ကရနေရာများကို လေ့လာလည်ပတ်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင်ပွဲများယှဉ်ပြိုင်ကစားခြင်းတို့ကိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

image
15 ပတ် - ဘာသာပြန်ပါ။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် အိန္ဒိယရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ

နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေး ချမ်းရေးကိုတိုးမြှင့်ဆောင်ရွက်ရန်ဆွေးနွေး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi တို့ ယနေ့ မေ ၄ ရက်ညနေပိုင်းက နေပြည်တော်၌ တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဥ် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးနှင့် ဆက်လက်ပူး ပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံခေါင်းဆောင်များနှင့် တပ်မတော်ခေါင်းဆောင်များအပြန်အလှန်လည်ပတ်ခြင်းဖြင့် ခိုင်မာချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့မှု၊ နိုင်ငံတပ်မတော်နှစ်ရပ်ကြား အဆင့်လိုက်ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်စေလွှတ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် တပ်မတော်နှစ်ရပ်ကြား ယဉ်ကျေးမှုအဖွဲ့များနှင့်အားကစားအဖွဲ့များ အပြန်အလှန်အလည်အပတ်စေလွှတ်မှု၊ ပင်လယ်ရေကြောင်းကုန်သွယ်မှုဆိုင်ရာများ၊ သင်တန်းသားများစေလွှတ်ရေး၊ နှစ်နိုင်ငံရေတပ်များကြား စွမ်းဆောင်မှုဆိုင်ရာမြှင့်တင်ရေး စစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသလုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့တွင် တိုးမြှင့်ဆောင်ရွက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသဆောင်ရွက်မည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲပြီးနောက် ပြည်သူကိုကိုယ်စားပြုသည့် အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ ဆက်လက်လျှောက်လှမ်းကာ ဒေသတွင်းအကျိုးစီးပွားကို ဟန်ချက်ညီဆက်လက်ဖော်ဆောင်သွားမည့်အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြသည်။

image
15 ပတ် - ဘာသာပြန်ပါ။

အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၅၂)ဦးအပါအဝင် "ဝ"၊ ရှမ်း၊ လားဟူလူမျိုး(၅၆)ဦးကို မိုင်းပန်မြို့နယ်၌ဖမ်းမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်အတွင်းအွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် တရုတ်နိုင်ငံသား(၅၂)ဦးအပါအဝင် "ဝ"၊ ရှမ်း၊ လားဟူလူမျိုး (၅၆)ဦးကို မေ ၄ ရက်က ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
လုံခြုံရေးအဖွဲ့ဝင်များက မိုင်းပန်မြို့ရှိ ကျိုင်းတောင်း- မိုင်းပန်သွားကားလမ်းအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်သည့် “ဝ” လူမျိုး အမျိုးသား (၁)ဦး၊ ရှမ်းလူမျိုး အမျိုးသမီး(၂)ဦး၊ လားဟူလူမျိုး အမျိုးသမီး(၁)ဦး၊ ယင်း နေရာ၏ အရှေ့မြောက်ဘက်မီတာ(၆,၀၀၀)ခန့်အကွာမှ တရုတ်နိုင်ငံသား အမျိုး သား(၅၂)ဦးတို့အားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့အတူ မိုင်းပန်မြို့ရှိ ကျိုင်းတောင်း-မိုင်းပန်သွားကားလမ်းအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအတွင်း မီးရှို့ဖျ-က်ဆီးထားသော ကွန်ပျူတာများ၊ All In One (၁)လုံး၊ Laptop (၁၂)လုံး၊ Starlink (၄)လုံး၊ ပါဝါစတေရှင်(အကြီး) (၃)လုံး၊ ပါဝါစတေရှင်(အသေး) (၁) လုံး၊ 200 KV မီးစက်(အကြီး) (၁)လုံး၊ 150 KV မီးစက် (အကြီး) (၁)လုံးနှင့် ဆက်စပ်ပစ္စည်းများကိုလည်းသိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား လိုအပ်သည့် စစ် ဆေးမှုများပြီးပါက ဥပဒေနှင့်အညီထိရောက်စွာ အရေးယူသွားမည်ဖြစ်ကာ သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

image
15 ပတ် - ဘာသာပြန်ပါ။

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို လက်ခံတွေ့ဆုံ
ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များဆွေးနွေး

မြန်မာနိုင်ငံ ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim အား ယမန်နေ့ က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာစေရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ၌ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ နှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတ ဦးညိုစောနှင့်အတူ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်၊ ဦးကိုကိုကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

image

မအူပင်မြို့ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ပြန်

ဧရာဝတီတိုင်း၊ မအူပင်မြို့ကိုဗဟိုပြု၍ ယနေ့ မေ ၅ ရက်နံနက် ၃ နာရီ ၁ မိနစ် ၂၉ စက္ကန့်က အင်အားအ နည်းငယ်ရှိသောငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း မိုးဇလထံမှ သိရသည်။
မအူပင်မြို့၏ အရှေ့မြောက်ဘက်(၉)မိုင်ခန့်အကွာ၊ အ နက်(၁၆)ကီလိုမီတာကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေ ၂ ရက်ကလည်း မအူပင်မြို့ကိုဗဟိုပြု၍ မဂ္ဂနီကျူ့(၃ ဒသမ ၅)နှင့် မဂ္ဂနီကျူ့(၄ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်နှစ်ခုလှုပ်ခတ်ခဲ့သေးကြောင်း သိရသည်။

image

ယနေ့ မေ ၅ ရက်နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၌ Level 1 အဆင့်မီးလေ-ာင်မှုအပါအဝင် ပဲခူးတိုင်းနှင့် မွန် ပြည်နယ်တို့၌ မီးလေ-ာင်မှုများဖြစ်ပွား

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၌ Level 1 အဆင့်မီး လေ-ာင်မှုအပါအဝင် ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နှင့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တို့၌ ယနေ့ မေ ၅ ရက်နံနက်ပိုင်းက မီးလေ-ာင်မှုများဖြစ်ပွားခဲ့ကြောင်း မီးသ-တ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။
ရွှေပြည်သာမြို့နယ်၊ (၁၀)ရပ်ကွက်၊ ညောင်ဦးလမ်း တွင်မီးလေ-ာင်မှုဖြစ်ပွား၍ ရွှေပြည်သာမြို့နယ်မီးသ-တ်စခန်းမှတပ်ဖွဲ့ဝင်များ၊ အရန်မီးသ-တ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များကငြှိမ်းသ-တ်ခဲ့ကြပြီး နံ နက် ၇ နာရီ ၅၄ မိနစ်၌ Level 1 အဆင့်ဖြင့်ဆက်လက်ငြှိမ်းသတ်ခဲ့ကြ၍ နံနက် ၈ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၄ နာရီခွဲခန့်ကလည်း ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင်နေအိမ်မီး‌လေ-ာင်မှုဖြစ်ပွား၍ ငြှိမ်းသ-တ်ခဲ့ကြမှုကြောင့် နံနက် ၄ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
ထို့အတူ နံနက် ၅ နာရီ ၃၈ မိနစ်ခန့်ကလည်း မွန်ပြည် နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အဝေးပြေးကားဂိတ်အနီးတွင်မီးလေ-ာင်မှုဖြစ်ပွား၍ ငြှိမ်းသ-တ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၄၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလေ-ာင်မှုဖြစ်စဥ်များမှ စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းများနှင့် ပျ-က်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာမီးသ-တ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

image
15 ပတ် - ဘာသာပြန်ပါ။

ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ဒုသမ္မတ ဒေါ်နန်းနီနီအေး လက်ခံတွေ့ဆုံ
ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များ ဆွေးနွေး

မြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tariq Karim ကို ယမန်နေ့ က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နှစ်နိုင်ငံအကြား ဆေးဘက်ဆိုင်ရာနှီးနှောဖလှယ်ပွဲများ၊ ကုသရေးအတွေ့အကြုံများဖလှယ်ခြင်းနှင့် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထိုပြင် မြန်မာ - ပါကစ္စတန် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေရေး၊ ပညာရေးနှင့် အမျိုးသမီးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည့်ကိစ္စရပ်များလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီးနှင့်အတူ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

image